ဆောင်းည

naywoon niDecember 18, 20111min1297

ဆောင်းည
တိတ်ဆိတ်တဲ့ညမှာ
အတွေးတွေ….အတွေးတွေ
ပြန့်ကျဲနေလိုက်တာကလည်း
ကောင်းကင်ပေါ်က ကြယ်တွေနဲ့အပြိုင်
မြေပြင်ပေါ်မှာ ဖြန့်ချထားမိလေတော့
အသံမသိတဲ့ငနုံတစ်ယောက်
စန္ဒယားခလုပ်တွေ လျှောက်နှိပ်နေသလိုပါပဲ……
ငါ့ဦးနှောက်ထဲမှာ သံကြောင်တွေပဲဆူညံနေပေါ့…..။
ဆောင်းည………….
ရှည်လျားလှတော့လည်း
အိပ်မက်တွေ များရတာပေါ့………..။
တစ်ကယ်လည်းမဟုတ်ပဲနဲ့
ရင်ထိတ်သည်းတုန် ကြုံရတာတွေ
အိပ်မက်နဲ့ပဲ
ပျော်ခဲ့ရ…. စိတ်ညစ်ခဲ့ရ
တော်ခဲ့ရ…..ညံ့ခဲ့ရ
လောဘတွေတက်ရ……ဒေါသတွေထွက်ရ
ရယ်ခဲ့ရ…….ငိုချလိုက်ရ နဲ့
မနက်မိုးလင်းလို့
ရောင်နီလည်း ထွက်ပေါ်လာရော
ဘယ်ထွက်ပြေးကုန်တယ်သိ
အိပ်မက်ေတွေပြောပါတယ်….။
အိပ်ယာဘေးက
ဆေးလိပ်တို ဖွာရှိုက်ရင်း
ပြန်တွေးကြည့်လိုက်မိတော့
ငါ့ဘဝ ……………
မနေ့ကအတိုင်း
ဘာမှ မပြောင်းလဲခဲ့ပါလားကွယ်………။

နေဝန်းနီ

7 comments

  • windtalker

    December 18, 2011 at 8:03 pm

    ကောင်းလိုက်တဲ့ ရိုက်ချက်
    အိပ်မက်တစ်ခု နဲ ့ရသစုံ…
    ဘဝခုံပေါ်
    မောင်ပျော်ရွှင်
    ကြောင်အော်လျှင်
    ရောင်နီကို တားဆီး
    နောက်အိပ်မက် များစွာအတွက်

  • TTNU

    December 18, 2011 at 8:38 pm

    (အိပ်ယာဘေးက
    ဆေးလိပ်တို ဖွာရှိုက်ရင်း
    ပြန်တွေးကြည့်လိုက်မိတော့
    ငါ့ဘဝ ……………
    မနေ့ကအတိုင်း
    ဘာမှ မပြောင်းလဲခဲ့ပါလားကွယ်………။ )

    မပြောင်းလဲတာ ခေါင်းခဲနေပါသလား
    မြောင်းထဲကို ဆေးလိပ်တိုတွေလွှင့်ပစ်
    ချောင်းဆိုးရင် လျက်ဆားအသင့်ဆောင်ထားပါလေ
    မောင်နေဝန်းလေးရေ… 🙂

    (မောင်ရင့် ကဗျာနားမလည်ဘူးလို့ ထင်မှာစိုး၍ ဝင်မန်းသည်။)

  • aye.kk

    December 18, 2011 at 8:52 pm

    ပုတ်သင်ညိုဆိုရင်အရောင်ပြောင်းမှာပေါ့နော်..
    ဪဆောင်းညရဲ ့ဆောင်းညတွေများစွာမှာ..ဆေးလိပ်တိုတွေပေါင်းများစွာနဲ ့နေမှာဘဲနော်..။

  • comegyi

    December 18, 2011 at 9:09 pm

    ဆောင်းညမှာ
    အိပ်မက်တွေနဲ့
    အမဲလိုက်ရင်း
    ဗိုလ်နီ
    ပင်ပန်းခဲ့
    ထင်ပါ့…..

  • unclegyi1974

    December 18, 2011 at 10:38 pm

    ဆောင်းညမှာအိမ်မက်တွေရှည်ပေမဲ့
    စောင်ခြုံကာကွေးလို့ကောင်းလှတယ်
    ဆောင်းကုန်မှာစိုးလှသလေး

  • ကြောင်ကြီး

    December 19, 2011 at 11:01 am

    ဆောင်းညမှာ
    ပေါင်းကြသာ
    ချောင်းမရပါ 🙁
    မောင်းအချမှာ
    ထောင်းပြတာ
    ကောင်းလှသဗျာ 😀

Leave a Reply