ကျေးဇူးတင်လွှာ

ဆူးDecember 19, 20111min36140

၁၈.၁၂.၂၀၁၁ (ဦးဖော ဘူဖေး ပါတီ)
ကောင်းမွန်လှစွာသော မြိန်ရှက်ဖွယ် အစား အသောက်များကို ကျွှေးမွေးသော ဦးဖောကြီးအားလည်း ကျေးဇူးတင်ရှိပါကြောင်း။
မွေးနေ့မှန်း မသိပဲ အပြန်လမ်းမှ ပြောဖြစ်တဲ့ အတွက် စိတ်ကူး စိတ်သန်း ပေါ်ခဲ့ပေမဲ့ ဘာမှ အကောင်အထည် မဖော်ပေးနိုင်တဲ့ အတွက် ဝမ်းနည်းမိပါကြောင်း
တက်ရောက်ကြတဲ့ ခင်မင်လှစွာသော ဂေဇတ် မိတ်ဆွေ အပေါင်းအသင်းများအားလည်း ကျေးဇူးတင်ရှိပါကြောင်း။
နေရာ အဆင်ပြေချောမွေ့အောင် ရှာဖွေပြီး စီစဉ်ပေးပါတော့ ဦးဘလက်နဲ့ ဦးနို တို့အား ကျေးဇူးတင်ရှိပါကြောင်း။
သီချင်း တပုဒ် ဆိုလိုက်တိုင်း လိုက်ပြီး လက်ခုပ်တီးပေးပါသော ပရိတ်သတ်များအားလည်း ကျေးဇူးတင်ရှိပါကြောင်း။
အားလုံး ဆုံတွေ့ကြတဲ့ အခါ ရှေးဟောင်းနှောင်းဖြစ် မိတ်ရင်း ဆွေရင်းများကဲ့သို့ ရင်းနှီးခင်မင်မှု အပြည့်နဲ့ အပြန်အလှန် နွေးထွေးဖော်ရွေစွာ ပြောဆို နေကြတဲ့ အတွက်လည်း တကယ်ကို ပီတိဖြစ်မိပါကြောင်း။
အသွားအပြန် ကားဖြင့် စီစဉ်ပေးပါသော မောင်နှမ တစုနှင့် တကွ တစ်ယောက်တည်း မဖြစ်အောင် အဖော် တူတူ လိုက်ပေးသော ချစ်လှစွာသော သူငယ်ချင်းအားလည်း ကျေးဇူးတင်ပါကြောင်း။
အသက်တွေ ကွာပေမဲ့ ဂုဏ်ငယ်သလို မထားပဲ တလေးတစား ဆက်ဆံပေးတဲ့ မိတ်ဆွေများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း။
စာပေ ကဗျာ စသဖြင့် အကြောင်းမျိုးစုံ ဆွေးနွေးပြီး ပြောရင်းနဲ့ မောသွားတဲ့ အချိန်မှာတော့.. အိမ်ပြန်ချိန် ရောက်လို့ ပြန်ခဲ့ပါကြောင်း။
လာမဲ့ နှစ်မှာ စားပွဲ တခု လုပ်ဖို့ တိုင်ပင်သွားတဲ့ သူငယ်ချင်းအားလည်း ကျေးဇူးတင်ရှိကြောင်း။
အကြောင်း အကြောင်းတွေ အနှစ်ချုပ်လို့ ကျေးဇူးတင်လွှာလေးကို အဆုံးသတ်လိုက်ပါသည်။

မှတ်ချက်
ဆူး ရဲ့ ဖိတ်ကြားချက်ကြောင့် မပျက်မကွက် လာခဲ့ပေးတဲ့ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ရှိကြောင်း (သိသိကြီးနဲ့ မလာတဲ့ သူများကို လုံးဝ ကျေးဇူး မတင်ကြောင်း လာမယ်သေချာ ပြောပြီး မလာပဲ ပုန်းနေသူများ အပါအဝင်)

