နာဒယ်ဟေ့  I am hurt

I has a sad
နာပါရစေကွယ်....

ကမာ္ဘကြီး ချာချာလည်
အချစ်ဆုံး ချာချာလည်
ကျန်နေရစ်ပြီ
ကံကိုယုံကြည်တယ်…
(မို့မို့ဇော်ဝင်းသီချင်းစာသား)
မဖြစ်ဘူးလို့ ထင်ခဲ့ပေမဲ့
ဖြစ်ခဲ့တယ်..
အနာဆုံးအချိန်ကို
တွေးပူနေရင်း
နာကျင်နေခဲ့ရတယ်..
နာတာများနေပေမဲ့
တကယ်နာတော့
မအော်နိုင်အောင်
နာမိတယ်…
နာတယ် နာတယ်
နာတယ်ကွာ
နာတယ် နာတယ်
နာတယ်ဟေ့..
နာတယ်ဆိုတာ
တကယ်တော့လည်း
နာခွင့်ရှိသူများသာ
နာလို့ရတာမို့
နာလိုလျက်နဲ့
နာဖို့မဖြစ်နိုင်လို့
နာလိုခံခက်နေမိတယ်….
တကယ်နာမိတဲ့တနေ့
နာခြင်းဝေဒနာ
နာလို့နာမှန်းမသိ
နာပြီးသွားပါစေလို့
နာနာနဲ့ဆုတောင်းပါတယ်….။

နာဖို့ထက်
နာဖို့အရေး
တွေးပူနေတဲ့
အကြင်နာကြောင်ကြီး 😥

14 comments

  • windtalker

    December 18, 2011 at 1:21 pm

    စိတ်ညစ်ရင်
    ဂီတာ တီးပါလား
    ကိုကိုကြောင်
    စိတ်ကိုတော့
    ဒုံးဒုံး မချလိုက်ပါနဲ ့
    ခင်မင်စွာဖြင့်

  • naywoonni

    December 18, 2011 at 6:52 pm

    နာကျင်ခြင်းရဲ့ ပြောင်းပြန် ကြင်နာခြင်းဟာ……….. ငိုနေသူကြောင်ကြီးလား ………. တစ်ကောင်ထဲ (အဲ…) တစ်ယောက်ထဲ ထားခဲ့မလား မြင်ရင် နင် နေရက်ပါ့မလား ………..
    မင်းသားကြီးလိုလွမ်းပြလိုက်ချင်ရဲ့……..။ ဟင်းဟင်းးးး

  • pooch

    December 18, 2011 at 7:34 pm

    သူအို၊ သူနာ ၊ သူသေ ၊ ရဟန်း ဆိုပြီး နိမိတ်ကြီးလေးပါးရှိရာမှာ ဦးကြောင်က နာတဲ့ အဆင့်ကိုရောက်နေပြီဆိုတော့ နောက်ဆုံးအနေနဲ့ သေဖို့ပဲ ရှိပါတော့တယ် .. ……. :mrgreen:

    ဒါကြောင့် သတိလေးကပ်ပြီး မသေခင် မှာ တရားလေးမှတ်သွားပါ…… 😆

  • zaw min

    December 18, 2011 at 8:41 pm

    ေဩာ်…ကြောင်လွမ်းချင်းလေးပါလား…ဒီဇင်ဘာကြောင်လွမ်းချင်း…

  • KING

    December 18, 2011 at 10:41 pm

    ငယ်ငယ်တုံးက သင်ဖူးတာက အိုင်ချင်း
    ချစ်သူရလာတော့ ဖွဲ့သီဖူးတာက လွမ်းချင်း
    အခုတော့ ရွာထဲက
    ကြောင်ချင်း ….. 😀

  • char too lan

    December 19, 2011 at 9:49 am

    နာတယ်ဆိုတာ
    တကယ်တော့လည်း
    နာခွင့်ရှိသူများသာ
    နာလို့ရတာမို့
    နာလိုလျက်နဲ့
    နာဖို့မဖြစ်နိုင်လို့
    နာလိုခံခက်နေမိတယ်….
    တကယ်နာမိတဲ့တနေ့
    နာခြင်းဝေဒနာ
    နာလို့နာမှန်းမသိ
    နာပြီးသွားပါစေလို့
    နာနာနဲ့ဆုတောင်းပါတယ်….။

