သို့ သဂျီး မှ ဂီဂီ

ムラカミDecember 19, 20111min26518

1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။ ((Copy/Paste Category)သည် ရှေ့မျက်နှာတွင်ပေါ်မည်မဟုတ်။) Tagထည့်ပါ။ Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ

 

copy/ paste ခေါင်းစီး အောက်ပဲထားပါ့မယ်… ရေးချင်ရာရေး … ဆဲချင်ရာဆဲလို့ရအောင်…..

Tag ကို ကောင်မလေးတွနဲ့ တက်ပါတဲ့… အဟတ်…

ကောင်မလေးတွေနဲ့ မတက်ထားတဲ့ ပိုစ့်တွေ အောတိုက်…..

မိုက်မဲသော ကျုပ်ကတော့ ကောင်မလေး(commaလေး) တွေနဲ့ တက်(tag)လုပ်ဖြစ်ဖြစ်နေတယ်ဗျာ….
2. Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။

 

ဒါတော့ လိုက်နာကြတယ်ထင်ပါတယ်….

ဘိုစာလုံး  Title  နှင့် ကိုတိုတိုရေးပါ ဆိုသည့် ကြားတွင်လည်း စပေ့ခြားသင့်ပါကြောင်း…

Space ဆိုသော စကားတွင်လည်း ထိုနည်းလည်းကောင်း….။

wordpress နှင့် ဗမာ ဖောင့် များ၏ အားနည်းချက်ကြောင့် .. စပေ့မခြား သည့်အခါ …

သဝေထိုး “ေ”  ရရစ် “ြ-” စသည်တို့ ကရော်ကမယ် ဖြစ်တတ်သည်ကို စားရေးသူတိုင်း

သိပါသည်။ ဆင်ခြင်ကြပါ။
3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။ စာလုံးပေါင်းစစ်ရန် 

 

 

ကိုယ့်ကို တည့်တည့်လာထိတာပဲ ။ ဟုတ်ကဲ့ ဆင်ခြင်ပါ့မယ်ခင်ဗျား။
4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။

 

 

ခေါ်ဖီ ဖေစ့် ဆိုတဲ့ ခတ်ထီဂိုရီ ကို ဒီလိထ် ပေးလိုက်လေ ..သဂျီးရဲ့ ..ခက်ထှာ…

သဂျီးက အလှူလုပ်သလို ပွိုင့်ပဲပေးနေတာကိုး ..

ဘောစကား ပြောရရင် ….အနီကတ် အဝါကတ် လေးလည်း ဆောင်ထားဦး ….

ဒဏ်လေးဘာလေးလည်း ရိုက်ကြည့်ဦး ….ဟွန့်

သိပ် သဘောကောင်းသူကြီးရဲ့ …
5. သတင်း၊စာမူတွင် မှီငြမ်းကိုးကားခြင်း၊ ဘာသာပြန်ခြင်းပါက မူလSourceနှင့် မူရင်းစာတပိုဒ်ကိုဖော်ပြရန်။

လိုက်နာကြတယ်ထင်ပါ့ ….. သဂျီးကိုယ်တော်တိုင်တောင် ဇာတ်လိုက်ဖြစ်လို့ဖြစ် …ဘာတဲ့ …

တပ်သားမောင်ခိုင်သည် နယူးယောက်မြို့တွင် ….ဘာညာသာဒကာ …ဆိုတာမျိုးတောင်ဖတ်ဖူးသေး …..

နာမည်ကျော် နိုင်ဂျံဂါး ဟာသတွေကို သဂျီး ဇာတ်လိုက်တင်ပီး ရေးသွားတာလေးတွေလေ…

ရီရတယ်နော် …အဟတ်…

 

6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။ 

ဘာအောက်မေ့လဲ ….လစ်ဘရယ် သဂျီးကွ …. တရုတ်ကို မီးဒုတ် ရှို့နေသူများ သတိထားကြဘာ…..

အလကား စတာပါဗျာ ….. တကယ်တော့ သည်စည်းကမ်းကြီးကိုက သိပ် မဟုတ်သေးတာ…

ရေးကြ ဇမ်းဘာ ..နဂါးကြီး ..မကောင်း …မကောင်းဝူး …သိမ်းငှက်ကြီး မကောင်း မကောင်းဝူးပေါ့…..

ဟို ထိပ်ပြောင်ကြီး မကောင်းလည်း မကောင်းဘူးပေါ့ …. ဘာဖစ်တုန်း …

 

7. ဘာသာရေးနှင့် သက်ဆိုင်သော စာများအား ပွိုင့်မပေးပါ။

ဉာဏ်မမီလို့ မဆွေးနွေးတော့ဘူးနော ….

8. ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ။ 

သည် စည်းကမ်းချက် ကို ထောက်ခံပါတယ်..

ပွိုင့်လိုချင်လို့ မဟုတ်ပါ … ပွိုင့် လည်း မလိုချင်ပါ….

စပြီး ချရေး ကတည်းက …အလှူ လို့ သဘောထားပြီးသားပါ…

ငွေ သား ထုတ်ယူနိုင်သည့် သတ်မှတ်ပွိုင့် ပြည့်ပါကလည်း ဂေဇက်ကို

ပြန်လှူဖို့ …ဆုံးဖြတ်ပြီးသားပါ …..