40 comments

  • blackchaw

    December 19, 2011 at 9:56 am

    ကျေးဇူးတင်တာကို ကျေးဇူးတင်တယ်ဗျို့ ကျေးဇူးပဲ။

  • nozomi

    December 19, 2011 at 9:59 am

    ကိုရှုံ မင်္ဂလာဆောင် ကျရင် အခမ်းအနားမှူး လုပ်ပေးဘို့ ကြားကနေ အကူအညီတောင်းချင်ပါတယ် ခင်ဗျာ

  • inz@ghi

    December 19, 2011 at 10:00 am

    ကျုပ်ကလည်း ဘာမှမဆိုင်ပါဘဲ ကြားထဲကနေကျေးဇူးတင်ကြောင်း….
    (ပွဲသွားတဲ့လူတွေ ပြန်ပြောပြတာ နားထောင်ပြီး ပီတိဖြစ်ရလို့ …)

    😀

  • weiwei

    December 19, 2011 at 10:00 am

    ထပ်တူကျေးဇူးတင်ပါတယ် …
    ကျေးဇူးတင်ကြောင်း အသစ်ထပ်မရေးတော့ဘူးနော် …

  • blackchaw

    December 19, 2011 at 10:03 am

    တစ်ယောက်တည်း မဖြစ်အောင် အဖော် တူတူ လိုက်ပေးသော ချစ်လှစွာသော သူငယ်ချင်းအားလည်း ကျေးဇူးတင်ပါကြောင်း။

    ဘီဒူ့ ကို ပြူးတာလဲ မီသိဘူးဗျို့။ ထူးတော့ ထူးတယ်။

    • ဆူး

      December 19, 2011 at 10:10 am

      ဆူး ရဲ့ သူငယ်ချင်းပေါ့.. ဆူး ရဲ့ ဘေးမှာ ထိုင်တယ် အရမ်းစကားများလို့ တရွာလုံးနားငြီးသွားတယ် မဟုတ်လား.. ဟိဟိ…

    • weiwei

      December 19, 2011 at 10:17 am

      ကိုဘလက်ကလဲ ခေတ်နောက်ကျနေပြန်ပါပြီ …
      တီဗီမှာကြည့်ကြည့်ပါလား … announcer လုပ်တဲ့အခါ အမြဲကြားနေကျ …
      ချစ်လှစွာသော ….
      ချစ်ခင်စွာဖြင့် …

      ဒေါ်ဆူးက announcer လုပ်ဖို့ လေ့ကျင့်နေတာ … 😛

  • Moe Z

    December 19, 2011 at 10:15 am

    မမဆူးရေ မိုးစက်ဒီမနက် ၆နာရီမှာ ပြန်ရောက်တယ်
    ရနာရီခွဲမှာ ရုံးကားပြန်လာကြိုတယ် 🙁
    ထပ်တူခံစားပြီး ပျော်ပေးလိုက်ပါတယ်နော်

    • ဆူး

      December 19, 2011 at 10:34 am

      ညီမ က လာမယ် စာရင်းထဲ အမ ကို အစောကြီးကတည်းက မပေးထားဘူးလေ..
      အဲဒါ ညီမ ကို ပြောတာ မဟုတ်ဘူး။

      • inz@ghi

        December 19, 2011 at 10:38 am

        မမဆူးရေ ..ဂီ နောက် ရက်ပေါင်း ၁၀ဝလောက်ကျမှ ပြန်ရောက်မယ်…
        ဘယ်သူမှ လာမကြိုဘူး ..:(
        ထပ်တူခံစားပြီး ပျော်ပေးလိုက်ပါတယ်နော်

        • ပေါက်ဖော်

          December 19, 2011 at 2:06 pm

          မပူနဲ ့..မပူနဲ ့..
          ကိုခင်ရွှေ ့ကို ကြိုခိုင်းလိုက်ပါ့မယ်..ငွှ..ငွှ..ငွှ.. 😆

          မလာနိုင်ပေမဲ့..တူများတွေ..စားကြ..ပျော်ကြ..ဆိုကြတာသိရလို ့…ဝမ်းသားပါ၏ဗျာ..
          ကျန်သေးရင် နဲနဲကျွေးဘာ..ကျန်သေးရင် နဲနဲကျွေးဘာ.. 😳

