LEE လို အကောင်တွေ ရှိရင် ကောင်းမယ်

nigimi77December 18, 20111min21619

ရိုင်းသွားသလား မိတ်ဆွေ ။

ဟိုတုန်းက စကားနဲ ့ပြောရရင် ” ဆန္ဒ တွေ မစောကြပါနဲ ့”…..

သူ ့နာမည်က မစ္စတာ လီး တဲ့ ။

………………………………

ကျုပ်တို ့ OGT (Oil & Gas Terminal) Project မှာ သူက အကြီးဆုံးပဲ ။ ရာထူးကို ပြောတာပါ ။

သိတဲ့အတိုင်းပဲ ရခိုင်ပြည် ကမ်းလွန်ကနေ ထွက်တဲ့ သဘာဝဓါတ်ငွေ ့တွေကို တရုပ်ပြည် ယူနန် အထိ ပိုက်လိုင်း ဆက်သွယ်

တဲ့ လုပ်ငန်းကို ဒယ်ဝူး (Daewoo) က တာဝန်ယူထားတယ် ။ နည်းပညာပိုင်းနဲ ့ တည်ဆောက်ရေး အပိုင်းကတော့ HHI လို ့ခေါ်တဲ့

Hyundai Heavy Industries က အဓိက တာဝန်ယူပြီး သက်ဆိုင်ရာ လုပ်ငန်းပိုင်းတွေကိုတော့ လက်ဝေခံ Subcontractor တွေက

လုပ်ကိုင်ကြတယ် ။ အစုံပါပဲ ။ ဗမာရော ၊ ကကြီးရော ၊ ကုလားရော ပေါ့ ။

လုပ်ငန်းက ကြီးမား ကျယ်ပြန် ့သလောက် အစစအရာရာ နိုင်ငံတကာ စံချိန် စံညွှန်း နည်း စနစ် အတိုင်း အလွန်ကို စည်းကမ်းကြီး

စနစ်ကျပေ သကိုး ။ နေပူဒဏ်က ပြင်းသလို ဖုန်မှုံတွေ ကြောင့် Safety Glass တွေတပ်ထားပြီး Safety Helmet တွေ ဆောင်းထားတဲ့ အပြင်

နေလောင် ဒဏ်ကို ကာကွယ်ဖို ့ အတွက်ကို Mexico က Chicano Gang တွေလို မျက်နှာကို ပဝါတွေ စည်းထား လိုက်ကြတာ ……

အင်ဂျင်နီယာဆိုလဲ အင်ဂျင်နီယာ အလျောက် ၊ Safety တွေ ဆိုလဲ သူ ့ အရောင်နဲ ့သူ ၊ ပြာ နီ လိမ္မော် တွေနဲ ့ Safety Shoe အရှည်ကြီးတွေနဲ ့

မသိရင် စိတ္တဇ လူသတ်သမားကြီးတွေလိုပါပဲ ။ 🙂

………………………………………….

ကျုပ်တို ့လည်း Hyundai ရဲ ့ လက်ဝေခံတွေဆိုတော့ သူတို ့ အုပ်စီးထားတဲ့ ကုန်းပေါ်ကို နေ ့တိုင်း တက်တိုက် …အဲလေ…..ယောင်လို ့

နေ ့တိုင်း ဝင်ထွက်သွားလာနေရတာပေါ့ ။ ဒီနေ ့မတော့ ရန်ကုန်က လာမဲ့ Quality Control တစ်ယောက်ကလဲ ရှိ ။

အဝေးပြေးဂိတ်မှာ ရန်ကုန်ကနေ ရောက်နေတဲ့ Materials တွေကို သွားယူစရာလဲ ရှိတော့ ကားခွဲလိုက်တာ နောက်ဆုံး Light Truck

ငပေစုတ်စုတ်( မန်းလေးမှ ကပေ မဟုတ်) တစ်စီးပဲ ကျန်တော့သကိုး ။

ဒါနဲ ့ပဲ နေ ့လည် ၁၁ : ၄၅ ရောက်တော့ ထမင်းစားဖို ့အတွက် ကျုပ်တို ့ရဲ ့ ဝန်ထမ်းတွေကို အချက်ပေးတော့ ရှိတဲ့ ကားလေး တစ်စီး အပေါ်ကို