မယုံလျင် …ယခုမှစ၍ zero setting ပြန်ချထားလိုက်ပါ …ကျနော့်အလှူပါ…

9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။

လူမချရ ဆိုတဲ့စည်းကမ်း ထုတ်ခဲ့သပေါ့ ...ဘောလုံးမှာပြောပါတယ်..
အင်္ဂလန်က ဒိုင်လူကြီးတယောက် မီးပွိုင့်မိပြီ းအကြံကောင်းတချက်
လက်ကနဲ ဖြစ် ပြီး အနီကတ် အဝါကတ် မတီထွင် မဖြစ်မချင်း....
အဆိုပါ လူမချရဘူး စည်းကမ်းကို ..ဘယ်သူမှ ၆ဂရုသိပ်မစိုက်ဝူးရယ်...
(သည်လူရီး ဘာတွေ အတွေးချော်နေသည်မသိ ....တချို့ဆို ...သူ့တောင် စလိုက်ဝင်ဝင်ထိုးနေသေး ...)

 

10. မိမိတင်သည့်စာကို စာမူရှင်(တင်သူ)မှ တာဝန်ယူရမည်ဖြစ်ပြီး အယ်ဒီတာ၊ အဒ်မင်တို့မှ တာဝန်ယူလိမ့်မည်မဟုတ်ပါ။

– စာမူရှင်သည် မိမိစာအပေါ်ကော်မန့်ပေးသူများအား ဦးဆောင်ဆွေးနွေးသူဖြစ်ရမည်။

ရေးချင်ရာများကို အကြွေးဆပ်သလို တနင့်တပိုး …ပိုးဇိုးပက်စက် …ရေးပီး …

အိမ်သာမှ ထသလို လှည့်မကြည့်တတ်သော ဆြာ/ဆြာမလေးများ ဖတ်ပါနော်…..

တပ်မ၇ရရေ…. ကွန့်မန့် မဖတ်တဲ့ လူများအတွက် ပို့အနေနဲ့ကို ရေးလိုက်ပြီဗျာ ….

 

11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး

ဖျက်ပေးရန် ေတာင်းဆိုစေလိုသည်။

 

မတင်နဲ့ အလကားပြောတာ …. သဂျီးနှလုံးပြူးက မီးကူးတာမဟုတ်ဘူး …။

 

ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀ဝ နှုတ်ပါမည်။

ခက်ပြီ … အများစုက ပွိုင့် လိုချင်လို့ ရေးတာမဟုတ်ကြောင်းလည်းသိနေပီးသားကို အားနေ

ပွိုင့်နဲ့ လာလာ ခြိမ်းခြောက်နေတယ်. ….. ပယ်နယ်လ်တီ ကို သတ်မှတ်တဲ့အခါကျလည်း

ပွိုင့် ကို ဘေ့စ် ထားပြီး မစဉ်းစားစေချင်ဘူးဗျာ … ဥပမာဗျာ ..တခါဆဲ ၁၀ဝပွိုင့် လျော့မယ် ဆိုရင်…

ကျုပ်လို အာပေတူးကောင်တောင် ၁သောင်းဖိုးလောက် ပျော်ပျော်ကြီး ဆဲ သွားလို့ရနေတယ် …..

စာလေး ထပ်ရေးလိုက် …ပတ်ဆဲလိုက် ….အင်း ..ဟုတ်တော့ ဟုတ်နေပါပြီ……

 

 

– မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

– တောင်းပန်စာ၊ ကျေးဇူးတင်လွှာ ကြော်ငြာ တိုင်စာများ ကိုဖိုရမ်တွင် ရေးကြပါရန်။

သည်၂ချက်ကိုတော့ဖြင့် … သဘောတူညီပါကြောင်း…

တိုက်ပုံ နှင့် ခေါင်းပေါင်း ဝတ်ဆင်မထားသော်လည်း ….ထောက်ခံပါကြောင်း….ထောက်ခံပါကြောင်း…

12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်

အကျိုး …effect ပေါ့လေ. …

ခွဲပြောမယ်နော ..ကောင်းသောအကျိုး ဆိုးသောအကျိုး ….၂မျိုးရှိသဗျ….

ဖတ်ပြီး ကိုယ့်ကိုယ့်ကိုယ်ကောင်းအောင်လုပ်ချင်စိတ် ပေါ်လာတဲ့/မယ့် ကောင်းသောအကျိုးပြုတဲ့ ကစ်သို ပိုစ့်မျိုးတွေ ရှိသလို….

ဖတ်ပြီး ဒေါသထွက်ရ … စိတ်ပျက်ရ ကြေကွဲရ ….မခံမရပ်နိုင်ဖြစ်ရ …တဲ့  အချို့အချို့သော …ဆိုးသော အကျိုးကို ပြုတဲ့

ပိုစ့်တွေလည်း ရှိရဲ့…

 

 – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် အခွင့်မရှိ….

ဒါကလည်း ရေဘူယ ကျလွန်းနေပါသည်…

 

တည့်တည့်ပဲပြောတော့မယ် သဂျီးရေ ……ကျုပ်တို့တိုင်းပြည်ကို အဟွာပြုခဲ့တဲ့ လူကြီး ပြောသလို

“အယ်ချုပ် ဆိုတာ ..မိုးပေါ်ထောင် မမန့်ဘူး …တည့်တည့် မန့်မယ်ကွ”  လည်းမလုပ်နဲ့ …

သွားလေသူ သမ်မဒဂျီး ဒေါ့ခ်ထှာ ဂေါင်ဂေါင်လိုလည်း ….”နည်းနည်းလေးလောက်မှ မလျော့နိုင်တော့ဝူးလား”

လည်း လုပ်မနေနဲ့ ….

 

 

သည်မယ်..