  • နွယ်ပင်

    December 19, 2011 at 10:31 am

    ဆူးရဲ့ ကျေးဇူးတင်လွှာက ပြည့်စုံလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး
    နွယ်ပင်လည်း ကျေးဇူးတင်ကြောင်းလေးဝင်ပြောပါရစေ ………. 😛

  • ကြောင်ကြီး

    December 19, 2011 at 10:40 am

    ဦးကြောင်ကြီး တဦးထဲပိုင် ဆမ်းမားပဲလေ့စ်ဟိုတယ်အား ရွေးချယ်အသုံးပြုပေးသော ဦးဖောနှင့်တကွ ကျွဲရောင်းလာသူ+ကိုလည်း အထူးဥပါကာရ ကျေးဇူးတင်ရှိပါကြောင်းနှင့် လာမည့်နှစ်များတွင်လည်း ထပ်မံအားပေးကြပါအုံးဟု ဖိတ်ခေါ်လျက် 🙂

    မိတ်ဆွေဖောက်သည်များအားပေးမှုဖြင့် ထိုင်းနိုင်ငံ ပက်ပုန်းအပန်းဖြေဒေသတွင် သမီးလေးများအား ပြန်လည်လှူဒါန်း ခွဲဝေပေးနေသော စေတနာ့ရှင်ကြောင်ကြီး…။ 😎

    • ဆူး

      December 19, 2011 at 11:09 am

      နောက်နှစ် အလကား လုပ်လို့ ရအောင် စီစဉ်ထားပေး..
      အဲလိုမှ အဖြစ်မရှိရင် စရိတ်ထုတ်ပေးဖို့သာ ပြင်ထား..
      ညီသလားဟေ မောင်တို့ရေ.. နောင်နှစ် ကြောင်ကြီးကိုသာ ဝိုင်းညှစ်ကြပါဗျို့..

      • MaMa

        December 19, 2011 at 1:49 pm

        ဦးကြောင်ကြီးလည်း ပါတယ်။ တစ်ဦးတည်းပိုင်လည်း ပါတယ်ဆိုတော့ကာ ဒီစာပြပြီး မနေ့က ဦးဖောပေးချေခဲ့ရတဲ့ ကုန်ကျငွေကို ဘော့စ်စာရင်းမှတ်လိုက်ပါဆိုပြီး သွားပြန်တောင်းရမယ်။ 😆

  • lone

    December 19, 2011 at 10:53 am

    lone ကိုလည်းမဖိတ်ဘူး….ဟွန့်…စိတ်ဆိုးတယ်….. ခေါ်တော့ဘူး… 🙁

    • ဆူး

      December 19, 2011 at 11:03 am

      အန်တီတုံး ဖိတ်တယ် မဟုတ်ဘူးလားကွယ်..
      လုံး ရဲ့ အီးမေး ဆူး ဆီမှာ မရှိဘူးလေကွယ်..
      ဖိတ်စာကတော့ တခြမ်းစီဝေတယ်… ဆူး နဲ့ အီးတုံး ဖိတ်ပေးတာပဲ ကျန်ခဲ့တယ် ဆိုရင်တော့ စိတ်မကောင်းပါဘူး တကယ်ပါနော်။

    • ကြောင်ကြီး

      December 19, 2011 at 11:10 am

      ဦးကြောင်ကြီး လုံးကလေးကို ထပ်ဖိတ်ပါတယ်ကွယ်။ ဘဲအိုဂျီးပါ ခေါ်လာခဲ့ပါ။ ကားစောင့်ခိုင်းဖို့လူမရှိလို့။။။ လုံးကလေးနဲ့ ဦးကြောင် မြစ်ကမ်းနံဘေးက တန်ဖိုးကြီးစားသောက်ဆိုင်တခုရဲ့ ဖယောင်းတိုင်မှိန်မှိန်လေးအောက်မှာ ဂီတသံငြင်ငြင်သာသာလေးနဲ့ တစားပွဲထဲအတူစားရင်း ကားပါကင်ကွင်းထဲမှာ မြစ်လေတဖြူးဖြူးနဲ့ တဂစ်ဂစ်မြည်အောင် ခိုက်ခိုက်တုန်ချမ်းပြီး ကားစောင့်နေရမဲ့ ဘဲအိုဘဲနာငတိဂျီး တယောက်ကို အရသာခံ ထိုင်ကြည့်ရအောင်။။။

