ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံလို ့ထမင်းဝခဲ့တာမရှိခဲ့ဘူး။ သူ ့ကိုထောက်ခံလို ့ထမင်းငတ်ခဲ့တာပဲရှိခဲ့တယ်။

phone_kyawDecember 19, 20111min31738

ဒီစကားကိုပြောလို ့ဝိုင်းတော့မဆဲကြနဲ ့။ သူ ့ကိုထောက်ခံပြီး နိုင်ငံရေးလုပ်တဲ့လူတွေ ထောင်ထဲမှာ ဘယ်လို နေထိုင်ခဲ့ရလဲဆိုတာကို အားလုံးသိမယ်ထင်တယ်။ စည်းရုံးရေးတွေ လူထုတရားပွဲတွေဘယ်လိုမျိုး ထမင်းငတ်ခံပြီးထောက်ခံခဲ့ရလဲဆိုတာကို အားလုံးသိမယ်။ သူ ့ကိုထောက်ခံလို ့ တစ်ခါမှ ထမင်းမဝခဲ့ဘူး။ ဒါ့ကြောင့် ဒီစကားကိုပြောတာပါ။

သူ ့ကိုမထောက်ခံဘူးဆိုရင် နအဖ အစိုးရကိုထောက်ခံမလားလို ့မေးရင်လည်း မထောက်ခံနိုင်ပါဘူး။ ဒါဆိုရင် ဘယ်သူ ့ကိုထောက်ခံမလဲ။ ကျနော်ကတော့ အပြောနဲ ့အလုပ် ညီတဲ့လူ။ လက်တွေပြနိုင်တဲ့လူတွေကို အားပေးမယ်။ ထောက်ခံမယ်။ လေနဲ ့ နိုင်ငံရေးကိုလုပ်တာ လွယ်တယ်။ ခက်တာက အကောင်အထည်ပြနိုင်ဖို ့ပါ။

ကျနော်တို ့တိုင်းပြည်ဟာ ဘာ့ကြောင့်ဒီလောက်ကြာလဲဆိုတော့ အုပ်စိုးသူတွေလူကြီးတွေ သုံးစားလို ့မရလို ့ပါ။ အတိုက်အခံကော သုံးစားလို ့ရလားဆိုတော့ မရဘူး။ ပြည်သူကတော့ ကြားထဲမှာ ယက်ကန်ယက်ကန်နဲ ့။

စစ်သားတွေဟာ စစ်တပ်ထဲမှာ နေတာကပိုပြီးကောင်းတယ်။ အခုကြည့် စစ်သားဟောင်းတွေ နိုင်ငံရေးလုပ်တယ်။ စစ်သားဟာ ကိုယ့်အလုပ်ကိုကိုယ်မလုပ်ပဲနဲ ့ မဆိုင်တဲ့အလုပ်ကို လုပ်မှတော့ ဒီတိုင်းပြည်ဟာ မပျက်ပဲဘယ်နေပါ့မလဲ။ မြန်မာ့နိုင်ငံရေးမှာ စစ်သားတွေပဲ အုပ်ချုပ်ခဲ့တာဆိုတော့။ ဒါ့ကြောင့်လည်း တိုင်းပြည်ပျက်ပါတယ်။ လူတွေမွဲပါတယ်။ အရပ်ဝတ်ပဲ ဝတ်ဝတ် ယူနီဖောင်းပဲဝတ်ဝတ် ကိုယ့်အလုပ်ကို ကိုယ်လုပ်တာက ပိုပြီးအောင်မြင်မှုရနိုင်တယ်။

အတိုက်အခံကိုလူတွေအားပေးတယ်။ အတိုက်အခံက လူတွေအားပေးတဲ့အတိုင်း  အာဏာမရခဲ့ဘူး။ နောက်ဆုံးတော့ သူတို ့ခင်းပေးတဲ့လမ်းကို လျှောက်ရတဲ့အထိ ညံ့ဖျင်းလှတဲ့အတိုက်အခံဘဝကို ရောက်ခဲ့တယ်။ ဒီတစ်ခါရွေးကောက်ပွဲမှာ နိုင်ရင်တာင် ဘာများလုပ်ပေးနိုင်မှာမို ့လဲ။ အရင်တုန်းကလည်း ဒါပဲဖြစ်ခဲ့တာဆိုတော့။

အစိုးရဟာ ဘာ့ကြောင့် ဒီအချိန်ကြမှ ပြုပြင်ပြောင်းလဲရေးကိုလုပ်တာလဲဆိုတော့ သူတို ့မနိုင်တော့လို ့ပါ။ ပြည်သူတွေကို သူတို ့အရင်တုန်းကလို လုပ်လို ့ရတဲ့ခေတ်မဟုတ်တော့ဘူး။ ဒါ့ကြောင့် ပြောင်းပါတယ်။ ဒါပေမဲ့ သူတို ့ဘာ့ကြောင့်ပြောင်းလဲဆိုတာကို အစိုးရဝန်ကြီးတွေတစ်ခါမှမပြောခဲ့ဘူး။ တစ်ချိန်လုံးသူတို ့မှန်ကြောင်းတွေချည်းပဲ ချီမွမ်းခန်းဖွင့်ကြတယ်။

ကျနော့်ဆန္ဒကတော့ လက်ရှိအတိုက်အခံ နဲ ့အစိုးရကို လုံးဝမယုံကြည်ဘူး။ နောက်ထပ် တက်လာမဲ့မျိုးဆက်သစ်တွေကိုပဲ အားကိုးတကြီးမျှော်လင့်တယ်။ ဒါ့ကြောင့် အရင်လူဟောင်းတွေကို ရှင်းထုတ်ရပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ လူဟောင်းတွေရဲ  ့အတွေးအခေါ်နဲ ့အရည်အချင်းတွေက သုံးစားလို ့မရခဲ့လို ့ပါ။ လူဟောင်းတွေဆိုတာက လက်ရှိအန်အယ်ဒီက လူဟောင်းတွေနဲ ့အစိုးရအဖွဲ ့က လူဟောင်းတွေကိုဆိုလိုတာပါ။

အရင်တုန်းက ကျနော်ထောက်ခံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ ့မှာ မဲ မပေးတော့ပါဘူး။

 

38 comments

  • koyinmaung

    December 18, 2011 at 5:57 pm

    ကဲ…..မင်းဘဲသမတလုပ်လိုက်ပါတော့ကွာဟုတ်ပြီလား…..