ကျုပ်ကိုးကွယ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ဝကျော်လောက်က မွေးဖွားခဲ့တဲ့ .ဖလော်ဆော်ဖာ ကြီးက ပြောသွားတယ်ဗျ…

မျစ်ဇိမ ပဋိပဒါ တဲ့ ……

 

က.တောက် …!

နာ့ ဂီတာကို ဘယ်ကောင် ကြိုးလာလျှော့ သွားသလဲကွ …..!!!

 

ခင်တဲ့

Inz@ghi ….

 

 

 

 

 

18 comments

  • blackchaw

    December 19, 2011 at 9:44 am

    ညီငယ် အင်ဇာဂီ ၏
    သူကြီးနားထောင်ဘို့ ဆိုပြလိုက်တဲ့
    ရင်ဖွင့်ပြချင်တယ်
    သီချင်းလေးအား နားထောင်ပြီး
    ကျွန်တော်လည်း သီချင်းလေးညည်းမိသွားပါသည်။

    အပေါ်ယံချိုတာတွေ အများကြီးတွေ့တော့
    ဆုံးဖြတ်ရခက်လို့နေမယ်
    ငါဟာ အပေါက်ဆိုးလည်း
    နှလုံးသားလှအောင်နေတတ်ခဲ့
    ဒါတွေကိုလေ သူကြီးသိအောင်
    ငါ ရင် ဖွင့် ပြ လိုက် ချင် တယ်

    (မှတ်ချက် ဂျက်မြသောင်းသီချင်းသံစဉ်လေးနဲ့ ဖတ်ပါ)

  • inz@ghi

    December 19, 2011 at 9:45 am

    သဂျီးမေးလို့ ဂီ ဖြေတာနော….
    ရွှေစိတ်တော် မညို နဲ့ဦး …..

    ခွာလထီ ဖရောဒတ်တွေကို ပေါက်ပန်း၄ဝကြားက ရွေးရွေး စားနေရတော့ …
    မားကတ်တင်းသမား …စိတ်ပိန်တယ်ခည …..
    ဘတ်ထ်
    ကိုယ်ရေစစ်သွားပီ ဆိုရင်ဖြင့် ….လူမလာမှာ ပူစရာ မရှိသမို့ …
    အဲ့သည့်အခါ မားကတ်တင်း ပံ့ပိုးပါ့မယ်လို့ …..

    တော်သေးဘီ…
    😀

  • ဆူး

    December 19, 2011 at 10:05 am

    သဂျီးက စိတ်ဆိုးလို့ အခုလော်ဆို ဂိဂိ ပုံ တာကတ်ထားပြီး သားရေကွင်းနဲ့ လှိမ့်ပြစ်နေပြီ။ ဟိဟိ..
    မထင်နဲ့နော်.. သဂျီးက အဲလို စိတ်နှလုံး အဲလောက် မငယ်ဘူး.. သဂျီးမှာ ကြီးမားသော နှလုံးသား ရှိတဲ့ အတွက် ရွာသားတွေ ဘယ်လို ပြောပြော ပြုံးဖြီးဖြီး နဲ့ ခေါင်းကုတ်ပြီး ရီနေတယ်.. အဲလို နှလုံးသား ကြီးမားတာ..

  • htoosan

    December 19, 2011 at 10:13 am

    အမှိုက်ကြောင့် ပြဿင်္ မီးလောင်တော့ စရတော့မယ်။ 😀 😀
    သူကြီးလည်း လွှတ်တော် ခေါ်ပြီး ခေတ်နဲ့ မညီတော့တဲ့ ဥပဒေတွေ ပြင်သင့်ပြီ။
    ဥပမာ .. နံပါတ် ၄ အချက် ။

  • ကြောင်ကြီး

    December 19, 2011 at 10:32 am

    မောင်ဂီရေ
    ကြောင်အီသလို
    ယောင်မြည်မနေနဲ့
    တောင်ဆီနဲ့
    တွေ့သွားမယ်
    ဘာမှတ်နေသတုန်း
    ပစ်လိုက်ရင်
    ြှဗွတ်ကနဲ
    ထွက်တဲ့သဂျီး
    နှစ်လုံးပြူးကို…. 😮

  • nozomi

    December 19, 2011 at 10:33 am

    ကျွန်တော် သတိထားမိသလောက် အခုလို ဖြစ်နေတာ ဒီရွာရဲ့ ထူးခြားချက်ဖြစ်မယ်

    ပို့စ် ကောင်းလေ တွေ တင်လိုက် အားလုံးက အားရ ဝမ်းသားနဲ့ ဝိုင်းဝန်းဆွေးနွေးလိုက်
    နဲနဲလေး ကြားလာရင် ရွာဆူလာလိုက် ရွာသားတွေက ဝိုင်းထိန်းလိုက်တော့ ပြန်ငြိမ်သွားလိုက်

    အဲဒီပုံစံနဲ့ သွားနေတာ ကျွန်တော် ရွာထဲစရောက်ကတဲကပဲ ၊ ကိုပေါက်စကားငှားသုံးပြီး မတွေးစကောင်း တွေးစကောင်း တွေးကြည့်ရရင် ၊ ဒီလူဆိုးတွေကို သူကြီးကအရက်တိုက်ပြီးခေါ်ထားတာများလားလို့ 🙂

  • Moe Z

    December 19, 2011 at 11:02 am

    ((Tagထည့်ပါ။ Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ))
    နဲနဲထိသွားပြီ စောင်းပြောနေသလိုပဲ 😀
    တစ်ခါတစ်လေကျရင် တဂ်လုံးဝထည့်လို့မရဘူး
    connection မကောင်းရင်တက်ကိုမလာတာ 🙁

  • Zippo

    December 19, 2011 at 12:06 pm

    နံပါတ် 12 ရဲ့ အဓိက အချက် ..

    – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် အခွင့်မရှိ….

    မေ့ကျန်နေခဲ့ပါသလား .. ဒီအချက်က အရေးကြီးလို့ အနီရောင်အဆင့်သတ်မှတ်ထားပုံရတယ် ..

    • inz@ghi

      December 19, 2011 at 1:15 pm

      ပြင်လိုက်ပြီ ကျေးကျေးပါ

  • သူကြီးဘုရား ရွာသားကောင်းမူ့ဘဲဖြစ်မလား
    ရွှာသားအား သူကြီးမလွန်သာဘဲဖြစ်မလား
    သူကြီးရေ ရွာဆူအောင်လုပ်တာ သူကြီးအစီအမံတွေဘဲလားတော့ မသိဘူးနော်။

  • windtalker

    December 19, 2011 at 12:38 pm

    ဘားလမ်းကနေ ဓါးထမ်းပြီး စောင့်နေတုန်း မှာ
    တက္ကစီတစ်စီးပေါ်ကနေ မိန်းခေး လှလှလေး တစ်ယောက် ဆင်းလာသည် ကို တွေ ့မြင်လိုက်ရသည် ။
    အရပ်ကား ၅ပေ ၅လက်မ ခန် ့၊ ဆံပင်အဖြောင့်က ပခုံးကျော်ရုံ
    အပီဘဲပေါ့ ၊ သူမ မှ သူမ ပါလေ
    ဟုတ်သည်
    ဂျပွန်မှ ပြန်လာလာချင်း
    အမေတို ့နဲ ့တောင် အရင်မတွေ ့ဘဲ
    သူမ ကို အရင်တွေ ့ဖို ့ဘားလမ်းမှာ ဓါးထမ်းပြီး စောင့်နေခဲ့တာမို ့လား
    ခက်တာက
    သည် မိန်းခေး ကို ဂျီတော့ နှင့် ရွာထဲမှာ မှ လွဲပြီး အပြင်မှာ မမြင်ခဲ့ဖူး
    ဟန်တာ့ ၊ ကယ်ကြပါဦးရှင် ”
    ဘားလမ်းထဲမှ လက်စွမ်းပြသူ ယောက်ျားတစ်ချို ့၏ လက်သံများ ကို ကြားလိုက်ရသည် ။
    ထို ့နောက်….
    တစ်ပါတ်အတွင်း ၊ လေယာဉ်လက်မှတ် ကို အရဝယ်ကာ
    ဂျပွန်သို ့သာ ပြန်လာခဲ့ရင်း ၊ တိုးတိုးလေး ဆိုညဉ်းမိသည်ကား
    “ ဘားလမ်းကနေ ဓါးထမ်းစောင့်နေမယ် ” ကိုယ့်ဖို ့လုပ်ရင်း ၊ ကားပေါ်မှ ဆင်းလာသော မိန်းခေး လက်ကို ခပ်တည်တည် နှင့် သွားဆွဲလိုက်သည်
    “ ကဲလာ..သွားမယ် ”
    သို ့သော် ၊ မှန်းချက်နှင့် နှမ်းထွက် ကား တက်တက်စင်အောင် လွဲချေပြီတကား
    “ ဒါက ဘာလုပ်တာတုန်း ၊ ဘာကိစ္စနဲ ့ကျမ လက်ကို ဆွဲရတာတုန်း ၊ ဟောဒီမှာ နေ ့ခင်းကြောင်တောင်ကြီး လက်လာဆွဲနေလို ့ပါတော် ”
    ဘားလမ်းထဲမှ ယောက်ျားတစ်စု ၏ လက်သံများ ကို ကြားလိုက်ရသည် ။
    ဖုံး..ခွပ်..အား…အု…ခင်ဗျားတို ့မှားမယ်နော ၊ အားလားလား…ဟေ့ဟေ့ လက်လွန်ကုန်ကြမယ်နော်…
    ထို ့နောက်
    နောက်သုံးရပ်အကြာ ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲတွင် ၊ ပတ်တီးအဖွေးသား နှင့် မျက်ရည်များ ဝိုင်းကာ ၊ ပါးစပ်မှ တိုးတိုးလေး ပွစိပွစိ ရွတ်နေသော ကောင်လေး တစ်ယောက် ကို လေဆိပ်ထဲမှ အားလုံး သတိထားမိကြသည် ။
    သူ ့နားကို ကပ် နားထောင်ကြည့်လျှင်
    “ ဘားလမ်းကနေ ဓါးထမ်းစောင့်နေမယ် ”

  • comegyi

    December 19, 2011 at 12:56 pm

    ကိုဂီရဲ့
    သကြီးထံလိပ်မူခြင်းက
    ဘာကီးနဲ့ တီးတာလဲတော့ မတိဝူး
    ကြိုးကတော့ ကတောက် ကနဲ့ ဖစ်ကုန်ပီ
    အနော့်အထင် မာစတာကီးတော့
    မဟုတ်လောက်သေးဘူးနော့….

