ချွတ်လိုက်ကြစို့ သူငယ်ချင်း

black chawDecember 19, 20111min17224

သူငယ်ချင်း မင်းစဉ်းစားကြည့်
ညီရင်းအစ်ကို
မောင်ရင်းနှမ
မဟုတ်ကြပါပဲ
ရွာထဲရောက်မှ
ခင်မင်ခဲ့ကြ ငါတို့တစ်တွေ။
အရင်းအချာ
တူကြီးပျင်းတာ
မဟုတ်ကြပါပဲ
ရွာထဲရောက်မှ
ရင်းနှီးခဲ့ကြ ငါတို့တစ်တွေ။
ဇာတိအတူ
လမ်းကြောင်းအတူ
မဟုတ်ကြပါပဲ
ရွာထဲရောက်မှ
စိတ်တူခဲ့ကြ ငါတို့တစ်တွေ။
တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာ
မြင်ဘူးကြတာလည်း
မဟုတ်ကြပါပဲ
ရွာထဲရောက်မှ
ညီမျှခဲ့ကြ ငါတို့တစ်တွေ။

သူငယ်ချင်း
ငြိမ်းချမ်းသာယာ ငါတို့ရွာကို
မလိုတမာ လိုရာဆွဲပြီး
ငပျင်းကြီးသမုတ် စာရေးသည့်အလုပ်ကို
မတန်မရာ အော်ဟစ်ရမ်းကား
အမေစုကိုများ သူလိုနွားက
ဆုံးမသလို တရားချသလိုနှင့်
ရန်စလိုသူ အန္ဓလူသည်
ငါတို့ညီညွတ် ဝိုင်းချွတ်ကြမှ
အသိမှန်ရ လားရာလှကာ
လူ့တိရာစာ္ဆန် ဘဝမှ
ကျွတ်ရှာရမယ်
ချွတ်လိုက်ကြစို့ သူငယ်ချင်း…။

ထမင်းဝဝ စားဘို့လောက်နဲ့
အမေစုကို ထောက်ခံတာမဟုတ်သော
ကဗျာဆရာ လူပျင်းကြီး ဘလက်

24 comments

  • thit min

    December 19, 2011 at 8:51 am

    အ အာ အိ အီ
    စာကို စီ တွေး
    ရေးပေးရှာသူ
    ဆရာဆူဆူမှ
    သင်အံယူရ
    စာတတ်ရသည်
    စာတတ်သောခါ
    သူ့သင်စာနှင့်
    သူကိုပြန်နင်း
    ရေးသူ “လူပျင်း” ဆိုပါလား။
    (^^)

  • blackchaw

    December 19, 2011 at 8:57 am

    ဥပေါက္ခာနဲ့ သာထိုက်တန်တဲ့လူကို
    ပြောချင်ရာပြော လွှတ်ထားလိုက်ပြီး
    လူရာမသွင်းပဲ
    သူ့ရဲ့ ပို့စ်မှာ သွားဖတ်ပြီး ညင်းမနေတာ အကောင်းဆုံးလို့
    ရွာသူရွာသား အားလုံးကို နှိုးဆော်ပါတယ်ခင်ဗျာ။

    • Moe Z

      December 19, 2011 at 10:30 am

      ထောက်ခံတယ် ဘဘဘလက်
      ကွန်မန့်ဝေးလို့ ယောင်လို့တောင် မဖတ်ဘူး။

  • aye.kk

    December 19, 2011 at 9:11 am

    ကိုဘလက်နှင့်ကိုသစ်မင်းရေ..
    ရေးသားကဗျာ..
    စာတွေဖတ်ရ..
    နှလုံးပီတိ..
    ဂွမ်းဆီထိကာ..
    စိတ်မှာကြည်နှူး..
    အထူးပျော်ရွင်မိရပါတယ်ဗျာ..။

  • MaMa

    December 19, 2011 at 9:12 am

    ညီစေနော်
    ညီမယ်.. 🙂

  • amatmin

    December 19, 2011 at 9:53 am

    ကိုဘလက်နဲ့ ဆရာသစ် ကဗျာ ကိုဖတ်မိတာ နည်းနည်းနောက်ကျသွားတယ်ဗျ..
    မနေနိုင်လို့..သွားမန့် ဖြစ်လိုက်ပြန်ပြီ.. အဟိ..
    ခုတော့ သိပြီ သူ့ကို ရှောင်ကွင်းမည်.. 🙂