  • kai

    December 18, 2011 at 6:03 pm

    ကိုဘုန်းကျော်ရေ..
    တခြားသူတွေအလှည့်ပေးရမှာဖြစ်တဲ့အတွက်.. ..တရက် ၂ပုဒ်ထက်ပိုမတင်ရပါဘူး.. ။
    စည်းကမ်းအရ…ဖြစ်ပါတယ်..။

    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

    … ဒီပို့စ်တော့ ..တရက် Hold ထားလိုက်ပါမယ်..။

  • M-Lulin

    December 19, 2011 at 12:49 am

    မျိုးဆက်သစ် တွေကို ကောဘယ်လောက် ထိယုံကြည်ရပါမည်လဲ။ ဒိုင်းဝန်ထက် ကဲနေလျှင်မခက်ပါလား။ လက်ရှိ အနေအထားသည် အကောင်းဆုံး အနေအထားလို့ ယုံကြည်ပါတယ်။ အတိတ် ကိုတမ်းတ နေရင် နောင်တ ဖြင့်နေရပြီး မရောက်သေးသော အနာဂတ် ကို မျှော်လင့်နေလျှင် ပင်ပန်းပါလိမ့်မည်။

  • မိုးနတ်သားလေး

    December 19, 2011 at 12:49 am

    ကိုဘုန်းကျော်ရေ
    အကိုမှာလွတ်လပ်စွာပြောဆိုပိုင်ခွင့်ဆိုတာရှိပါတယ်။ကိုယ်မူကို်ယ်အကြာင်းကို်ယ်သမိုင်းကိုရေးပြီး
    ကို်ယ်လမ်းကိုယ်လျှောက်နေကြတာအကိုတယောက်ထဲမဟုတ်ပါဘူးလူတိုင်းခံယူချက်နဲ့လွတ်လပ်
    ခွင့်ရှိတယ်။အဲတခုတောပြန်ပြောမယ်နော်
    အကိုဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံလို့ထမင်းမဝခဲ့ဘူးဟုတ်လားအကို
    အင်းအမေစုကိုထောက်ခံလို့ထောင်ကျတယ်နော်။တချို့ဆိုထောင်ထဲမှာတောင်သေကြတယ်နော်။
    ရှင်းရှင်းပြောမယ်အကိုမြန်မာပြည်ထဲနေတဲ့သူတွေကမွဲသထက်မွဲဆင်းရဲတာလည်းကုန်တောင်
    ကောင်စရာမရှိတော့ဘူးအဲဒါကိုလူလူချင်းလာအမွှေးနုတ်နေတဲ့စစ်အစိုးရကိုထောက်ခံရမှာလား
    နောက်တက်လာမဲ့မျိုးဆက်လား
    “ဗိုလ်ချုပ်အောင်ဆန်းခေတ်ကသင်ကြားခဲ့တဲ့ကျွန်ပညာရေးကမှာအင်္ဂလိပ်စာကားကောင်းကောင်းပြောနိုင်
    ကမ္ဘာကလူတွေနဲ့ယှဉ်ပြောနိုင်သေးတယ်
    အခုသူတို့သင်ပေးတဲ့ပညာတွေတက္ကသို်လ်ဘွဲ့ရက ဆိုက်ကားနင်းနေရတယ်
    ဆရာဝန်ဆိုတာလည်းတောင်လိုပုံနေတယ်
    အင်ဂျင်နီယာတွေကလည်းပေါလိုက်တာအခုဆိုလမ်းဗို်လ်လုပ်ဖို့တောင်တော်တော်စောင့်ရတယ်
    နောက်မျိုးဆက်တွေဆိုတာဒီလိုမျိုးတွေကိုပြောတာလား
    အကိုရေအခုချိန်ကမ္ဘာမှမြန်မာဟေ့ဆိုပြီး
    ချပြစရာရုပ်မရှိတော့ဘူးစစ်အစိုးရကနိုင်ငံသားတွေကိုလူအောက်တန်းကျအောင်
    လုပ်ယုံမကဘူးစိတ်ဓါတ်တွေအောက်တန်းကျအောင်လုပ်လိုက်တာကြပါပြီ
    ဒေါ်အောင်ဆန်းစုကြည်လူတွေသဘောကြတယ်ဆိုတာပုဂိ္ဂုလ်စွဲမပါဘူး
    သူစကားတွေသူရဲ့အတွေးအခေါ်တွေသဘောကြလို့သူကိုရိုသေလေစားကြတာ။
    သူမရဲ့မလျှောတဲ့ဇွဲ။နိုင်ငံချစ်တဲ့စိတ်။သားပြတ်လင်သေတာတောင်ပြန်သွားဘဲ
    နေတာတွေဘယ်လိုလူမျိုးလုပ်နိုင်မလဲအကို။သူကြောင့်ထမင်းငတ်ကြတယ်နော်
    အကိုသိစေချင်တာသူကြောင့်ထမင်းငတ်။ထောင်ကျ။သေကြတာသူနဲ့မဆိုင်ဘူး
    သူရဲ့မှန်ကန်တဲ့ခံယူချက်။လွတ်လပ်မှုမြတ်နိုးခြင်း။အမှန်တရားဆိုတာဘာလဲဆိုစစ်အစိုးရ
    ကိုလုပ်ပြချင်လို့အသေခံ။ထမင်းအငတ်ခံထောက်ခံခဲ့ကြတာအကိုနာလည်ပါစေနော်

    “ကြွက်သရဲကားပြသလိုတော့မလုပ်နဲ့နော်”

