နည်းနည်းလျှော့ကြပါ…

kaiDecember 18, 20111min56649

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်းကောက်နှုတ်ချက်။

ကျွန်မ ပြည်သူတွေကို မေတ္တာရပ်ခံ ပါရစေ။ ကျွန်မတို့နဲ့ ဆက်ဆံတဲ့ အခါမှာ ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ ပြောဆို ဆက်ဆံကြပါ။ ကျွန်မတို့ကို ဟိုဟာ ပြောရကောင်းလား၊ ဒီဟာ ပြောရ ကောင်းလားဆိုပြီး။ ကျွန်မတို့ ဘာမှမလုပ်ပါဘူး။ ပြောစရာရှိတာကို ပြောပါ။ သဘောမတူ လို့ရှိရင် သဘော မတူဘူး ဆိုတာကိုတော့ ပြန်ပြောမှာပါ။ ဒါကတော့ ဒီမိုကရေစီရဲ့ အခြေခံလေ။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဆိုတာ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်နဲ့ မတူဘူးလေ။ တစ်ခါတစ်လေတော့ ကြိမ်းမောင်း တာလေးတော့ ပါချင်ပါမှာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် နားလည်အောင် ပြောဆိုဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း ဖလှယ်ဖို့ အတွက်ကတော့ ကျွန်မတို့ လေ့ကျင့်ယူရ ပါမယ်။ လေ့ကျင့်ယူရင်းနဲ့ ကျွန်မတို့ ပိုပြီး တတ်လာမှာပါ။

ဟုတ်ပါပြီ.. ဆဲတော့ဘာဖြစ်သလည်း..။
တယောက်စပြီးဆဲတော့.. ၂ယောက်၃ယောက် စသဖြင့်ဗိုင်းရပ်စ်လို… ကူးစက်သွားတဲ့သဘောရှိပါတယ်..။
အဲဒီလိုနဲ့.. မန္တလေးဂေဇက်က… ဒီရွာက.. ဆဲတာပါတဲ့..ဆဲတတ်တဲ့ဒီယာတခုဖြစ်သွားမှာစိုးပါတယ်..။
စာတွေဖတ်နေသူတွေထဲ .. ရဟန်းတွေ၊သက်ကြီးသူတွေ ငယ်ရွယ်သူတွေ ပါတယ်ဆိုတာ သတိထားစေချင်တာပါပဲ.။ ထိုက်သင့်တဲ့ ရိုသေလေးစားမှု ပေးစေ/ရှိစေချင်ပါတယ်..။
အရေးအကြီးဆုံးဖြစ်တဲ့.. ငယ်ရွယ်သူတွေ..
သူတို့ဆီကူးစက်သွားတာမျိုးမဖြစ်စေလိုပါဘူး..။
မျိုးဆက်လက်ဆင့်ကမ်းရာမှာ.. မျိုးဆက်ဟောင်းတွေက.. တာဝန်ရှိပါတယ်.။ တာဝန်ယူရပါမယ်….။

ဆိုတော့..
လိုရင်းက..
ရေးစာ..ဆွေးနွေးကြတာမှာ.. စာအရေးအသား.. ဆဲတာ၊၊စာလုံးအသုံးရိုင်းတာ၊ စကားအသုံး ရင့်သီးတာတွေ နည်းနည်းလျှော့ကြပါလို့..။
ဘယ်အထိလျှော့ရမလည်း…. ဆိုတော့..
ကိုယ်တိုင်က.. ဒီလောက်ဆိုမဆိုးပါဘူးလို့ သိနေတဲ့အထိပါပဲ..။
သေသေချာချာ သိတယ်..။ တာဝန်ယူတယ်ဆိုရင် လုပ်ပါ၊
ကိုယ့်ကိုယ်တိုင်က.. ကိုယ်တင်တဲ့စာကို.. စိစစ်ကြပ်မတ်ပေးကြပါလို့…
စာရေးခြင်းက..အနုပညာပါ၊
စာရေးသူဆိုတာ အနုပညာရှင်ပါပဲ..။ စကားလုံးအသုံးလှလှလေးတွေနဲ့ ကိုယ်လိုချင်တာကို.. ကိုယ်သိစေချင်တာကို.. ပေးသွား.. လက်ဆင့်ကမ်းသွားလို့ရပါတယ်..။
အနုပညာရှင်ဖြစ်ပါစေ..။ 😆

 

49 comments

  • “ဘီလူးကြီး”ogre

    December 18, 2011 at 9:52 am

    အပြည့်အဝထောက်ခံပါတယ်….တဂျီး
    ဒါပေမယ်တစ်ခါတစ်လေတော့ ဆဲ မိပါတယ်တဂျီး
    ပုထုဇဉ်ကို တဂျီး ရဲ့
    ဆဲအောင်လုပ်ထှာကြောင့်လဲပါတယ် တဂျီးရဲ
    ဒီတစ်လော ပို့စ်တော်တော်များများမှာပေါ့ ပါဌိ လိုတွေများနေတာတော့
    သတိထားမိပါတယ်…တဂျီး… 🙂 🙂

    • mrkokopar

      December 18, 2011 at 2:29 pm

      ပုထုဇဉ်ဆိုတာ ဥမ္မတကကို ပြောတာ၊ ဥမ္မတကဆိုတာ အရူးပဲ၊ အေးလေ၊ အရူးဆိုတော့လည်း ငိုချင်ငို၊ ရီချင်ရီ၊ ဆဲချင်ဆဲမှာပေါ့။ ဒီရောဂါက ထုတ်ပြောနေရမှာ မဟုတ်ဘူး။ ကိုယ်သိရင် ကိုယ့်ဘာသာကိုယ် ပျောက်အော်ကုရမှာ ကိုဘီလူးရဲ့။ ပုထုဇဉ် ပုထုဇဉ် ဆိုပြီး မဟုတ်တာပြောခွင့် ပါမစ်ယူထားမှာဆိုးလို့ပါ။

      • ဒီမယ်ဗျ.. ပုထုစင် ဆိုတာ ခရမ်းချဉ်သီးတွေကိုပြောတာ
        ပုပုလေးနဲ့ ထုလိုက်ရင် စင်သွားတာ။ (ကျုပ်နားလည်တာ ပြန်ရှင်းပြဒါ) 😀

  • aye.kk

    December 18, 2011 at 10:12 am

    သူကြီးမှဝင်မပြောရင်..
    ရွှေပြည်စိုးနဲ့သူ့ထက်ကဲလိုဖြစ်နေပြီ..
    အများပိုင်ပစ္စည်းက်ို ၊ ကိုယ့်ကိုင်ပိုင်အလားမှတ်ယူကာ..
    တတ်တိုင်းပြောတာမကောင်းပါဘူး..အများသူငှာဝင်ရောက်ဖတ်ရှူနေကြတာမို့အသိလေး..
    ထဲ့ထားသတိလေးကပ်ထားကြဘို့တော့လိုပါကြောင်း..
    သူကြီးရေးတာကိုထောက်ခံပါကြောင်းပြောလိုက်ပါရစေ..။

  • Ka Yin Lay

    December 18, 2011 at 10:15 am

    ကျေးဇူးတင်လိုက်တာ သဂျီးရာ ..
    နဲနဲ ဝင်ထိမ်းပေးတဲ့အတွက်ပါ ..
    နို့မဟုတ်ရင် တချို့လဲ ကိုယ့်မျက်ချေး ကိုယ် မမြင်နိုင်တော့လောက်အောင် ဖြစ်နေကြပါပီ ..
    မကျေနပ်မှုရှိရင်လဲ မကျေနပ်သလို လွတ်လပ်စွာ အော်ကြမှာ ..
    သိသူဖော်စား မသိသူကျော်သွား စနစ် က အကောင်းဆုံးလို့ထင်ပါတယ် ..
    ကိုယ်ကြိုက်ရင်ဝင်ဖတ် မကြိုက်ရင် လစ် နောက်သတင်းတခု ဖတ် . .
    သိပ်ဆိုးဝါးနေတဲ့ ( အပျက်သဘော ဆောင်) comment တွေတက်လာရင် ဖယ်ရှားပေးနိုင်သူတွေက
    ဖယ်ရှားပေးစေလိုပါတယ် .. ဒီလိုဆောင်ရွက်ပေးနိုင်ရင်ဖြင့် ဂဇက်ကြီး သာယာလှပသွားမှာပါ ။
    ( အရေးယူရာမှာ အကြီးတန်း ၊ အငယ်တန်း မခွဲခြားစေလိုပါ ၊ ဗဟုသုတ အရာ ၊ အရေးအသားပညာ
    တွေ ကွာခြားလွန်းလှပေမဲ့ ထမင်း ၂ နပ်စားသော ပုခုံးပေါ် ခေါင်းရှိသည့် လူ ခြင်း အတူတူသာလျှင်
    ဖြစ်ပါကြောင်း )

  • zaw min

    December 18, 2011 at 10:27 am

    ဆြာခိုင်ရေ အပြည့်အဝထောက်ခံတယ်ဗျို…စာရေးခြင်းကအနုပညာပါ…စာရေးသူဆိုတာ အနုပညာရှင်ပါပဲ…စကားလုံးလှလှလေးတွေသုံးပြီး…ကိုယ်လိုချင်တာ …သိစေချင်တာကို လက်ဆင့်ကမ်းပါ…

  • amatmin

    December 18, 2011 at 10:37 am

    သဂျီးပြောတာ မှန်ကန်ပါတယ်ဗျာ..
    ဆရာကိုသစ်မင်းရေးဖူးသလို..ဂေဇတ်ရွာထဲက စာပေါင်းစုံကို ဟင်းပေါင်းစုံလို့သဘောထားလိုက်မယ်ဆိုရင်..
    စားမကောင်း အရသာမရှိတဲ့ဟင်းပွဲကတော့ စားမဲ့သူမရှိရင် အလိုလို ပုပ်သိုးသွားမှာပဲလေ..
    ကျွန်တော်တို့တွေ အနေ နဲ့အရသာမရှိတဲ့ ဟင်းပွဲအကြောင်းဝိုင်းပြောနေကြရင်
    ဟင်းကောင်းတွေ ကိုမြည်းဖို့ လက်လွတ်သွားမှာ စိုးရတယ်..
    ပြီးတော့ သူ့ဟင်းအတွက် အာရုံများနေတာနဲ့ ကိုယ့်ဟင်းက အရသာပျက်ကုန်ရင်အခက်ဗျ.
    ဒီတော့ ကိုယ့်ဟင်းလေးတွေပဲ ကောင်းအောင်ချက်ကြတာပေါ့ နော..

