နင်နဲ့ငါ

ကမ္ဘာတစ်ရာလောက် ဝေးနေပြီ

နင်ပြောပြောနေတဲ့ ပန်းသီးကို

တစ်ဖဲ့နှစ်ဖဲ့ ကိုက်စားရုံနဲ့ ပြီးမလား

ဆိတ်ငြိမ်ရာ တောအုပ်ကိုကျွမ်းကျင်ရုံနဲ့

လှောင်ရယ်လိုတဲ့ အကျင့်ကိုဖျောက်ပါ

ငါပြောပြောနေတဲ့ ကမ်းနဖူးလေးကို

ရောက်ဖူးစေချင်တာလည်း သဘောမပေါက်ဘူး

တကယ့်စာခြောက်ရုပ်ကလေးအတိုင်း

လည်လိုက်တာ ….

ရောင်စုံခြယ်တောအုပ်လေးတစ်ခု

တိတ်ဆိတ်နေတာဟာ

နင့်ကိုငါ ဖွက်ထားတဲ့ အိပ်မက်လေးပါ

အခြားလူတွေ စကားတတ်တိုင်း ငါ့ကိုမုန်းနေရင်

နင့်ပါးကလေးကို ပြန်မပေးလိုက်ပါဘူး

ခြေဖျားကအစ စိတ်အဆုံး

(သိပ်ပံ)နည်းကျတည်ဆောက်နေကြတဲ့ခေတ်မှာ

သွေးရိုးသားရိုးလွမ်းရမှာတောင်

ဂုဏ်ငယ်သလိုပေါ့ ………။         ။

 

သိပ်ပံ ဆိုတဲ့စာလုံးကို ရိုက်လို့မရလို့ဗျာ….

 

About comegyi

comegyi comegyi has written 25 post in this Website..

art