    • koyinmaung

      December 19, 2011 at 5:39 am

      နတ်သားလေးရေ
      မောင်ဘုန်းကျော်ကအားလုံးသိပြီးသားတွေကွ……
      မောင်ဘုန်ရေ…သတိရတုန်းပြောလိုက်ပါရစေမောင်ဘုန်းကျော်နယ်စပ်က
      လူ ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွင် ၁၉၉၉-၂ဝဝ၅ ထိ တာဝန်ထမ်းသည်
      ဆိုတာ ၁၃နှစ်ရှိပြီဆိုတော့ဘာ တာဝန်များထမ်းဆောင်ခဲ့ပါသလဲ…ဥက္ကဌလား
      အစေခံလား လုပ်စမ်းပါအုံးဘဝဇာတ်ကြောင်းလေး ……
      ၁၃နှစ်နဲ့တောခိုတယ်ဆိုတော့
      ကမာ္ဘပေါ်မှာအငယ်ဆုံးတောခိုလူသားဖြစ်နိုင်တယ်နော်
      ရုပ်ရှင်ဇာတ်လမ်းတွေဘာဘာ(the lady)လိုပေါ့ ရိုက်လိုက်ရယင်အိုကေသွားနိုင်တယ်
      ဟုတ်တယ်ဟုတ်………

      • htoosan

        December 19, 2011 at 9:28 am

        ကိုရင်မောင်ကြီး .. သူ ၁၉၇၉ မှာမွေးပြီး ၁၉၉၉ မှာ တောခိုတယ်လို့ ရေးထားတာ.. ၁၃ နှစ် သား မဟုတ်ဘူးလေ..

  • htay tint

    December 19, 2011 at 1:39 am

    Rich Dad Poor Dad: ဘယ်အစိုးရတက်တက်(ဒီမိုကရက်တစ်ပဲဖြစ်ဖြစ်၊ ရီပတ်ဗလစ်ကန်ဖြစ်ဖြစ်) ကိုယ့်အသုံးစရိတ် ကိုယ်ပဲပေးရမှာပဲ။
    ဒေါက်တာမောင်ဘချစ်။ ။မောင်ဘချစ်တို့ငယ်ငယ်ကပုံပြင်လေးကိုသတိရသည်။ ကောက်ကျစ်သော ခြင်္သေ့ကြီး၏ ပုံပြင်ဖြစ်သည်။
    http://mayhninlaemon.blogspot.com/2010/11/blog-post_16.html

  • Khin Latt

    December 19, 2011 at 6:51 am

    ကိုဘုန်းကျော်
    ကျွန်မ စိတ်ထဲမှာ အဲဒီ စကားမျိုး တွေ ကြားတိုင်း မေးခွန်း မေးချင်မိတယ်။
    နိုင်ငံရေးလုပ်ကြသူတွေဟာ ဘာရည်ရွယ် ချက် နဲ့လုပ်နေကြတာလဲ။
    (၁) ဒေါ်အောင်ဆန်းစုကြည် နေရာ ရ ဖို့ ပံ့ပိုးဖို့ နိုင်ငံရေး ဆိုတာကို လုပ်တာလား။
    (၂) ဆင်းရဲတဲ့ ပြည်သူတွေ အတွက် နဲ့ ချို့တဲ့နေတဲ့ တိုင်းပြည် အတွက် လုပ်ပေးတာလား။

    ဒေါ်အောင်ဆန်းစုကြည် နေရာ ရ ဖို့ သာပံ့ပိုး ပေးခဲ့တာ ဆိုရင်တော့ အဲဒီလူဟာ တိုင်းပြည် အတွက် Worthy မဖြစ်ပါဘူး။
    အဲဒီ လူ ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုမှီပြီး နေရာယူဖို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ကျိုးရှာသူပါ။

    ဆင်းရဲတဲ့ ပြည်သူတွေ အတွက် နဲ့ ချို့တဲ့နေတဲ့ တိုင်းပြည် အတွက် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် အခုလို ဖြစ်နေတာကို မရှုစိမ့် စရာမလိုပါဘူး။
    ဘာလို့လဲ ဆိုတော့ ပွဲမပြီးသေးပါဘူး။ စဖို့ပြင်ရုံ ရှိပါသေးတယ်။
    ပြည်သူတွေ ငတ် နေတုန်း ပါဘဲ။
    ပြည်သူတွေ အတွက် ဆိုရင် ပြည်သူတွေ ဆင်းရဲတွင်းက မလွတ်သ၍ နည်းမျိုးစုံ သုံးရပါမယ်။
    ပညာရှိနည်း ဆိုရင် အကောင်းဆုံးပါဘဲ။
    အခု ဒေါ်အောင်ဆန်းစုကြည် လဲ ပညာရှိ နည်းကို ရွေးတယ်လို့ ယုံကြည်ပါတယ်။

    “ဒို့ အရေး” အော်တိုင်းမှ နိုင်ငံရေးလုပ်တာမဟုတ်ပါ။
    တိုင်းပြည်ကောင်း အောင် အတွက် ရည်ရွယ်ချက် နဲ့ လုပ်တာမှန် သမျှ နိုင်ငံရေးပါ။

  • True Answer

    December 19, 2011 at 7:53 am

    အင်း လူတွေက ဆဲတော့သာဆဲတယ်ပြောတယ်။
    အဆဲခံလောက်တဲ့ အပြောမျိုး၊
    အဆဲခံလောက်တဲ့ အသိဉာဏ်မျိုးတွေ လောကကြီးထဲ ရှိနေတတ်တာ အဆန်းတော့မဟုတ်ပါ။

    ဆဲချင်စရာကောင်းလောက်အောင် အသိဉာဏ်ရှိတဲ့သူတွေကြောင့်
    ဆဲစရာကောင်းတဲ့လူတွေ နေရာရနေတာလည်း
    တကယ်တော့ အဆန်းတော့မဟုတ်ပါ။

    အခုအချိန်မှာ ကိုဂျော်နီအောင်ပုကို ကိုယ်ချင်းစာနေမိတယ်ပဲ ပြောရတော့မှာပဲ။

    ထမင်းဝဖို့ပဲ အဓိကထားနေတော့ ထမင်းဝရုံပဲ ဖြစ်နေတာမဆန်းပေ။

    “မတည်တံ့သောစိတ်ရှိသော သူတော်ကောင်းတရားကို မသိသော ပေါလောပေါ်သော ယုံကြည်မှုရှိသူ၏ အသိဉာဏ်ပညာ သည် မည်သည့်အခါမှ မပြည့်စုံ။“ (ဓမ္မပဒ – ၃၈ စိတ္တဝဂ်)

