ခုတလော ရွာထဲမလဲ .. ဒေါန တွေချည်းပဲ ။ ရှေ့ တစ်ပတ်ထဲ မှာ ကယား ပြည်နယ်ဘက် သွားမယ်။ ၁ ပတ်လောက်တော့ ကြာမယ်။ ပြန်လာရင် ပုံတွေ ကြည့်ဖို့သာပြင်တော့ (ဆာဗာ အတွက်တော့ အားနာပါတယ်။) ညရှုခင်း ကောင်းကောင်းလေးတွေ တင်ချင်ပေမယ့်။ ရိုက်ရခက် နေတယ်။ ညဘက်ကြီး ဘယ်သူက သူတို့ အိမ်ပေါ်ပေးတက်ချင်ပါ့မလဲနော့။
ခုဟာက Dec-25 နီးတော့ ရန်ကုန်မြို့ထဲ မှာ မီးထွန်းထားတာလေးတွေ ပါ။ ဂျပွန် မှာလိုတော့ ဘယ်လှပါ့မလဲဗျာ။ ဒီက လူတွေ လုပ်မစားတတ်သေးဘူးဗျ …။ ဒီပို့စ် ကတော့ အပျော် ပေါ့ဗျာ.. စိတ် အစဉ် ရှင်းရှင်းလင်းလင်း နဲ့ အေးချမ်း ကြပါစေဗျာ..


ပုံ (၁) ဖယ်လ်တာ ဆိုတာကြီး ကိုဘာမှန်းမသိခင် ငယ်ငယ်တုန်း ကရိုက်ထားတဲ့ပုံပါ။ ခုလဲ ..ငယ်ငယ် ကအတိုင်းပါပဲ :-)

ပုံ (၂) Excel ပါ .. ပလက်ဖောင်းပေါ်ကပဲ ရိုက်ရတာဆိုတော့ ရှုထောင့် က ရိုးနေတယ်။ ဆောရီးပါဗျာ.

ပုံ (၃) ကမ္ဘာအေး ဘုရားလမ်းမပေါ်မှာပါ။

ပုံ (၄) ပြည်လမ်း မှာပါ။

ပုံ (၅) ပြည်လမ်းပေါ်က ဘီယာဆိုင်..

ပုံ (၆) ကန်ဘောင် ပေါ်က အလင်းသီး

ပုံ (၇) စိုင် ကို ဒီလို ရိုက်ရမှာရား ဟင် …ငင်ငင် .. (အခွင့်မရှိပဲ .. wallpaper မသုံးရ)

ပုံ (၈) စိုင် ကို ဒီလို ရိုက်ရမှာရား ဟင် …ငင်ငင် .. (2) (အခွင့်မရှိပဲ .. wallpaper မသုံးရ)

ဘာသာရေး မနွယ်ပါ။ အပျော်တမ်း တစ်ယောက် ရဲ့ လက်ဆော့မှု ဟုသာမြင်ပေးကြပါခင်ဗျာ။ သဘာဝ အမြင်နဲ့ မကြည့်ပဲ ဟာသ အမြင်နဲ့ ကြည့်ကြပါခင်ဗျာ။

About Mလုလင်

has written 50 post in this Website..

ဓာတ်ပုံရိုက်ရတာ ကိုကြိုက်တယ်။