    ဟင်းကောင်းကြိုက်တဲ့
    အမတ်မင်း

    ဒါနဲ့ ကိုယ်တွေ မကြိုက်ဘူးပြောထားတဲ့ဟင်းကို စားပွဲပေါ်ထပ်တင်လာခဲ့ရင်တော့ ပန်းကန်ပါကိုင်ပေါက်ခွဲ ပစ်လိုက်ဗျာ.. 🙂 🙂

  • ကြောင်ကြီး

    December 18, 2011 at 11:28 am

    ဘာအခုမှ ကြောက်ပါဘီလဲ….သာသနာဖျက် အကုသိုလ် ငရဲဂျိုးကပ် အဓမ္မရုပ်ဝါဒီ စစ်တပ်သူလျှို စီအိုင်အေသတင်းပေး တရုတ်လက်ပါးစေ ဂျာပွန်ဇိမ်ဖုံးဂျီးလူထွက် သဂျီးကို ဝိုင်းဆဲဂျကွာ…..။ ရန်သူတိုက်စစ်ဆိုရင် ကိုယ်က ခံစစ်ပြင်ရဒယ်။ အခု ရန်သူသဂျီး ခံစစ်ဖြစ်နေပြီ ဝိုင်းထိုးဂျ။ ဘာနဲ့ထိုးမလဲ… ဟုတ်စ 🙄 …….ဓါးရှိရင် ဓါးနဲ့ထိုး၊ လှံရှိရင် လှံနဲ့ထိုး၊ ဒုုတ်ရှိရင် ဒုတ်နဲ့ထိုး၊ ဘာမှမရှိသူများ ခြေ လက်နဲ့ထိုး၊ ကိုယ် ဦးခေါင်းနဲ့တိုက်၊ အဲဒါတွေတခုမှ မအားရင် အတက်ဖြစ်ရင်ပြီးရော ဝင်သာထိုးဂျ…… ကျား…..တက်…..ထိုး….. 😡

    • mrkokopar

      December 18, 2011 at 2:33 pm

      ကြောင် ကြောင် ကြောင်လွန်းတယ်၊ ကြောင်လွန်းတယ်၊ ကြောင်လွန်းတယ်လေး – – – – ကြောင်လွန်းတယ်လေ။ အလိုဗျာ – – – ကြောင်လှပါလား – – – – – – – ကွယ်။ (သံစဉ် ထည့်ဆိုပါရန်)

  • windtalker

    December 18, 2011 at 12:08 pm

    လောလောဆယ်
    သတိထားမိသလောက်
    သဂျီး ကိုင်တွယ်ပုံ အများကြီး လိုအပ်ချက်ရှိနေတယ် လို ့
    ပြောချင်ပါတယ်
    ဥပမာ
    အကောင့်သစ် တစ်ခု လုပ်ပြီး
    ခပ်တည်တည် နဲ ့
    ဆိုက်ထဲက လူအားလုံး ကို ဆဲတဲ့ ပို ့စ် တင်ရင်လည်း
    တက်သွားတာဘဲ မလား
    ဒီတော့ ပို ့စ်တင်တဲ့ ကိစ္စ ကို ၊ တင်ချင်သလို တင် ဆိုရင်တော့
    ဆဲတဲ့ ကိစ္စ က ဘယ်တော့မှ မျိုးတုံးမယ် လို ့မထင်ဘူးဗျို ့

    • ကြောင်ကြီး

      December 18, 2011 at 12:59 pm

      သဂျီးအကိုင်အတွယ် ကောင်းမကောင်း မပြောတတ်ဘူး၊ ရွာသူားဖြိုးကတော့ အယားတောင်မပြေလို့ ကိုအောင်ဘုခေါ် သုံးရတယ် ကြားတယ်။။ 😆

  • kai

    December 18, 2011 at 2:01 pm

    အောက်ကမန့်တာတွေကို..
    http://myanmargazette.net/86558/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
    က ကူးယူပါသည်။
    ရွာသားများ ပါဝင်ဆွေးနွေးရာတွင် အထောက်အကူရစေချင်၍ဖြစ်ပါကြောင်း..။


    thit min says:

    လူဆိုတာလူလို “သိ” မှ၊ လူလို “နေ” မှ လူ “လို”ပြောမှ လူဖြစ်တာ။ဒါတောင်သာမန်အဆင့်နော်။
    လူ တကယ်ပီသဘို့ဆိုတာ ကိုယ့်ဟာကိုယ် ရေကြည်ရာမျက်နုရာ ရှာနေရုံနဲ့ကို မပီးသေးဘူး။
    ထားတော့ လူ “လို” မပြောတတ် မဆိုတတ်နဲ့ စာပေ ကို လာစော်ကား လူမျိုး ကိုလာစော်ကား
    လူ့ပေါက်ပန်းတွေကိုတော့ “လူစာရင်း”ကိုမသွင်းလို့မလို့
    “ချီးစားတတ်တဲ့အကောင်မျိုးပေမဲ့သခင်ကို သိတတ်သော ခွေး “တို့နဲ့
    တောင်မနှိုင်းစေချင်ပါ ကိုကြီးနေဝန်း ရေ။ ခွေးတွေကိုသနားလို့။
    ===================

    inz@ghi says:

    သဂျီးရေ့

    ကစ်သိုတောင် right answer ဖြစ်လျက် …
    အနီကတ်တွေ ခဲနေအောင် ပြခံထားရပါပေါ့လား ….
    (အဘနီ ပိုစ့်ကိုပြောတာ မဟုတ်ဘူးနော…
    မူရင်းပိုစ့် ကိုဆိုလိုချင်တာ..)

    သဂျီး …အဲသည့် ငတိသည်နေ့လည်း ၂ပိုစ့်တင်ပြီး အကဲစမ်းထားသေးတယ်နော..
    လစ်ဘရယ်လ် တွေဘာတွေ လာမပြောနဲ့ဦးဗျ…..ပွဲဆူအောင်လုပ်ရင် .. ရွာမှာလူစည်ရင်
    သဂျီးကြိုက်တာပဲလားဗျာ??ဒါက သဂျီး မျှော်မှန်းချက်လားဗျာ …??
    ကျုပ်ကို အဲ့လို ထင်သွားအောင် မလုပ်ပါနဲ့ဗျား…

    အနှီငတိရဲ့ ပထမနေ့ ပို့ စ်တွေမှာ အကောင်းအောက်မေ့လို့ သဂျီးလည်း အကောင်း ဝင်ရေးခဲ့သေးတယ်မလား…
    ကြာလာတော့ ဘာဆိုတာ သိလိုက်ရတယ်ဟုတ်?? ကောင်းပြီ ၁ရက် …နောက်တရက်စောင့် နောက် ပိုစ့် အသစ်၂ခု
    တက်တယ်. ..ဘာတွေလည်း သဂျီး ဖတ်ပြီးလောက်ပါပြီ ……

    ဆိုတော့ … သည် ၄၈နာရီကြားမှာ တခြားပိုစ့်တွေမှာ သဂျီး ဝင်ဝင်မန့်နေပုံထောက်ရင် …
    ဒါဟာသဂျီး ဖတ်ဖြစ်နေ ကြည့်ဖြစ်နေတာလမှန်းလို့ရတယ်ဗျ. ……တခါတခါ
    currently online မှာ kai ဆိုတာကြီးပေါ်နေတာတို့ အပါအဝင်ပေါ့ ..ဗျာ

    ဘုရှ်လည်း အဖမ်းခံထိဖူးတယ်. ..သူ့သမီးတွေလည်း အသက်မပြည့်မီ အရက်ဝယ်လို့ ဒဏ်ရိုက်တယ်ဆိုလား…
    သဂျီးညွှန်းလို့ ဖတ်ရတာတွေ ပြောပါတယ်..ဗဟုသုတ တိုးပွားလို့ ကျေးကျေးပါ…

    သို့သော် သည် ငတိကျတော့မှ .. သဂျီးနှလုံးပြူး ဘာလို့ မီးမကူးသလဲ သိချင်စမ်းဘာဘိ…

    ့ပုံ
    ဟိမုရ ဂီ..
    ==============
    Shwemoe says:

    သဂျီးစဉ်းစားဆုံးဖြတ်ပါလိမ့်မည်။ သဂျီးစောင့်ကြည့်ပါလိမ့်မည်။
    အတို့အထောင် မလုပ်စေလိုပါ။ ကျေနပ်မှုမရှိတိုင်း ဖြုတ် သတ် လုပ်ချင်ပါလျှင်
    ကိုယ်ပိုင် ဝက်ဆိုဒ် ထောင်ပါရန် အကြံပေးလိုသည်။
    ==============

    kai says:

    ဂီဂီရေ..
    ကျုပ်အနေနဲ့က အရမ်းမြန်မြန်ဆုံးဖြတ်လို့မရပါဘူး..။
    ဆုံးဖြတ်ပြီးလည်း.. နောက်ဆုတ်ရခက်ပါတယ်..။

    ဆိုတော့…
    ရွာထဲလူစည်အောင် အဲဒီအပေါစားနည်းနဲ့တော့ မလုပ်သလို ကြိုက်လည်းမကြိုက်ပါဘူး..။
    လူစည်ရင်… ဆာဗာကြေးအပြင်.. ပွိုင့်ပေးလာတာတွေတက်မှာကိုး.. 🙂
    အခုတောင်.. တချို့ရက်တွေများ တရက်မန့်တဲ့နှုန်းအရင်ထက် ၂ဆဖြစ်လာနေလို့.. တခုခုအတွက်စီစဉ်စဉ်းစားနေပါတယ်..။
    ရွာထဲက.. စာတွေ..မန်းတာတွေ အားလုံးတန်ဖိုးရှိတာတွေပဲဖြစ်စေချင်တာပါ..။
    သုံးတဲ့ငွေတိုင်းကို တန်ဖိုးရှိချင်တာပါ..။
    ဖွလို့.. ပွပြီး..ပြန်ရေးနေတာတွေကို.. ပွိုင့်မပေးချင်ပါဘူး…။

    အကြံပေးကြည့်ပါလား…မားကက်တင်န်းသမားကြီးရယ်…။
    ဖွလို့ ပွတဲ့စာတွေနည်းသွားအောင်ဘယ်လိုလုပ်နိုင်သလည်းလို့..။
    အဲ..
    လွတ်လပ်စွာရေးသားပြောဆိုနိုင်ခွင့်ကိုလည်း မထိခိုက်စေနဲ့ပေါ့နော…။ :mrgreen:
    Reply
    ========
    inz@ghi says:

    သဂျီး သဂျီး ..
    ၂လုံးပြူးကြီး ဘယ်သွားထားသတုန်းဗျ…

    လစ်ဘရယ် ဆိုတိုင်း ကျုပ်တို့ လူမျိုးက လမ်းပေါ်တက် ..ဆေးရိုးလှမ်းတာကလား …

    စာဖတ်သူရေ
    ကျုပ်တို့ အမျိုး ..ခင်ဗျားတို့ အမျိုး တွေအပါအဝင် အတော်များများက
    ဒီမို ကရေစီ ရရင် လမ်းပေါ်မှာ အရက်သောက်လို့ရမယ် ဖဲရိုက်လို့ရမယ်
    အဝှာ ကိစ္စ ..တရားဝင် ပေါ်တင်ဆောင်ရွက်လို့ရမယ် ဒါမျိုးတွေထင်နေကြသေးတာအများသား ……

    ဆိုတော့ ….ဘယ်သူရေးတာလည်း …မမေးနဲ့ ဘာရေးတာလဲပဲ မေးကြေး …စာသားအရဆို
    စည်းကမ်းပြည့်ဝသော ဒီမိုကရေ စီ စနစ်
    ဆိုတဲ့ စာသားကို ကျုပ်တော့ သိပ်ကြိုက်တာပဲ …ရေးတဲ့လူကို ထောက်ခံတာမဟုတ်ဝူးနော…
    စာသားကို ကြိုက်တာ …သည်တော့

    သဂျီးရေ့ ….
    စည်းကမ်းကိုင်ဗျာ …..
    ရွာ ပို သန့်ချင်ရင် ပိုစည်းကမ်းကိုင်..
    မူနဲ့ မညီလို့ကတော့ ကန်ထုတ်ပစ် …
    ငါသူတပါး ယောက်ျား မိန်းမ မရွေး …
    ဆာဗာရော ပွိုင့်ပါ …. အနှစ်သာရ ရှိတဲ့စာ
    ရေးတဲ့လူကို ပဲ အနှစ်သာရရှိရှိ အကုန်ခံစေချင်တယ်ဗျာ

    အကောင်းရေးရင် ပွိုင့်ပေးမယ် …အေး ..ထိုနည်းတူစွာဘဲ..
    ပေါက်ပန်း ၄ဝ ရေးရင် တစုံတရာ ပယ်နယ်လ်တီ ထိမယ်….