  • jmaungmg

    December 19, 2011 at 7:55 am

    ဘယ်အစိုးရဘဲလာလာထမင်းအလကားကျွေးမယ့်အစိုးရတော့မလာဘူးကိုယ်လုပ်မှကိုယ်စားရမှာ ပိုက်ဆံ
    ရှိဖို့အဓိကပဲ ပိုက်ဆံရှိရင် ဒေါ်အောင်ဆန်းစုကြည်လည်းဘောလုံးပွဲ ကြည့်ခိုင်းလို့ရတယ် ဦးသန်းရွှေသမီး
    လည်းယူလို့ရတယ်

  • Ka Yin Lay

    December 19, 2011 at 8:37 am

    စကားဝိုင်းလို လေကန်ဝေဖန် နေရင်ဖြင့် ဘယ်တော့မှ ပြီးတော့မှာမဟုတ်ပါဘူး၊
    ဒီကိစ္စဟာ လ္ဘက်ရည်ဆိုင်မှာ ရေနွေးကြမ်းလေးသောက်ပြီး လေသံကြား တရားနာ
    ငြင်းခုံနေရတဲ့ အဆင့်မျိုးလဲမဟုတ်ပါဘူး၊ အရာရာပြောင်းလဲလာမှုတွေက ဘယ်သူ
    ကြိုးစား အနစ်နာခံခဲ့လို့ပါလဲ၊
    ရိုးရိုးလေးပဲ နားလည်ပါတယ်၊ ယ္ခင်ကထက် ယ္ခု အနည်းငယ်ခန့်ပိုကောင်းလာတယ်၊
    အောင်နိုင်ရေးအတွက် တိုက်ပွဲဆိုတာ တိုက်ယူရမယ်၊ တိုက်ပွဲဖြစ်တယ်ဆိုရင် အသေ
    အပျောက်ရှိမယ်၊ အခွင့်လမ်းကောင်းတခု ဆိုတာ မိုးပေါ်က သူ့အလိုလိုကျလာတာ
    မျိုးမှမဟုတ်တာ၊ ဆန္ဒ မစောကြပါနဲ့၊ အားကိုးသင့်၊ အားကိုုးထိုက်သူဟာ ဘယ်သူ
    ဆိုတာ တနိုင်ငံလုံးသိပြီးသားပါ ၊ သွေးမခွဲစေချင်ပါခင်ဗျား ။

  • “ဘီလူးကြီး”ogre

    December 19, 2011 at 8:39 am

    ဟကောင် ငဘုန်းကျော်
    မင်းဘာတွေပြောနေတာတုံး
    တို့ကျောင်းသားတွေ (၈၈)မှာဆန္ဒပြတာ
    မဆလကိုဖြုတ်ချဘို့အတွက်ပဲ ဒီမိုကရေစီရဘို့အတွက်လမ်းစကို
    ကျောင်းသားတွေ ပြည်သူတွေ သွေးနဲ့ဖေါက်လိုက်တဲလမ်းပဲကွ
    အဲဒီတုန်ကတည်းက ဒေါ်စုအတွက်မပါဘူး
    ကိုလိုခြင်တာကိုယ်တောင်းလာကြတာလေ
    ဒေါ်စုအတွက်ပေးပါလို့တောင်းတာမဟုတ်ဘူးကွ
    ဒေါ်စုကိုထောက်ခံခြင်းမထောက်ခံခြင်းက သပ်သပ်
    နိုင်ငံရေးလုပ်တာကသပ်သပ်ကွ
    နိုင်ငံရေးလုပ်တယ်ဆိုရင် ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်လုပ်လေ
    အခုထောင်ထဲမှာငတ်ပြတ်ထောင်ကျနေတဲ့လူတွေက
    ဒေါ်စုထောက်ခံပါတယ်
    ဦးတင်ဦးထောက်ခံပါတယ် အော်နေလို့
    ထောင်ကျတဲ့လူ တစ်ယောက်မှမရှိဘူးကွ
    ကိုယုံကြည်ချက်ကိုယ်လုပ်ရင်း ဖြစ်ကြရတာတွေချည်ပဲ
    ကိုဇာဂနာကအစ သူဟာသူနိုင်ငံရေးလုပ်တာ
    ဒေါ်စုအတွက်လုပ်တာမဟုတ်ဘူး..
    မင်းတစ်ယောက်ပဲဒေါ်စုကိုထောက်ခံလို့ ထမင်းငတ်တာနေမယ်
    ဘယ်သူမှမထောက်ခံနဲ့
    ကိုယ်ယုံကြည်ရာကိုယ်လုပ်
    အဲဒါနိုင်ငံရေးပဲ
    ယုံကြည်ချက်တူရင် ပေါင်းလိုက်
    ရည်မှန်းချက်တူရင် လက်တွဲ
    ထောက်ခံသင့်ရင်ထောက်ခံ
    မမှန်ရင်ကန့်ကွက်..ဒါပဲလေ…အဲဒါဒီမိုကရေစီရဲ့လမ်းစပဲ
    မင်းခေါင်းထဲ ဘယ်သူကများဒေါ်စုတစ်ယောက်ပဲထောက်ခံရမယ်လို့ ရိုက်သွင်းထားခဲ့တာလဲ
    မင်းထမင်းငတ်တိုင်း ဒေါ်စုတော့ တရားခံဖြစ်ပြီ.. 🙂 😛

    • char too lan

      December 19, 2011 at 12:20 pm

      ကဲ ရှင်းရော………. 🙄
      ဘီလူးကြီးကို ထောက်ခံသွားတယ်ဗျို ့

    • Baby Lay

      December 19, 2011 at 4:41 pm

      ဦးလေး ဘီလူးပြောတာ ဂွတ်တယ်…..

    • kokoover

      December 19, 2011 at 8:02 pm

      ဝုတ်တယ် ဝုတ်တယ် ငဘုန်ကျော် အော်စီမှာ ထောက်ပံကြေးနဲ့
      အေးဆေးနေပါ၊ ပြည်တွင်မှာ ဘယ်လိုဖြတ်သန်းနေရတာ မသိ
      လဲနဲ့…..

