နောက်ဆုံးအဆင့်

နီကီတာDecember 19, 20111min19724

ရှင်သန်ခြင်းဆိုတာ ဘာမှန်းမသိတော့တဲ့နောက်မှာ
သေဆုံးခြင်းသာ ငါ့အတွက် အလိုအပ်ဆုံးအရာပါ
ဘဝမှာ ဘာမှန်းမသိ လွဲမှားစွာနဲ့ ဖြေရှင်းချက်မှ မရတော့တာ
ကြိုးမိန့်ခံ အကျဉ်းသားတစ်ယောက်ကို နောက်ဆုံးဘာလိုအပ်လဲလို့မေးရင်
ရှင်သန်ခွင့်လို့ ပြန်ဖြေတဲ့အခါ ဟားမတိုက်ကြပါနဲ့
မရှိတဲ့အရာကို လိုချင်တာ လူတို့ရဲ့ သဘာဝ ဖြစ်နေလို့ပါ
ကဲ.. ငါ့အတွက်ကရော
အတိတ်ဆိုတာ အရာရာလွဲမှားခဲ့ပြီး
လက်ရှိမှာလည်း ဆက်လွဲမှားဆဲ
ကံတရားကိုက လွဲမှားခြင်းတွေပဲ ပေးနေတယ်
ညတွေက မှောင်မိုက်တာမှ အေးစက်လွန်းနေတယ်
အထီးကျန်တစ်ယောက်ရဲ့ ညဉ့်နက်ထဲကို ဘာလို့များ ကြမ်းတမ်းမှုတွေပဲ
ထပ်ပေးနေတာလဲ
မလိုချင်ပါဘူးဆိုမှ ဇွတ်တိုးဝင်လာတဲ့ လွဲမှားခြင်း
ကံတရားရဲ့ရက်စက်မှု ငါ့ဘဝက ဇောက်ထိုးမိုးမျှော်ဖြစ်ပြီ
အပေါင်းအဖော်နဲ့ဝင်လာတဲ့ ကံဆိုးခြင်းတွေသာ ဆက်တိုက်ရောက်လာတယ်
အနာဂတ်ဆိုတာ မှုန်ရီဝေဝါး………………….
အနာဂတ် … ဟုတ်လား….ငါ့အတွက် အနာဂတ်ဆိုတာမှ မရှိတော့တာ
မှုန်ရီဝေဝါးတာ မဟုတ်ဘူး
ပျောက်ဆုံးသွားတာ ပျောက်ဆုံးသွားတာ

[ဒီနေ့ ဆရာဝန်ပြောလိုက်တာက ကင်ဆာ နောက်ဆုံးအဆင့်တဲ့ နောက်ဆုံးအဆင့် ….]

24 comments

  • blackchaw

    December 19, 2011 at 10:10 am

    ခင်ဗျာ။
    ဘယ်သူက ကင်ဆာ နောက်ဆုံးအဆင့်လဲဗျ။
    ရှင်းအောင် ပြောပါဗျာ။

    • နီကီတာ

      December 19, 2011 at 10:20 am

      ဘာရယ်မဟုတ်ပါဘူး
      ပျင်းလို့ပါ ဦးဘလက်ရယ်
      စိတ်ညစ်နေတယ်
      ဟိုနေ့က ပွဲကို မလာဖြစ်လို့
      ကိုရင်ကလည်း စိတ်ဆိုးနေတယ်
      စိတ်ညစ်တယ်… စိတ်ညစ်တယ်

      • ဆူး

        December 19, 2011 at 10:42 am

        ကိုရင်ကတော့ ပွဲမှာ စိတ်ဆိုးဟန် မတွေ့ဘူးနော်.. စိတ်ဆိုးတယ် ဆိုတာ.. ပိုပြီး ဂရုစိုက်ခံချင်လို့ ဖြစ်မယ်.. ဟိဟိ..
        ကိုရင် ပါးစပ် စိမရဘူး..ပျော်နေတဲ့ပုံများ
        သီချင်းတောင် မလာပါနဲ့ သီချင်းဆိုပြီး ပရိတ်သတ်ကို အပီဟဲပြသွားတာ.. မလာမှန်း သိလို့ မလာပါနဲ့ ဆိုတာ ဖြစ်ရမယ်။