    ဒါမျိုး ချပစ်ဗျာ …လူမလာမှာ တော့ မပူနဲ့ သဂျီးရယ်…
    တီချယ်ကြီးတို့ ကစ်သို တို့ ဦးဆောင်သော အကောင်းဘက်က ထောက်ပြ သင်ကြား
    နည်းနာ ပေးနေတဲ့ စာရေးသူတွေ ရှိလို့ ….ဝင်လာမစဲ တသဲသဲ ဖြစ်နေဦးမှာဘဲ …
    (လိုအပ်ရင် …အဲ့သည့်အချိန်ကျမှ မားကတ်တင်းသုံးမယ်ဗျာ…)

    ခုအချိန်ကတော့ …. ကိုယ်ရည် စစ်ဖို့ ပါဘဲ ….

    ကျုပ်ပါ ၆၃မကျဝူးထင် ကန်ထုတ်ပစ်ဗျာ …ကြာတယ်..

    အော်ဒါနဲ့ ….
    ရွာထဲ မထော်မနန်းတွေ တွေ့တော့လည်း လှည့်ပတ်ဆဲမိတယ်သဂျီးရေ့…
    တခုတော့ အဆိုပြုပါရစေ ….
    ဆဲဆိုခြင်း အနုပညာ ဆိုပြီး ပိုစ့် အသစ်ရေးကြည့်ပါ့မယ် …

    သဂျီး အကိုးအကားပြုတဲ့ အန်တီကြီးရဲ့ အဖေ တောင် …အတော်အဆဲသန်တာကလား..
    သို့သော် … မြင်ရာ ငါ နဲ့ ကိုင်တုတ်နေတာမဟုတ် …လ အက္ခရာ ဂါထာလိုရွတ်နေတာမဟုတ်..
    ကြက်သီးထစရာ ..သမိုင်းဝင် အကြောင်းတရားများစွာကို စကားလုံး ကြမ်းကြမ်းများဖြင့် ..
    ခပ်သော့သော့ ရေးဖွဲ့ခဲ့တာချည်း … စကားလုံးဆိုလို့ ပြောရဦးမယ်….
    စကားလုံးရဲ့အား ..ဌာန် .. မာန် …ပြင်းပြမှု …စေတနာ .. ဂရုဏာ ဒေါသော ..
    ဒါတွေဘက်ကနေပြီး ပြောင်မြောက်တဲ့ သမိုင်းဝင် ဆဲဆိုချက်များဆိုပြီး ……..
    ရေးရချည်သေးရဲ့…
    (ခုတော့ စာရှာဖတ်နေပါသည်..)

    သည်နှစ်ထဲမတော့ သိပ်ရေးနိုင်တော့မည် မထင်ပါလေ….

    ခင်တဲ့
    Inz@ghi
    ===================

    i love this says:

    ko inz@ghi ရဲ့ ရေးသားပုံက ဒေါသသံ ရှိနေတယ်
    ဂဇက် မှာ ပို့စ်တင်ဖို့ ဂဇက် အရည်အချင်းစမ်းသပ်ရတော့မလိုလို
    အရည်အချင်းစစ်စာမေးပွဲ လုပ်ရတော့မလို ဖြစ်နေပီ
    စာအရေးအသား လေ့ကျင့်သူတွေ စာသင်သား အသစ်တွေ
    ဝေးရာသို့ သွားရတော့မှာလား ကိုကိုဂီရယ် ။
    =====================

    inz@ghi says:

    အစွန်းရောက် တွေအတွက်ပြောတာပါဗျာ …
    ကျုပ်လည်း ရေးနေတာပဲ ..ခင်ဗျားလည်း ရေးနေမှာပဲ…..

    အရည်အချင်းဆိုတဲ့စကား ကျုပ် မသုံးနှုံးထားပါဘူး…
    ကျနော်ပြောချင်တာက …
    အဘနီရဲ့ သည်ဆောင်းပါးမှာ ညွှန်းထားတဲ့ ..
    မူရင်းဆောင်းပါးကို ဖတ်ကြည့်ပေးစေချင်တယ်ဗျာ..
    နောက်တခု
    အနှီ မူရင်းဆောင်းပါးရှင်ရဲ့ အခြားသော ပိုစ့်တွေကိုလည်း
    ဖတ်ကြည့်စေချင်ပါတယ်…

    ကျေးဇူးပါဗျာ ..
    ဒေါသဂိုဏ်း သင့်တယ်လို့တော့ မှတ်ဖူးသဗျ…
    အဲ့စာတွေ သွားဖတ်ကြည့်ပါလေ. ..
    ကျုပ်တို့ ရေးတာ မန့်တာ တွေက ဒေါသဂိုဏ်း ဘာကြောင့် သင့်သလဲဆိုတာ …
    မြင်ရပေမပေါ့…

    စကားမစပ်…….
    ကျုပ်ရေးတဲ့ စာတွေလည်း ဖတ်ကြည့်စေချင်တယ်ဗျာ …..
    ========================

    ကြောင်ကြီး says:

    ပွိုင့်တွေသိပ်များနေရင် မသိအောင် လျော့လိုက်ပေါ့ သဂျီးရယ်။ သိသွားတော့လည်း ပြန်ပေးလိုက်။ ဒါလေးများ ဥနှောက်ခြောက်ခံ စဉ်းစားနေရတယ်လို့။ ကြီးပွားအုံးမယ် ဒီပုံနဲ့…… 🙄

  • windtalker

    December 18, 2011 at 2:18 pm

    ကျုပ် နဲ ့ဇာဒူးကြီး နဲ ့ ပို ့စ်တင်တဲ့ ကိစ္စ ကို
    ဘယ်သူ တင်တင်
    သဂျီးအရင်ဖတ်ပြီးမှ တင်ခွင့် ပြုမပြု လို ့ဆိုကြတော့
    သဂျီးက အားလုံးကို မဖတ်ဖြစ်မှာ အသေချာဘဲ မို ့
    အဲဒီအစီစဉ်ကလဲ မလန်းပြန်ဘူး

  • inz@ghi

    December 18, 2011 at 2:22 pm

    အင်း …
    ဘာလိုလိုနဲ့ ရွာ့လူမိုက် ဖြစ်နေပါပေါ့လား …
    ကျုပ်ကပဲ စ ပီး လျော့လိုက်ပါတယ်…
    အကုန်လျှော့လိုက်ပီ ဗျို့ ….

    ခင်တဲ့ InZ@ghi

  • Oo Oo

    December 18, 2011 at 2:38 pm

    သဂျီးရေ..အဟုတ်ပဲဗျ
    ကျနော်လဲသဂျီးရဲ့ရွာထဲဝင်ဖတ်ရတာ..တခါတလေ..အဲ့လိုလေးတွေစိတ်အနှောက်အယှက်ဖြစ်မိပါတယ်
    အသိပညာရှင်၊ အတတ်ပညာရှင် တွေအပါအဝင် လူပေါင်းစုံ အလွှာပေါင်းစုံ ရှိနေတဲ့ဂေဇက်ရွာကြီးထဲမှာ စရိုက်ပေါင်းစုံ
    တွေ့နေရတာကတော့ သိပ်မဆန်းပါဘူး.. ဒါပေမယ့်..ဝင်ရောက်ရေးသားသူတွေအနေနဲ့ သတိထားသင့်တာလေးတစ်ခု
    က ကိုယ်တင်တဲ့ပို့စ်တစ်ခုဟာစာဖတ်သူအများပြည်သူကို ဝါးလုံးရှည်နဲ့ရမ်းပြီးတိုက်ခိုက်သလိုမဖြစ်ဖို့လိုသလို
    စာဖတ်သူလူအများကိုစိတ်အနှောက်အယှက်
    ဖြစ်စေမယ့် လမ်းလွဲပို့စ်မျိုးမဖြစ်စေဖို့လိုပါတယ်..တစ်ဖက်သားကိုလေးစားတတ်တဲ့စိတ်အခံရှိသူတွေဟာ လူ့ပတ်ဝန်းကျင်ကို
    အနှောက်အယှက်ဖြစ်စေတဲ့လုပ်ရပ်မျိုးကို ပြုလုပ်ဖို့အင်မတန်ဝန်လေးတတ်ကြပါလိမ့်မယ်။
    ကွန်မန့်တွေဝင်ရေးကြသူတွေအနေနဲ့ကလည်း..ပို့စ်ပါအကြောင်းအရာတွေကိုလက်မခံနိုင်စရာဖြစ်လို့ ဆန့်ကျင်ကန့်ကွက်
    မယ်ဆိုရင်လဲနည်လမ်းတကျ အဆင့်အတန်းရှိရှိပျစ်ပျစ်နှစ်နှစ်ဝေဖန်ကန့်ကွက်ပါ..ဆဲတာကတော့မကောင်းပါဘူး
    မန်းဂေဇက်ဆိုတာမည်သူမဆိုဝင်ရောက်လေ့လာဖတ်ရှု့နိုင်တဲ့ မြန်မာဆိုက် တစ်ခုဖြစ်လို့ ဝင်ရောက်ရေးသားနေကြသူတွေသာ
    ဖတ်ရှု့နေကြတာမဟုတ်ပဲ ဝင်မရေးပဲပုံမှန်ဝင်ဖတ်နေကြသူတွေလဲအများကြီးရှိနေနိုင်တယ်ဆိုတာကိုသတိပြုပါ၊
    အထူးသတိထားရမှာက…မိမိရဲ့အတွေးအခေါ်အရေးအသားတွေက..မိမိရဲ့စရိုက်နဲ့စိတ်အဆင့်အတန်းကိုထင်ဟပ်နေစေ
    တာကိုသဘောပေါက်ထားသင့်ပါတယ်
    ကဲ…ဒီလိုအင်တာနက်ထဲက သဂျီရဲ့မြန်မာရွာသေးသေးလေးထဲမှာရှိနေကြတဲ့ မြန်မာပြည်သားတွေတောင်
    ကောင်းမွန်တဲ့စိတ်ဓါတ်လေးတွေ မမွေးမြူနိုင်ကြရင်၊ ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးလေးတွေ မကျင့်သုံး
    နိုင်ကြရင် ကျွန်တော်တို့မြန်မာပြည်ကြီး ဒီမိုကရေစီထွန်းကားပြီးဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ရွှေပြည်တော်မျှော်လေတိုင်းဝေး
    နေတော့မှာပေါ့ဗျာ
    မြန်မာတွေအားလုံး..မြန်မာပြည်သားရဲ့ဂုဏ်ကိုမြှင့်တင်နိုင်ကြ ပါစေနော်

  • MaMa

    December 18, 2011 at 4:42 pm

    သဂျီးရဲ့ မေးခွန်းနဲ့ အဖြေကို ဆက်စပ်ပေးလိုက်ပါတယ်။

    မေး- ဘယ်အထိလျှော့ရမလဲ။

    ဖြေ- စကားလုံးအသုံးလှလှလေးတွေနဲ့
    ကိုယ်လိုချင်တာကို..
    ကိုယ်သိစေချင်တာကို..
    ပေးသွား.. လက်ဆင့်ကမ်းသွားလို့ရပါတယ်..။
    အနုပညာရှင်ဖြစ်ပါစေ..။ 😆

    မှန်ပါတယ်။ သဂျီးပြောသလို
    နည်းနည်းလျှော့ကြပါ။ များများလျှော့လျှင် ပိုကောင်းပါသည်။
    😆