    • mariner

      December 19, 2011 at 8:03 pm

      ဘီလူးကြီးကို ထောက်ခံသွားတယ်ဗျို ့

  • chityimhtoo

    December 19, 2011 at 8:54 am

    ထောင်ထဲမရောက်ချင်ရင် …. ထမင်းအငတ်မခံချင်ရင် အစောကြီးထဲကနိုင်ငံရေးမလုပ်နဲ့ပေါ့ကွာ…
    မင်းကိုဘယ်သူကလုပ်ခိုင်းလို့လည်း။ခင်ဗျားထမင်းစားပြီးမမွေးလာတာ ချီးစားပြီးမွေးလာတာမဟုတ်ဘူး။
    မင်းအဲ့လိုစာမျိုး ရင်ဘတ်မှာချိတ်ပြီး ဆူးလေမှာတောင်းစားပေါ့ကွာ။

  • chityimhtoo

    December 19, 2011 at 9:09 am

    ထမင်းငတ်တာမင်းတစ်ယောက်ထဲမဟုတ်ဘူး မြန်မာတစ်နိုင်ငံလုံး။ငါတို့နိုင်ငံမှာ မီးလေးလာရင်တောင်
    ဟေး!!ဆိုပြီးပျော်ရတာ ..အင်တာနက်လိုင်းကောင်းရင်လည်းပျော်ပြီးသုံးရတာ။ခုလိုအနည်းငယ်ပြောင်းလဲမှူ့
    ကငါတို့ပြည်သူတွေအတွက် မျော်လင့်ချက်ကွ။စီးပွားရေးတွေပြန်ဖွင့်ရင်လည်း စက်ရုံအလုပ်ရုံတွေ ပေါ်လာပြီး
    လူငယ်တွေပိုပြီးအလုပ်အကိုင်ရလာမှာဘဲဆိုပြီးမျှော်လင့်ချက်ကွ။မင်းထမင်းငတ်ရင်တော့ တစ်ခြားနိုင်ငံကိုသွား နိုင်ငံရေးခုံလုံခွင့်တောင်း ….သခင်မျိုးဟေ့ဒို့ဗမာဆိုပြီးအော်နေပေတော့။

  • amatmin

    December 19, 2011 at 9:33 am

    ကိုယ့်လူ ရဲ့ ပို့စ်တွေ ကတော့ ဝင်မမန့်ပဲ မနေနိုင်အောင်ကိုရေးထားသလိုပဲ..တော်ချက်များ..
    ဒါနဲ့ ဒီစာလေး..”နောက်ထပ် တက်လာမဲ့မျိုးဆက်သစ်တွေကိုပဲ အားကိုးတကြီးမျှော်လင့်တယ်။..”
    ကြိုက်တယ်ဗျာ.မျိုးဆက်သစ်တွေအပေါ် စေတနာရှိတယ်ဆိုလို့.. (ယုန်) လိုက်မယ်နော်… 🙂
    နောက်ပြီးရှိသေးတယ်..” လူဟောင်းတွေရဲ ့အတွေးအခေါ်နဲ ့အရည်အချင်းတွေက သုံးစားလို ့မရခဲ့လို ့ပါ။..”ဆိုပဲ..
    ကိုယ့် ဘာသာပြန်မေးကြည့်ပါဦး..ငါကနံပါတ်ဘယ်လောက် မှာရှိမလဲလို့…
    မမှန်းတတ်ရင်..ကိုယ့်စာတွေ ကိုယ့်ပြန်ဖတ်ကြည့်ဗျာ…

  • thureinmaung

    December 19, 2011 at 9:47 am

    စားဘို့အတွက်လောက်ဘဲနိုင်ငံရေးလုပ်မယ်ဆိုယင်၊ ခင်ဗျား တစ်ခြားဟာလုပ်စားပါ၊
    ခင်ဗျားတို့လိုနိုင်ငံခြားမှာအငြိမ့်သားကောင်းကောင်းနေ၊ကောင်းကောင်းစားနေရပြီး
    ဒေါ်စုကိုှဗန်းပြလုပ်စားလို့မရတဲ့အခါကျတော့ဒေါ်စုကို ပုတ်ခတ်တာတော့အောက်တန်းကျ
    လွန်းပါတယ်၊ ရန်ကုန်မြို့တော်ခန်းမရှေ့မှာခွက်ဆွဲတောင်းစားနေတဲ့သူတောင်းစားကမှ
    သူ့အလုပ်သူရိုးရိုးသားသားလုပ်စားနေပါသေးတယ်၊
    ပြည်တွင်းမှာရှိတဲ့ပြည်သူအများစုက အခုနိုင်ငံရေးဖြစ်စဉ်တွေကိုအားပေးကြပါတယ်၊
    နောက်ထပ်အမှားအယွင်းဖြစ်မှာကိုလဲမလ ိုလားကြပါဘူး၊ အကောင်းဘက်ကိုဘဲ
    မျှော်လင့်နေကြပါတယ်၊ ဒေါ်စုရဲ့ပညာရှိတဲ့ဆုံးဖြတ်ချက်ကိုလည်းအားပေးကြပါတယ်၊
    ခင်ဗျားပြောတဲ့မျိုးဆက်သက်တွေကဘယ်ဆီနေမှန်းမသိ၊ပြည်သူကြားထဲမှာလည်းမရှိ၊
    လက်တွေ့လည်းမကျတဲ့ စကားတွေblog တွေနဲ့လူတိုင်း အလွယ်တကူတင်လို့ရတဲ့အင်တာနက်
    ပေါ်မှာဘဲကိုယ့်အိပ်ခန်းထဲကမထွက် တင်ချင်သလိုတင်နေတဲ့ဟာကိုကြီးကြီးကျယ်ကျယ်
    နိုင်ငံရေးလုပ်တယ်လို့မပြောပါနဲ့၊ ခင်ဗျားတို့လူတစ်စုဟာပြည်တွင်းမှာရှိတဲ့ပြည်သူတွေရဲ့
    အနစ်နာခံမှုခြေဖျားတောင်မမှီပါဘူး၊
    ဒါကြောင့်အကျိုးမရှိတဲ့post တွေကိုနောက်ထပ်မတင်ပါနဲ့၊ အချိန်ကုန်တယ်။