    • inz@ghi

      December 19, 2011 at 1:12 pm

      ကီးတော့ မချထားဘူးဗျ. … ပြောစရာရှိတာ တွေ့တာ ကို ပြောထားတာပဲ …
      ဘတ်ထ်…
      ညာသံနဲ့တော့ မဆိုထားဘူးဗျာ …left-tone နဲ့ ဆိုပါတော့ …

      😀

  • “”လူမချရ ဆိုတဲ့စည်းကမ်း ထုတ်ခဲ့သပေါ့ …ဘောလုံးမှာပြောပါတယ်..
    အင်္ဂလန်က ဒိုင်လူကြီးတယောက် မီးပွိုင့်မိပြီ းအကြံကောင်းတချက်
    လက်ကနဲ ဖြစ် ပြီး အနီကတ် အဝါကတ် မတီထွင် မဖြစ်မချင်း….
    အဆိုပါ လူမချရဘူး စည်းကမ်းကို ..ဘယ်သူမှ ၆ဂရုသိပ်မစိုက်ဝူးရယ်…”””

  • MaMa

    December 19, 2011 at 2:40 pm

    ဒီစာကို ဖတ်ပြီးသကာလ မှတ်ချက်ချမိတာတော့ ဂီဂီ မာသွားပြီ။ 😀
    (ချောင်းဆိုးသံ မကြားရတော့ပဲ left-tone နဲ့တောင် ပြောနိုင်တယ်ဆိုတော့ကာ…)

  • kai

    December 19, 2011 at 3:04 pm

    ဂီဂီရေ..
    http://myanmargazette.net/rules-for-writers
    မှာရှင်းလင်းချက်နဲ့ရေးထားတာကို ပြန်တင်ပေးတာပါ..။
    အောက်ဆုံးက… ၁၁နဲ့၁၂ ကို ရှင်းလင်းချက်နဲ့… ပြန်ပြင်ရေးပေးပါမယ်..။
    ထပ်တိုးချင်နေတဲ့..စည်းကမ်းချက်က..
    ဖွတိုင်း မပွကြပါနဲ့လို့ပဲ…။ 😆

    ဖွတိုင်းပွတော့ မွတတ်သည်။
    မွလျှင် ထိခိုက်လွယ်ပါ၏…။

    ==
    Rules for Writers

    ……………..
    စည်းကမ်းများ

    1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။ Tagထည့်ပါ။ Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ။

    ဥပမာ – သတင်းဆိုလျှင် Newsကိုရွေးပါ။ နိုင်ငံရေးဆိုလျှင် Politic ကိုရွေးပါ။ ပွဲလမ်းသဘင်အလှူအတန်း၊သာရေးနာရေးဆိုလျှင် Event ကိုရွေးပါ။ တတ်နိုင်လျှင်တခုတည်းသာရွေးပါ။
    Tag ထည့်ထားပါက နှစ်ကြာသွားသည့်တိုင် မိမိစာကို ပြန်ရှာဖွေရာတွင်လွယ်ကူစေပါသည်။ အတိုဆုံး အရေးအကြီးဆုံးစာလုံးတွဲများကို ကော်မာခံပြီးထည့်ပါ။ .ဥပမာ၊ “လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော” ဆိုတဲ့စာကို Tag လုပ်မယ်ဆိုပါတော့။ လူမျိုးရေး, ဘာသာရေး, အသားအရောင်, ခွဲခြားမုန်းတီးမှု လို့လုပ်စေလိုတာပါ။Tagဟာ Search Engineတွေနဲ့တွဲပြီးလည်း အလုပ်လုပ်တာမို ့ နောက်နောင် နှစ်တွေကြာလည်း ရှာလွယ်ပါတယ်။

    2. Titleကိုတိုတိုရေးပါ။ User အမည်တိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။

    တချို ့ခေါင်းစဉ်မတပ်မိပါဘူး၊ အဲဒါဆိုရင် ဖတ်လို့မရပါဘူး။ ခေါင်းစဉ်ပေးပါ။ မပေးတတ်ရင် ကိုယ့်စိတ်ထဲ အထင်ရှားဆုံးစာလုံးတတွဲကို ပေးလိုက်ပါ။ ခေါင်းစဉ်တပ်တာမှာ ဖတ်တဲ့သူစိတ်ဝင်စားမိအောင် ပေးတတ်ရင် စာရေး၊သတင်းရေးတတ်သူဖြစ်တာပါပဲ။ တိုတိုနဲ့လိုရင်းရေးမှ စာဖတ်သူက စိတ်ဝင်စားပါတယ်။ အပိုဒ်လိုက်ကြီး ကူးမထည့်ပါနဲ့။
    ဇော်ဂျီဖေါင့်ဟာ မခြားပဲရေးရင် အလိုအလျှောက်မဖြတ်ပေးပါဘူး။ အဲဒါကြောင့် စာရေးတိုင်း စပေ့ခြားပေးပါ။ ဘယ်နေရာမှာစပေ့ခြားရမှန်းမသိရင် စာကိုအသံထွက်ရွတ်ကြည့်ပြီး အသံခဏရပ်တဲ့နေရာ စပေ့ဘားကို ရိုက်ပေးလိုက်ယုံပါပဲ။ Space မရှိရင် စာက အတန်းလိုက်ကြီးရှည်နေတာမို ့ လူတွေဖတ်လို့လည်းမရပါဘူး။
    ခေါင်းစဉ်တပ်တာ၊ စပေ့ပြန်ထည့်တာကို စာတင်သူက နောက်မှ Edit Tool သုံးပြီးလုပ်နိုင်ပါတယ်။ အဲဒီမူရင်းစာကို စာမူတင်သူက ပြန်လည်တည်းဖြတ်နိုင်လို့ပါ။
    စာရေးသူ(User)အမည်သည် သင်၏ကလောင်အမည်ဖြစ်သဖြင့် တိုတိုရေးပါ။ သင့်အကြောင်းကို Biographical Info မှာရှည်လျှားစွာရေးလို့ရပါတယ်။