  • alinsett

    December 18, 2011 at 6:19 pm

    သူကြီး..ခင်ဗျာ။
    http://myanmargazette.net/60113/uncategorized-other/copypaste#comments
    မှာ ကျွန်တော် ရေးထားတဲ့ မီးတောက်များအကြောင်း..( အမျိုးသမီးများ မဖတ်ရ ) ပို့ စ်ကို
    ကျွန်တော် အတတ်နိုင်ဆုံး အမျိုးသမီးများပါ..ဖတ်လို ့ရအောင် ကြမ်းတမ်းသော စကားလုံးများကို ရှောင်ပြီး.ရေးခဲ့ပါတယ် ။
    ခေါင်းစဉ်အရ အမျိုးသမီး မဖတ်ရလို ့ရေးလိုက်ခြင်းအားဖြင့် (အမျိုးသားများဆိုင်ရာ ပြဿနာတစ်ခု ဖြစ်သောကြောင့် ရေးလိုက်ပေမယ့်) အမျိုးသမိးများလည်း သေချာပေါက် ဝင်ဖတ်မယ် ဆိုတာ ကျွန်တော်တွေးမိပါတယ် ။
    ဒါကြောင်. လိင်ပိုင်းဆိုင်ရာ…အရေးအသားများ နည်းအောင်…စကားလုံး မကြမ်းအောင် ရေးထားပါတယ် ။ ဖတ်ကြည့်ရင် သိပါတယ်ခင်ဗျ။
    ဒါပေမယ့် comment ပေးသူများထဲမှာ…
    nigimi77 ဆိုသူ ရေးသွားတဲ ့ comment တစ်ခုကတော့ တော်တော် အခြေအနေဆိုးနေပါတယ် ။

    အဲဒီ စကားလုံးတွေကို သူရေးသွားရဲ..ပေမယ့် ကျွန်တော် တောင် မဖတ်ရဲ..ပါဘူး။ မိန်းကလေးတွေဆိုတော်တော်..ရှက်မှာပါ ။
    ကျွန်တော်လည်း…အပြာပို ့ရေးတဲ ့သူ လိူုလို ဖြစ်သွားတော့မယ် ။
    ကျွန်တော်က နူညံ့တဲ ့စာပေသမားပဲ.ဖြစ်ချင်ပါတယ် ။

    ဒါကြောင့် အဲဒီ ကွန်မန်း ကို ဖျက်ပေးစေချင်ပါတယ် ။
    ကျွန်တော်…ဘယ်လို ဖျက်ရမယ်။။မသိလို ့ပါခင်ဗျ။
    လေးစားစွာ ဖြင့်..

    အလင်းဆက်

    • nigimi77

      December 18, 2011 at 10:40 pm

      အလင်းစက် ခည ။

      ကျုပ်ရေးတဲ့ ကွန်မန် ့ကို ဖတ်ပြီး အများအမြင်မှာ အတော် ဆိုးဝါးနေတယ်လို ့

      မြင်ရင် ၊ ဖျက်သင့်တယ် ထင်ရင် ကန် ့ကွက်စရာ အကြောင်းအရာ ထွေထွေထူးထူး

      မရှိပါဘူး ။ သို ့သော်လည်း ကျုပ် အနေနဲ ့ ပြောခွင့်ရှိတာတော့ ပြောချင်တယ် ။

      ပထမဆုံး အချက်ကတော့ ခင်ဗျားက (အမျိုးသမီးများ မဖတ်ရ) ဆိုပြီး ထင်သာမြင်သာ

      အောင် ရေးလိုက်ကတည်းက အမျိုးသမီးများ ဖတ်၏ မဖတ်၏ ဆိုသည့် အချက်ကို

      ခင်ဗျား အနေနဲ ့ အထူးတလည် ဂရုပြုတာကို စကားလုံး ခပ်ကြီးကြီး နဲ ့ပြောရရင်

      စိတ်ပညာ သဘောအရ မြင်နိုင်တယ်လို ့ပြောချင်ပါတယ် ။

      ဒါဟာ လိင်ခွဲခြားမှုဝါဒကို နှစ်သက်တဲ့ အစွန်းရောက်တွေ ပြောနေကြ စကားလုံးမျိုးပါ ။
      ……………………………………………………..
      “..အဲဒီ စကားလုံးတွေကို သူရေးသွားရဲ..ပေမယ့် ကျွန်တော် တောင် မဖတ်ရဲ..ပါဘူး။ မိန်းကလေးတွေဆိုတော်တော်..ရှက်မှာပါ ။
      ……………………………………………………..
      ကျုပ်ရေးသွားတဲ့ စကားလုံးတွေက ခင်ဗျား တင်ပြခဲ့တဲ့ အကြောင်းအရာထက် ပိုပြီး

      အပြာဆန်နေနိုင်ပါတယ် ။ ဒါက ခင်ဗျား NC 17 အကြောင်းပြောနေခိုက်မှာ ကျုပ်က

      တာဘူးတွေက ပို မဆိုးဘူးလားလို ့ မေးခွန်းထုတ်လိုက် သလိုပါပဲ ။

      လူ အများ ဖတ်ရှုနေတဲ့ Site တခုမှာ ခင်ဗျားက အမျိုးသမီးများ မဖတ်ရလို ့ ပြောလိုက်

      ခြင်းဟာ အမျိုးသမီးတွေ ဝင်ကြည့်ပါ ဖတ်ကြည့်ပါ ဆိုပြီး ဒီလို အကြောင်းအရာတွေနဲ ့

      လူတွေကို အတွေးအခေါ် ယိမ်းယိုင်မှုကို ဖြစ်စေဖို ့ရည်ရွယ်တယ် ဆိုတာဟာ ပေါ်လွင်ပါတယ်။

      ကျုပ်တို ့တွေ မနေ ့က ချီး ဘယ်နှတုုံး ပါခဲ့တယ် ဆိုတာကို ပြောကြမလား ဒါမှ မဟုတ်

      ဒီနေ ့ချီး ဘယ်နှတုံး ပါမယ် ဆိုတာကို ပြောကြမလားဆိုတာက ခင်ဗျားလို ငယ်ရွယ်နုပျိုတဲ့

      အသိညဏ်ရှိတဲ့ စာပေသမား ကဗျာသမား တစ်ယောက် အတွက် စဉ်းစားသင့်တဲ့ အချက်ပါ ။

      လူငယ်တွေ အနေနဲ ့ အရင်က ထီးဖြူဆောင်းခဲ့တဲ့ အချိန်တွေကို မစားရ ဝခမန်းပြောမလား ။

      ဒီနေ ့ထီးဖြူဆောင်းဖို ့ ဘယ်လိုလုပ်မလဲ ဆိုတာက ပိုပြီး အဓိကကျနိုင်ပါတယ် ။

      သဘောတရားက အတူတူပဲဖြစ်လို ့ ကျန်တာတော့ ကိုယ် ညဏ်မှီသလောက် တွေးကြည့်ပါ ။

      ဆိုတော့….ခင်ဗျား မဖတ်ရဲဘူး ဆိုတဲ့ စာတွေက ကျုပ်တောင် ဘယ်တုန်းကမှ မရေးရဲပါဘူး။

      နူးညံ့တဲ့ စာပေသမား တစ်ယောက်ဖြစ်ချင်ရင် အပြာဆန်တဲ့ မနေ ့က ချီး ဘယ်နှတုံး

      ပါခဲ့တယ် ဆိုတဲ့ ကိစ္စမျိုးကို မရေးဖို ့ အကြံညဏ် ပေးလိုပါတယ် ။

      သင်ကောင်းလျင် ကျွန်ုပ် မဆိုးပါ ။

      ကျန်ခဲ့တဲ့ လမ်းကို ပြန်ကြည်တတ်သူလား ရှေ ့လျှောက်မဲ့ လမ်းကို ရွေးချယ်တတ်သူလား

      ဆိုတာကတော့ ခင်ဗျားကိုယ်တိုင် ပြန်သုံးသပ်ရမှာပါ ။

  • alinsett

    December 18, 2011 at 6:21 pm

    သူကြီး..ခင်ဗျာ။
    http://myanmargazette.net/60113/uncategorized-other/copypaste#comments
    မှာ ကျွန်တော် ရေးထားတဲ့ မီးတောက်များအကြောင်း..( အမျိုးသမီးများ မဖတ်ရ ) ပို့ စ်ကို
    ကျွန်တော် အတတ်နိုင်ဆုံး အမျိုးသမီးများပါ..ဖတ်လို ့ရအောင် ကြမ်းတမ်းသော စကားလုံးများကို ရှောင်ပြီး.ရေးခဲ့ပါတယ် ။
    ခေါင်းစဉ်အရ အမျိုးသမီး မဖတ်ရလို ့ရေးလိုက်ခြင်းအားဖြင့် (အမျိုးသားများဆိုင်ရာ ပြဿနာတစ်ခု ဖြစ်သောကြောင့် ရေးလိုက်ပေမယ့်) အမျိုးသမိးများလည်း သေချာပေါက် ဝင်ဖတ်မယ် ဆိုတာ ကျွန်တော်တွေးမိပါတယ် ။
    ဒါကြောင်. လိင်ပိုင်းဆိုင်ရာ…အရေးအသားများ နည်းအောင်…စကားလုံး မကြမ်းအောင် ရေးထားပါတယ် ။ ဖတ်ကြည့်ရင် သိပါတယ်ခင်ဗျ။
    ဒါပေမယ့် comment ပေးသူများထဲမှာ…
    nigimi77 ဆိုသူ ရေးသွားတဲ ့ comment တစ်ခုကတော့ တော်တော် အခြေအနေဆိုးနေပါတယ် ။

    အဲဒီ စကားလုံးတွေကို သူရေးသွားရဲ..ပေမယ့် ကျွန်တော် တောင် မဖတ်ရဲ..ပါဘူး။ မိန်းကလေးတွေဆိုတော်တော်..ရှက်မှာပါ ။
    ကျွန်တော်လည်း…အပြာပိုစ် ့ရေးတဲ ့သူ လိူုလို ဖြစ်သွားတော့မယ် ။
    ကျွန်တော်က နူညံ့တဲ ့စာပေသမားပဲ.ဖြစ်ချင်ပါတယ် ။

    ဒါကြောင့် အဲဒီ ကွန်မန်း ကို ဖျက်ပေးစေချင်ပါတယ် ။
    ကျွန်တော်…ဘယ်လို ဖျက်ရမယ်။။မသိလို ့ပါခင်ဗျ။
    လေးစားစွာ ဖြင့်..

