အလွမ်း

htet wayDecember 18, 20111min6510

မြို့ပြရဲ့ ညနေညိုဆို
မြို့ကလေးကိုလွမ်းတယ်
ဟိုအရေးဒီရေး
အရေးပေါင်းများစွာထဲက
ညီမလေးမုန်းသွားမှာစိုးတယ်ဆိုတဲ့ အရေး
စိတ်ကိုတစ္ဆေခြောက်တယ်
မနေ့က အလိုမကျတဲ့စိတ်နဲ့
ဒီနေ့ပလက်ဖေါင်းပေါ် ဖြတ်လျှေက်မိပြန်တယ်
အဆင်ပြေတယ်ဆိုရုံလေးပါ
ဘဝရပ်တည်မူဟာာကဗျာ မဆန်ခဲ့ ပါဘူး
တဖက်သားကို လက်ညိုးထိုးတတ်သူတွေရဲ့
အဓမ္မတရားကိုလည်းစိတ်မပါဘဲနာခဲ့ရ
တင်းတိတ်ကို လေဆာနဲ့ ဖျက်မယ်
ဒီအမာရွတ်ကြောင့်စိတ်ပျက်တယ်ဆိုတဲ့
အလှပဓါနဝါဒီတွေကို အော်ဂလီဆန်ခဲ့ရတယ်။
အရေးကြီးတာငွေပဲ
ဒီခောတ်မှာဒီဓါတ်ပြားကအပ်ကြောင်းထပ်နေတယ်
ဒီအလွှာမြင့်တယ်ဆိုပေမယ့်ဒို့ကဒါပဲတတ်နိုင်တာကိုး
ဟိုတနေ့က
ဂုဏ်ကြီးရှင်တယောက်အိမ်မှာ
ပိုးစိုးပက်စက်အဆူခံရတဲ့အိမ်ဖေါ်မလေးရဲ့မျက်ရည်
မြို့ကလေးကိုပြန်ချင်တဲ့ အလွမ်းသီချင်းပါ
ကားတွေ ပြည့်ကျပ်
မှတ်တိုင်နားမှာပုတီးစိတ်ရင်း
မွန်းကြပ်တဲ့မြို့ပြညနေညိုမှာ
ကျွှန်တော်မြို့ကလေးကိုလွမ်းမိပါတယ်။

10 comments

  • windtalker

    December 18, 2011 at 10:20 pm

    ဖတ်ရင်းနဲ ့
    ကျုပ် ပါ
    အလိုလို
    လွမ်းဖြစ်သွားတယ်

  • comegyi

    December 18, 2011 at 10:51 pm

    ကျွန်တော်တို့လည်း မြို့ကလေးကို လွမ်းတတ်ကြသူတွေ
    ပါပဲ။ ကျွန်တော်တို့နဲ့သက်ဆိုင်တဲ့ မြို့ကလေးကိုလွမ်းကြ . . .
    ကျွန်တော်တို့အိပ်မက်ထဲက မြို့ကလေးကိုလွမ်းကြ….
    ကျွန်တော်တို့ရဲ့ အနာဂတ်မြို့ကလေးကိုလွမ်းကြ..
    မြို့ကြီးပြကြီးဟာ မုန်တိုင်းထန်နေသရွေ့
    ကျွန်တော်တို့ဟာ နောက်ကွယ်က မြို့ကလေးကို
    လွမ်းနေကြရမယ် ကိုထက်ဝေးရေ့…….

  • aye.kk

    December 19, 2011 at 7:10 am

    အလွမ်းဆိုတာလေးက်ိုတင်စားရရင်ဖြင့်..
    အချိန်တန်ရင်တော့အိမ်ကချည်တိုင်လေးကိုပြန်တတ်ကြတာသဘာဝပါဘဲလေ..။

  • blackchaw

    December 19, 2011 at 9:03 am

    ကိုထက်ဝေးရေ။
    ထပ်တူခံစား သွားပါတယ်ဗျာ။

  • ဆူး

    December 19, 2011 at 10:07 am

    ဆူး တော့ မလွမ်းချင်ဘူး.. လွမ်းရတာ မကောင်းဘူး.. လွမ်းမဲ့ အစား အိပ်လိုက်တာမှ ကောင်းမယ် ထင်တယ်။ လွမ်းတာများပြီး အိပ်ရေးပျက်တာ များရင် မျက်တွင်းဟောက်ပက် ဖြစ်မှာ စိုးလို့.. ဟိဟိ..
    ကိုထက်ကြီးလည်း အလွမ်းတွေနဲ့ ကင်းဝေးပါစေ။

  • ကြောင်ကြီး

    December 19, 2011 at 12:04 pm

    လွမ်းချင်လွမ်း
    နမ်းချင်နမ်း
    ဖမ်းတဲ့အခါ
    လွတ်အောင်ပြေး
    စားစရာမရှိ
    လျော်စရာရှိ
    သေရေးထက်
    နေရေးခက်တာမို့…..။ 🙄

  • ကိုရင်စည်သူ

    December 20, 2011 at 11:42 am

    လွမ်းနေပြီလား
    ကိုရင်ထက်ဝေရေ…
    ခွဲတာတောင်သိပ်မကြာသေးဘူး…
    အလွမ်းဓါတ်ခံကောင်းတဲ့
    ကိုထက်ဝေကြီး… ရေးဦးဗျာ..
    ကိုရင်က အလွမ်းအကြောင်းပြောတာနဲ့တောင်
    စိတ်မခိုင်ဘူး…
    အားပေးတယ်… 😉 😉

  • blackchaw

    December 20, 2011 at 11:53 am

    ကိုထက်ဝေးရေ။
    အခုမှ သတိရလို့ စိတ်မကောင်းဖြစ်မိတယ်။
    ခင်ဗျား နားထောင်ချင်တဲ့
    စစ်ကိုင်းလမ်း သီချင်းလေးက ဟော်လို ဂစ်တာလေးနဲ့
    ညဘက်တွေဆိုမှ အရသာ ရှိတဲ့ သီချင်းလေးပါဗျာ။
    နောက် ကာရာအိုကေမှာ ကျွန်တော် စစ်ကိုင်းလမ်း ကို
    တစ်ခါမှ မဆိုဘူးလို့ပါဗျာ။
    ကဲ.. နောက်တစ်ပွဲလုပ်ဖြစ်ရင် လာဖြစ်အောင်လာဗျာ။
    ခင်ဗျားသွားချင်နေတဲ့ စစ်ကိုင်းလမ်း ကို ရောက်အောင်ပို့ပေးမယ်ဗျာ။
    ကျွန်တော် ကတိပေးပါတယ်။

  • manawphyulay

    December 20, 2011 at 12:19 pm

    ဘယ်ပဲရောက်ရောက်
    ကိုယ့်မြို့လေးနဲ့တော့ မယှဉ်နိုင်ပါဘူးလေ…

  • နွယ်ပင်

    December 20, 2011 at 1:54 pm

    အလွမ်းတွေကို ထပ်တူခံစားပေးသွားပါတယ် ကိုထက်ဝေးရေ………….

Leave a Reply