သင်္ဘောသား

ကြောင်လေးDecember 18, 20111min19626

သင်္ဘောသား

ယနေ့ နေ့လယ် ၁၁နာရီတွင် Summer Palace Hotel တွင် ကျင်းပမည့် အဘဖောနှင့်

MG ရွာသူားများတွေ့ဆုံပွဲတွင် ရွာသူားအယောက်(၂၀) ကျော်အား

နေ့လယ်စာ ဘူဖေးဖြင့် ဧည့်ခံကျွေးမွေးမည့် ဇီ ဘဖောအားဂုဏ်ပြုသေားအားဖြင့်

ဤစာအားရေးသားပါသည်။

အဘဖောသည် သင်္ဘောသီးဖြစ်သည့်အားလျှော်စွာ ဂိုဏ်းတူ အခြားသင်္ဘောသီးများအား ဤစာတွင်

ထည့်သွင်းရေးသားသွားမည်ဖြစ်ပါသည်။ မှားယွင်းမှုတစုံတစ်ရာ ရှိပါက မေတ္တာဖြင့် ခွင့်လွှတ်ကြပါရန်

ကြိုတင်တောင်းပန်အပ်ပါကြောင်း။    ။

ကြောင်လေး။      ။

 

ကျနော် ခပ်ငယ်ငယ် ငါးတန်းကျောင်းသား ဘဝလောက်က အဖြစ်လေးကိုသတိရတယ်ဗျ။

ကျနော်တို့ အိမ်ခေါင်းရင်းမှာ ဒေါ်ရှိန်ဆိုတဲ့ အပျိုကြီးတစ်ယောက်ရှိတယ်။

သူ့ကိုတစ်လမ်းလုံးက ဂျီးတော်ကြီးလို့ခေါ်ကြတယ်။ ဘာကြောင့်လဲဆိုတော့

သူ့မှာ ဒေါ်ငွေ ဆိုတဲ့ ညီမတစ်ယောက်ရှိတယ်။ အဲဒီဒေါ်ငွေ ဆိုတာ အိမ်ထောင်ရှိတယ်။

သူ့ယောကျားနာမည်က ဦးရန်လင်း၊ စကားမပီဘူး၊တခါတုန်းက ဦးရန်လင်းက

“ဟာ ဒီမှာငါးကျပ်တန် တစ်ခုဟေ့”လို့ ထအော်တာကိုသူ့မိန်းမက

“အဲဒါကျုပ်ဟာ ပြန်ပေး”လို့ပြောတော့ ရော့ရော့လို့ သွားပေးတာမှာ

ဘယ်မှာလဲ ငါးကျပ်တန် ဆိုပြီး ပြဿနာတက်ကြပါရော၊

တကယ်တော့ ဦးရန် လင်းက စကားမပီပဲ နားကြပ်တောင် တစ်ခုတွေ့တယ်လို့အော်တာကို

သူ့မိန်းမက ငါးကျပ်တန်တစ်ခုလို့ ကြားတာပါ၊ စကားလမ်းကြောင်းကလွဲသွားပြီ။

ဦးရန်လင်းနဲ့ဒေါ်ငွေမှာ သားသမီးတွေရှိပါတယ်၊ သူတို့ထဲမှာ ကျနော်တို့နဲ့ရွယ်တူ

မောင်မြင့်အောင်ဆိုတဲ့သားတစ်ယောက်ရှိတယ်။ သူရဲ့ကပ္ပယ်အိတ်က

အသက်ရှူရင် အလုံးကြီး ကြီးလာတယ်၊ အဟမ်းဟမ်းလို့ချောင်းဆိုးလိုက်ရင်ပိန်သွားတယ်။

လေဘောလို့ခေါ်မလားမသိဘူး၊

သူ့ကိုတရပ်ကွက်လုံးက ဘောကြီးလို့ခေါ်ကြတယ်။ ရပ်ကွက်ထဲမှာ တနည်းတဖုံထင်ရှားတဲ့သူပေါ့။