  • ဆူး

    December 19, 2011 at 10:15 am

    ကဗျာဆရာ လက်ကြော တင်းမတင်းတော့ မသိဘူး..
    ဆူး တော့ ကွန်ပြူတာ ကိုင်ပြီး သုံးတာများပြီး ဘောပင် ကို ကျစ်ကျစ်ပါအောင် မကိုင်တာ ကြာတော့ လက်ကြောတွေတောင် တင်းလို့ လက်ရေးတောင် မလှတော့ဘူး။ 🙁
    ဂေဇတ်ဝင်ရင်း လက်ကြောတင်းသွားပြီ ဗျို့….
    ပုံ
    လက်ကြောတင်းကြောင်း ကြေညာသွားသူ

  • htet way

    December 19, 2011 at 10:34 am

    ကုလားအရေးလောက်ကိုဖြင့် ဓါးမသွေးလောက်ပါဘူးကိုဘလက်ရေ
    တချို့ကနာမည်ကြီးချင်လို့ပါ နိုင်ငံခြားမှာလိုပေါ့
    သူခမျာ သနားစရာပါဗျာ ပိုးဟပ်လေးလို စာအုပ်ပုံကြားနေပြီး
    စာအကြောင်းမသိရှာတာပါ

  • “ဘီလူးကြီး”ogre

    December 19, 2011 at 10:37 am

    ဤသူနွားလား
    သကောင့်သားကို
    အမှားကိုပြင်
    အမှန်မြင်အောင်
    စိတ်တွင်ယိုးစွတ်
    ချေမချွတ်ပဲ
    သူ့လွှတ်လိုရာ
    ဘေးမဲ့ပါဟု
    သညှာမထား
    မှန်အမှားကို
    မြင်သွားယုံကြည်
    ပဲ့ဦးတည်းလော.။။။။
    ““ချွတ်လိုရသမျှချွတ်….ချွတ်မရရင်တော့လွှတ်ကြမှတော်မယ်””

  • koyinmaung

    December 19, 2011 at 10:41 am

    ကိုဘလက်ချောရေ
    ထောက်ခံတယ်ဗျို
    တို့ရွာသားများအားလုံး
    တခြားအကျိုးရှိမဲ့ပို့စ်တွေနဲ့ဘဲအချိန်ကိုအသုံးချလိုက်ကြရအောင်
    ….တို့လဲညီတယ် မမရေ…..

  • nozomi

    December 19, 2011 at 10:51 am

    ပါပီလွန်နဲ့ဗင်ဂို ဆိုတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတာ ၊ ခေါင်းပေါ်ကို ရေစက်ချပြီး နှိပ်စက်တဲ့နည်းကို ပြင်သစ်က စထွင်ခဲ့တာတဲ့ ၊ ခေါင်းပေါ်ကို ရေလေး တစ်စက်ကျတာ ဘာမှ မဖြစ်ပေမဲ့ ကြာလာရင် မခံနိုင်တော့ဘူး တူနဲ့ ထုသလိုပဲတဲ့

    တစ်ခါတစ်လေကျ လက်သီးနဲ့ ဆွဲထိုးလိုက်တာထက် ဘာစကားမှ မပြောဘဲ ပစ်ထားလိုက်တာ ပိုထိရောက်တယ် ။ လုပ်သင့်လုပ်ထိုက်တာ လုပ်ချင်းက မင်္ဂလာပါ ကိုဘလက်ရေ

  • comegyi

    December 19, 2011 at 12:25 pm

    သူ့ . . .ဝါးလုံးခေါင်းလေးနဲ့
    သူ့ဘာသာ . . . . .လသာ
    သူ့ခြေရာခွက်လေး
    သူ့ကမ္ဘာ . . .ထင်နေတော့လည်း
    ပြုလိုက်ကြ . . . ဥပေက္ခာ
    ကွယ်ရာလည်း . . ..မစောင်းငဲ့
    ကြာလျှင်ဖြင့် . . .သူ့စိတ်ပင်
    သူ့ကိုယ်တွင် ……ဘဝင်နုံးလို့
    ပုန်းကြွလိမ့်လေး……..။ ။

  • cobra

    December 19, 2011 at 1:52 pm

    ကဗျာတွေကမိုက်လှချည်လား
    အကုန်လုံးကဗျာဆရာတွေပဲလား
    အားလုံးကဝိုင်းပြောနေကြပီ
    မင်းလည်းတော်သင့်ပီကောင်လေး……..