အားလုံး ဝိုင်းပြုံ တက်ကြသဗျား (လုံးဝ မြန်မာ စတိုင်လ်နော် ) ။ ခေါင်းခန်းမှာက Driver ရယ် Admin Manager ရယ် ကျုပ်ရယ် ခန် ့ခန် ့ကြီး

စီးပြီး ဒင်းတို ့အုပ်စီးရာ တောင်ကုန်းပေါ်ကနေ ဆင်းလာလို ့ ဓါတ်တိုင် ၃ တိုင်စာလောက်ပဲ ရောက်သေးတယ် ………………

လားလား……. ဆိုက်ဂနက်စ်လောက်ကောင်းတဲ့ ဟွန်းသံ တတီတီနဲ ့ ကားကြီးက ဖုန်တထောင်းထောင်း ထအောင် အနောက်ကနေ လိုက်လာပြီး

အထဲက ဝတ်စုံအပြည့်နဲ ့ Driver က ဟွန်းတီးလိုက် ကားရပ်ဖို ့ အချက်ပြလိုက်နဲ ့ အမှီ လိုက်လာပါတော့တယ် ။

ကျုပ်တို ့လဲ ….ကောင်ကလေး အဲဒါ ဘာဖရစ်စ်စ်စ်တာလဲ ဆိုပြီး ကားကို ရပ်ပေးလိုက်တော့……………………..

အဲဒီမှာ အကြီးဆုံး ….လီး…..ဆိုတဲ့ လူကြီးက ဆင်းချလာပြီး ကျုပ်တို ့ကားခေါင်းခန်းကို ရောက်လာပြီး သကာလ

Driver ရဲ ့ ID Card , ကျုပ်ရဲ ့ ID Card , Admin ရဲ ့ ID Card တွေကို အသီးသီး သိမ်းယူလိုက်တယ် ။

ပြီးတော့ ကျုပ်တို ့ကိုလည်း ကားပေါ်ကနေ ဆင်းခိုင်း…..နောက်ခန်းက လူတွေကိုလည်း ဆင်းခိုင်းပါတော့တယ် ။

သေပြီ ဆရာ…….နေ ့လည် ၁၂ နာရီလောက်က ဖြစ်ခဲ့တဲ့ ဒီကိစ္စ အတွက် ညနေ ၄ နာရီခွဲမှာ ကျုပ်တို ့ကိုရော

သူတို ့ Site ထဲက သက်ဆိုင်ရာ Safety တွေကိုရော အကုန်လုံးကို ခေါ်ပြီး မြိန်ရည်ရှက်ရည်နဲ ့ပဲ မြောက်ဥက္ကလာ

ကန်သာယာ မှတ်တိုင်က ညနေခင်း မုန် ့ဟင်းခါးထက် ပိုပြီး အရသာရှိတာတွေကို အဝကျွေးပါတော့တယ် ။

အမှုကတော့ ခေါင်းခန်းမှာ ၃ ယောက် စီးနင်းမှု ၊ နောက်ခန်းမှာ တင်ဆောင်ရန် ခွင့်ပြုထားသော အရည် အတွက်ထက် ပိုမိုတင်ဆောင်မှု ၊

စီးနင်းသူများ အထဲမှာ Safety နှင့် အဓိက တာဝန်ရှိသူများ ပါဝင်နေမှု ၊ HHI ၏ လုပ်ငန်းခွင် စည်းမျည်းစည်ကမ်းကို လေးစားလိုက်နာခြင်း

မရှိမှု ၊ အန္တရာယ်ဖြစ်စေနိုင်သော ကိစ္စရပ်များကို မပြုလုပ်ရန် အလို ့ငှာ တရားဝင် ထုတ်ပြန်ထားသော Notice ရှိသော်လည်း လျစ်လျူရှုမှု……