ခုနပြောတဲ့ဒေါ်ရှိန်ဆိုတာ အဲဒီဘောကြီးရဲ့ဂျီးတော် တော်တာပေါ့။

ကျနော်တို့မြန်မာရာဇဝင်ရဲ့ ဘုရင်တွေမှာ ဘကြီးတော် တို့ ၊

ဘိုးတော်ဘုရားတို့ တွင်သလို ဘောကြီးရဲ့ ဂျီးတော်ဟာလည်း ဂျီးတော်ကြီးလို့ နာမည်တွင်သွားတာပေါ့။

ဒါကကျနော်ပြောချင်တဲ့ကိစ္စမဟုတ်ပါဘူး။ ကျနော်ပြောချင်တာ သင်္ဘောသားကိစ္စပါ။

အဲဒီသင်္ဘောသားကိစ္စဟာ ဒီဂျီးတော်ကြီးနဲ့ ပတ်သက်နေတော့ ဂျီးတော်ကြီးအကြောင်းနိဒါန်းပျိုးရတာပါ။

ကျနော်တို့ရပ်ကွက်ထဲမှာ ကျနော်တို့နဲ့ရွယ်တူ မြင့်မြင့်သန်း ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။

သူ့မှာ ဂေးအကိုတစ်ယောက်ရှိတယ်။ ကျနော်တို့ရပ်ကွက်မှာ ဘုံဘိုင်လို့ခေါ်တဲ့ရေကန် တစ်ခုလည်းရှိတယ်။

မနက်ရှစ်နာရီနဲ့ ညနေ လေးနာရီလောက်မှာ ရေအမြဲလာတယ်၊ ရေခပ်လိုသူတွေက ရေလာရင်

ရေပုံးတွေသွားတန်းစီပြီးအလှည့်ကျယူရတယ်။ (အခုရွာထဲမှာ အော်နေကြတဲ့ ဒီမိုကရေစီ အလှည့်ကျစံနစ်ပေါ့၊

ကျော်တယ်ခွတယ်ဆိုတာမရှိခဲ့ပါဘူး) ရေလာတဲ့အချိန်ကျရင် အဲဒီဂေးက အဆိုကျော် ရီရီသန့်ရဲ့ သီချင်းစားသား

“ဧရာဝတီ …ရေဇလာနဒီ၊ ဧရာဝတီ ..ရေဇလာနဒီ …ရေလာပြီ….ရေလာပြီ ဗျို့ ”

