ညောင်ရွက်

black chawDecember 18, 20113min17416

ဘလက် တစ်ယောက် ဂေါက်သွားပြီ ဟု မထင်ပါကြပါနှင့် ခင်ဗျာ။
ညီငယ် အင်ဇာဂီကို အားကျပြီး လျှောက်ရိုက်ထားသော ညောင်ပင်တစ်ပင် မှ ညောင်ကိုင်း နှင့် ညောင်ပင် ပုံလေးများ ဖြစ်ပါတယ်။
ရန်ကုန်မှာ ဘုရားဖူးခြင်း ပို့စ်တင်ဘို့ ဘုရားတွေကို ဓါတ်ပုံလိုက်ရိုက်ဖြစ်ပါသည်။ ကျိုက်ဝိုင်းဘုရားပေါ်ကိုရောက်တော့ ညောင်ရွက်နုနုလေးတွေ နှင့် ညောင်ပင်ကြီးတစ်ပင်ကို တွေ့ပါသည်။
ညောင်ရွက်လေးတွေကလည်း နုဖတ်ပြီး လှလိုက်တာဗျာ။ အဲဒါနဲ့ လက်ဆော့မိတယ်ပေါ့ခင်ဗျာ။
ညောင်ရွက်လို့ အမည်ပေးထားပါတယ်။ ခံစားကြည့်ပါဗျာ။

ကျိုက်ဝိုင်းဘုရားနောက်ခံ ညောင်ရွက်နုနုလေးတွေ။
၂။ ဘုရားနောက်ခံ ညောင်ရွက်။
၃။ ဘုရားနောက်ခံ ညောင်ရွက်။
ရွက်နုသစ်ချိန်။
ရွက်နုသစ်ချိန် ၂။
နေရောင် အောက်က ညောင်။
ညောင်ကိုင်း နဲ့ ညောင်ရွက် ။
ညောင်ကိုင်း နဲ့ ညောင်ရွက် ၂။
သွေးကြောတွေလိုပဲ ညောင်ကိုင်းတွေ။
အထောက်ခံထားရတဲ့ ညောင်ကိုင်း။

16 comments

  • inz@ghi

    December 18, 2011 at 6:15 pm

    ရွက်ကြွေမြေခ..
    ရွက်သစ်နုလှ ….
    သုခုမတဲ့… ထိုပညာ…

    ဘလက်ဆြာ ချယ်ကာ သပါလို့ ..
    တသက်မှာ တခါ သတိထားမိပါတဲ့ …
    စိမ်းနုငယ်တဲ့ ရွက် သစ်ဝေ…

    ရွက်သစ်ဝေ တတွေ လှစေဖို့…
    အခက် အဆစ်တွေ ကြားမှာ ချောင်းရတယ်..
    သောင်းမြောင်းထွေ ဒါ့ပုံများကိုလ..
    ထောင်းလမောင်းချေ ..ကြည့်ခါ အားရတယ်…
    ကျေနပ်ပီတိ … ဂွမ်းဆီထိ…

    ရေးတတ်လော့ဝူးဂျာ ….
    လေးချိုးပျက်ဖြစ်တော့မယ်….

    အာ …
    ဂွမ်းဆီထိ…ဟေ့ …ဂွမ်းဆီထိဟ ….

    ဒက်ဂလောက် ဒက်ဂလောက်…..

    ခင်တဲ့
    Inz@ghi

  • naywoonni

    December 18, 2011 at 6:46 pm

    ညောင် ဆိုလို့ ……. ကပေ မူးပြီးသယ်လာတဲ့ “သူမ” ကိုသတိသွားရတယ်…….။ “သူမ” လည်း အဲဒိလိုအော်မှာပေါ့နော်…။
    ညောင်ရွက်နုနုလေးတွေဆိုရင် ညောင်ချဉ်ဖူး လုပ်ပြီး သုတ်ရရင်ကောင်းမှာ ဘယ်ညောင် က အဖူးကို အချဉ်လုပ်တာလဲတော့ မသိ…။

  • small cat

    December 18, 2011 at 7:20 pm

    ညောင်မလေး အကြောင်းပြီးတော့ ညောင်ရွက်အကြောင်းပြောပြန်ပြီပေါ့။

    • naywoonni

      December 18, 2011 at 7:41 pm

      ငါလည်း ကြောင်မလေးတွေ ဆိုရင် ချစ်တတ်ပါတယ်ကြောင်ကလေးရေ………. ကိုကြောင်ကြီးမသိစေနဲ့ဦး တော့ကြာ လှမ်းထုနေဦးမယ်…။ 😛

  • windtalker

    December 18, 2011 at 7:45 pm

    ညောင်ရွက် ကြောင်တက်
    အောင်နက် မှောင်လျှက်
    တစ်ကောင်ကြွက် ပြောင်ပျက်

  • pooch

    December 18, 2011 at 7:49 pm

    ပထမဆုံး ညောင်ရွက်နဲ့ ညောင်ကိုင်းပုံက ကဗျာ အဆန်ဆုံးပါပဲ
    အဲ့ဒီပုံကိုလည်း တိုးတိုးတိတ်တိတ် ဆွဲသွားပါတယ်…..