    အလင်းဆက်

  • December Snow Lay

    December 18, 2011 at 6:30 pm

    အမှန်က ရွာသက်ရင့်သူတွေ (သဘာတွေ)က ထိန်းသိမ်းပေးရမှာ
    ခုတော့ သူတို့ကပါ ကျည်ကာဝတ်စုံ (စီနီယာ) အပြည့်နဲ့ ဗုံးကျဲချနေတာ 😀

    • အဲလိုတော့ အားလုံးသိမ်းကျုံးမပြောပါနဲ့ စနိုးလေးရယ်.. ကိုကိုရှူံးတို့က ကွန်ကရစ်ဘန်ကာထဲကနေ လက်နက်ကြီးပစ်ကူလောက်ပဲပေးတာပါ။ မယုံရင် သေချာလာကြည့်၊ ဘာကြည်ကာမှ မဝတ်ထားဘူး။ ဟိုဘက်က ပြန်ပစ်တာ မှန်ချင်လဲ မှန်ပစေဆိုပြီး ၁၆ဝ မမ အမြှောက်ဆံတွေပဲ ပြောင်းထဲ တစ်လုံးပြီးတစ်လုံးထည့်ပြီး ပစ်ထောက်ကူလုပ်နေတာပါနော်။ တစ်ခါတစ်လေတော့လည်း အနီးကပ် ဘဇူကာလောက်နဲ့ပဲ ပစ်မိတာရှိပါတယ်။ ပဲ့ထိန်းဒုံးတွေနဲ့လဲ တစ်ခါတစ်လေတော့လည်း ဆော်မိသပေါ့နော်။ အဲဒီတော့ ဘယ်လိုပြောရမလဲဆိုတော့ အဲဒီထဲမှာ ကိုရင်ရှူံး မပါပါဘူးလို့။

  • naywoonni

    December 18, 2011 at 8:19 pm

    နည်းနည်း မဟုတ်ပါဘူး ….။ အများကြီးလျော့ထားပါလေရဲ့…။ ဒါပေမဲ့…. တစ်ချို့တွေ တင်လာတဲ့ ပို့စ်တွေက တစ်ဦးတစ်ယောက်ကို အဖွဲ့အစည်းတစ်ခုကို ထိခိုက်စေရုံမဟုတ်ပဲ အများကို ဝါးလုံးရှည်နဲ့ သိမ်းတဲ့ ပို့တွေပါပါလာပါတယ်…။ ပို့တင်တဲ့ သူတွေ အနေနဲ့ စဉ်းစားသင့်တာက ဒီအကြောင်းတင်လိုက်လို့ ဘယ်လို အသံတွေ မှတ်ချက်တွေ ထွက်လာနိုင်မလဲ အရင် တွက်ဆကြည့်ကြစေလိုပါတယ်…။ ခုတော့ ပို့စ် တစ်ခုကို လွတ်လွတ်လပ်လပ် တင်လို့ ရလွယ်နေတော့ ပြောရပြီးရော… ပို့စ်ဖြစ်ရင် ပြီးရော လက်လွှတ်စံပယ် တင်နေတာတွေ တွေ့နေရတယ် …။ ဒါ ဘယ်သူဘက်မှ လိုက်ပြီး ပြောခြင်းမဟုတ်ပါဘူး….။ ကိုယ်က ကိုယ် ရေးချင်တာရေးတင်ခွင့် ရှိနေသလို တစ်ဘက်က ဖတ်တဲ့သူက လည်း မှတ်ချက်ရေးခွင့် ပြန်လည် တုန့်ပြန်ရေးခွင့် ရှိနေတယ်ဆိုတာလည်း သတိထားကြပါဦး …။ လက်လွှတ်စပယ်ရေးနေတဲ့တဲ့ သူတွေကိုပြောတာပါ…။ တစ်ခါတစ်ခါ မဖတ်ချင်ကျော်သွားလို့ရတာမျိုး ရှိပါတယ်…။ ကျွန်တော်ချေပလိုက်တဲ့ ပို့စ်က ပထမ တစ်ရက် ပျောက်သွားပြီး နောက်ရက်မှာ တက်လာတဲ့ ပို့ပါ…။ ဒီဆိုဒ်မှာ ကျွန်တော်က စီနီယာ ဂျူနီယာ မခွဲခြားပါ..။ ငါစီနိယာပဲ ငါရေးနေတာ ဘယ်နှစ်ပုဒ်ရှိပြီဆိုတာလည်း မှတ်မထားပါ…။ ဒါပေမဲ့…. အများအမြင်မတော်တဲ့ အကြောင်းအရာဆိုရင်တော့ တားဆီးတဲ့ အနေနဲ့ ပြန်လှန်ချေပတတ်ပါတယ်…။ သူကြီးလည်းမှတ်မိဦးမယ်ထင်ပါတယ်…။ ဂေးလ် ပို့စ်တွေ တက်လာတဲ့ ကိစ္စ …။ အဲဒိတော့ ပို့စ်တက်လာတာကို ကြပ်မတ်ပေးသင့်ပါတယ်…။ ပြီးတော့ စည်းကမ်းနဲ့ မညီညွှတ်ရင် ဝက်ဆိုဒ်ထဲ ဘယ်နှစ်ရက်ပေးမဝင်ဘူးဆိုတာမျိုးလုပ်သင့်ပါတယ်…။ ( တစ်ချို့ကလည်း စမ်းသပ်တဲ့ သဘောနဲ့ စည်းကမ်းကို တစ်စတစ်စ ချိုးဖျက်နေတဲ့ သဘောမျိုး လုပ်နေကြပုံရပါတယ်…။ ကျွန်တော့ အမြင်ပြောကြည့်တာပါ…။ )

  • unclegyi1974

    December 18, 2011 at 8:20 pm

    ရေးသင့်နေတာကြာပြီကိုုခိုင်
    ရွာနေပြည်ထိုင်လူကြီးတွေကပါလိုက်ကြမ်းနေကြပြီဆိုတော့မကောင်းပါဖူး
    အမှန်ကလူဟောင်းတွေကရွာအတွက်စံပြဖြစ်နေရမှာပါ
    အမှန်ကဒေါ်စုပြောသလိုမကြိုက်မကြိုက်ဖူးပြောလို့ရပါတယ်
    မကြိုက်တဲ့အကြောင်းခိုင်ခိုင်လုံလုံအကြောင်းပြ
    ကြိုက်လည်းကြိုက်တဲ့အကြောင်းပြောလို့ရပါတယ်
    အဆဲပါတာတော့အန်ကယ်တို့လည်းရှေးလူကြီးတွေဆိုတော့မကြိုက်ဖူးပေါ့
    အန်ကယ်ကရှင်းတယ်ကိုယ့်စိတ်နဲ့မရှင်းရင်ဝင်ဖတ်မိတောင်ဆုံးအောင်မဖတ်ဖူး
    ဝင်လည်းမမန်းတော့ဖူး
    ရွာမှာကကိုသစ်တို့လိုနောက်လူတွေကအတော်အချက်မိမိရေးနိုင်တာကိုတော့သဘောကျသဗျ
    အဲလိုကိုယ်ဆိုင်ရာဆိုင်ရာကိုအချင်းချင်းလက်ဆင့်ကမ်းသွားကြမယ်ဆို
    ဝင်ဖတ်တဲ့သူတွေလည်းအကျိုးများတာပ
    ရေးတဲ့အကြောင်းကလည်းအမြဲပညာရပ်ချည်းပဲတော့လည်းမဖြစ်နိုင်ဖူးပေါ့လေ
    ထမင်းစားသလိုပ အမြဲကြက်ဆီပျံနဲ့ချည်းစားလည်းဘယ်စားကောင်းမလဲနော်
    ဒါကြောင့်အကြောင်းအရာအမျိုးမျိုးတင်ပြကြတာကိုတော့လက်ခံပါတယ်
    တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်စကြနောက်ကြအဆင့်ဆိုကောင်းပါတယ်
    အဆဲပါတာကတော့ဘယ်သူ့အတွက်မှမကောင်းဖူးလို့မြင်ကြောင်းပါဗျာ

  • ခရမ်းချဉ်သီးချက်လောက်ဘဲ ရေးနေတဲ့ ကျနော်အနေနဲ့ပြောရမယ်ဆိုရင်
    စိုင်းထီးဆိုင်သီချင်းလေးနဲ့ဘဲပြောလိုက်ပါမယ်။
    မပြောတတ်တော့ ဘူး……………………..
    မပြောအပ်တော့ဘူး…………………………………….
    ကို်ယ့်အသိတရားနဲ့ မိမိကိုယ် မိမိချည်နှောင်ထိန်းချုပ်ကြပါလို့။။။။။။။။။။။။။။။။။။။။

  • KING

    December 18, 2011 at 10:48 pm

    နည်းနည်းတောင်မဟုတ်ဘူး သူဂျီးရေ
    အခုဆိုရင် တံခါးတောင် ပိတ်ထားရတယ်
    ဘာလို့လဲဆိုတော့ သူကြီး လျှော့ခိုင်းတိုင်း လျှော့ထားတာ
    ပုဆိုးတောင် ကျွတ်နေပြီဗျ ….. 😛

  • htoosan

    December 18, 2011 at 11:41 pm

    သူကြီးရေ .. စည်းကမ်းပိုင်းနဲ့ ဆို အားမနာပါနဲ့။ အားနာပြီး ” နဲနဲလျှော့ကြပါ” မလုပ်ပါနဲ့။
    ပြတ်ပြတ်သားသား သာ ကိုင်ဖို့တိုက်တွန်းပါတယ်။
    စေတနာ က စေတနာ ။ စည်းကမ်းက စည်းကမ်းပါ။ စေတနာ ရှိရင် စည်းကမ်းလည်းသိပါ။
    ဆဲတာ တစ်ခုထဲသာ မက သူကြီး အားနာပြီး ပိုစ် (၂) ခုထက်ပိုတင်လာရင် လည်း ဘယ်လောက် ကောင်းကောင်း အဖိုးတန်စာ ဖြစ်ပါစေ သူကြီး က ရက်မရွှေ့ပေးဘဲ ဖျက်ချပြစ်သင့်ပါတယ်။ အမြန်သိစေချင်တဲ့ စေတနာရှိရင် Forum မှာ သွားတင် လို့ရတာဘဲ။
    သူကြီး လည်း အားနာ တာ “နဲနဲလျှော့ပါ” လို့ဘဲ တိုက်တွန်းပါရစေ။
    နောက်တစ်ခု ကတော့ သူကြီး စည်းကမ်းထိန်းဖို့ တပ်ကူလိုနေပြီ။

    • ပူပါနဲ့ကွယ်.. ဒို့တဂျီး ဥကိုင်မှာ CIA ရော၊ တရုတ်တွေရော၊ ထောက်လှမ်းရေးတွေရော အများကြီးရှိပါတယ်။ သူက တစ်ခါက သူများပြောဖူးသလိုပဲ တဂျီးဆိုတာ မန့်ရင် မိုးပေါ်ထောင်မမန့်ဘူး၊ တည့်တည့်မန့်တာကွဆိုပြီး အထောက်အထားတွေနဲ့ ပြန်ရှင်းပြပါလိမ့်မယ်။ သူဘယ်လောက်တောင် စည်းကမ်းတွေ ကိုင်တဲ့အကြောင်း၊ သူအားနာတာ အားနာချင်လို့နာတာ မဟုတ်ပဲ အားနာတတ်လို့သာ အားနာနေတဲ့အကြောင်း၊ သူမပြတ်သားတာလဲ မပြတ်သားတာမဟုတ်ဘဲ မပြတ်သားနိုင်စရာ အကြောင်းတွေကြောင့်မို့ မပြတ်သားကြောင်း၊ ဆဲတာတွေကလည်း ကြည့်သောသူ မြင်၏ လို့ နှလုံးသွင်းထားနေတာကတစ်ကြောင်းကြောင့် ချော့ချော့မော့မော့လေး လေချိုသွေးနေရတယ်ထင်ပါတယ်ကွယ်။ မတော် သူက ဆဲတဲ့သူတွေကို ဆဲတဲ့အကြောင်းကို မဆဲဖို့ ပြောမှ အဆဲခံနေရမှာလဲ စိုးတာကတစ်ကြောင်း၊ … တစ်ကြောင်း၊ … တစ်ကြောင်း၊ …

      တော်ဘီကွယ်၊ မောတယ်ရှင်းပြရတာ
      ပြောလေကဲလေ၊ မန်းလေပြဲလေတွေကို ဥပေက္ခာပြုထားတယ်ပဲ မြင်မိပါကြောင်း

  • inz@ghi

    December 19, 2011 at 2:20 pm

    ကိုအလင်းဆက် နဲ့ .. တပ်မကြီး၇ရရေ..