လို့ဆိုပြီး ဂျော်တကီးအသံလေးနဲ့အော်တာမှတ်မိပါသေးတယ်။

သူ့မှာအမတစ်ယောက်ရှိတယ် ၊နာမည်တော့မမှတ်မိဘူး။

အဲဒီအမ ဆီကို လူတစ်ယောက်အမြဲလာတယ်၊ အိမ်ထောင်ကျတာလားဘာလားမသိ၊

ညအိပ်ညနေလာတာ၊ နာမည်က ရခိုင်နာမည်။ သူက သင်္ဘောသားဗျ၊ သူက

ရပ်ကွက်ထဲကလမ်းပေါ်ထွက်ပြီးအမြဲတမ်းဟန်ရေးပြတယ်၊ လမ်းလေ၊ျှာက်တာပေါ့ဗျာ။

သင်္ဘောသားတွေကောင်းစားတဲ့ခေတ်ပေါ့။ တနေ့ကို ဝတ်စုံ ငါးခါလောက်လဲတယ်။

အပြင်ထွက် လမ်းလျှောက် အိမ်ထဲပြန်ဝင်သွား နောက်တစ်ခါထွက်လာ၊ နောက်တစုံဝတ်ပေါ့၊

သူဝတ်တဲ့အထဲမှာ အဲဒီခေတ်က တော်တော် အစမ်းတကျယ်ဖြစ်တဲ့ ဘောင်းဘီတို(ရှော့ပင်)နဲ့

ဟာဝေယံရှပ်လို့ လူတွေ ခေါ်နေတဲ့ အင်္ကျ ီ ဖားဖားနဲ့ပေါ့၊ ခေတ်အနေအထားအရ

ဘယ်သူမှမဝတ်ကျတော့ ရှေးအဘိုးကြီးအဘွားကြီးတွေတော်တော်မျက်မုန်းကျိုးကြတာကလား။

သူတို့ကသားမျက်မုန်းကျိုးတာ ရပ်ကွက်ထဲက အပျိုဖျန်းတွေ၊ အပျို သိုးတွေကတော့

အဲဒီသင်္ဘောသားအကြောင်းပဲပြောနေကျတာ၊ ဘောကြီးအမ (နာမည်မေ့နေပြီ)နဲ့ ကျနော့အမတွေလည်းပါတာပေါ့။

ဒါကိုဂျီးတော်ကြီးက မျက်မုန်းကျုးိနေတော့ ၊တနေ့ ဘာပြောသလဲဆိုတော ့

” ဟဲ့ကောင်မတွေ ၊သိပ်အကဲပိုမနေကြနဲ့ ၊ငါတို့အမေတွေ ပြောခဲ့တဲ့ သင်္ဘောသားဆိုတာ၊

ဘာမှသုံးလို့မရတဲ့အကောင်ကိုပြောတာဟဲ့၊ သင်္ဘောပင်တစ်ပင်ဟာ သေသွားရင်

အဲဒီပင်စည်ကို သစ်အဖြစ်လည်းသုံးလို့မရ၊ တိုင်အဖြစ်လဲသုံးလို့မရ၊ ပျော့ဖတ်ဖတ်နဲ့၊

မာမာချာချာသုံးလို့မရတော့ ထင်းအဖြစ်သုံးမယ်ဆိုပြန်တော့လည်းမီးရှို့လို့မရ

ဘယ်နေရာမှကိုသုံးလို့မရတာ သင်္ဘောသားဟဲ့” လို့ပြောတာကိုမှတ်မိနေပါတယ်။

အခုတော့ဂျီးတော်ကြီးလည်း ကွယ်လွန်သွားတာကြာပေါ့။ကျနော်လည်းအသက်တွေကြီးလို့ မန်းဂေဇက်ဆိုတဲ့ရွာထဲကိုရောက်တဲ့အခါ သင်္ဘောသီးလို့ ရွာသူားတွေခေါ်တဲ့ သူတွေနဲ့လေထဲက

ထိတွေ့ဆက်ဆံရတဲ့အခါ၊ သူတို့အကြောင်းတွေသိလာတယ်။

ဒီအခါမှာကျနော်တစ်ခုသွားစဉ်းစားမိတယ်။ ဂျီးတော်ကြီးဟာ အစ္စလမ် ဘာသာဝင်များဖြစ်လို့

အလာအရှင်မြတ်အမိန့်တော်ခံယူနေတာဆိုရင်၊ ကျနော်တိုု့နိုင်ငံထုံးစံအတိုင်း လာဘ်သွားထိုးပြီး

အဲဒီအမိန့်ကိုခဏလေး ရုတ်သိမ်းထားအောင်လုပ်ပြီးဖြစ်ဖြစ်၊

တကယ်လို့ ခရစ်ယာန် ဘာသာဝင် ဖြစ်လို့ ခရာစ်တော်မှာအိပ်ပျော်နေရင်လဲ၊

ရအောင်သွားနှိုးပြီးဖြစ်ဖြစ်၊ တရုပ်လူမျိုးဖြစ်လို့ တရုပ်သရဲဖြစ်နေတယ် ဆိုရင်လဲ

နဖူးမှာ  စာရွက်ကလေးကပ်ပြီးခေါင်းလောင်းလေး လှုပ်ကာလှုပ်ကာ ခေါ်လာပြီးပြလိုက်ချင်ပါတယ်။

ဂျီးတော်ရယ်၊ ဂျီးတော်ကသာ သင်္ဘော သားများဘာမှအသုံးမတည့်ပါဘူးပြောတာ၊

နိုင်ငံရေး၊စီးပွားရေးနည်းပညာနဲ့ အထွေထွေဗဟုသုတတွေအစုံအစုံ ကိုကျွမ်းကျင်နှံ့စပ်တဲ့အပြင်၊