  • ကြောင်ကြီး

    December 19, 2011 at 9:48 am

    ဒါလည်း တုပ်ပုတ်ပုတ်ဟဲ….
    ဗိုလ်ချုပ်အောင်ဆန်းလည်း စစ်ထွက်မိန့်ခွန်းမှာ စစ်သားတွေကို ငတ်မယ်ပြတ်မယ် သေမယ် ဒုက္ခဆင်းရဲနဲ့ ရင်ဆိုင်ရမယ်လို့ အားပေးစကား ပြောခဲ့ဖူးတယ်။ ဘယ်လို သားအဖတွေလည်း သိဘူးနော်…။ 🙄

  • မိုးချမ်းမြေ့

    December 19, 2011 at 9:54 am

    နိုင်ငံရေးလုပ်လို့ထမင်းငတ်တာကြောက်နေတာပါ…။ တကယ့်..နိုင့်ငံ့အရေးကို.. အားသွန်ခွန်စိုက်လုပ်တဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ကျတော့…အမေဆီမှာလမ်းစရိတ်မရှိလို့ပိုက်ဆံတောင်းတာ…။ မရလည်း…မငြီးဘူး..။ ကုန်းကြောင်း(ခြေကျင်)လျောက်တယ်ဆိုပဲဗျ…။
    အတူတူပဲ…။ ဘာသာရေးလုပ်တဲ့သူကျတော့…အမြတ်မကျန်ရင်(တရားမဟုတ်ပါ)ဘာမှမလုပ်ချင်ကြဘူး..။ တရားဟောတာတောင်…ပိုက်ဆံရမှ…တဲ့..။ မပြောလိုပါဘူး..။ ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့…။ တကယ့် ဘာသာ့အရေးလုပ်တဲ့သူတွေကျတော့…ငတ်ငတ်ပြတ်ပြတ်လုပ်ကျတာပဲ..။ ဘာအရေးပဲဖြစ်ဖြစ်ဗျာ…။ အမှန်ဆိုတာက…ဘယ်သူမှလွယ်ကူစွာရတတ်တဲ့အရာမှမဟုတ်တာ..။ ကိုယ်ဘာတွေမှားနေသလဲဆိုတာကသာ..တရားဗျ…။ ဒါမှ..ရှောင်နိုင်တာ..။ ရှောင်မှလည်း..အမှန်ဆိုတာက.. Auto..ရောက်လာရမှာ..။ အခုဟာက.. အမှန်ချည်းပဲလိုက်ပြောနေတယ်လို့…ထင်တယ်..။ ကိုယ့်ဘက်ကိုလည်း..သေနတ်ပြောင်းလှည့်ကြပါအုံးလားဗျာ..။ တရားဆိုတာ ကိုယ်မှာရှာရမှာတဲ့…။ သူများအမှားမြင်တတ်တာကတော့… သိပ်မထူးဆန်းဘူး…။ သတိထားပါ…။ အားလုံးသော..ရွာသားအပေါင်းတို့လည်း…. ကျမ်းမာချမ်းသာစေဖို့အတွက်…Post.. မတင်ခင်.. Comment..မဝင်ခင်မှာ…ကိုယ့်သေနတ်ပြောင်းကို… ကိုယ့်ဘက်လှည့်ပြီး.. လိုက်စစ်ပါ…။ မကောင်းတဲ့.. ကိလေသာရန်သူကိုတွေ့ရလို့..သုတ်သင်ပြီးပြီဆိုတော့… လွတ်လပ်ခွင့်ကို..အသုံးချကြပါ…။ ဒါမှလည်း..တစ်ရွာလုံးကောင်းစားကြမှာပါ…။

  • mozillamedia

    December 19, 2011 at 10:09 am

    အသိုင်းအဝိုင်းနဲ့ သဟဇာတ ဖြစ်အောင် မနေသူဟု မှတ်ချက် ပြုပါသည်။
    ကိုယ့် အားနည်းချက် တစ်ခုကြောင် အဆင်မပြေ မူကို တစ်ပါးသူအား
    လွှဲချ တတ်သူလည်း ဖြစ်သည်။

  • မောင်သန်းထွဋ် ဦး

    December 19, 2011 at 12:49 pm

    ကိုဘုန်းကျော်ရေ မိမိယုံကြည်ချက်ကြောင့် ငတ်တယ်မငတ်ဘူး၊သေတယ်မသေဘူး၊ဖြစ်နိုင်တယ်ပေါ့။ဒါပေမယ့် အမေစုဟာ နိုင်ငံမှာရှိနေတဲ့
    နောက်ဆုံးပြယုဂ်တွေထဲကတစ်ခုပါဘဲ။သူ ့နောက်မှာ ကိုမင်းကိုနိုင်တို ့ကိုကိုကြီးတို ့ကိုဌေးကြွယ်တို ့အစရှိသဖြင့်ရှိနေကြသေးတယ်။ဒါတွေ
    က အကျဉ်းကျခံနေရတာ ဒုက္ခလို ့တွေးနိုင်ပေမယ့် အားလုံးသောနိုင်ငံသားတွေအတွက်သူ တို ့ပေးဆပ်နေတာပါ။အရှုံးမဟုတ်ဘူး။အမြတ်တွေ
    ချည်းပါဘဲ။
    ကိုဘုန်းကျော်ရေ အကို ့ကိုတစ်ခုပြောပြလိုက်ပါမယ်။ကျွန်တော့်အဖေက ၁၉၈၉-၉ဝ မှာ သံတွဲခရိုင်လူ ့ဘောင်သစ်ပါတီမှာ ပါတီနာယကဖြစ်ပါတယ်။နောက်ပါတီရဲ ့ပြည်နယ် ဥက္ကဠဖြစ်ပါတယ်။အကို ့မှာလွတ်လပ်စွာပြောဆိုခွင့်ရှိပါတယ်။ဒါပေမယ့် ပါတီရဲ ့အရှက်ရစေမယ့် စကားမျိုးတော့မပြောစေချင်ပါဘူး။