    ကိုယ့်ဆြာတို့လည်း လျှော့ကြပါဗျာ…
    ရွာမှာ စုန်းပြူးသောင်းကျန်းတဲ့ကိစ္စ ဝိုင်းပြောနေကြတဲ့အထဲမှာ …..
    ရွာ့ လူရင်းတွေဖြစ်တဲ့ ကိုယ့်ဆြာတို့ ၂ယောက် ကိုလည်း ရန်မဖြစ်စေချင်ဘူးဗျာ…

    စာပေ အယူအဆ တိုက်ပွဲလိုဟာမျိုး ..ရွာထဲ ဖြစ်မလာစေချင်တာ ကျုပ်စေတနာပါဗျာ ….
    တယောက်က မော်ဒန် တယောက်က သရုပ်မှန် တခါတခါ တယောက်ရဲ့ အယူအဆက
    တယောက်မှာ cross-out ဖြစ်ဖြစ်သွားတတ်တာ ကလားဗျ….အမြင်ချင်းတွေမတူတာကို လက်ခံပေးကြပါဗျ..

    ကျုပ်တို့ စာဖတ် ပရိတ်သတ်ကတော့ ဆြာ၂ယောက်စလုံးကို ကျေကျေနပ်နပ်
    လက်ခံထားပြီးမှပဲဗျာ နော …..

    ခင်တဲ့
    ဂီဂီ

    • kai

      December 19, 2011 at 3:49 pm

      အင်းနော…
      ပရိဿတ်ကြား.. မဆုံးနိုင်တဲ့..အငြင်းစစ်ဖြစ်သွားဦးမယ်..။ 😆
      =
      ပြောရရင်တော့.. ကိုယ့်စာပေါ်ရေးတင်လာတဲ့..ကောမန့်တွေ.. မဖျက်စေလိုပါ..။ ဖျက်လည်းမဖျက်သင့်ပါ..။
      ကိုယ့်စာအောက်မှာ ဝင်ရေးတယ် ဆိုကတည်းက..ကိုယ့်ဖြစ်တည်မှုနဲ့ ကိုယ့်စာအပေါ် အသိအမှတ်ပြုပြီးဖြစ်တဲ့သဘောမို့.. လာခြင်းကောင်းတာတွေလို့ပဲ.. မှတ်ယူစေချင်ပါတယ်.။
      မန်းရတဲ့.. တဖက်သားခမျာ… ကိုယ့်အတွက်.. အချိန်..ဦးနှောက်သုံးပေးလိုက်ရတယ်မဟုတ်ပါလား…။
      ဆိုတော့…
      တည့်တည့်ပြောရရင်.. ကိုယ့်ကိုခရက်ဒစ်ပေးတယ်လို့မှတ်ကြစေချင်ပါတယ်..။

      • inz@ghi

        December 19, 2011 at 6:02 pm

        ဒါမှ လစ်ဘရယ် သဂျီး …
        တော်ထှာ …..
        😀

      • ဆူး

        December 20, 2011 at 12:29 pm

        သဂျီးနော်.. သိတယ် မလား.. ဟွန့်.. ဟိုလိုလို ဒီလိုလို လာမပြောနဲ့ ကိုယ့်နယ်မြေမှာ အမှိုက်လာဖွ ရင်တော့ လုံးဝ သည်းမခံဘူး။ ဒါပဲ.. သဂျီးလည်း မချန်ဘူး ဖြတ်သင့်ရင် ဖြတ်ကို ဖြတ်မယ်.. ဒါပဲ.. ဖတ်ခွင့်မပေးရင် ရွာထဲက ထွက်မယ် ဒါပဲ..

        • inz@ghi

          December 20, 2011 at 12:49 pm

          ဟိုဘက်က လူတွေကတော့ ညီစေ ညီမယ် …လုပ်နေကြဘီ …
          ကီးမြင့်ခဲ့တဲ့ သူတွေက ကီးပြန်ချနေကြပီ ….
          အဲ့တုန်းကတော့ အာဘွားကြီးက အိပ်ပျော်နေပီး …ခုမှ …
          သဂျီးကို လာကြိမ်းနေတယ် … …ချိတ်ညစ်ဒလယ်နော်….

        • ဆူး

          December 20, 2011 at 12:53 pm

          ဘာကြောင့်ဒီလို ပြောလဲဆိုတာ သဂျီးသိတယ်။
          ဒီတခါတိုက်ပွဲ ဆူး လုံးဝ မပါပဲ နေနေတာပါ။ ကိုယ်နဲ့ ဆိုင်တာ ပါလို့ ဝင်ပြီး ပြောယုံသက်သက်ပဲ။

  • mozillamedia

    December 19, 2011 at 5:08 pm

    ခေါင်းဆောင်ပီသပါပေသည်…..
    ရွာထဲမှာ ဆဲပြီးရေးကြတာကို စိတ်ထဲ မကြည်လင်တာကြာပါပြီ….
    ရိုးသားမှု အရိပ်ရောင်ရှိလင့်ကစား….. လေးလေးပင်ပင် ရှိအောင် ရေးသည်ဟု ထင်ရောင်မိလင့်ကစား….
    စိတ်ပျက်စရာ အတော်ကောင်းပါသည်…..
    ဒါမျိုးတွေက စစ်စရိုက် အာဏာရှင် စရိုက်တွေ….
    ဓါးမြတွေ လူဆိုးတွေ ပြုမှုလေ့ ရှိသည့် အလေ့အထများ ဖြစ်သည်…..
    သူတို့တွေနဲ့ မတူအောင် နေကြခြင်းသည် မကောင်းပေဘူးလားဗျာ…..

  • alinsett

    December 19, 2011 at 7:34 pm

    ဟုတ်ကဲ.့ nigimi77 ခင်ဗျား…။ ဆရာ ရေ..။ ကျွန်တော် အမျိုးသမီးများ မဖတ်ရ..လို့ ့ရေးလိုက်ကတည်းက အမျိုးသမီးတွေ ပါ ဝင် ဖတ်မယ် ဆိုတာ သိပါတယ် ။ အားလုံး ဖတ်မယ် ဆိုတာ သိလို ့လည်း ကြမ်းတမ်းတဲ့ စကားလုံးကို ရှောင်ခဲ ့ပါတယ် ။
    အဲဒီပို ့စ်ကို တင်ပြီးနောက်ပိုင်းမှာလည်း မန်းထားတဲ ့ထဲက စစ်သားတွေကို အပုပ်ချချင်လို ့…ဆိုတဲ့ ့ကွန်မန်းတစ်ခုကို ဖတ်ရတာနဲ့တင် တော်တော် နောင်တရခဲ ့ပါတယ် ။ ကျွန်တော်က စာပေသမားပဲ ဖြစ်ချင်ပါတယ် ။ တိုက်ခိုက်ရေးသမားမဖြစ်ချင်ပါဘုူး။ ဒါကြောင့်လည်း ခုနောက်ပိုင်း မှာ အဲဒီလို စာမျိုး၊ ခေါင်းစဉ်မျိုးကို လက်ရှောင်ခဲ့တာ..အားလုံးအသ်ိပါပဲ။

    ဒီပို ့ကို ကျွန်တော် မေ့ထားချင်ပါတယ် ။ ပို ့စ်တင်တာလည်း ကြာပါပြီ။ အခု မှ ကွန်မန်းတွေက ထပ်ဝင်လာပါတယ် ။ ဝင်လာတဲ ့အထဲ..မှာာ ဆရာ nigimi77 မရေးရဲ..ဘူးဆ်ိုတဲ ့ စာလုံးတွေ..ကို ဘယ်သူရေးသွားးသလဲ.တော့မသိ ။ ကျွန်တော်တို ့ဖတ်ရပါတယ် ။

    ဒါဖြင့် ကျွန်တော့်ပို ့စ် မှာ အဲဒီ စာလုံးတွေ..ဘယ်သူရေးသွားသလဲ.။ ဘာပဲ.ဖြစ်ဖြစ် ကျွန်တော် ရှောင်ခဲ့ ့တဲ ့စကားလုံးတွေကို ကျွန်တော် ထပ် ဖယ်ရှားချင်ပါတယ်

    အဲဒါ အပြစ်လို ့ မှတ်ရင် ဆရာ့ကို တောင်းပန်ပါတယ် ။

    ကျွန်တော်အမှားပါပဲ..လို ့။ ကျွန်တော်က ရိုင်းစိုင်းတဲ ့စကားတွေကို ဖယ် ဖိုင်းခဲ ့တဲ့ ့အတွက် ကျွန်တော်မှားတယ်ပဲ ထားပါ ။

    အဲဒီ အမှားအတွက် ဆရာ nigimi77 ကို တောင်းပန်ပါတယ် ။ အားလုံးကိုလည်းတောင်းပန်ပါတယ် ။ မှား..တယ် ဆိုရင်ပေါ့လေ။

    ကျွန်တော့်ဘက်က မှန်နေပေမယ့် တခြားသူရဲ ့အမြင်မှာ မှားနေနိုင်ပါတယ် ။

    ကျွန်တော့် ဒီ ဆိုက်ထဲ..ဝင်လာကာစ က ဆိုက်အဝင် မှာ သင်နှင့်ငြိမ်းချမ်းရေးကိုသာ ဝင်ခွင့်ပြုမည်..ဆိုတဲ ့ စာသားလေးကို သဘောကျလို ့ဝင်လာတာပါ ။

    အခု ကျွန်တော် ငြိ်မ်းချမ်းစွာ..ပဲ..ရှိနေချင်ပါတယ် ။

    ဆရာက သင်ကောင်းလျှင် ကျွန်ုပ်မဆိူးပါ…ဆိုတဲ ့ဆောင်ပုဒ်ကို လက်ကိုင်ထားတယ် လို ့ယူဆပါတယ ်။

    ကျွန်တော်ကတော့ ကျွန်တော့်ရဲ ကျေးဇူးရှင ်ဆရာတော်. ဥုးသုမင်္ဂလ အမြဲ..အော်နေတဲ့…ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်နဲ ့ ဆိုတဲ ့ စကားကို လက်ကိုင်ထားပါတယ် ။
    သင်ကောင်းသည်ဖြစ်စေ..မကောင်းသည်ဖြစ်စေ..ကျွနိုပ်မဆိုးပါ..ပေါ့လေ။
    ကျွန်တော့်ရဲ ့ပို ့စ်အောက်မှာ ( – ီး အယားဖြေတယ်..ဆိုတဲ့စာသားများ လာမန်းသွားတဲ ့ဆရာ nigimi77 ကို ကျေးဇူးတင်ပါတယ် ။ ဆရာရေးသွားတဲ ့စာသားတွေက ရေးသင့်တယ် ထင်ရင် နောက်ကိုလည်း အဲဒီလို စာသားများလာရေးပါဦးလို ့ လေးစားစွာ ဖိတ်ခေါ်ပါတယ ်။ ဒါပေမယ့်ကျွန်တော်ကတော့ အဲဒီလို ပို ့စ်မျိုးကို ယောင်လို ့တောင် မရေးတော့ပါဘူး။ )

    သူ၊င်္ကြီးရေ…ကျွန်တော်..နည်းနည်းလျှော ့ထားပါတယ်နော်။

    အားလုံးကို ခင်မင်လေးစားစွာ….နဲ့ လျှော့ပါတယ်

    .ကျွန်တော့ရဲ ့ အမျိုးသမီးများ မဖတ်ရ ခေါင်းစဉ်ကို ပေးလိုက်တဲ ့ရည်ရွယ်ချက်က အားလုံး ဝင်ဖတ်စေချင်လို ့ကို ပေးလိုက်တာပါ ။

    ဒါကို ဆရာ nigimi 77 က ကျွန်တော့်ကို
    လိင်ခွဲခြားမှုဝါဒကို နှစ်သက်တဲ့ အစွန်းရောက်သူတစ်ယောက်လို ့ သတ်မှတ်လိုက်တဲ ့ဆရာ့ကို ကျွန်တော်လေးစားသွားပါတယ် ။

    ဆရာနဲ ့ကျွန်တော် အဲဒီနေရာမှာ နားလည်မှုတွေ လွဲသွားပုံရပါတယ် ။
    ဆရာ ထင်သလို ဖြစ်နေလိမ့်မယ်လို ့ ဆရာယုံကြည်ခွင့်ရှိပါတယ် ။

    ဘာပဲ.ပြောပြော ဒီ ပို ့စ်ရယ်…ဒီ စကားတွေရယ်က ကျွန်တော့်ကို ပညာပေးပါတယ် ။ သင်ခန်းစာပေးပါတယ ်။

    အဲဒီအတွက် ဆရာ nigimi77 ကို ကျေးဇူးတင်ပါတယ် ။

    ကျွန်တော်တို ့ ငြိမ်းချမ်းစွာ….ဆက်လက် ရပ်တည်နိုင်မယ် လို ့မျှော်လင့်ပါတယ် ။

    လေးစားစွာ….