ဒီနေ့လည် မှာ ရွာသူား အယောက်နှစ်ဆယ်ကျော်ကို နေ့လည်စာနဲ့ ကျွေးမွေးမဲ့ ကုသိုလ်ရှင်သင်္ဘောသားကြီး

ဩဇီ ဘဖောဆိုတဲ့လူဟာ၊ သူပါ  သူပါ  လို့ လက်ညှိုးထိုးပြီးပြလိုက်ချင်ပါရဲ့။

ဒီတစ်ယောက်နဲ့အထောက်အထားဘယ်ခိုင်မလဲ၊ အဲဒီတရုပ်သရဲကိုခေါ်လာပြီး

ဂျီးတော်ရဲ့မျက်နှာမူရာကိုဖတ်နို်င်တဲ့ အင်္ဂဝိဇ္ဇာအတတ်ကိုတတ်တဲ့အပြင် ဂျီးတော်ရဲ့လက္ခဏာကိုကြည့်ပြီး ရှေးဖြစ်နောက်ဖြစ်တွေကိုကွက်တိ ဟောနို်င်တဲ့

ဗေဒင်အတတ်ကိုပါတတ်တဲ့ သင်္ဘောသား ကိုရင်စည်သူဆိုတဲ့လူဟာ သူပါပဲဆိုပြီး

လက်ဆွဲနှုတ်ဆက်ခိုင်းလိုက်ချင်ပါရဲ့။

ဒါတင်မကသေး၊ ဂျီးတော်ရေ ဟောဒီတစ်ယောက်ကတော့ ဂျီးတော်ရဲ့ပုံတွေကို

လှတ ပတဖြစ်အောင် ဓါတ်ပုံပညာနဲ့ စွမ်းဆောင်ပြနို်င်တဲ့အပြင်၊

ဂျီးတော်နဲ့ သူ့ရဲ့စုံတွဲပုံကို အခြားလူအကူအညီမပါပဲ သူ့ပညာနဲ့သူရိုက်နို်င်တဲ့

သင်္ဘောသား ကိုရင် အီးတီ ဆိုတဲ့လူဟာ သူပါပဲလို့ ပြောပြီး ကိုရင် အီးတီကို

self timer function  ကိုအသုံးပြုလို့ ၊ဂျီးတော်ရဲ့ ပခုံးလေးကိုဖက်ပြီး စုံတွဲပုံလေး ရိုက်ခိုင်းပြလိုက်ချင်ပါရဲ့ဗျာ။

ပြီးတော့မှာ “ကဲ  တွေ့ပြီလားဂျီးတော်၊  သင်္ဘောသားတွေ ဘယ်နေရာမှ အသုံးမတည့်ဖူးဆိုတာ၊

ဂျီးတော်တို့ခေတ်ကဖြစ်ပါလိမ့်မယ်၊ အခုခေတ်သင်္ဘောသားတွေများကတော့ ဘက်စုံကိုသုံးလို့ရပါသဗျ……………….” လို့

ပြောပြီးကြွားလိုက်ချင်ပါရဲ့ဗျာ။       ။

 

ခင်မင်လေးစားသောအားဖြင့်

ကြောင်လတ်လေး။

26 comments

  • windtalker

    December 18, 2011 at 2:09 pm

    ကျန်သေးတယ်
    အဘ အဘ နဲ ့ ဆိုလို ့
    အဖိုးကြီးမှတ်နေတာ
    တွေ ့လိုက်မှ
    ရန်အောင် လိုလို ကြီးဗျ
    ချောပုံပြောပါတယ်

  • Foreign Resident

    December 18, 2011 at 3:18 pm

    ဒီနေ့ ( 18th Dec, 2011 ) နေ့လယ် ၁၁နာရီ
    Summer Palace Hotel မှာ ကျင်းပတဲ့
    အဘဖောနှင့် MG ရွာသူားများ တွေ့ဆုံပွဲ နေ့လည်စာစားပွဲ ကို
    တက်ရောက်ကြသူတွေကတော့