    3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။

    စာလုံးပေါင်းသတ်ပုံတော့ မှားကြမှာပါပဲ။ ဒါပေမဲ့ တတ်နိုင်သလောက် အလေ့အကျင့်လေးလုပ်ပြင်စေချင်တာပါ။ ပွိုင့်မလျှော့ပါဘူး။ ဒါပေမဲ့ မှားတာတွေ့ရင် အောက်မှာ အမှန်သိသူက ကောမန့်နဲ့ပြင်ပေးစေလိုပါတယ်။ အဲဒီလိုနဲ့ မြန်မာစာမမေ့မလျှော့အောင် သတ်ပုံမမှားအောင် လုပ်ကြတာပေါ့နော။
    စာလုံးပေါင်းသတ်ပုံကျမ်း.. http://myanmarwords.pikay.org/

    4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။

    အဲဒီမီဒီယာတွေက တိုင်လို့ပါပဲ။ သူတို့က သူတို့စာတွေသတင်းတွေကို အပင်ပန်းခံလိုက်ထားပြီး ဒီဝက်ဘ်ဆိုက်က ခိုးတင်တယ်ပြောပါတယ်။ ဒါနဲ့ပါတ်သက်ပြီး မန္တလေးဂေဇက်အနေနဲ့ အကြိမ်ကြိမ်တောင်းပန်ရပြီပါပြီ။ အဲဒါကြောင့် ဘယ်အကြောင်းနဲ့မှ ကူးမတင်ကြဖို့ပါပဲ။
    ပြည်တွင်းက မြန်မာတချို့က အဲဒီဝက်ဘ်ဆိုက်တွေကို ပိတ်ထားတာမို ့တိုက်ရိုက်ဖက်ကြည့်လို့မရပါဘူး။ အဲဒါနဲ့ သတင်းထူးဆိုတယောက်ယောက်ကစပြီး အီးမေးလ် နဲ့ပို့ကြပါတယ်။ နောက်ဆုံးတပါတ်လည်လာပြီး forwarded email မှရသည်ဆိုပြီတင်တာလည်းရှိပါတယ်။ ဒီလိုလုပ်လည်း တခြားဝက်ဘ်ဆိုက်က အမည်တပ်ပြီ မန္တလေးဂေဇက်ကို သူခိုးအားပေးမီဒီယာ ပြောတာရှိပါတယ်။ အဲဒီအကြောင်းတွေကြောင့် သူများစာတွေ ကူးမတင်ကြဖို့ သတိထားကြပါ။
    အရေးကြီးတဲ့အကြောင်းတခုခုကြောင့် ကူးတင်မှဖြစ်မယ်ဆိုရင် ဆိုင်ရာမီဒီယာကို ကြိုခွင့်ပြုချက်တောင်းကြစေလိုပါတယ်။ ခွင့်ပြုချက်ရထားပါကြောင်းပါ တပါတည်းထည့်ပေးရမှာဖြစ်ပါတယ်။

    5. သတင်း၊စာမူတွင် မှီငြမ်းကိုးကားခြင်း၊ ဘာသာပြန်ခြင်းပါက မူလSourceနှင့် မူရင်းစာတပိုဒ်ကိုဖော်ပြရန်။

    သတင်းတွေ ၃-၄ခုလိုက်ဖတ်ပြီး ကိုယ်တိုင်သတင်းတပုဒ်ဖန်တီးလည်းဖြစ်ပါတယ်။ ကိုယ်မြင်တာကိုပါပေါင်းထည့်နိုင်တာပေါ့။ အဲဒီလိုလုပ်မယ်ဆိုရင် မှီငြမ်းတဲ့ စာတွေ။ ဝက်ဘ်ဆိုက်တွေကို ခရက်ဒစ်ပေးဖို့ဖြစ်ပါတယ်။ သူတပါးရဲ့လုပ်အားနဲ့အရည်အချင်းကို အသိအမှတ်ပြုပေးပါ။
    ဘာသာပြန်ဆိုရင် အပေါ်ကနေ မြန်မာလိုပြန်ပြီး အောက်မှာ မူရင်းသတင်းကို တဝက်ဖြစ်ဖြစ် အကုန်လုံးဖြစ်ဖြစ် ခရက်ဒစ်လင့်နဲ့တကွ ဖေါ်ပြရမှာဖြစ်ပါတယ်။

    6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။

    မြန်မာပြည်က ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ လူမျိုးစုတွေရာနဲ့ချီပြီး အတူယှဉ်တွဲနေထိုင်ကြတာပါ။ ဒါကြောင့် လူနည်းစုတိုင်းရင်းသားတွေကို တန်းတူညီမျှစိတ်ထား ရေးကြဆွေးနွေးကြရန်ဖြစ်ပါတယ်
    ကမ္ဘာကြီးမှာလည်း လူမျိုးပေါင်းစုံ ၊ဘာသာပေါင်းစုံ နေကြ၊ ကိုးကွယ်ကြတာပါ။ လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားဆက်ဆံတာကို ပြင်းထန်စွာရှုံ ့ချပါတယ်.။
    တဦးတယောက်က တဦးတယောက်အပေါ် လူသားဆန်စွာ တန်းတူညီမျှစိတ်ထားစေလိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ခန္တာ၊အင်္ဂါ တခုခု ချို ့ယွင်းသူ၊ မတူညီသူတွေကိုလည်း နှိမ်ချဆက်ဆံရေးသားတာမျိုးလည်း ခွင့်မပြုပါ။