        • နွယ်ပင်

          December 19, 2011 at 11:10 am

          ဟုတ်ပ ဆူးပြောတာကို နွယ်ပင်လည်း ထောက်ခံပါတယ်
          ကိုရင်တို့များ ပွဲမှာ ဖြီးနေတာပဲ သွား ပြောပါတယ် ဟီးးးးးးးးး 😀

  • thit min

    December 19, 2011 at 10:12 am

    ဆရာကြီးမင်းသိင်္ခစကားကို ကိုးကားပါ့မယ်။
    သေတယ်ဆိုတာ ရောဂါကြောင့်လဲမဟုတ်ဘူး။
    ကားတိုက်လို့လဲမဟုတ်ဘူး။
    အသက်ကြီးလို့လဲမဟုတ်ဘူး။
    အသက်ထွက်သွားလို့ သေ ရတာတဲ့။
    အသက်မထွက် သ၍ မသေ သေးဘူး။ စိတ်သာချ(^^)

    • နီကီတာ

      December 19, 2011 at 10:48 am

      ဒါဆို ထွက်တဲ့နေ့ သေတယ်ပေါ့နော်
      မထွက်ရင် မသေဘူးပေါ့နော် (အသက်) 😛

  • ကြောင်ကြီး

    December 19, 2011 at 10:27 am

    ကင်ဆာအတွက်
    အနာကပ်
    မရှိပေမဲ့
    ဆရာချက်
    ရှိတယ်
    လျှာထွက်ဖို့ပြင် 😛

  • blackchaw

    December 19, 2011 at 10:57 am

    အိုနီကိတာ
    ဒို့ကိုရင်နဲ့ ဝေးရာသို့
    ခွဲခွာလို့ မင်းသွားဘို့ မကြံနဲ့

    အိုနီကိတာ
    ခုအချိန်မှ ညစ်မနေနဲ့
    ဒို့ကိုရင်က စိတ်ဓါတ်က တကယ်ကြီး

    (ရိုစီတာ သီချင်းအလိုက်ဖြင့် ဖတ်ပါ)

    ကိုရင်ကကြီးတယ်နော်
    စိတ်ကိုပြောပါတယ်။

  • chityimhtoo

    December 19, 2011 at 11:06 am

    ဒူးရင်းသီးယိုသုတ်ပြီးမျိုချရင် ကင်ဆာပျောက်တယ်လို့ကြားဘူးတယ်။

    • နီကီတာ

      December 19, 2011 at 1:37 pm

      ဒူးရင်းသီးလား
      အလုံးလိုက်မျိုချရင်ရော ဟင်

      ဒူးရင်းသီးဆိုတော့ ဟာသတစ်ခုသွားသတိရတယ်
      တစ်နေ့မှာ လူသုံးယောက်ကို တောတွင်းအသားစားလူရိုင်းတွေက ဖမ်းမိတယ်တဲ့
      အဲဒီမှာ လူရိုင်းခေါင်းဆောင်က သူတို့ကို အခွင့်ရေးတစ်ခုပေးမယ်
      မင်းတို့တောထဲမှာ ကြိုက်နှစ်သက်ရာ အသီးကို ကိုးလုံးစီယူခဲ့တဲ့
      ဒါနဲ့ ပထမဆုံးတစ်ယောက်ပြန်ရောက်လာတယ်
      သူက ပန်းသီးတွေ ယူလာတယ်
      အဲမှာ လူရိုင်းခေါင်းဆောင်က မင်းယူလာတဲ့ အသီးတွေကို
      စအိုကနေသွင်းတဲ့
      ၉လုံး လုံးကုန်တဲ့အထိ မျက်နှာမှာ ဘာအမူအရာမှ မပြရင် လွတ်ငြိမ်းချမ်းသာခွင့်တဲ့
      ဒါနဲ့သွင်းတာ ၃ လုံးမြောက်မှာ မျက်နှာရှုံ့မိသွားတယ်
      လူရိုင်းခေါင်းဆောင်က သူ့ကို သတ်လိုက်ရော
      နောက်တစ်ယောက်က ညောင်သီးတွေ ယူလာတယ်
      သူက ရှစ်လုံးမြောက်မှာ အသတ်ခံလိုက်ရတယ်