    • etone

      December 19, 2011 at 1:29 pm

      အောင်မလေး မိလုံး .. ကလီကမာ မလုပ်နဲ့နော် .. 😀 ရွာထဲက ဒုတိယ မနှဲလေးမလုပ်နဲ့… 😆
      ဖိတ်သားပဲ …သူများတွေမဖိတ်ခင်ကတည်းကဖိတ်တယ်….။
      သူ့ဘာသာသူ ဘာကြောက်လို့ ဆိုပဲ …. မလာပဲနေတာကိုများ …

  • “ဘီလူးကြီး”ogre

    December 19, 2011 at 11:08 am

    ပုန်းနေရင်းနဲ့လဲ..ကျေးဇူးတင်သွားပါကြောင်း
    စားပွဲသောက်ပွဲအတွက် …ကြိုတင်ဝမ်းနုတ်ရင်း
    ဝမ်းလျှောသွားပါကြောင်း…ခွေးလွှတ်ပါ..ခွေးလွှတ်ပါ 🙂 🙂
    *တစ်မယ်ခင်
    *မလာချင်ဘယ်ရှိပါလိမ်
    *ရောက်မည်မှန်
    *တစ်ကယ်မှန်းသော်လဲ
    *အလုပ်ခန်းဘုံဝဋာက
    *ဘော့စ်မညှာ ..တစ်ကယ်ခိုင်းရက်တာကြောင့်
    *မိတ်ဆွေခန်းပျက်.။။။။။တိန်…တိန်..တိန်….. 🙂

  • koyinmaung

    December 19, 2011 at 11:26 am

    ကျနော်လဲလာပါတယ်ဗျာ
    လမ်းမှာရထားဘီးပေါက်သွားလို့မရောက်တော့တာပါ
    မရောက်ရတဲ့အကြောင်းစာတိုက်ကနေစာပို့လိုက်တာ
    မရောက်သေးဘူးထင်ပါတယ်…..

    • small cat

      December 20, 2011 at 8:37 am

      ကြောင်လေးလဲ မအားတဲ့ကြားက ရောက်အောင်တော့ သွားလိုက်မယ်ဟဲ့ ဆိုပြီးသင်္ဘောနဲ့ လိုက်ခဲ့တယ်။ ဖြစ်ချင်တော့သင်္ဘောက စပုတ်တိုင်တွေကြိုးပြီး ဂွေကခွင်သွားတော့ မောင်းမရဘူးဖြစ်နေတယ်၊
      အဲဒါကြောင့်ကြောင်လေးလဲ ပွဲကြီးပွဲကောင်းတစ်ခုလွတ်သွားရပါတယ်ဗျာ။
      မရောက်နိုင်တဲ့အကြောင်း အမြန်ချောနဲ့ပို့မယ်ဆိုပြီးစာတိုက်ကိုသွားတာ
      စာပို့ခတွေ ဈေးတက်သွားလို့ မပို့လိုက်ရဘူး။

  • char too lan

    December 19, 2011 at 12:07 pm

    ကျနော်လဲ သူများအလွှာနား ကပ်ပီးထပ်လွှာသွားတယ်
    လေးဖောနှင့်တကွ ကျေးဇူးတင်ထိုက်သူ အားလုံးကိုကျေးဇူးတင်ပါတယ်။

  • windtalker

    December 19, 2011 at 12:14 pm

    ကျုပ်ကတော့ ကျေးဇူးမတင်ဘူးဗျို ့
    ဒါပေမယ့် ဝမ်းတော့သာမိတယ် ။ မုဒိတာ ပွားမိတယ် ။
    ဒါဘဲ….