    7. ဘာသာရေးနှင့် သက်ဆိုင်သော စာများ တိုက်ရိုက်ကူးမတင်ရ။

    ကိုယ့်အယူအဆထည့်သွင်းပြီး ဆွေးနွေးရေးသားမယ်ဆိုရင် တင်ခွင့်ရှိပါတယ်။ အသိအမှတ်လည်းပြုပါတယ်။ ဘာသာရေး Category အောက်မှာရေးကြစေလိုပါတယ်။ အဲဒီလိုမဟုတ်ပဲ တရားတွေ၊ ဓမ္မတွေကို စာအုပ်တွေ။ တခြားဝက်ဆိုက်တွေကနေ အပိုဒ်လိုက်ကူးတင်နေတာမျို းခွင့်မပြုပါ။

    8. ကိုယ်တိုင်ရေးစာ မဟုတ်သည်များမတင်ရ။

    ဒီဝက်ဘ်ဆိုက်ရဲ့ မူရင်းဆောင်ပုဒ်ဟာ ဲ့ “မတူသော အတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ” ဖြစ်ပါတယ်။
    မတူသော ဆိုတာမှာ … ပုံမှန်မဟုတ်တဲ့၊ သစ်လွင်ထိုးဖေါက်တဲ့ စွန့်ဦးစွန့်စားတဲ့…
    အတွေး ဆိုတာမှာ… မိမိခေါင်းထဲ၊ဦးနှောက်ထဲ ပေါ်လာသမျှတွေကို…
    ကိုယ်ပိုင်စာ ခေါ်တဲ့..သူတပါးအတွေး၊အမြင်တွေ ကုူးယူဖေါ်ပြတာမျိုးမဟုတ်တဲ့ စာကိုချရေးကြစေလိုပါတယ်
    ကိုယ်ပိုင်စာဆိုတာမှာ ကိုယ်တိုင်က ဘလော့ဂ်ပိုင်ရှင်ဖြစ်နေပါရင် လွန်ခဲ့တဲ့နှစ်တော်တော်ကြာကတည်းကရေးထားတဲ့စာတွေရှိနေနိုင်ပါတယ်။ ဒါတွေကို ပြန်ကူးတင်နေတာမျိုးလည်း ခွင့်မပြုပါ။ အဲဒါတွေအတွက် ပွိုင့်ပြန်မချပေးနိုင်ပါ။
    မန္တလေးဂေဇက်ဟာ ဝိကီပီဒီးယားမဟုတ်ပါ။ ဒါကြောင့် ပုံနှိပ်ဖေါ်ပြပြီးသားစာတွေ အပုဒ်လိုက်ကူးတင်နေခွင့်မရှိပါ။
    ကိုယ်တိုင်ရိုက် ဓါတ်ပုံများတင်နိုင်ပါတယ်။ အထဲမှာ ဘာတွေ။ ဘယ်သူတွေပါတယ်။ ဘယ်နေရာမှာ ဘယ်နေ့က.. ဘာကြောင့်ရိုက်တယ်ဆိုတာလေးထည့်ပေးရမှာဖြစ်ပါတယ်။
    ဝက်ဘ်ဆိုက်ရဲ့ ပထမမျက်နှာစာကို လူထောင်ပေါင်းများစွာကြည့်နေတာပါ။ ဒါကြောင့်တဦးတည်းက တောက်လျှောက်ပို့စ်တွေ ဆက်မတင်ပါနဲ့။ တခြားသူတွေကို နေရာပေးပါ။
    မန်ဘာတဦးဟာ တရက်လျှင် စာ၂ပုဒ်ထက်ပိုမတင်ရ။

    9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။

    နိုင်ငံရေးအရ အယူအဆမတူသူတွေရှိနိုင်ပါတယ်။ တဦးနဲ့တဦး ဝါဒ၊သဘောတရားနဲ့ အချက်အလက်အခြေခံပြီး ပြောဆိုဆွေးနွေးနိုင်ပါတယ်။ အယူအဆမတူလို့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာမျိုးခွင့်မပြုပါ။
    မသိမသာနဲ့ခနဲ့တာမျိုး၊ နှိမ့်ချပြောဆိုတာမျိုးလည်းရှိနိုင်ပါတယ်။ အဲဒါမျိုးတွေအတွက် ဆုံးဖြတ်ရခက်ရင် အက်ဒ်မင်(သို့)မော်ဒရိတ်တာတဦးဦးမှ လူအများဆုံးဖြတ်ချက်တောင်းခံမှာဖြစ်ပါတယ်။ အဲဒီအခါမှာ အများစု ဆုံးဖြတ်ချက်ကို အားလုံးကလိုက်နာရပါမယ်။
    တဦးနဲ့တဦး တောင်းပန်ခြင်း၊ ကြေအေးခြင်းဟာ အလွန်ကောင်းမြတ်တဲ့ အစဉ်အလာလို့ မန္တလေးဂေဇက်က လက်ခံထားပါတယ်။ တဦးကတောင်းပန်လာရင် တဦးက စာနဲ့ကြေအေးပေးပါရင် အလွန်ကျေးဇူးတင်ပါကြောင်းပါထပ်ဖြည့်ပါရစေ။

    10. မိမိတင်သည့်စာကို စာမူရှင်(တင်သူ)မှ တာဝန်ယူရမည်ဖြစ်ပြီး အယ်ဒီတာ၊ အဒ်မင်တို့မှ တာဝန်ယူလိမ့်မည်မဟုတ်ပါ။