      ဒီလိုနဲ့ ပထမလူနဲ့ ဒုတိယလူ နတ်ပြည်မှာတွေ့တော့
      ပထမလူကပြောတယ် ငါက ပန်းသီးမို့ထားတော့
      မင်းက ညောင်သီးတွေကို ရအောင်မသွင်းနိုင်ဘူးလားတဲ့
      ဒုတိယလူက ပြန်ပြောတယ်
      ” အေး ငါလဲ သွင်းနေတာ ၈ လုံးရောက်မှ နောက်ဆုံးတစ်ယောက် ပြန်လာတာ
      ဒူးရင်းသီးတွေ ထမ်းလာတယ်ကွာ
      အဲဒါကို ကြည့်ပြီး ရယ်မိသွားတယ် ” တဲ့

      • inz@ghi

        December 19, 2011 at 1:41 pm

        ဒူးရင်းသီးလား ….
        ဒူးရင်းသီး က ကီးမြင့်တယ်နော …..
        သူကပြန်မျိုသွားမယ် …. သတိထား..

        ပုံ
        ကြက်မောက်သီး …

        • နီကီတာ

          December 19, 2011 at 1:53 pm

          မင်းဂွတ်သီး မှတ်နေတာ
          လက်စသတ်တော့ ကြက်မောက်သီးကိုး…

          ပုံ
          လိမ္မော်သီး

        • inz@ghi

          December 19, 2011 at 2:12 pm

          တိန်….
          ဒူးရင်းသီး နဲ့
          ကြက်မောက်သီးအကြောင်း မသိရှာဘူးကိုး ….

          သနားထှာ
          လိမ္မော်သီးလေးရယ်…

      • “ဘီလူးကြီး”ogre

        December 19, 2011 at 2:37 pm

        ကျုပ်တို့နဲ့တွေတုန်းတော့
        မရီလဲမရီပါဘူး…ငူငူကြီးထိုင်လို့
        ကစီ ပြောချက်များ…ရေပက်မဝင်ဘူး 🙂 😛

  • inz@ghi

    December 19, 2011 at 11:16 am

    ကရင်စီသွပ်တော့ သေဘီပဲ ..ဝိုင်း ဖော်ကြဖွကြတာများ ဟီဟိ..
    ဥပဒေသ-၁။ ရွာထဲတွင် ရည်းစားမထားသင့်
    ဥပဒေသ-၂။ ရည်းစားအား ရွာထဲ ခေါ်မလာသင့်

    ရေးသာရေးတာပါ …လိုက်နာမယ်လည်း မထင်ပါဝူး…
    အာဟိ…
    😀

    • ကိုရင်စည်သူ

      December 20, 2011 at 10:35 am

      အဲ့ဒါလာကို ထောက်ခံပါဒယ်…
      စံပြနမူနာ ငမိုက်သားကြီးကို
      ဥပမာထားပြီး ဥပေဒသကို
      လိုက်နာကြပါခညာ….
      အာဟိ… 😛 😛

      • inz@ghi

        December 20, 2011 at 10:39 am

        တောင်ပင်လယ်ထဲ ရောက်တွားဘီ မှတ်နေတာ …
        ပေါ်လာသေးဒလယ်ပေါ့ …
        အင်း …

        ရွာကိုတိုင်တည်ပြီး ချစ်ချစ်ကိုချော့တဲ့ strategy ကြောင့် စိတ်ပြေတွားဒယ်မှတ်တယ်…
        တူများ တားတမီးများ တော်ချက် …

