မြို့ပြရဲ့ ညနေညိုဆို
မြို့ကလေးကိုလွမ်းတယ်
ဟိုအရေးဒီရေး
အရေးပေါင်းများစွာထဲက
ညီမလေးမုန်းသွားမှာစိုးတယ်ဆိုတဲ့ အရေး
စိတ်ကိုတစ္ဆေခြောက်တယ်
မနေ့က အလိုမကျတဲ့စိတ်နဲ့
ဒီနေ့ပလက်ဖေါင်းပေါ် ဖြတ်လျှေက်မိပြန်တယ်
အဆင်ပြေတယ်ဆိုရုံလေးပါ
ဘ၀ရပ်တည်မူဟာာကဗျာ မဆန်ခဲ့ ပါဘူး
တဖက်သားကို လက်ညိုးထိုးတတ်သူတွေရဲ့
အဓမ္မတရားကိုလည်းစိတ်မပါဘဲနာခဲ့ရ
တင်းတိတ်ကို လေဆာနဲ့ ဖျက်မယ်
ဒီအမာရွတ်ကြောင့်စိတ်ပျက်တယ်ဆိုတဲ့
အလှပဓါန၀ါဒီတွေကို အော်ဂလီဆန်ခဲ့ရတယ်။
အရေးကြီးတာငွေပဲ
ဒီခောတ်မှာဒီဓါတ်ပြားကအပ်ကြောင်းထပ်နေတယ်
ဒီအလွှာမြင့်တယ်ဆိုပေမယ့်ဒို့ကဒါပဲတတ်နိုင်တာကိုး
ဟိုတနေ့က
ဂုဏ်ကြီးရှင်တယောက်အိမ်မှာ
ပိုးစိုးပက်စက်အဆူခံရတဲ့အိမ်ဖေါ်မလေးရဲ့မျက်ရည်
မြို့ကလေးကိုပြန်ချင်တဲ့ အလွမ်းသီချင်းပါ
ကားတွေ ပြည့်ကျပ်
မှတ်တိုင်နားမှာပုတီးစိတ်ရင်း
မွန်းကြပ်တဲ့မြို့ပြညနေညိုမှာ
ကျွှန်တော်မြို့ကလေးကိုလွမ်းမိပါတယ်။

About htet way

has written 133 post in this Website..