ပြည်တွင်းထုတ် ဓမ္မပက်ဒ် Tablet ကွန်ပျူတာ ဈေးကွက်ဝင်တော့မည်

klnMay 27, 20101min660

ဘုန်းတော်ကြီးများနှင့် တရားဓမ္မလေ့လာလိုက်စားသူများ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ e-တရားသင်ပုန်း (DHAMMA PAD) အမည်ရှိ Tablet ကွန်ပျူတာတစ်မျိုးကို မန္တလေးအခြေစိုက် အယ်လ်ဖာကုမ္ပဏီက ထုတ်လုပ်ရောင်းချရန် စီစဉ်လျက်ရှိကြောင်း ထိုကုမ္ပဏီအုပ်ချုုပ်မှုဒါရိုက်တာ ဦးရဲမြတ်သူက ပြောကြားသည်။ ထို Tablet ကွန်ပျူတာတွင် ကုမ္ပဏီမှ ယခင်က ထုတ်လုပ်ခဲ့သော အိတ်ဆောင်ပိဋကစက်တွင် ပါဝင်သော ဒေတာအချက်အလက်များ အားလုံးပါဝင်မည့်အပြင် စာအုပ် Scan များနှင့် ပီဒီအက်ဖ်ဖိုင်များကိုပါ ဖတ်ရှုနိုင်စေမည်ဖြစ်သည်။ “ ဓမ္မပက် (DHAMMA PAD) ဆိုတာကို ပြောရရင် အိုင်ပေါ့ဒ်တပ်ချ်ခေတ်က အိတ်ဆောင် တိပိဋက ထုတ်ရာကနေ အိုင်ပက်ဒ်ခေတ်မှာ အကြီးထုတ်တာပါပဲ။ စာအုပ်တွေ၊ Scanတွေ၊ ပီဒီအက်ဖ်တွေကိုပါ ဖတ်လို့ရတဲ့ မိုဘိုင်းအင်တာနက် Device ရတဲ့ Tablet ဖြစ်သွားတယ် ” ဟု ဦးရဲမြတ်သူက ဆက်ပြောသည်။ ထို Tablet ကွန်ပျူတာကို ပြည်ပမှ မှာယူဖြန့်ချိခြင်းမဟုတ်ဘဲ ကိုယ်တိုင်တပ်ဆင် ထုတ်လုုပ်မည် ဖြစ်သဖြင့် လက်ရှိတွင် ဟာ့ဒ်ဝဲတပ်ဆင်ရန် Device နမူနာများကို စမ်းသပ်ခြင်း၊ အသုံးပြုနိုင်ရန် ဆော့ဖ်ဝဲ ပြန်လည်ရေးဆွဲနေခြင်း စသည့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအဆင့်တွေသာ ရှိနေသေးကြောင်း၊ အပြီးသတ်ပြီးမှသာ ဈေးကွက်တင်ရောင်းချမည် ဖြစ်ကြောင်းဆိုသည်။ ထို e-တရားသင်ပုန်းကို ဈေနှုန်းကြီးမြင့်သည့် အိုင်ပက်ဒ်ကဲ့သို့သော ဒီဂျစ်တယ် Device မျိုးဖြင့် ထုတ်လုပ်မည် မဟုတ်ဘဲ ဈေးနှုန်းသက်သာသည့် Device မျိုးဖြင့်သာ ထုတ်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ “ အိုင်ပက်ဒ်က အနိမ့်ဆုံးတောင် ကျပ်ခြောက်သိ်န်းကျော်ဆိုတော့ ဈေးကြီးတယ်။ အခုဟာက ဘုန်းကြီးတွေ အဆင်ပြေနိုင်လောက်မယ့်ဈေးဖြစ်တဲ့ ကျပ်သုံးသိန်းလောက်နဲ့ ရောင်းချနိုင်အောင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ” ဟု ၎င်းကပြောသည်။ အဆိုပါ Tablet ကွန်ပျူတာသည် ဒီဂျစ်တယ်တိပိဋက အသုံးပြုနိုင်ရုံသာမက ရုပ်ရှင်ဖိုင်များကို ကြည့်ရှုနိုင်ခြင်း၊ ဒီဂျစ်တယ်ဓါတ်ပုံအယ်လ်ဘမ်အဖြစ် အသုံးပြုနို်င်ခြင်း၊ ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက်အသုံးပြုနိုင်ခြင်း၊ Power Pointဖြင့် လုပ်ခြင်းနှင့် အီးမေးလ် အသုံးပြုနိုင်ခြင်းစသည့် လုုပ်ဆောင်ချက်များကိုုပါ သုံးစွဲနိုင်မည် ဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ၂ရရက်နေ့ထုတ် အင်တာနက် ဂျာနယ်တွင် ဖော်ပြထားပါသည်။