    ၁. အဘ Foreign Resident
    ၂. ကိုရင် စည်သူ
    ၃. နိုဇိုမိ
    ၄. ဘလက်ချော
    ၅. မှော်ဆရာ
    ၆. ဖတ်တီး
    ၇. အာဂ
    ၈. Comegyi
    ၉. ထက်ဝေး
    ၁၀. Nature

    ၁၁. ပဒုမ္မာ
    ၁၂. ဆူး
    ၁၃. မမ
    ၁၄. ဝေဝေ
    ၁၅. မနောဖြူလေး
    ၁၆. ချာတူးလန်
    ၁၇. နွယ်ပင်
    ၁၈. ပန်ပန်
    ၁၉. ယဉ်ငြိမ်းနွေး

    စုစုပေါင်း ( ၁၉ ) ယောက် ဖြစ်ပါတယ် ။
    E Tone နှင့် AKKO ကတော့ ချောင်းသာ ရောက်နေလို့
    မလာနိုင်ဘူးလို့ ပြောပါတယ် ။

    စားသောက်လို့ အပြီးမှာ
    တစ်ဦးချင်း + စုံတွဲ Karaoke အဆို နှင့်လည်း
    ရွာသူား တချို့က အားရပါးရ ဖျော်ဖြေသွားကြပါတယ် ။

    စုံတွဲ အဆို ဘယ်သူတွေလည်း ???
    အသံ ဘယ်လောက်ကောင်းကြသလဲ ???
    ဆိုတာကတော့ Top Secret ပေါ့ ဟီဟိ ။

    ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပွဲလေး ဖြစ်ခဲ့တဲ့ အတွက်
    အားလုံးကို ကျေးဇူးတင်ပါတယ် ။

    • Foreign Resident

      December 18, 2011 at 3:28 pm

      အဘဖော ကတော့ လာနိုင်သမျှ MG ရွာသူား အားလုံးကို ဖိတ်ခိုင်းလိုက်တာပါကွယ် ။
      တချို့ ရွာသူား တွေရဲ့ လိုအပ်ချက်အရ Post တင်ပြီးတော့ မဖိတ်နိုင်ခဲ့ပါဘူး ။
      ဖိတ်စာ မရလို့ မလာဖြစ်ခဲ့တဲ့ ရွာသူားများကို ဒီနေရာကနေ တောင်းပန်ပါတယ် ။

    • koaung

      December 18, 2011 at 6:12 pm

      ကိုရင်ဖောရေ သာဓူ ၃တိုင်း ပါဗျာ မလာနိုင်တာဆောရီးဗျာ 😀

    • small cat

      December 18, 2011 at 6:48 pm

      မန်းလေး သိန်းဇော်စကားနဲ့သာပြောလိုက်ချင်တယ်။
      အားရပါးရလာရောက်သီဆိုချင်ပါသော်လည်း ကျန်းမာရေးကမကောင်း။

      ညတစ်ချက်တီးလောက် မှ ခပ်ထွေထွေနဲ့ရေးထားလို့ စာလုံးကျန်တာတွေ စာလုံးပေါင်းမှားတာတွေအတွက် ခွင့်လွှတ်ပါရန်တောင်းပန်ပါသည်။

  • kai

    December 18, 2011 at 3:38 pm

    ကြွေးမွေးတဲ့အလှူအတွက်.. သာဓုပါဗျာ..။ အပျော်တွေမျှဝေခံစားလိုက်ပါတယ်..။
    ကျုပ်လည်း အမှတ်တရလက်ဆောင်ပို့ပေးလိုက်တာ..
    လွဲချက်က.. နောက်နှစ်မှရောက်မယ်တဲ့..လေ..။