        😀

  • windtalker

    December 19, 2011 at 12:11 pm

    ဥပဒေသ-၃ ။ ရွာထဲက ရွာသူများအား ဖွန်ချင်လျှင် ဖွန်နိုင်သည် ။ သို ့သော် ရွာထဲ တွင်သာ ။ အပြင်မှာ ဖွန်ပါက သူရို ့၏ သက်ဆိုင်သူများနှင့် ကွိုင်ရှုပ်ကုန်မည် ။

  • နီကီတာ

    December 19, 2011 at 1:10 pm

    ဥပဒေသ-၄ ။ သက်ဆိုင်သူများနှင့် ကွိုင်ရှုပ်ကုန်ပါက ဂေဇတ်မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်။
    :D:D:D

  • kotun winlatt

    December 19, 2011 at 2:23 pm

    ကြေငြာချက် အသစ်တွေပါလားးးး
    မှတ်ထားးရဦးးးမယ်ဗျို့…ဟီဟိ…

  • naywoonni

    December 19, 2011 at 5:51 pm

    နောက်ဆုံးအဆင့်ရောက်တော့ ကိုယ့် အကျင့်တွေကို ပြန်ဖော်နေကြတာပဲလားဟရို့……………. ဒီအဖွဲ့နဲ့ တော့ မလွယ်ဖူးဝေးဝေးနေမှ…………..။ 😛

  • thit min

    December 19, 2011 at 11:53 pm

    တယောက်ကလဲ ကိုရင်၊
    တယောက်ကလဲ နီကီတာ၊
    သူတို့ ၂ ယောက်အကြောင်းဖတ်ရတာ ဘုရားဟော သုတ္တန် (ဇာတ်ကြောင်း)တပုဒ်ဖတ်
    နေရသလိုဘဲ။လူ့ကို ဘယ်ခေတ်ရောက်နေမှန်းသိတော့ဘူး။
    အံ့ချက်။(^^)

  • comegyi

    December 20, 2011 at 6:07 am

    ဩ ……..အဲသည်နေ့က ……..
    ကိုရင်က စိတ်ဆိုးနေတာကိုး …….
    ဒါကြောင့်ဖြစ်မယ် …….
    နေ့လည်စာတောင် ……
    ဆက်ကင်းရောင်းသွားတယ်……..
    ……………ဒါတောင် ……စီးတီးမတ်မှာ……
    ရေနွေးမှာတာ ..ကတောက်ကဆဖြစ်လို့ ……
    မဟုတ်ရင် စိတ်ဆိုးဆိုးနဲ့ သပ်ဒ်များရောင်းမလား မသိ……

    • ကိုရင်စည်သူ

      December 20, 2011 at 10:39 am

      ကိုကမ်းဂျီးရေ… No camera ၊ လက်ဖက်ရည်အိုးနဲ့ စီးတီမတ်ဆိုတဲ့
      ပို့စ်လေး ရေးရင်ကောင်းမလားလို့ စဉ်းစားနေတာ..
      ကိုပေလာတုန်းက ဓါတ်ပုံရိုက်မယ်ကြံတာ.. တို့မှာ
      စီးတီးမတ်မှာ အဝှာနေရာမရဖြစ်ခဲ့သေးတယ်
      မနေ့တနေ့ကလည်း လက်ဖက်ရည်ဖိုး ရှင်းပြီးတာတောင်
      လာမချသေးဘဲ မိအေးနှစ်ခါနာလိုက်သေးတယ်..
      စီးတီးမတ်က ဝန်ထမ်းတွေ… သွက်လက်… ချာပုံကတော့
      ကိုရင်တို့အုပ်စု တော်တော်ခံနေရပီ..
      နောက်ဆို စီးတီးမတ်ကို မသွားတော့ဘူး…
      ရွှေမင်္ဂလာပဲသွားတော့မယ်… ဟီးဟီးး..
      ဘီဘီဆိုင်ဆို ကြိုက်သလောက်ရိုက်၊ ကျသလောက်ရှင်းပဲ.. ရှင်းတယ်နော.်…

Leave a Reply