  • teekaunglay

    December 19, 2011 at 1:33 pm

    စိတ်တော့ မကောင်းပါဘူး……… အလွန်တရာမှ သေးသိမ်ပြီး ညံ့ဖျင်းတဲ့ အတွေးခေါ်တွေ ထင်ဟတ်နေတဲ့ စာတစ်ပုဒ်ကို မန္တလေးဂေဇက်မှာ ဖတ်လိုက်ရလို့ပါ။ တိုင်းပြည်အတွက် အနစ်နာခံပြီး ထောင်ထဲမှ အကျဉ်းချခံနေသူတွေကိုပါ စော်ကားလိုက်သလိုဖြစ်နေပါတယ်။ လူတိုင်းလွတ်လပ်စွာတွေးခေါ်နိုင်တဲ့ အခွင့်အရေးရှိပါတယ်။…. ကိုဘုန်းကျော်အနေဖြင့် လူဟောင်းတွေဆိုတဲ့ စကားကို သုံးသွားတယ်နော်….. မျိုးဆက်သစ်တွေ ထက်မြက်ဖို့ တိုးတက်ဖို့အတွက်… လက်ရှိမျိုးဆက် (ဟောင်းဆိုရင်လည်း ဟောင်းပေါ့) တွေမှာ တာဝန်ရှိပါတယ်… ရှင်းရှင်းပြောရင် ခင်ဗျားတို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ အကြံပြုလိုတာကတော့ စာတပုဒ်ရေးရင် သေချာတွေးခေါ်ပြီးမှ ရေးပါ ပြီးတော့ စာများများဖတ်ပေးပါ….
    ညီအကိုရင်းတယောက်လို စေတနာထားပြီး ပြန်လည်ရေးသားလိုက်ပါတယ်။

  • ba gyi

    December 19, 2011 at 1:56 pm

    ကိုဘီလူးကြီးရဲ့ နိုင်ငံရေးခံယူချက်ကို အလွန်သဘောကျပါသည်။
    ပုဂ္ဂိုလ်ကိုးကွယ်သောနိုင်ငံရေးမှ ခွဲထွက်သင့်ကြပါပြီ၊
    ဒီမိုကရေစီစံနစ်တွင် – တိုင်းပြည်၊လူမျိုးအကျိုးပြုသောအဖွဲ့အစည်းစိတ်ဓါတ်နှင့်လုပ်ရပ်ကိုသာအဓိကထားသင့်ပါသည်။
    ထိုစိတ်ဓါတ် စံ ဖြင့် ကိုယ်ကျိုးစွန့်၊ရဲဝံ့သော၊ တိုင်းပြည် အတွက် ပြည်သူအတွက် စံဖြစ်သော ပုဂ္ဂိုလ်များကို
    သာရွေးချယ်သင့်ပါသည်။
    မူရော၊လူရော၊လုပ်ရပ်ရော တစ်ပြိုင်နက်ထည်းအရေးပါလာပါသည်။
    လေးစားစွာဖြင့်–။

  • cobra

    December 19, 2011 at 2:50 pm

    စနစ်ကိုအားပေးမှာလား
    လူကိုအားပေးမှာလား
    ဘယ်ဟာကိုအားပေးမှာလဲ
    နိုင်ငံအတွက်တကယ်ကောင်းမယ်
    ပြည်သူတွေအတွက်ကောင်းမယ်ဆိုရင်တော့
    ခင်ဗျားပါရွေးကောက်ပွဲဝင်လိုက်လေ
    တကယ်လုပ်နိုင်မယ်ဆိုမဲပေးမယ်
    ဖြစ်လား………။

  • etone

    December 19, 2011 at 3:29 pm

    နည်းနည်းတော့ ရင့်နေပြီ ကိုယ့်လူရေ … ။
    ဘာသားနဲ့ ထုထားတဲ့ လူမှန်းတော့မသိပေမယ့် … ။ စကားပြောရင် ဝါးလုံးရှည်နဲ့ ရမ်းတဲ့ အကျင့်ကိုတော့ ပြင်ဖို့ကောင်းနေပြီ ။
    ကိုယ့်ဘာသာကိုယ် အားမပေးလဲ ထိုင်ရာကမထ လက်သီးပုန်းပြမနေနဲ့ …. အိပ်နေတာကမှ အကျိုးရှိဦးမယ် … ။ ရှင်မထောက်ခံလို့လည်း … ဘာမှ မဖြစ်ဘူး … ။
    စိတ်ကောင်းကောင်းထား .. အသက်မှန်မှန်ရှု… ။ ကိုယ်တိုင်က……စာရေးပြီး………….. စာရေးဆရာတွေ လက်ကြောမတင်းဘူး ဆိုပြီး လက်သီးလက်မောင်းတန်းထားတာ.. အခုတော့လည်း အတိတ်မေ့သလိုလို … အရူးကွက်နင်းပြီးရေးနေတုန်းပါလား … ။ 😀

  • lionking

    December 19, 2011 at 4:01 pm

    ဒေါ်စုကြည်က သူ့ကိုထောက်ခံအားပေးရင် ထမင်းကို ဝနေအောင်ကျွေးပါမယ်လို့ စာချုပ်ချုပ်ထားလို့လား။

  • nayminn

    December 19, 2011 at 4:31 pm

    ကိုဘုန်းကျော်…မမန်း မန်းအောင်ဆွ ပြီးတော့… ဘယ်ကောက်ရိုးပုံထဲ ပုန်းနေလဲ..။ ထွက်ခဲ့လေ။

  • phone_kyaw

    December 19, 2011 at 5:23 pm

    ကွန်းမန် ့တွေအတွက် ကျေးဇူးတင်တယ်။ များများပြော များများဆွေးနွေးတာကို သဘောကြတယ်။ မှန်တာမှားတာကတော့ အချိန်က အဖြေပေးပါလိမ့်မယ်။ အဓိက ကိုယ့်အမြင်ကို ပြောတာပါ။ သူငယ်ချင်းတို ့ကွန်းမန် ့တွေကိုလည်း အရမ်းသဘောကြတယ်။ ပွင့်လင်းလို ့ပါ။