    • nigimi77

      December 20, 2011 at 12:29 am

      ကို အလင်းစက် ။

      ကြုံလို ့ပြောတာပါ ။ မကြာသေးခင် အချိန်က ကျွန်တော် မန်းလေးမြို ့ကို

      အလုပ်ကိစ္စ တခုနဲ ့သွားခဲ့တယ် ။ ပထမဆုံး ရပ်နားတဲ့ Toll Gate မှာ ဝင်ပြီး

      စားသောက်မယ်လုပ်တော့ အဲဒီက ကလေးတွေက ကျွန်တော့်ကို ” ဘောဇိ ”

      ဘာသုံးဆောင်ပါမလဲလို ့မေးပါတယ် ။ ပြောရရင် အဲဒီ အသုံးအနှုံးဟာ

      ကျွန်တော့်အတွက် အတော့်ကို မွှေးညင်း ထောင်စေပါတယ် ။

      ဘယ့်နှယ်…ဘောဇိ တဲ့….. နေရင်းထိုင်ရင်း ဟန်ကိုယ့်ဖို ့ လုပ်ပြီး နေရမည့်

      အဆင်းဘီးတပ် စကားလုံးမျိုးပါ ။
      ………………………………………..
      ကျွန်တော် ဆရာ မဟုတ်ပါ ။ စီနီယာ လည်း မဟုတ်ပါ ။ တတ်လို ့ရေးတာလည်း

      မဟုတ်ပါ ။ ညဏ်မှီသလောက် စဉ်းစားတွေးခေါ်မိသလောက်ကို ရေးပါတယ် ။
      ………………………………………..

      “….ဝင်လာတဲ ့အထဲ..မှာာ ဆရာ nigimi77 မရေးရဲ..ဘူးဆ်ိုတဲ ့ စာလုံးတွေ..ကို ဘယ်သူရေးသွားးသလဲ.တော့မသိ ။ ကျွန်တော်တို ့ဖတ်ရပါတယ် ။

      ဒါဖြင့် ကျွန်တော့်ပို ့စ် မှာ အဲဒီ စာလုံးတွေ..ဘယ်သူရေးသွားသလဲ.။ …..”

      …………………………………………

      ကျွန်တော် နိဂိမိရေးပါတယ် ။ L ကီးများဖြင့် တီးခတ်ခဲ့ပါတယ် ။

      ဘာ့ကြောင့်ရေးသလဲ…….?

      ညဏ်မှီသလောက် သဘောတရားကို ဆွေးနွေးပါမယ်

      ဦးစော ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို သတ်သလဲ ။

      ဘာကြောင့် ညာကြောင့် ဆိုတဲ့ မှတ်တမ်းများ အရ ဒါကြောင့် သတ်တယ်လို ့ ဆိုကြတယ် ။

      ဒါက နိုင်ငံတော် လုပ်ကြံမှု ။ သို ့သော် ဒါက ကျွန်တော်တို ့ လက်ရှိ လျှောက်လှမ်းချင်နေတဲ့

      လျှောက်ဖို ့ကြိုးစားနေတဲ့ အနေအထား တစ်ခုကို တိုက်ရိုက် အကျိုးပြုသလား ဆိုတော့

      သွယ်ဝိုက်ပြီးတော့တောင်မှ အကျိုးမပြုဘူး ။ ဒါက ကျွန်တော့် အမြင် ။

      အယုဒ္ဒယမှာ ဘာကြောင့် ဒီတိုင်းထားသလဲ ။ မုန်းတီးစေချင်တယ် ။ နာကြည်းစေချင်တယ် ။

      ဒါက ဆွေစဉ်မျိုးဆက် ဗမာဆိုရင် မုန်းတီးစေချင်လိမ့်မယ် ။

      ဒါပေသိ အချိန်ကာလ အပြောင်းအလဲ တလျှောက်မှာ ခံယူချက်ပြောင်းလဲခဲ့ကြတယ် ။

      အရေးကြီးတာ ဘာလဲ ဆိုတာ သူတို ့ အချိန်မှီ သိကြတယ် ။

      ဆိုတော့…မမုန်းနဲ ့လို ့ ပြောစရာမလိုသလို မချစ်နဲ ့လို ့ပြောစရာလဲ မလိုဘူး ။

      ဘာလုပ်ရမလဲ ၊ ဘယ်လို လုပ်ရမလဲ ဆိုတာက စဉ်းစားရမည့် အပိုင်းဖြစ်လာမယ် ။

      ကျွန်တော်တို ့ဟာ တခြားသူတွေ စဉ်းစားသလို စဉ်းစားနိုင်ရဲ ့လား ၊ စဉ်းစားရဲရဲ ့လား

      ဥခွံကို ဖောက်ထွက်နိုင်ရဲ ့လား ဆိုတာမျိုး ။

      အခု အသက်အရွယ် အထိ နားမလည်နိုင်တာ တခုရှိတယ် ။

      သူ ့ကျွန်မခံလို ဆိုတဲ့ စကားလုံးနဲ ့…နိုင်ငံတခုလုံး အတိုင်းအတာနဲ ့ ပိုပြီး အင်အားကြီး

      ပြည့်စုံတဲ့ ဗြိတိသျှ ကို တိုက်ထုတ် သလို အလွန်တရာ ရက်စက် ကြမ်းကြုတ်တဲ့ ဂျပန်ကိုလည်း

      ဖယ်ထုတ်နိုင်ခဲ့ပေမဲ့ ….သူ ့ကျွန်မခံလိုတဲ့ နိုင်ငံက လက်ရှိ အချိန်အထိ ကိုယ့်ကျွန်ကို်ယ်

      ပြန်ခံနေကြတာဟာ ဘယ်သော အခါမှ ရုန်းမထွက်နိုင်တဲ့ ရုန်းထွက်ဖို ့ မကြိုးစားရဲတဲ့

      ဖိတ်ချင်းဖိတ် ငါ့အိပ်ထဲဖိတ် အတွေးအခေါ်တွေကြောင့်ပါ ။

      ……………………………….

      စကားတွေက သိပ်ရှည်နေပြီ ။

      လိုရင်းဗျာ….။ ကျွန်တော်ကနေ မွေးလာမည့် သားသမီး တစ်ယောက်က ကိုအလင်းစက်

      ပြောတဲ့ လူတွေရဲ ့နေရာကို ရောက်နေပြီလို ့ထားကြည့်ပါ ။

      ခင်ဗျား မျိုးဆက်ရဲ ့ လုပ်ဆောင်မှု အဝဝဟာ ခင်ဗျား အပေါ်မှာ လုံးဝ တာဝန်ရှိနေတယ် ။

      ကျွန်တော့် သဘောကတော့ လူတန်းစား နှစ်ရပ် ကွဲပြားသွားစေတဲ့ အယူအဆမျိုးဟာ

      ကိုယ်ကိုတိုင်က ပေါက်လိုက်ပြီး အများရှေ ့မှာ…နံလိုက်တာလို ့ပြောလိုက်တာနဲ ့အတူတူပဲ ။

      သားဆိုး သမီးဆိုး ဖြစ်ဖြစ် သားကောင်းသမီးကောင်းဖြစ်ဖြစ် မိဘက မွေးလာတာဖြစ်လို ့

      မိဘဟာလဲ ပြည်သူတွေပါပဲ ။ ပြည်သူက မွေးဖွားလာတဲ့ စစ်သားတွေ စရိုက်ဆိုးတာ

      ပြည်သူတွေက စရိုက်ဆိုးလို ့ပါပဲ ။ ဒါကို အတိတ်မေ့သလို ရွှေပျောက်သလိုလုပ်ကြတယ် ။

      ဒါကြောင့် နိဂိမိ ဆဲတယ် ။ မသင့်တော်ရင် အဆဲပြင်မယ် ။

      ကိုယ်မွေးကိုယ်သား စစ်သားဖြစ်လာရင် မုဒိမ်းကောင် မဖြစ်အောင်ထိန်း ။

      ကိုယ်မွေး ကိုယ့်သမီး လိုဘမီး တက်လာရင် စစ်ဗိုလ်နဲ ့ပဲ ပေးစားပစ်လိုက်မယ်

      မဖြစ်အောင် ကိုယ်ကိုတိုင်ထိန်း ။

      ငါ့လခွီး ဗိုလ်ပြုတ်ကိုတောင် ပြုတ်ပြီး သေခါနီး အထိ ဦးညွတ်ပြီး ဗိုလ်ကြီး ခေါ်နေကြတဲ့

      ဒီပြည်သူပြည်သားတွေက တုုံးအောက်က ဖားတွေလို အုံးအွမ် အုံးအွမ်နဲ ့ ။

  • thit min

    December 19, 2011 at 10:22 pm

    သူကြီးရေ ကျနော်ထင်တာ သေချာသွားပြီ။
    အဲဒီလူ တမင် လာဖွပြီး ရွာထဲကလူတွေကို သဘောထားကွဲလွဲအောင်လုပ်နေတာ။
    သူ့ကိုဘာပြောပြော ခံ နေတာကိုက မရိုးသားဘူး။
    အကြံအစည်ရှိကြောင်းသေချာနေပြီ။
    အားလုံးသတိရှိရှိနဲ့ “စိတ်ဝမ်းမကွဲဘို့”လိုနေပြီဗျို့။
    သူကြီးရဲ့ ပြတ်သားသောအရေးယူမှုတခု ကလည်း အရေးပါမယ်ထင်တာပါတယ်။

    • မှော်ဆရာ

      December 20, 2011 at 12:46 pm

      ကျွန်တော်လဲ အဲဒါကို စဉ်းစားနေတာ ဆရာသစ်ရေ .
      ဘာတဲ့ Mild Game ဆိုလားပဲ …
      ကြည့်နေ ကြည့်စားမှပဲနော..