အောင်မငီး………………..Safety First ပါ ခည…………..။

…………………………………………………………

လွန်ခဲ့သော တနေ ့က ကျုပ်တို ့တာဝန်ယူထားတဲ့ လုပ်ငန်းများ အထဲက အပါအဝင်ဖြစ်တဲ့ Jetty တည်ဆောက်မှု လုပ်ငန်းခွင် အတွင်းမှာပေ့ါ …။

ခင်ဗျားတို ့လည်း သိကြမှာပေါ့ …အန္တရယ်ရှိနိုင်တဲ့ မည်သည့် လုပ်ငန်းခွင် အတွင်းမှာ မဆို သက်ဆိုင်သူမှ အပ ဝင်ရောက်ခြင်းကို တားမြစ်တဲ့

အနီစင်း တိပ်ကြိုးတွေ… ။ အဲသဟာတွေကို Jetty ရဲ ့ အဓိက ကားဝင်ထွက်ပေါက်က လွဲလို ့ ပတ်ပတ်လည် ကာရံထားပါတယ် ။

ကျုပ်လည်း သက်ဆိုင်တဲ့ ကြီးကြပ်သူတွေကို ပြောစရာရှိတာ ပြောပြီးနောက် အလွန်တရာ လတ်ဆပ်တဲ့ ပင်လယ်လေကို ရှုရှိုက်ရင်း

ရေခဲတောင် စီးကရက်…ဟုတ်သေးပါဘူး……ရူဘီ မှို မလိုက်တလိုက်ကလေးကို ဖွာရင်း ငေးနေခိုက်…………….

ရွာထဲကို သဘုန်တွေ ဝင်လာ…..အဲ့…မဟုတ်သေးပါဘူး………..ပုခုန်းမှာ အခက်တွေ တတ်ထားတဲ့ ဟိုလူကြီး နဲ ့ နောက်လိုက်တွေ

ဝင်လာပါတော့တယ်….။ စူတို ့ဒွေ Jetty အပေါ်ကိုတက် ….တောင်ကြည့်မြောက်ကြည့်…ဟို လက်ညှိုးထိုး ဒီ လက်ညိုးထိုးနဲ ့….

အတန်ကြာတော့ ရွှေ ကိုယ်တော်တို ့က ဝင်လာရာလမ်းကို ပြန်လျှောက်တော်မမူပဲ…..လုပ်ငန်းခွင် အန္တရာယ်ရှိ တားကြိုး တွေ ရှိရာ တည့်တည့်ကို

လျှောက်လာပါတယ်……။ အဲဒီ မျက်စိတမှိတ် အတွင်းမှာပဲ ရွှေကိုယ်တော်ကြီးက တားကြိုး အရှေ ့မှာ ခန် ့ခန် ့ကြီး ရပ်နေစေ ။

နောက်ပါ အောက်ဆွဲများသည် တာဝန်ရှိသူမှ အပ ဖယ်ရှားခွင့်မရှိသော လုပ်ငန်းခွင် အန္တရာယ်ရှိ တားကြိုးများအား ဇောင့် ဇောင့် ဇောင့် ဇောင့်ဖြင့်

ဆွဲဖြတ်စေ….။ ကျုပ်နှယ် ဒွတ်ခ…ရေသည်ပြဇာတ်နဲ ့ရောကုန်ပြီ…..။ 😛

အမောင် နိဂိမိ သောက်ဘဇတ်ကြီး အဟောင်းသားနှင့် ငေးကြည့်စေ………………။

Safety First တဲ့ ခည……။

ရောမရောက် ရောမလို ကျင့်ရမတဲ့ ခည ……။

သဂျီးတို ့ဆီက ကျုပ်နဲ ့ခပ်ဆင်ဆင်တူတဲ့ ကိုရင် အိုဘာမား ကြီးက အဲသလို တားကြိုးတွေနားရောက်ရင် သူရှေ ့ဆက်သွားဖို ့ ဘယ်လို

အပြုအမူမျိုး လုပ်သလဲ ဆိုတာ သိချင်သား……။

ငါ့ လခွီး…အဲဒါမို ့လို ့ပြောတာ…..ကျုပ်တို ့နိုင်ငံမှာ LEE လို အကောင်တွေ အများကြီးရှိရင် ကောင်းမယ်လို ့……….။