    စကားအတင်းစပ်..
    ဘယ်သူအစားအပုတ်ဆုံးလဲဟင်င်င်င်…။ 😆

    • ဆူး

      December 18, 2011 at 3:51 pm

      အစားအပုပ်ဆုံးက သဂျီးပဲလေ.. 😀

    • Foreign Resident

      December 18, 2011 at 3:58 pm

      ကြည့်ရတာတော့ အဘဖော ( ကိုယ်တိုင် ) က အစားအပုတ်ဆုံး ဖြစ်ပုံရတယ် ။
      Buffet အဝစား ပါဆိုမှ စားနေကြတာ အားကိုမရဘူး ။
      Hotel ကချပေးထားတဲ့ လူ ၂ဝ စာ မှန်းချက်ထားတဲ့ ဟင်းဗန်း တွေ
      တဝက်လောက်စီပဲ ကုန်လိုက်တယ် ။
      အဘဖော ကပဲ အစားအသောက်မှာ ဩဇီ Caucasian စတိုင် ဖြစ်နေပြီလား မသိ ။

      • စုံ စုံ

        December 19, 2011 at 12:40 pm

        အဘရေ အဘပွဲကိုလာချင်ရက်မလာနိုင်တဲ့အထဲမှာ
        ကျမလဲတယောက်အပါအဝင်ပါ
        ဖိတ်စာလဲရပါတယ် လာချင်တာလဲတကိုယ်လုံးသေတော့မယ်
        ဒါပေမယ်ပေါ့ ခြေချုပ်မိနေတယ်လေ
        ဒါကြောင့်နောက်အခါတွေကျမှ ဆုံတွေ့ရင်လာခဲ့ပါ့မယ်
        အဘရဲ့မွေးနေ့မှာပျော်ရွှင်နိုင်ပါစေနော်…

        • ကိုရင်စည်သူ

          December 20, 2011 at 11:08 am

          အစားအပုတ်ဆုံးတော့ ကိုရင်စည့်ဖြစ်ပါတယ်..
          အားလုံးပြန်နေတာတောင်… မဝသေးလို့
          ဦးဖတ်တီး၊ ကမ်းကြီး၊ မှော်ဆရာ ကို ခဏနေပါဦး…
          တားထားပြီး အစာပိတ်လေးတစ်ပွဲ
          ဆွဲခဲ့ကြောင်းပါ… ထို့နောက် စီးတီမတ်တွင်
          အစာပိတ် ဆန်းဝစ်ချ်လေးကို ကော်ဖီနဲ့
          တီးခဲ့သေးပါတယ်… ညနေဘက်

          တစ်နှစ်တာရဲ့ အစားပုတ်ဆုံး ရွာသားဆုကို…
          ကျနော်ကပဲ သိမ်းပိုက်လိုက်ပီ… ငွီးငွီး..

  • inz@ghi

    December 18, 2011 at 4:00 pm

    မုဒိတာပွားပါသည် …
    ဓါတ်သဘောအရပြောရလျင် …ခံစား စီးကူးသွားပါသည်..
    ထို့ကြောင့် ပီတိဖြစ်မိပါသည်..

    လူဖြစ်သည့်အားလျော်စွာ အတ္တအရ ငါ မပါလိုက်ရလေခြင်း… ငါပါဝင်လိုက်ချင်လေခြင်း..
    ဆိုပြီး …စိတ်ပျက်အားလျော့မှု မချင့်မရဲဖြစ်မှုတော့ ခံစားရပါသည်..
    (အမှန်အတိုင်းဝန်ခံတာပါ..)ထိုအရာကို သောကဟု ခေါ်ပါက ထိုသောကထက်
    ပီတိသည် အဆများစွာ သာလွန်ကြောင်း.. အဘဖောကို သိစေလိုပါသည်…..

    တော်သေးဘီ. သည်လောက်ပဲရေးမည်…..
    နို့မို့ quote လုပ်ပီး …ကော်ပီတင်နေမှဖြင့် …..

    ပုံ
    ကွန်းမန့် ကူးသူများကို စိတ်ခုနေတဲ့
    ဂီ….