    ခု Deskstop ပေါ်က ပုံတွေကိုလည်း ၃ မိနစ်တခါလောက် ပြောင်းပြီး ပျော်ပျော်ကြီး ကြည့်နေရပါတယ်..
    ဒီလထဲမှာ ကို မနည်းဘူး ရလိုက်တာကို … ဒါတောင် အကြိုက်ဆုံးတွေပဲ ရွေးဆွဲတာပါ..
    အဲ့ဒီမှာ ပုံတွေကို ကြည့်ရင်းနဲ့
    ဘယ်သူကတော့ဖြင့် ဘယ်လိုရိုက်လေ့ရှိတယ်ဆိုပြီး ကင်မရာမန်းလက်ရာများကို မဆိုစလောက်လေး အနည်းအကျဉ်း မှတ်မိလာသလိုပါပဲ….

    • M-Lulin

      December 19, 2011 at 12:50 am

      post တစ်ခု ရေးတင်ပါလား ငင် .. ဘယ်သူက ဘယ်လိုရိုက်လေ့ ရှိတယ်ဆိုဒါ ကို … အလွန်ကြိုက် ရင် အိမ် ကို ဖိတ်ပြီး ထမင်းကျွေးပါ့မယ် ..

  • comegyi

    December 18, 2011 at 8:53 pm

    ရွက်ဝါကြွေမြေခ
    ရွက်သစ်စိမ်းစိုဝေလာရ
    သင်္ခါရဓမ္မ….။ ။

  • ပုရစ်ဖူးဝေ
    နုစိမ်းမြမြ၊
    ရွက်နုညောင်ဝေ
    အေးငြိမ်းချမ်းမြ
    လေပြေတိုးလျှံ
    ဆည်းလည်းသံ
    ကြားနေသလိုပ။
    အမြင်စိမ်းမြမြ
    သာစွသံစဉ်
    အတွေးနဲ့တင်
    ရင်အေးငြိမ်းစွ………………..

  • M-Lulin

    December 19, 2011 at 12:52 am

    ဦး ဘလက် စီက idea တွေကူးသွားတယ်။

  • thit min

    December 19, 2011 at 1:09 am

    ညောင်ပင်ကို
    မောင်ရင်တွေ
    ပြဘို့အတွက်၊
    အခက်ဖြာစုံလင်
    ဘလက်ဆရာပုံ တင်ချက်
    ဪ လက်ကလဲ သွက်။(^^)

  • kai

    December 19, 2011 at 3:12 am

    ကင်မရာဆြာတွေက.. သီအိုရီသိကြတူကြပုံပေါ်ပေမဲ့.. ရိုက်လိုက်ရင် ပုံကိုယူဆတဲ့အိုင်ဒီယာကျ..မထပ်ကြတာသတိထားမိတယ်…။

    ဒါက..ပါရမီအထုံက လာတာထင်တယ်နော…။

    ဘယ်သူကတော့ဖြင့် ဘယ်လိုရိုက်လေ့ရှိတယ်ဆိုပြီး ကင်မရာမန်းလက်ရာများကို မဆိုစလောက်လေး အနည်းအကျဉ်း မှတ်မိလာသလိုပါပဲ….

    ပူရှ်မမရဲ့.. ဘယ်သူကဘယ်လိုသုံးသပ်တာလေးဖတ်ချင်သား… 🙂

  • aye.kk

    December 19, 2011 at 7:04 am

    ညောင်ရွက်မြင်က
    မြတ်နိုးလှ၍
    ကိုဘလက်ရဲ ့
    တကယ့်လက်ရာလေးက်ိုအမှတ်တရကူးယူသွားပါသည်..။

  • “ဘီလူးကြီး”ogre

    December 19, 2011 at 10:07 am

    တင်ပြတတ်တော့လဲ
    ညောင်ရွက်ကလေးလဲ လှနေတာပါပဲဗျာ
    မြင်တတ်ပ ကိုဘလက်ရေ..

  • ကြောင်ကြီး

    December 19, 2011 at 10:47 am

    ဦးဘလက်
    မူးချက်
    ရှုးထွက်
    ကူးခတ်
    နှူးမနပ်
    ဖူးခက်
    ပူးဇာတ်
    ထူးမြတ်…။

  • zay

    December 20, 2011 at 8:15 am

    ပုံလေးတွေက ရွာကိုလွမ်းစေတယ် thank

Leave a Reply