  • comegyi

    December 19, 2011 at 12:14 pm

    ကိဘလက်ကြီးက နေရာရွေးသိပ်တော်တာပဲ
    ဟိုတစ်ခါတုန်းကလည်း သူရို့ကျောင်းသားဟောင်းများနဲ့
    ဆရာ၊ ဆရာမတွေ တွေ့ဆုံပွဲမှာ
    နဒီသောင်ထွန်း ဧရာကျွန်းမှာ
    ပွဲကြမ်းခဲ့ကြ သတဲ့……..
    ………………..
    အားလုံးကို ကျေးဇူးတင်ပါတယ်ဗျို့…….

  • ဖိတ်ပြီးမလာတဲ့လူကျေးဇူးမတင်ဘူးဆိုရင်
    ကိုပေါက်လဲ ကျေးဇူးအတင်မခံရတဲ့လူထဲပါပြီပေါ့နော်။

  • ဆူး

    December 19, 2011 at 1:41 pm

    ဝမ်းသာစရာ သတင်းလေး တခု ပြောပြချင်ပါတယ်။
    အလှူရှင်များ နဲ့ မလှူရသေးတဲ့ လူတွေ မုဒိတာ ပွားပြီး စိတ်အားထက်သန်လာဖို့ ပြောပြလိုက်ပါတယ်။
    ပန်ပန် ပြောတာ ဖြစ်ပါတယ်။
    (((((မနေ့ကလှူတဲ့ငွေက သဲကားမှာဖို့အဆင်ပြေသွားတယ်။
    ကျောင်းရဲ့နောက်ကမြေလေးမှာ အဆောင် ဆောက်စရာလေးရှိနေတယ်။
    အဲဒါခုဖောင်ဒေးရှင်းချထားတယ်
    သဲမှာဖို့လိုနေတာနဲ့ အတော်ဖြစ်သွားတယ်။))))

    • amatmin

      December 19, 2011 at 11:02 pm

      မလှူရသေးတဲ့ လူတွေ မုဒိတာ ပွားပြီး စိတ်အားထက်သန်လာဖို့ ပြောပြလိုက်ပါတယ်။ ????

      ဆူးမမရေ..စိတ်အားထက်သန်ရင် တတ်နိုင်သလောက် လှုလို့ရတယ် ဂလိုလားဗျ….

      • ဆူး

        December 20, 2011 at 11:34 am

        အဲလို ရည်ရွယ်တယ် ထင်လည်း အဲလို သဘော ဖြစ်အောင် ရေးပေးလိုက်တာပါ။
        အလှူခံတာတော့ ဆူး အလှူခံတာ မဟုတ်ပါဘူး။
        ဆူး လည်း အလှူထည့်ပေးလိုက်တာပါ။
        အလှူခံတဲ့ မန်ဘာ တယောက်က ဝမ်းသာ ပီတိ ဖြစ်အောင် ရေးပေးတာကို ကော်ပီကူးပြီး ရေးပြတာပါ။ ဆူး နဲ့ အတူတူ လှူခဲ့တဲ့ သူတွေလည်း ဆူး ကဲ့သို့ ဝမ်းသာ အားရ ဖြစ်စေအောင်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။

  • စုံ စုံ

    December 19, 2011 at 2:41 pm

    ဆူးရေ သိသိကြီးနဲ့မလာတဲ့သူဆိုပြီးရွှေစိတ်တော်မညိုညင်ပါနဲ့
    အင်မတိအင်မတန်ကိုလာချင်ပါတယ်
    တကယ်လို့များ ရွာသားတွေကိုဆီကိုလာလိုက်ရင်
    အိမ်က ကျေးဇူးရှင်က ရွှေစိတ်တော်တကယ်ညိုညင်မှာကြောင့်
    တရွာလုံးလိုက်ပြီး ဖြေရှင်းပေးရမှာစိုးလို့
    မလာတာဖြစ်ပါကြောင်း အနူးအညွတ် ပြောလိုက်ပါတယ်နော် 🙂
    နောင်တခါထပ်ဆုံရင်တော့ တကယ်လာနိုင်အောင်ကြိုးစားပါ့မယ်