  • inz@ghi

    December 19, 2011 at 1:57 pm

    အဲ့လာကျောလာပေါ့ …သဂျီးကို …

    အဗေတာ အောက်က ကြယ်ပွင့်လေးတွေက ဘာလုပ်တာလဲဆိုတာ …
    အဲ့သည့်ကြယ်ပွင့်ကလေးတွေ ဒါမှ မဟုတ် respect point လေးတွေ
    Value လေးတွေပေါ့ဗျာ ….ဖန်တီးတည်ဆောက်နိုင်မယ်ဆိုရင်ဖြင့်
    ရေးသူနာမည်ဖတ်လိုက်တာနဲ့ ဘယ်လိုလူစား ဆိုတာ တန်းသိပြီး..
    ကိုယ့်ထမင်းကိုယ်စားပြီး ဒေါသပွားစရာများကို ရှောင်ရှားနိုင်ကြမှာပေါ့ …

    ခင်တဲ့
    ဂီ

  • kotun winlatt

    December 19, 2011 at 2:35 pm

    ဟုတ်ကဲ့ဗျို့…ညီကြပါစို့နော်….

  • naywoonni

    December 19, 2011 at 5:54 pm

    လန့်ထှာ ဖြေးဖြေပြောကြပါ………။ ဟင် ဘာပြောတာလဲ ဟင် ဘယ်သူက ဘယ်သူ့ကိုချွတ်မှာလဲ…။ အဲဒိနေ့က ကျောင်းနောက်ကျသွားလို့ ပြန်မေးတာ………. ဟီးးးး 😛

    • naywoonni

      December 19, 2011 at 7:11 pm

      ကိုပေါက်က …သီချင်းလည်းဆိုတတ်သား ဟ..။ မိုက်တယ်…။ (ရူးချင်ယောင်ဆောင်မနေနဲ့) ၃

  • ဟုတ်တယ်ဗျာ ချွတ်လိုက်ကြစို ့ဆိုတော့ တမျိုးကြီးပါလားလို ့ဗျာ။ခုတော့ ကိုဘလက်ချောရဲ ့
    ဆုံးမစာလေးပါလား။ကိုဘလက်ချော၏ ဆုံးမမှုနည်းစနစ်ကဗျာလေးအား လေးစားအားကျလျှက်……..

  • windtalker

    December 19, 2011 at 7:53 pm

    ကိုဘလက်ပြောနေတယ်..
    အဲဒါ မင်း သိဖို ့အချက်..
    မသိရင်တော့ ၊ ငါတို ့မှာ ခက်
    အားလုံး ရှောင်ကြဉ် ကြပြီ
    မင်းမှာ ရှက်

  • naywoonni

    December 19, 2011 at 9:36 pm

    ညီတယ်ညီတယ်ဆိုပြီး ဟိုဘက်သွားပြီး အီး သွားသွားပါနေကြတာ မပြောလိုက်ချင်ဘူး…….. ဟင်း 🙂

  • ကိုရင်စည်သူ

    December 20, 2011 at 10:51 am

    ကိုရင်လည်း ပျင်းတော့ ပျင်းတယ် ကိုယ့်ကိုယ် ဝန်ခံပါတယ်
    လက်ကြောတော့ တော်တော်တင်းတယ်ဗျာ..
    ရွာထဲမှာ အမုန်းရိုက် အမုန်းတင်နေတဲ့
    လက်ကြောကိုတော့ အားလုံးသိကြမှာပါ…

    ဟော်ကီလုပ်ချင်သူတွေကို ဂေါ်ဖီနဲ့ရောကြေပေးမယ့်..
    ကိုရင်ပျင်းပျင်းစည် 😆 😆

Leave a Reply