    ကိုယ်တိုင်တင်သောစာများရဲ့ ကျိုးကြောင်းကောင်းဆိုးကို စာတင်သူက တာဝန်ယူရပါလိမ့်မယ်။ ကိုယ်တိုင်တင်ထားတဲ့စာကြောင့် အငြင်းပွားမှုတစုံတရာဖြစ်ရင် စာတင်သူကသာ ဖြေရှင်းရမှာဖြစ်ပါတယ်။
    အယ်ဒီတာ၊ အက်ဒ်မင်တို့မှ စာများကို ကြိုတင်ခွင့်ပြုချက်မတောင်းပဲ ပယ်ဖျက်၊စိစစ်၊ဖြတ်တောက်နိုင်တယ်ဆိုတာကိုလည်း စာတင်သူတိုင်းအသိအမှတ်ပြုထားရပါမယ်။ အကြောင်းပြခြင်းမရှိပဲလည်း ပယ်ဖျက်ခြင်း ပြုလုပ်နိုင်ပါတယ်။ ဒါက ပုံမှန်မီဒီယာစည်းကမ်းအနေနဲ ့ဖြစ်ပါတယ်။ အယ်ဒီတာအဖွဲ ့က ဖြတ်တောက်ပြင်ဆင်ပြီးတာကို စာမူရှင်က ပြန်လည်ပြင်ဆင်ခွင့်မရှိတော့ပါ။
    ထပ်နေသော ထပ်သွားသော ပို့စ်များကို ပယ်ဖျက်မှာဖြစ်ပြီး စာထပ်ခဲ့ရင် နောက်မှတင်သူက ပွိုင့်၁၆ဝ (၂ဆ) ပြန်အနှုတ်ခံရမှာဖြစ်ပါတယ်။

    11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။

    ကိုယ်တိုင်စာရေးတင်တာမှာ စာကြောင့်တဦးတယောက်ကနစ်နာနေပါရင် ကန့်ကွက်စာပို ့ပေးဖို့ဖြစ်ပါတယ်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀ဝ နှုတ်ပါမည်။
    ပစ်စာသဘောမျိုး (သူတပါးနစ်နာအောင်လုပ်ကြံဇတ်လမ်းရေးသားခြင်းမျိုး)တင်လာရင် သိတဲ့သူတွေက ကော်မန့်နဲ့ရေးပေးကြစေလိုပါတယ်။ အရေးယူဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း။

    12. ကော်မန့်များရေးသားရာတွင် မူရင်းအပေါ်မှစာနှင့်သက်ဆိုင်သည်ကိုသာ ရေးသားရန်

    ဖတ်သူများအကျိုးရှိနိုင်မည့် တခုခုကျန်စေသည်မျာ။ ဖတ်သူများအတွက် အကျိုးတစုံတရာရှိစေသည်များသာ ရေးသားရန်ဖြစ်သည်။
    အဓိပါယ်ကင်းမဲ့သော အလဘ သလာဘ စာများ၊ နေကောင်းကျန်းမာ မိတ်ဆက်စာများ၊ စာတိုလေးများမရေးကြစေလိုပါ။
    ကြော်ငြာများ၊ထည့်သွင်းရေးသားခြင်းမပြုရ။
    ဝက်ဘ်ဆိုက်လင့်ခ် URL (၁)ခုထက်ပိုပါပါက အလိုအလျှောက် Spam တွင်းဝင်သွားတတ်ပါသဖြင့် အချိန်စောင့်မှ ပြန်ပေါ်လာတတ်သည်ကို သတိထားပါ။
    စာဖတ်သူတွေဟာ ကော်မန့်တွေနဲ့ ရောထားတဲ့စာတွေကို တတ်နိုင်သလောက်ရေးသားဆွေးနွေးကြစေလိုပါတယ်။ ရေးသားနိုင်တဲ့ ကောမန့်အရေအတွက်ကန့်သတ်ထားတာမရှိပါ။ သတင်းကတဆင့်သိတဲ့အသိအမြင်မှာ ကောမန့်ပါပေါင်းပြီးဖတ်ရင် လူအမျိုးမျိုးအမြင်တွေကြောင့် ကျန်စာဖတ်သူတွေအထူးတလည်ကို အသိအမြင်တိုးစေလို့ဖြစ်ပါတယ်။
    မည်သည့်စာကိုမဆို ကောမန် ့ရေးသားနိုင်ရန် ခွင့်ပြုထားရမည်။ Comment OFF မလုပ်ရ။
    ကောမန်းများကိုအယ်ဒီတာများမှ အခါအားလျှော်စွာစစ်ဆေးနေမည်ဖြစ်ပြီး စည်းကမ်းနှင့်မညီ၍ဖျက်ခြင်းများအတွက်တခုလျှင် ပွိုင့်၂ဝ ပြန်အနှုတ်ခံရမည်ဖြစ်သည်။

  • manawphyulay

    December 20, 2011 at 12:12 pm

    ဂီဂီကြားလား သဂျီးပြောတာတွေ သေချာလိုက်မှတ်….
    ဖွတိုင်း မပွကြစေဖို့
    ခုက မဖွပဲနဲ့လည်း ပွချင်နေသူများအတွက်ကျတော့ကော
    ဘယ်လိုလုပ်မလဲ သဂျီးရဲ့…

  • မှော်ဆရာ

    December 20, 2011 at 1:50 pm

    သူကြီးရေ ကျွန်တော့ကွန်မန့်တွေ အလိုလို spam ထဲ ဝင်နေလို့ ကြည့်လုပ်ပါဦး …

Leave a Reply