    • ဆူး

      December 19, 2011 at 5:07 pm

      စုံစုံကို မပြောတာ သေချာပါတယ်။
      နာမည်စာရင်းကောက်တုန်းက မလာဘူး ဆိုတာ ပြောထားတဲ့ သူတွေပါပဲ စိတ်ညိုညင်တဲ့ အထဲ မပါဘူး။ စိတ်ချ.. လာမယ် ပြောပြီး စာရင်းပေးထားတဲ့ လူကို ပြောတာပါ။

  • cobra

    December 19, 2011 at 3:14 pm

    သိတောင်မသိလိုက်ရပါလား

  • hmee

    December 19, 2011 at 5:03 pm

    ရွာသူားတွေစုံတယ်ပြောတော့ အားကျလာပြီ။ နောက်တခါစုံရင်တော့ လာနိုင်မယ် ထင်တာပဲ။

  • ဒီတစ်ခါတွေ့ဆုံပွဲလုပ်ရင်တော့ သူကြီး က မျှော်စင်ကျွန်းကို ငှားပေးထားမယ်ပြောတာဘဲနော်။
    ရွာသူရွာသားအားလုံးသာလာရင်အဲလောက်မှ ဆန့်မှာတဲ့။

  • manawphyulay

    December 20, 2011 at 11:21 am

    အင်း အားလုံး စုံစုံညီညီနဲ့ အတော့်ကိုပျော်စရာကောင်းတဲ့ ပွဲလေးကို ဖန်တီးပေးတဲ့ အဘဖောကိုလည်း ကျေးဇူးတင်မိသလို မောင်နှမများ ပျော်ရွှင်စွာတက်ရောက်ခဲ့တာကိုလည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ ပွဲပြီးတော့ မြေနီကုန်းမှာ ဆက်လက်ကော်ဖီတိုက်တဲ့ လေးဖက်ကြီးကိုလည်း ကျေးဇူးတင်ပါကြောင်းပြောရင်းနဲ့ ဒီလိုပွဲလေးတွေ အမြဲတမ်းရှိစေဖို့ မျှော်လင့်နေမိပါတယ်။

  • ကိုရင်စည်သူ

    December 20, 2011 at 11:40 am

    ကျေးဇူးတင်လွှာမှ ကျေးဇူးတင်ထိုက်သူအားလုံးကို
    ကျေးဇူးတင်ပါတယ်…
    အားလုံးလည်း နှစ်သစ်မှာ လုပ်ငန်းကိုင်ငန်းတွေ
    အဆင်ပြေအောင်မြင်ပြီး စိတ်ချမ်းမြေ့ကြပါစေ..

    အကုန်လုံးကို ပတ်ပြီးကျေးဇူးတင်နေတဲ့
    ကိုရင်စည်

  • intro

    December 20, 2011 at 2:29 pm

    ပွဲကြီးပွဲကောင်း လွတ်သွားတယ်ဗျာ… တစ်သက်လုံး ရန်ကုန်မှာ ဖင်မြဲနေတဲ့ကောင်က အဲ့သည့်အချိန်ကျမှ အပြင်ရောက်နေရတယ်လို့… ဖိတ်ကြားတဲ့အတွက် ကျေးဇူးပါ မဆူးရေ… ဦးဖောကြီးကိုလဲ ပြောပေးပါ… ကျေးဇူးတင်ပါတယ်လို့ (မစားရပေမယ့်ပေါ့လေ)

  • တကယ်ကို မသိလိုက်ဘူး။ဘာမှန်းမသိပေမယ့် ဆူးရဲ ့စာဖတ်ပရိသတ်မို ့မဆီမဆိုင်ပြောချင်တာလေးဝင်ပြောသွားပါတယ်။

  • htet way

    December 21, 2011 at 9:40 pm

    ကျေးဇူးအရမ်းတင်တယ် ဝေဝေ(ဝေးဝေး) စကားမပြောတာ
    အိမ်ကတည်းကအဓိဌာန်လာတယ်ထင်တယ်

  • မှော်ဆရာ

    December 21, 2011 at 10:20 pm

    ဘာပဲပြောပြော မှော်ဆရာက တစ်သိန်းရသွားတဲ့အတွက် ပိုလို့တောင် ကျေးဇူးတင်ပါ၏

Leave a Reply