  • MaMa

    December 18, 2011 at 4:32 pm

    ပြန်ရောက်တာနဲ့ ရွာထဲဝင်ကြည့်တာ ကော်မန့်တွေတောင် တက်နေပြီ။
    ဘာမြန်သလဲ မမေးနဲ့ MG ရွာသူားတွေပဲလေ…. 🙂
    စေတနာထက်သန်စွာ လှူဒါန်းတဲ့ FR လည်း
    25 Dec မှာ ကျရောက်တဲ့ မွေးနေ့မှသည်
    နောင်နှစ်ပေါင်းများစွာတိုင်အောင် ကြောက်ရသော .. အဲ မှားလို့ ချစ်ရသော 😀
    မစ္စက်FR နှင့်အတူ ချမ်းမြေ့ပျော်ရွှင်စွာဖြင့် လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 😀
    (စောစောကသိရင် ဟက်ပီးဘတ်ဒေး ဝိုင်းဆိုပေးပါတယ်။)

    • ဆူး

      December 18, 2011 at 5:43 pm

      ဆူး လည်း စောစောက မသိလို့ အပြန်မှ တွေးမိတယ်.. ဦးဖော ကြီး အတွက် လက်ခုပ်တီးပြီး သီချင်း တပုဒ်လောက် ဆိုပေးခဲ့ရင် ကောင်းသားလို့ တွေးနေမိတယ်။

      • windtalker

        December 18, 2011 at 7:14 pm

        သီချင်းဆိုတဲ့ ဖိုးဝရုပ် တဲ့
        အခုခေတ်စားနေတယ်ဗျ
        ဟီဟိ

    • kai

      December 18, 2011 at 5:51 pm

      ဒီဇင်ဘာ၂၅ နေ့က.. ဂျီဇက်စ်ခရိုက်ရဲ့..မွေးနေ့… ခရစ်စမတ်နေ့မို့..တကမ္ဘာလုံး..ဟက်ပီဘတ်ဒေးနေကြတယ် သဘောထားလိုက်ပေါ့..။
      ကံကောင်းတယ်နော…။ 🙂

  • တညင်သား

    December 18, 2011 at 7:01 pm

    မြန်မာလူမျိုး တွေဖြစ်ပြီး ညံ့ချက်.. ပါဆယ်လေးတောင် ထုတ်မလာဘူးးးးးးးးး:(:(:(

    • char too lan

      December 24, 2011 at 12:54 pm

      ကျနော်အကြိမ်ကြိမ်ကြံဘာသေးဒယ်
      လူဒွေဂ အားကြီးအလိုက်မတိဂျဘူးဗျ
      ကင်မရာဒွေ တဂါးဂါးနဲ့ မလစ်လို့ မသယ်ခဲ့လိုက်ရဘူး ……….. 😛 😛

  • comegyi

    December 19, 2011 at 12:19 am

    အဲဒီပွဲလေးကို
    နောက်ပြန်ရစ်လို့ရရင်ကောင်းမယ်ဂျာ….
    ခဏခဏကို ပြန်ရစ်ချင်ထှာ………..

  • aye.kk

    December 19, 2011 at 6:38 am

    သင်္ဘောရွက်ကလည်းကင်ဆာရောဂါအတွက်ကာကွယ်တယ်တဲ့လေ..။

  • ဦးဦးပါလေရာ

    December 19, 2011 at 11:26 am

    ပျော်စရာကြီးပါလားနော်…
    ဟင်းဗန်းတွေမကုန်တာကတော့ ဦးပါလေရာမပါလို့ပါ။ မဟုတ်လို့တော့…ဟင်း..ဟင်း..