19 comments

  • small cat

    December 18, 2011 at 9:06 am

    ကောင်းတော့ကောင်းတယ် ၊အကိုရယ်ဖြေးဖြေးလုပ်ပါကွယ်၊ အဟင့်

  • Ka Yin Lay

    December 18, 2011 at 9:07 am

    ခေါင်းစဉ် ကြည့်ပီး လန့်ထှာ ဒီရက်ပိုင်း ဂဇက်မှာ ဆိုးဆိုးဝါးဝါးတွေ ဖတ်နေရတာမို့ပါ
    လေးစားနေရ တဲ့ မဟာပညာကျော်ကြီးများ အစုလိုက်အပြုံလိုက် အသုံးအနှုန်းကြမ်း
    နေကြ တယ် ထင်တာဘဲ ၊ ခုလဲ လီး မဟုတ်ဘဲ မစ်ချတာ လီ ဖြစ်ဖို့များတယ် ထင်ပ ။

  • inz@ghi

    December 18, 2011 at 9:28 am

    ဆပ်ကွန်း ကြီး တပ်မ၇ရရေ့
    အရေး အသား အယူအဆ အသုံးအနှုံး အားလုံးကို ကြိုက်တယ်…ဗျာ…
    ကျုပ် အလုပ်ထွက်ရင် စီဗီ ဖောင်လေး တုန်တုန်ချိချိ ကို်င်ပြီး ….
    ခင်ဗျားဆီ အလုပ်လာလျောက်မယ်……
    ဂယ်ကျောရာ ….

    ဟိုသီချင်းလေး ဆိုခွင့်ပြု ….

    Leee မှ Lee ပဲ …အို … Lee မှ Lee ပဲဟဲဟဲ …Lee..တယောက်ထဲ. ……. Lee ပဲ …..

    လေးစားစွာ အားပေးရင်း ထုံးစံအတိုင်း ပေါက်ကရပြောသွားပါသည်…

    တပ်မမှူး နားရင်းအုပ်မှာ ကြောက်သဖြင့်
    ဒက်ဂလောက် ဒက်ဂလောက်..

  • aye.kk

    December 18, 2011 at 9:43 am

    စကားစကားတတ်တိုင်းပြောကကောင်းသလိုပါ..ဒါပေမယ့်သည့်..
    ဂေဇက်ရွာဝယ်နှမငယ်များခေါင်းစဉ်ဖတ်ရုံနဲ့တင်တစ်မျိုးမြင်လို့အခြားဥပမာလေးတင်စားပေးစေချင်..။
    အမြင်..အမြင်..မိန်းကလေးတွေဖတ်ရင်မသင့်ဘူးလို့ထင်မိလို့ပါ..။

  • windtalker

    December 18, 2011 at 11:47 am

    ဖတ်ရင်း နဲ ့
    အင်တာနက် ဆိုင်တွေထဲမှာ
    ဟန်းဖုန်းအကျယ်ကြီး ထုတ်ပြောနေတဲ့ သူတွေ ကို ကျုပ် အရွဲ ့တိုက်ပြီး ဖွင့်နေကြ
    ပြင်သစ် သီချင်းသံလေး နားထဲ ကြားလာမိသလိုဘဲ
    အိုဘာတဲ့..
    “ လီလား လီလား လီလား ” တဲ့ ၊ ပြင်သစ်လို ဆိုထားတာနော

  • moethidasoe

    December 18, 2011 at 1:03 pm

    nigimi77 ပျောက်နေတာ ကြာပြီနော် .. ခေါင်းစဉ်က လူတွေကို စိတ်ဝင်စားစေတယ်
    အကြောင်းအရာကလဲ စိတ်ဝင်စားစရာ ဆင်ခြင်စရာပါ

