ရှင်သန်ခြင်းဆိုတာ ဘာမှန်းမသိတော့တဲ့နောက်မှာ
သေဆုံးခြင်းသာ ငါ့အတွက် အလိုအပ်ဆုံးအရာပါ
ဘ၀မှာ ဘာမှန်းမသိ လွဲမှားစွာနဲ့ ဖြေရှင်းချက်မှ မရတော့တာ
ကြိုးမိန့်ခံ အကျဉ်းသားတစ်ယောက်ကို နောက်ဆုံးဘာလိုအပ်လဲလို့မေးရင်
ရှင်သန်ခွင့်လို့ ပြန်ဖြေတဲ့အခါ ဟားမတိုက်ကြပါနဲ့
မရှိတဲ့အရာကို လိုချင်တာ လူတို့ရဲ့ သဘာဝ ဖြစ်နေလို့ပါ
ကဲ.. ငါ့အတွက်ကရော
အတိတ်ဆိုတာ အရာရာလွဲမှားခဲ့ပြီး
လက်ရှိမှာလည်း ဆက်လွဲမှားဆဲ
ကံတရားကိုက လွဲမှားခြင်းတွေပဲ ပေးနေတယ်
ညတွေက မှောင်မိုက်တာမှ အေးစက်လွန်းနေတယ်
အထီးကျန်တစ်ယောက်ရဲ့ ညဥ့်နက်ထဲကို ဘာလို့များ ကြမ်းတမ်းမှုတွေပဲ
ထပ်ပေးနေတာလဲ
မလိုချင်ပါဘူးဆိုမှ ဇွတ်တိုးဝင်လာတဲ့ လွဲမှားခြင်း
ကံတရားရဲ့ရက်စက်မှု ငါ့ဘ၀က ဇောက်ထိုးမိုးမျှော်ဖြစ်ပြီ
အပေါင်းအဖော်နဲ့ဝင်လာတဲ့ ကံဆိုးခြင်းတွေသာ ဆက်တိုက်ရောက်လာတယ်
အနာဂတ်ဆိုတာ မှုန်ရီေ၀၀ါး………………….
အနာဂတ် … ဟုတ်လား….ငါ့အတွက် အနာဂတ်ဆိုတာမှ မရှိတော့တာ
မှုန်ရီေ၀၀ါးတာ မဟုတ်ဘူး
ပျောက်ဆုံးသွားတာ ပျောက်ဆုံးသွားတာ

[ဒီနေ့ ဆရာဝန်ပြောလိုက်တာက ကင်ဆာ နောက်ဆုံးအဆင့်တဲ့ နောက်ဆုံးအဆင့် ….]

About နီကီတာ

has written 23 post in this Website..

何もあきらめないで頑張れば何もできる!