    အဲဒီတနင်္ဂနွေနေ့ခင်း ဆယ့်တစ်နာရီနဲ့ဆယ့်နှစ်နာရီကြားမှာ ကံမကောင်းအကြောင်းမလှလေသော ခေါင်းဖြူစွယ်ကျိုး အဘိုးကြီးတယောက်ကတော့ နေကျက်ကျက်ပူပြီး ဖုန်ထောင်းထောင်းထနေတဲ့ လမ်းပေါ်မှာ လေအိတ်မဟုတ်လို့ တဂုံးဂုံး ခုန်နေတဲ့ ကားစုတ်ကြီးကိုစီးပြီး ရေငတ်ဗိုက်ဆာ မျက်စေ့ပြာလျှက် နေပါတယ်။

    ဘယ်သူလဲမသိဘူးပြောတာ။ ကိုယ်စိုက်ပျိုးတာကိုယ်ရိတ်သိမ်းရသတဲ့ …..

    စေတနာရှင်ကိုဖေါရင်းကြီး နောက်တပါတ်မှာကျရောက်မယ့် မွေးနေ့မှသည် နှစ်ပေါင်းအလီလီတိုင်အောင် ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ…။

  • ကြောင်ကြီး

    December 19, 2011 at 11:46 am

    သင်္ဘောသား
    ဒင်းပြောတရား
    စင်းကောနွား
    ဟင်းရောထား၊
    ပင်းဖောစကား
    အင်းတောသွား
    မင်းမောသလား
    windtalker ။။။။

    • windtalker

      December 19, 2011 at 11:59 am

      ဘာဆိုင် လို ့ကျုပ် က မောရမှာလဲ
      ဒီတောင်တန်းမှာ မောင်ထမ်းလို ့ခေါ်ပါ့မယ်လေ….

  • ကိုရင်စည်သူ

    December 20, 2011 at 11:12 am

    ဒီပို့စ်ကို ရေးတဲ့ ကိုကြောင်လေးကို
    အထူးကျေးဇူးတင်ပါတယ်ဗျာ…
    သင်္ဘောသားတွေကို ဒီလို တရားမျှတတ ညွှန်းပေးတာ
    ကိုကြောင်လေးရဲ့ မုဒိတာစိတ်ကို ချီးကျူးပါတယ်…
    သင်္ဘောသားတွေသည် ကမာ္ဘပတ်ပြီး အပျော်ကျူးနေသူတွေမဟုတ်ပါဘူး
    မိမိ မိသားစု၊ မိမိနိုင်ငံအတွက် အသက်ပေး၍ ကမာ္ဘပင်လယ်ရေပြင်တွင်
    တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပါတယ်…။ 🙂 🙂 🙂

    အဘဖော မွေးနေ့ တွေ့ဆုံပွဲကို စီစဉ်သူနဲ့တကွ တက်ရောက်ကြသူများအားလုံး
    နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ရွာထဲမှာ စာပေတွေ ရေးရင်း
    ပျော်ရွှင်နိုင်ကြပါစေဗျာ….

    • small cat

      December 23, 2011 at 5:46 am

      ကိုရင်ရေ စာတွေကဗျာတွေပါရေးတတ်ဖွဲ့တတ်ကြတယ်ဆိုတဲ့အကြောင်းလေးထည့်ရေးဖို့ ကျန်ခဲ့တယ်ဗျို့။
      အဘဖောရဲ့ ဧည့်ခံပွဲလေးကို မုဒိတာပွားပြီး မန့်ကြသူအားလုံးကိုကျေးဇူးတင်ပါကြောင်း။

  • မှော်ဆရာ

    December 23, 2011 at 7:22 am

    ပွဲတုန်းက မသိလိုက်လို့ ဆုမတောင်းလိုက်ရပေမယ့်
    အခုဆုတောင်းပေးလိုက်ပါတယ် ..
    နောင်နှစ်ပေါင်းများစွာတိုင် ယခုကဲ့သို့ ကျွေးနှိုင်ပါစေ အဘဖော
    ကျွေးတဲ့ပွဲတိုင်းလဲ မှော်ဆရာပါပါစေ .. ( ဟယ် တယ်ကောင်းတဲ့ ဆုတောင်း )

  • Foreign Resident

    December 24, 2011 at 11:35 am

    မွေးနေ့ ဆုတောင်းများအတွက် ဝမ်းသာ ကျေးဇူးတင်ပါတယ် ။
    အဘ ဖေါ ။

Leave a Reply