  • nigimi77

    December 18, 2011 at 1:29 pm

    စာကို စာလို ဖတ်ဖို ့တော့ လိုတယ် ခည……ငယ်ငယ်က အလွန်ကြိုက်နှစ်သက်တဲ့

    ဂျင်းဘောင်းဘီ အမျိုးအစားက Lee Jeans ပါ ။ ဆိုင်မှာ သွားဝယ်ရင်တော့

    လီးဘောင်းဘီ ခါး ၃ဝ ဘလက် တထည်ပေးပါလို ့ပြောရတယ် ။

    အမှန်ပြောရရင်တော့ ရိုင်းချင်စိတ်နဲ ့ရေးတာမဟုတ်ပဲ စွဲဆောင်မှု တရပ် အနေနဲ ့

    Lee ကို မြန်မာလို လီး လို ့ရေးလိုက်တာပါ ။

    စာဖတ်သူ အနေနဲ ့ လီးကို နာမည် လီး လို ့ပဲ မြင်စေချင်ပါတယ် ။

    သို ့သော် ……..

    ဒဂျီးက နည်းနည်း လျှော့ပါဆိုလို ့

    ကျုပ်ရဲ ့ ခြောက်လုံးထိုး ချက်ပက်လက်ကြီးကို လေးဘီး အင်ဂျင် ပြောင်းတတ်

    လိုက်ပါတယ် ခည ။

    ဟုတ်ကဲ့…… ကျုပ်ပြောတဲ့ လီးဟာ Mr. Lee ဖြစ်ပါကြောင်း ။

    ရွာသူများ ၊ စုန်းများ……..ဟုတ်သေးပါဘူး……ရွာသူများ

    မာတုဂါမများ ဝင်ရောက် ဖတ်ရှု အားပေးနိုင်ပါကြောင်း……. 🙂

    • inz@ghi

      December 18, 2011 at 1:35 pm

      တိန် ….နီက ပိုစ့် ပိုင်ရှင်မို့ ကီးချိန်းရပေမယ့်…
      နာလို့ မန့်တဲ့လူတွေက ကီးချိန်းလို့ရဝူးလေ. …
      ခွန်ခွန်ဂျီးရဲ့… အစကတည်းက ရော့ခ်တီးမယ်ဆိုတီဘာလား
      …ခုမှ ပေါ့ပ် ပြန်ချိုးချဒယ်
      လူဇိုး…

  • nigimi77

    December 18, 2011 at 1:46 pm

    L. ဇာဂီ (သို ့) လဇာဂီ

    ညည်းအတွက် ကီးချိန်းပေးထားတယ် …ခွိခွိ…..:)

    • ကိုရင်စည်သူ

      December 20, 2011 at 10:54 am

      ဟေ့ တပ်မကြီး ၇ရ ဖြေးဖြေးလုပ်ပါဟာ့..
      ခေါင်းစဉ်ကြည့်လိုက်တာနဲ့…
      ကီးမြင့်ချင်တဲ့ ကိုရင်ခမျာ…
      ဘာမန့်ရမယ်တောင် မတိတော့ဝူး..
      ငှီး.. ငှီး…

  • unclegyi1974

    December 18, 2011 at 8:38 pm

    နဂျီကနာမည်leeကိုပြောသွားတာ
    ကျုပ်ကဂျပန်ကာတွန်းဇာတ်လိုက်leeများလားလို့
    အဲဒီဇာတ်လိုက်ရဲ့ကြိုစားပုံတွေကိုအတူယူရအောင်ပြောမလို့လားလို့

  • ူlee=လေကွယ်ရာ အရပ်လို့ တော့ ဖတ်ဘူးတာဘဲ။
    ဒီအသံထွက်က စိတ်ဆိုးလို့ ဆဲထည့်လိုက်တဲ့အချိန်ကလွဲရင်ပြောရတာ လျှာယားတယ်
    ိုကိုယ့်လူ 77 ရေ

  • cobra

    December 18, 2011 at 10:30 pm

    ခေါင်းစီးပေးထားတာတော့ရင်ဖိုစရာပဲ
    တွေ ့တွေ ့ချင်းလန့်တောင်သွားတယ်
    ဘာတွေများလဲပေါ့
    တကယ်တော့သူပြောတာက လူLEE ကိုပြောတာကို…..