  • သူကြီးအလိုတော်အတိုင်း ရွာသာယာရေးစီမံချက်

    ပို့စ်တင်ရင် နှစ်ပုဒ်ထက်လဲပိုမလာနဲ့။
    ကိုယ့်အထာကိုယ်သိပါ။
    ကို်ယ့်ထဲ ပေးလာတဲ့ကော်မင်းကိုလဲ မဖျက်နဲ့။
    ကော်မင်းပေးတယ်ဆိုကတည်းက
    သူကိုယ့်ရေးတဲ့စာကိုအားပေးတာသေချာပြီ။

    မတူတဲ့အတွေးနဲ့ချရေးပါတဲ့။
    ချစ်ခင်လို့ စနောက်
    အချင်းချင်းလဲစိတ်မကောက်ရဘူး။
    ရေးပြီဆိုမှတော့ အပီအပြင်ရေး။
    အနုပညာလဲမြောက်ပေ့စေ။
    ကိုယ်ရေးကိုတာကို ရယ်သွမ်းသွေးတာလဲမလုပ်နဲ့။
    (အဲ..ကိုယ်ရည်သွေးတီးလုံးလဲ မတီးနဲ့ပေါ့)
    ဆဲတာတွေလဲမပါစေနဲ့။
    ဒါဆိုရင်……………………………………………….

  • ဦးဦးပါလေရာ

    December 19, 2011 at 11:53 pm

    ဒို့သူကြီးက အချော့တော့လဲ အကောင်းသား။

    ဘော်လီဘောဆိုတာ အနုပညာပါ ….. ဆိုလား 😀

  • manawphyulay

    December 20, 2011 at 11:06 am

    ပြောမရတော့လည်း လျှော့ခိုင်းနေပါရောလား။ နည်းနည်းလျှော့လို့ ပြောရမှာမဟုတ်ဘူး သဂျီးရဲ့။ အကုန်လျှော့လို့သာ ပြောရမှာ။ တစ်ခါတလေ အရင်ဘဝကများ အမုန်းတွေရှိနေသလားမှတ်ရ။ တစ်ဖက်သတ်ကြီး လိုက်ဖဲ့နေတာရှိသေးတယ်။

  • super

    December 20, 2011 at 11:19 am

    ကျနော် ဂဇက်ရွာထဲမှာ စာဝင်ဝင်ဖတ်တာ ၂ နှစ်လောက်ရှိပြီဗျာ၊ ကွန်းမန့်တွေဖတ်ရတာ သဘောလဲကျတယ်၊ လူမျိုးစုံ၊ အတွေးအခေါ်အမျိုးမျိုးနဲ့ ရေးကြတာဆိုတော့ ရသစုံလို့လည်း ဖတ်ဖြစ်ပါတယ်၊ ရွာသားတွေ စိတ်ဝမ်းကွဲမယ့် အကြောင်းအရာမျိုးတော့ မဖတ်ချင်ဘူးဗျာ၊ စည်လုံးညီညွတ်မှု့ရှိမှ ကျနော်တို့ ဂဇက်ရွာကြီး ပျော်ရွှင်စရာကောင်းမှာပါဗျာ……

  • ကိုရင်စည်သူ

    December 20, 2011 at 12:08 pm

    ဆဲတာဘာညာတော့ လောလောဆယ်လျှော့ထားပြီး..
    ရွာထဲမှာ ရွာသူားအားလုံး ကျေးဇူးတွေပတ်တင်နေပါတယ်..
    တစ်ဦးပေါ်တစ်ဦး နားလည်းမှုနှင့် လေးစားမှုကို တန်ဖိုးထားပြီး
    မန့်နိုင် ဆက်ဆံနိုင်ကြမယ်ဆိုရင်တော့ ပျော်ရွှင်စရာကောင်းမှာပါ.. 😆 😆
    စတာမလျှော့… နောက်တာမလျှော့..
    အဆဲတော့ နည်းနည်းလျှော့တော့မည်…
    မလျှော့မတင်းနေတော့မယ်…
    မဇ္ဈိမလမ်းစဉ်းသမား… ကိုရင်စည်သူ 🙄

    • ကိုရင်စည်သူ

      December 20, 2011 at 12:12 pm

      နေဦး.. ရေးဖို့ ကျန်သွားလို့ဘာ..
      ရွာသူားချင်း စိတ်ဝမ်းကွဲအောင် အချွန်တွေ၊ အငြောင့်တွေ ရွာနာတဲ့ စာမျိုးတွေရေးနေတဲ့
      သူတွေဆိုရင်တော့ မလျှော့သော ဇွဲနဲ့ဆက်လက်ဆဲနေဦးမည်။

      မလျှော့သောဇွဲ မလွဲသောဒဿနတို့ဖြင့်
      ပုံ..
      အလယ်အလတ်မဇ္ဈိမလမ်းစဉ်သမား…
      ကိုရင်စည်သူ

  • alinsett

    December 20, 2011 at 7:50 pm

    ဆရာနိဂိမိရေ.. ကျွန်တော် အဲဒီ ကိစ္စနဲ ့ပက်သက်ပြီး..နောက်ထပ် ဘာမှ မပြောလိုတော့ပါဘူး။
    ကျွန်တော့်ကို ဆရာ ခွင့်လွတ်လိုက်ပါ။
    ကျွန်တော်လည်း ကျွန်တော့်ကိုယ် ကျွန်တော် ခွင့်လွတ်လိုက်ပါပြီ။

    ကျွန်တော် ..မှားတယ်ပဲ..သတ်မှတ်ပါတယ် ။

    ဆရာလည်း ဆရာ မမှားဘူးလို ့သတ်မှတ်နိုူင်ပါတယ် ။ မှား..မမှား ဆိုတာကို သိချင်ရင် အဲဒီပို့ စ်မှာပါတဲ ့ ဆရာ့ ကွန်မန်းကို စာရွက်နဲ ့ထုတ်ယူပြီး..တစ်ယောက်ယောက်ကို ပြကြည့်ရင် သိမယ် ထင်တယ် ။
    ထားပါတော့ ….။အဲဒါကို။
    နောက်တစ်ခုပြောချင်တာက ဆရာ..inz@ghi ပြောတဲ ့ ထဲမှာ ကျွန်တော်တို ့ချင်း အယူအဆတွေ တိုက်ခိုက်နေတယ်…လို ့ထင်နေတာ.ကို .တွေ့ ့ရပါတယ် ။

    ဆရာတို ့ကို ကျွန်တော့်အသေအချာပြောခဲ့ပါ့မယ် ။ အသေအချာပြောခဲ့ပါမယ်။

    ကျွန်တော်…ဖယ်ခိုင်းတာ စကားလုံးပါ။
    စကားလုံး..အသုံးပါ။ လ..ရေး လုံးကြီးတင် ဆန်ခတ်…ဆိုတဲ ့စကားလုံးတွေပါ။
    စကားလုံးက အပေါ်ယံ အလွှာ. ။အယူအဆက အနှစ်သာရပါ ။

    အနှစ် ( အယူအဆ ) ကို ကျွန်တော် မတိုက်ခိုက်ပါဘူး။ မဖယ်ရှား ပါဘူး။

    လူတွေ..တစ်ယောက်နဲ ့တစ်ယောက် အယူအဆ ကွဲလွဲစွာ ယူဆ ခွင့်ရှိကြောင်း ကျွန်တော့် စာပေဆောင်းပါးများမှာ.. ရေးခဲ့ပါတယ် ။ သိကြမှာပါ။

    ဆရာ နိဂိမိ ရဲ ့အယူအဆ က ကျွန်တော့်အယူအဆ နဲ ့ ကွဲလွဲသည်ဖြစ်စေ…တူညီသည်ဖြစ်စေ..ပြဿနာ မရှိပါဘူး။
    ြိငိမ်ချမ်းစွာ..ရပ်တည် နေနိုင်ပါတယ် ။

    ကျွန်တော့်ဖယ်ခိုင်းခဲ ့တာက စကားလုံးပါ ။ ထပ်ပြောပါ့မယ်။ စကားလုံးပါ ။ လ ရေး လုံးကြီးတင် ဆန်ခတ်..ဝစ္စပေါက်..ဆိုတဲ ့စကားလုံးတွေ..ပါ ။
    ဆရာ ့အယူအဆတွေက်ိုကျွန်တော်..ဘာမှ မပြောလိုပါဘူး။

    အားလုံးကို ညီအစ်ကို မောင်နှမ လို မေတ္တာ နဲ ့ပဲ..ဆက်ဆံချင်ပါတယ် ။

    လေးစား ခင်မင်စွာ..

    အလင်းဆက်

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 20, 2011 at 8:39 pm

    ဓာတ်..ဘဲ
    တော်တော်နောက်တဲ့လူတွေ
    ဒီရွာထဲ မကြားဝန့်မနာသာ ဆဲရေးတိုင်းထွာတာ ကျုပ်တစ်ယောက်တည်းရှိပါတယ်
    ( လူသူတော်ကောင်းတွေ မပြောတဲ့ စကားကို ပြောသူအဖြစ် ကျုပ်ကိုယ်ကျုပ် မှတ်ယူပါတယ် )
    ကျုပ်ကတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဘဲ ဆဲတာပါ
    ကြည့်ရတာ တစ်ယောက်ယောက်ရဲ့ အဘက စစ်ဗိုလ်တွေဖြစ်မယ်
    ( ဘယ်လို အကြောင်းကြောင့်ဘ ဲဆဲဆဲ ဆဲရေးတိုင်းထွာခြင်းဟာ မယဉ်ကျေးတဲ့စကားပါ )
    ဒဂယ့်ပြဿနာဂ
    ကျုပ်မိန်းမက ကျုပ်ကို တောက်တဲ့လောက် အသုံးမကျတဲ့သူ ဆိုပြီးတော့
    အိမ်ပေါ်ကဆင်းတော့မယ်တဲ့ဗျ
    ကျုပ်လည်း အစွမ်းရှိသ၍ လျှာကြွေးတာဘဲ
    ခမျာ မတင်းတိမ်ဘူးလေ

  • kaung kin pyar

    December 31, 2011 at 1:07 pm

    သဂျီး။ ရွာထဲ ဝင်မလို့ ခြေလှမ်းတုန်းရှိသေးတယ်။ ဆူဆူညံညံအသံတွေ ကြားနေရလို့ ကြောက်တောင် ကြောက်လာပြီ။ အသစ်တွေကိုတော ့ကြိုဆိုသေး မဟုတ်လား။ ဟုတ်ဟုတ် မဟုတ်ဟုတ် သဂျီးက အင်း….ဟုတ်တယ် လို့ ပြောတယ်ပဲ ကိုယ့်ဘက်ကိုယ်ယက်ပြီး သတ်မှတ်လိုက်ပါတယ်။
    သဂျီး။ Post တင်ချင်ရင် Tag မှာ ကော်မာခံရတယ်ဆိုတာ ဘာလဲဟင်။ သိပ်မရှင်းဘူး။ တင်မယ့် Post တွေက သိပ်များလွန်းလို့ မေးကြည့်တာ။ ဟီး…ဟီး…..။

  • htoosan

    December 31, 2011 at 1:15 pm

    ဝေး … ကြိုဆိုပါတယ် ။။ တင်မဲ့ ပို့စ်တွေ အများကြီးဆိုလို့ .. တနေ့ နှစ်ပုဒ်နော် ..လောဘ မကြီးရဘူး.. 😀

  • kaung kin pyar

    January 9, 2012 at 11:50 am

    ကိုထူးဆန်း….ကြိုဆိုလို့ ကျေးဇူးတင်ပါတယ်။ ကောင်းကင်ပြာက နောက်တာပါ။ Post မတင်နိုင်သေးပါဘူး။
    စာတစ်ကြောင်းရေးဖို့ အရမ်းခက်မှန်းသိပါတယ်။ လောဘလဲ မကြီးပါဘူး။

Leave a Reply