    တိုက်ဆိုင်ပါတယ်…………………
    အကြောင်းအရင်းတော့သေချာမသိရပေမယ့် ကျနော်လဲ နာစရာတွေတဖွဲဖွဲထဲ… ဘယ်ချိန်သဲပီး ဘယ်ချိန်စဲသွားမလဲစောင့်နေတာ ……… ဦးကြောင်ရေ……… ကျနော်တို့ တူဝရီး တယ်လဲဝဋ်ကြွေးကြီးလှပါလားနော် …………. (အတင်းဆွဲညှိထားတာ) 🙁

    • ကြောင်ကြီး

      December 19, 2011 at 10:14 am

      အံမာ…ညည်းနဲ့ငါ တူဝရီး ဖြစ်မတဲ့လား။ ဖြစ်ချင်းဖြစ်.. သမီးနဲ့ဦး…. 😳 မိဘီ ပြေးနဲ့ဒေါ့….။။။။

      • char too lan

        December 19, 2011 at 12:16 pm

        ဟိုက်ရှားလဘားးးးးး ကြောင်ကို ရှောင်လာတာ ၂နှစ်ရှိပီ
        ခုမှပဲမိပီဆိုတော့ ဘာအမှု့နဲ့လဲခဗျ !! 😀 😀
        ကောလဟာလတွေကြားပီး နားမယောင်နေပါနဲ့ လေးကြောင်ရာ………..
        တူဝရီးပါဆို တူဝရီးပေါ့ ဘာနာစရာရှိလို့ ဟဲဟဲ 😉 😉

  • ဆူး

    December 19, 2011 at 9:55 am

    ကြောင် နာနေ ရင် ဘိန်းကျွှေးလိုက် အနာသက်သာသွားလိမ့်မယ်။
    ဟိဟိ..
    နာပါ နာပါ.. နာအောင် ဘယ်သူ လုပ်တာလဲ.. 🙄

  • weiwei

    December 19, 2011 at 10:22 am

    နာရကောင်းမယ်မသိလို့ မနာတတ်ကြသူတွေကြားထဲမှာ ကိုကြောင်ကြီးက နာဒယ်ဆိုတော့ နာတတ်တယ်ပေါ့ … နာရကောင်းမယ်သိတယ်ဆိုတော့ နာရကောင်းမယ်မသိတာထက်စာရင် ပိုကောင်းတာပေါ့ … နာစရာရှိရင် နာပစ်လိုက် … သိပ်နာလာရင် အော်ပစ်လိုက် …

  • ba gyi

    December 19, 2011 at 1:35 pm

    နာတာခံခက်
    အနာကျက်အောင်
    ဟန်ချက်ညီညီနေရမယ်။
    ဟန်ချက်ညီညီနေဘို့အရေး
    အတွေး ရစ်သန် ကျရမယ်။
    အတွေး ရစ်သန်ကျဘို့အရေး
    ကြောင်းကျိုးညီအောင်တွေးရမယ်။
    ကြောင်းကျိုး ညီအောင်တွေးဘို့အရေး
    လမ်းကြောင်းအဟောင်းမှသွေရမယ်။
    လမ်းကြောင်းဟောင်းမှသွေဘို့အရေး
    ကိုကြောင်ကြီးရေး — အတွေးချာချာလည်ပေါ့ကွယ်။
    ခင်မင်စွာဖြင့်—-

  • MaMa

    December 19, 2011 at 2:06 pm

    စေတနာ ဝါသနာ အနစ်နာ လို့ ဆိုပြီး နာ ၃ နာ ကြားဖူးတာ
    ခုတော့ ကြောင်နာ တဲ့
    အဲလေ.. မှားလို့
    အကြင်နာ တဲ့။
    (တစ်ရွာတည်းနေ၊ တရေတည်းသောက်၊ ရွာသူားချင်း စိတ်မဆိုကြေး) 😆

  • Moe Z

    December 19, 2011 at 2:22 pm

    ဦးကြောင်ကြီးအမြီး ဘယ်သူတက်နင်းထားတာတုန်း
    ကြွပေးလိုက်လေ 😀 😀

  • naywoonni

    December 19, 2011 at 9:29 pm

    သူကသာနာတယ်နာတယ် အော်နေတာ နာကြားဖူးတာကတော့ ” …….ရိုက်မနာ ” ဆိုလားပဲ….။
    ဟီးးး ကြောင်ချင်ဦးဟ ဖွန်……….. 😛 😛

Leave a Reply