  • comegyi

    December 18, 2011 at 11:31 pm

    ဖတ်လို့ကောင်းချက်ကတော့
    ဘုန်းကြီးကျောင်းဟင်းပေါင်းစားရသလိုပဲ
    ဒါ့အပြင် ကိုအင်ဇာဂီတို့ ကိုပေတို့
    သီချင်းလေးပါ နားဆင်ရပြန်တော့
    ဘုန်ကြီးကျက်သရေတိုက်ထဲက
    သီးမွှေးငှက်ပျောသီးပါ ခိုးကြိတ်လိုက်ရသလို
    အရသာ စုံသွားတယ် တပ်မ 77 ရေ့…

  • alinsett

    December 19, 2011 at 7:46 pm

    သွက်လက်ပြေပြစ်သော အရေးအသားကို အားကျလို ့အတုယူသွားပါတယ် ဆရာရေ..။
    နာမည်ကတော့ တစ်မျိုးပဲ..နော်။ ဒါပေမယ့် နာမည်ကြီး အဝတ်အစားတွေ..ဖက်ရှင်ပစ္စည်းတွေ ထုတ်တဲ့ ့နာမည်တစ်ခုလို ပါပဲ။

    ဒါပေမယ့် အသံတော့ ထွက်ပြီး မဖတ်လိုက်ဘူးခင်ဗျ။ ဘေးမှာ လူတွေရှိလို ့ ။

    စာရေးကောင်းတဲ ့ဆရာ့ အရေးအသားကို အားကျပါတယ် ။ ရသ စာပေ.တိုးတက်ဖို ့ ဆရာတို ့လို အရေးကောင်းသူတွေ လိုအပ်နေတာ အသေအချာပါပဲ။
    စာပေဝါသနာရှင်အဆင့် ၊ အတွေးအခေါ်..ဆင်ရဲနေသေးတဲ့အဆင့်သာရှိနေတဲ ့ ..
    ကျွန်တော်…
    ဆရာ ့ပို ့စ်တွေ ဖတ်ပြိး အတုယူပါ့မယ် ။

    လေးစားစွာ…

    ခင်မင်လျက်

    • nigimi77

      December 20, 2011 at 12:44 am

      ကို အလင်းစက် ။

      ကျွန်တော့ ပိုစ့်မှာ ဝင်မန်းသွားတဲ့ အတွက် ကျေးဇူးပါ ။

      အယူအဆကွဲလွဲချက်ကိုတော့ သီးခံပါ ။

      အမုန်း မရှိပါဘူး ။

      ကိုယ့်တိုင်းပြည် ကိုယ်မသေခင် အကောင်းဆုံးမြင်ချင်တာ အားလုံးရဲ ့ ဆန္ဒပါ ။

      ကျွန်တော်တို ့ ဆက်ပြီး ဆွေးနွေးကြပါစို ့။

      ကျွန်တော်လည်း တတ်နိုင်သမျှ ရိုင်းစိုင်းတဲ့ အသုံးအနှုံးကို လျှော့ချပါမယ် ။

  • kotun winlatt

    December 20, 2011 at 1:30 pm

    နည်းးနည်းးလျှော့ကြဘာ..နည်းးနည်းးလျှော့ကြဘာ
    (သူကြီးးလေသံဖြင့်..)