  • ကိုဘုန်းကျော်ရေ အကို ့ကတော့နိုင်ငံရေးသမားလိုလို၊ဘာလိုလိုနဲ ့လောလောဆယ်တော့
    ကိုဘီလူးကြီးစားသေချာနားဝင်ထပ်ခါတလဲလဲဆက်ဖတ်ပါဦးနော်။သနားလိုက်တာဗျာ။

  • volcano101

    December 19, 2011 at 7:09 pm

    အဲ့ကောင်phone kyaw ဆိုတဲ့ကောင်က post တွေလျောက်ရေး ပြီးရင် ကွန့်မန့်တွေများများ တက်လာတာကြည့်ပီး ဖီးတက် နေတာ ဒီကောင့်အုန်းနောက်က ပြည့်မှမပြည့်တာ

  • zaw min

    December 19, 2011 at 8:38 pm

    မောင်ဘုန်းကျော်ရဲ့ ပို့စ်တွေထက် မောင်ဘုန်းကျော်ရဲ့ ဘဝအကြောင်းအရာလေးတွေကို ပိုပြီးစိတ်ဝင်စားပါတယ်၊အင်းစိန်မှာမွေး ၊မင်္ဂလာဒုံစစ်တပ်ထဲမှာကြီးပြင်း၊အဖေကတပ်ကြပ်ကြီး အသက်(၂၀)ဝန်းကျင်မှာတောခို၊ဘာကြောင့်တောခိုခဲ့ရတယ်၊စစ်တပ်ထဲမှာနေပြီး အဖေရှာကျွေးတဲ့ ထမင်းဝဝကို မစားပဲ၊ဒေါ်စုကိုထောက်ခံလိုက်လို့ ထမင်းငတ်ပြီး တောထဲကိုထွတ်ပြေး ….
    လူုဘောင်သစ်မှာလည်း ဘယ်လိုနေရာမှာ တာဝန်ထမ်းဆောင်တယ်၊ဘာကြောင့်ထမ်းဆောင်ရတယ်…(ဥပမာ ထမင်းငတ်မှာစိုးလို့)…
    ထို့နောက် တတိယနိုင်ငံထွက်ခွါရတယ်…ဘာကြောင့်ထွက်ခွါရတယ်…ဘယ်လိုအကြောင်းပြချက်များကြောင့် ထွက်ခွါဖြစ်တယ်..(ဥပမာ…ထမင်းဝဝ ပိုစားချင်လို့)…ယခုအခါ မထောက်ခံနိုင်တော့ပါ….အဘယ်ကြောင့်ဆိုသော…ထမင်းဝဝ စားနေရလို့ထင်ပါတယ်။

  • ဖီးကျူ

    December 19, 2011 at 9:19 pm

    ကွန် မန် ့တွေကိုတော့ သဘောကျတယ်ဗျာ
    အားလုံးက နိုင်ငံချစ်စိတ်နဲ ့ ပြောနေကြတာပါပဲ ။
    ပိုစ့်တင်တဲ့ ဘုန်းကျော်ဆိုတာလည်း
    နိုင်ငံရေးခိုလူံခွင့်နဲ ့ နိုင်ငံရေးလုပ်နေတဲ့
    ကျောင်းသား ၊အလုပ်သမားတယောက်ဆိုတာသိရပါတယ်။
    ဩစီမှာ ဆန္ဒပြလို ့ သူဟောတဲ့တရားပွဲလူတွေမလာရင်
    လာတဲ့လူတွေကို ( အမျိုးသမီး၊သူ့ထက်အသက်ကြီးတဲ့သူတွေကို) မအေနှမကိုင်ပြီး စက်ကြီးနဲ ့ ဆဲတာတဲ့ဗျ။( သူ ့ဘလော့မှာ ရေးထားတာ)
    သူကဆဲပြီး နိုင်ငံရေးလုပ်နေတာ။ ဆဲနည်းကိုတော့
    သူ ့အဖေစစ်တပ်ကပဲ သင်ပေးလိုက်သလား ။
    လူ ့ဘောင်သစ်ပါတီကပဲ သင်ပေးလိုက်သလား ။
    မွေးရာပါ ပညာလားဆိုတာတော့
    ကိုဘုန်းကျော်ကို အင်တာဗျူးပြီးမေးကြည့်ကြပါတော့။

  • volcano101

    December 20, 2011 at 1:17 am

    ဖုန်းကျော်..ကိုနောက်ကနေပြန် ခေါကြည့်ရင် ဖာ???တဲ့ အဲ့လောက်ပဲအဆင့်ရှိတာ ပြောမနေနဲ့ ကြောက်လို့ထွက်ပြေးပြီး ကြောင်တောင်တောင်နဲ့ ကြမ်းချင်နေတာ ကြာကူလီလို့ခေါပြန်ရင်လည်း ကြောင်တယ်လို့ပြန်ပြောအုံးမယ် ကြပိုးကြီး…..

  • kai

    December 20, 2011 at 2:06 am

    12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။
    – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် အခွင့်မရှိ….

  • zay

    December 20, 2011 at 7:25 am

    အချောင်သမား ငဘုန်းကျော် အော်စီမှာနေတယ်ဆိုပြီး ဖင်ကောင်းစွတ်ကျယ်မနေနဲ. ကျွန်တော်လဲ နိုုင်ငံခြားမှာနေတာဘဲ နိုင်ငံခြားမှာ နိုင်ငံရေးလုပ်တဲ့အဖွဲ.အစည်းအချို.ဟာ နိုင်ငံရေးကိုဘန်းပြပြီး စည်းပွါးရေးလုပ်နေတဲ့အချောင်သမားများပါတယ် ခင်ဗျားကိုယ်တိုင်သိပါတယ် ကားကိုထည်လည်းစည်း ညတိုင်းnight club တက် ဒုတ်ခသည်အဖြစ်လျှောက်သူတွေဆီက ပိုက်ဆံတောင်းပြီး မသထာစာလိမ်စားနေတဲ့သူများပါတယ် မသိရင်တော့တကယ့်မျိုးချစ်နိုုင်ငံရေးသမားတွေလိုပါဘဲ ….

Leave a Reply