  • ssa

    December 20, 2011 at 1:47 pm

    ဆရာ့အရေးအသားတွေအတော်မိုက်တာပဲ
    မြင်တာနဲ့ ..ဝင်ဖတ်ချင်စိတ်ဖြစ်အောင်ရေးထားတာ…

  • alinsett

    December 20, 2011 at 7:25 pm

    ဆရာ nigimi77ရေ..။
    ကျွန်တော် နဲ ့ဆရာတို ့အပြန်အလှန် စကားပြောခဲ့ရတဲ ့ကိစ္စနဲ ့ပက်သက်ပြီး..ကျွန်တော် အိပ်တောင်မပျော်ပါဘူး။
    ဆရာ့ရဲ ့ အယူအဆကို ကမန်တော် တိုက်ခိုက်တာမဟုတ်ပါဘူးနော်..။ဆရာ သုံးသွားတဲ ့စကားလုံးကိုပဲ..ကျွန်တော်က ပြောတာပါ ။ စကားလုံးဟာ..အပေါ်ယံ အလွှာပဲ..ဖြစ်ပါတယ် အယူအဆ အကြောင်းချင်းရာ က အနှစ်သာရ..ပါ ။ အဲဒီ အနှစ် ( အယူအဆ) ကို ကျွန်တော် မကန် ့ကွက်လိုပါဘူး။ ကျွန်တော် ပြောတာ စကားလုံးပါ။
    ယူဆချက်တွေ တစ်ယောက်နဲ ့တစ်ယောက် မတူနိုင်တာ သဘာ-ပါ။
    ကျွန်တော်တို ့လွတ်လပ်စွာ..ကွဲလွဲခွင့်ရှိပါတယ် ။

    လွတ်လပ်စွာ ကွဲလွဲ ယူဆ ခံယူခွင့်ရှိကြောင်းလည်း ကျွန်တော့် စာပေဆောင်းပါးများမှာ ရေးခဲ့ပါတယ် ။

    ဆရာနဲ ့ကျွန်တော် အယူအဆ မတူသည်ဖြစ်စေ..တူသည် ဖြစ်စေ..ပြဿနာမရှိပါဘူဗျာ.။

    ကျွန်တော်က ဆရာသုံးသွားတဲ ့ လ..ရေး လုံးကြီးတင် ဆန်ခတ်…ဆိုတဲ ့စကားလုံးတွေကိုပဲ..ဖယ်ပေးစေချင်လို ့ သူကြီးရဲ ့နည်းနည်းလျှော့ကြပါ…ထဲမှာ ရေးလိုက်မိတာပါ။

    တကယ်တော့ ကျွန်တော် ..မှားပါတယ်။ ကိုယ်ရေးတဲ ့ပို့စ်ကို ဝင် ဖတ်သူ ဝင်မန်း..သူ တစ်ယောက်ရဲ ့စာကို ကျွန်တော် မဖျက်ခိုင်းသင့်ပါဘူး။ အဲ.ဒီအတွက် ကျွန်တော်..နောင်တရပါတယ် ။
    ဒါကို ကျွန်တော်…သင်ခန်းစာ အဖြစ် သဘောထားလိုက်ပြီး..နောက်ကို ဒီလိုမဖြစ်အောင်…နေပါ့မယ်။
    ဆရာnigimi77 ပေးတဲ ့ သင်ခန်းစာပါပဲ..ဗျာ..။

    အခု ကျွန်တော်..တောင်းပန်ပါတယ်။ ဆရာ့ကို စော်ကားမ်သလို ဖြစ်သွားရင် ။ တကယ် လှိုက်လှဲ..စွာ.တောင်းပန်တာပါ။

    ကျွန်တော့်မှာလည်း လူ လူချင်းမုန်းဖို ့အမုန်းမရှိပါဘူး။

    ကျွန်တော်..အဲဒီပို ့စ်ကိုရေးခဲ့ပြီးနောက်ပိုင်းမှာ နိုင်ငံရေးဘက်နွယ်တဲ ့အယူအဆတွေကို မရေးတော့တာ…အားလုံးသိမှာပါ။ ကျွန်တော်..စာပေအနုပညာသမားပဲ..ဖြစ်ချင်ပါတယ် ။ တိုက်ခိုုက်ရေးသမားမဖြစ်ချင်ပါဘူး။

    လူငယ်..ဆိုတော့ ကျွန်တော်…စကားအသုံးအနှုန်းတွေ..မှားခဲ့ပါတယ် ။ ကျွန်တော့်အရိုင်းဆန်..မှု.ကို ကျွန်တော်…ဝန်ခံ..ပြိး.တောင်းပန်ပါတယ် ။
    ဆက်လက်ပြီး….ညီအကိုလို မေတ္တာတွေ..နဲ ့ ဆက်ဆံ သွားချင်ပါတယ်..ခင်ဗျ။

    လေးစားစွာ…..

    အလင်းဆက်

Leave a Reply