လွမ်းရစ်ဝေသောနွေဦးရက်များနှင့် ၊ထောင်အမိန့်ချခံရသောနေ့၊ သရဲဝင်စီးသောည။ (ဒုတိယပိုင်း)

ba gyiDecember 19, 20111min835

လွမ်းရစ်ဝေသောနွေဦးရက်များနှင့်၊ထောင်အမိန့်ချခံရသောနေ့၊
သရဲဝင်စီးသောည ။( ဒုတိယပိုင်း )
(1991 ) ခု ၊မတ်လ။အ လယ်လောက်ရောက်တော့ ကျနော်တို့ နှင့်(ကေ့စ်) အတူတူ ထိမ်းသိမ်းခံရသော လူဦးရေ (၂00)လောက်တွင်၊ အချို့ကျောင်းသား/သူတွေ ပြန်လွှတ် ပေးပြီ၊ အားလုံးဝမ်း သာကြရသည်၊ ကိုယ့်အလှည့် ဘယ် တော့ လည်းလို့မျှော်နေကြပြီ။
တစ်ကယ်တန်းတွေးကြည့်တော့၊ မိမိအ ဖမ်းခံရသောအကြောင်းအရာ ကို ထောင်အတွင်း၊ဆုံမိရာရဲဘော် အချင်းချင်းပြန် ပြီး၊စစ်စစ် ပေါက်ပေါက် တွက်ဆကြည့်ရာ၊တစ်ချို့ဆို ထိုဖြစ်ရပ်ဖြစ်ပွါးရာနေရာအ နားသွား မိခြင်း ကြောင့်၊ တစ်ချို့ကတော့ လက်ခုပ်တီးအား ပေးမိသော ကြောင့်၊ တစ်ချို့ကတော့ ထိုဖြစ်ရပ်ထဲ အမှန် ပင်ပါဝင် ခဲ့ကြမိလို့၊ ၊တစ်ချို့ကတော့လည်း ထိုအ ရေး ခင်း နှင့်အမှန်တစ်ကယ် ပါတ်သက်ခဲ့ သူ မှ ထိုရက်ပိုင်း တွင၊် ခရီး သွားဟန်လွဲတွေ့မိပါသည်ဟု ထွက်ချက် အရ သင်္ကာမကင်းဖြစ်ကာ ခေါ်ယ ူ စစ် မေးခြင်း ခံကြရ ပေရာ၊ ကျနော် က နောက်ဆုံးအမျိုးအစားတွင်ပါဝင်ပြီး၊ ဖမ်းခံရသူ၊ဖြစ်ကြောင်း၊(ထိုသို့စစ်ချက်ထွက် ခဲ့မိသူ) ပြန်ပြောပြချက် အရသိခဲ့ရသည်၊ သို့ဖြစ်သဖြင့်၊ အပြစ်မရှိပဲ ဖမ်းခံရသူ များကိုပြန်လွှတ်ပေး သည် ကိုသိရ သောအခါ ၊ မိမိလွတ် မြောက် ကြောင်းကို မျှော်လင့်မိသည်မှာ အခါ ခါပင်၊ကျနော့လိုပင် ထိုသို့ မျှော်တစ် လင့်လင့်နှင့် စိတ်ကူးယာဉ်မိ နေကြသူများမနည်းလှပေ။ (အမှန်တိုင်းပြောရလျှင်၊ဖြစ်ခဲ့သောအရေးအခင်းတစ်ခုကိုဘမ်းပြပြီး၊ကျောင်းသားလူငယ်တက်ကြွသူများအပါအ ဝင်၊ထိုစဉ်က သူတို့မျက်မုန်းကျိုးသော နိုင်ငံရေးလောကမှလူငယ် ခေါင်းဆောင်များ၊ ကျောင်းသား ခေါင်း ဆောင် များ၊ မြေပေါ်/မြေအောက် လော ကမှ အစ ဆွဲထုတ် လို့ ရသူမှန်သမျှကို သိမ်းကျူံးဖမ်းဆီးသော၊ လူဖမ်း ပွဲကြီးပင်တည်း၊) တစ်ရက်တစ်ရက်နှင့် မတ်လ ကုန်ခါနီးရောက်လာခဲ့ပြီ၊ ကျနော်တို့မျှော်လင့်ချက်ရောင်ခြည်က တစ်ဖြည်းဖြည်း မှေးမှိန်လာခဲ့ပြီ၊ထိုရက်ထဲမှာပင်၊( တစ်နေ့)-ရေချိုးပြီး၊ ညနေ ထမင်းဝေပြီးချိန်လောက် ဖြစ် မည် ထင်၏၊ ကျနော်တို့ တိုက်အဆောင်၏အစွန်ဆုံးအခန်းတွင် တစ်ဦးတည်း နေသော ကိုမိုးဟိန်း အခန်းမှအ လန့် တစ်ကြား အော်သံကြောင့်၊ ဘာဖြစ်တာလည်း၊ ဘာဖြစ်တာလည်းဟုသာလှမ်းမေးရသော်လည်း၊ မိုးဟိန်း ၏၊ ပြန် ဖြေသံ ကို၊ ချက်ချင်း၊ ရှင်းရှင်းလင်းလင်း မကြားလေရကား တစ်ဆောင်လုံးထိတ်လန့် တစ်ကြား ဖြစ်ကြ ရပြီး၊ မိမိတို့အဖို့မှာ တော့၊အခန်းထဲမှ လည်းထွက်လို့မရ၊ ဘာဖြစ်မှန်းလည်းမသိရသည့်နည်းတူ၊ အားလုံး စု ပေါင်း သံပြိုင်ဟစ်ကာ — လာကြပါ၊ ကြည့်ကြပါ မိုဟိန်း အခန်းမှာ ဘာဖြစ်လည်းမသိဘူးဟုသာ- တွင်တွင် ကြီး ထအော် မိကြပါ တော့သည်၊ ထိုအခါတွင်မှ ခြံအပြင်ထွက်စကား ပြော နေသောဝါဒါလေးနှင့် အခြားဝါဒါ အဖေါ် နှစ်ဦး တို့ အပြေးအလွှားရောက်လာကြသည် ၊ အဲသည်တော့မှ – အမောတကော ဖြစ်နေ သော မိုးဟိန်း အသံ ကို ကြားလိုက် ရပါသည်၊ အခန်းထဲ–မြွေ၊ မြွေ ဝင်နေတယ်၊ လုပ်ကြပါ၊ ကိုင်ကြပါ၊ အခန်း တံခါးဖွင့်ပါ ဆိုပြီး ၊ စောင် တစ်ထည်ကို လက်နှစ်ဘက်မှ ဖြန့်ကာကိုင်ရင်း၊ ကျွဲရိုင်း သတ်သူ နှင့် ကျွဲရိုင်းတို့ ထုပ်စည်းတိုး သည့် နှယ် သူ့အခန်းထဲမှာ မြွေ နှင့်သူ ၊သူ နှင့်မြွေ၊ချာလပတ်ရမ်းနေသည် တဲ့ခင်ဗျား၊ နောက် တော့ မြွေက အပြင်မှ လူ အသံကြောင့်တစ်ကြောင်း၊ မိုးဟိန်း ၏ ၊ စောင်ကြီးတစ်ကားကားကို မျက်စိ နောက် သွားသည် ကြောင့် လား မသိ ချာကနဲ လှည့်ကာ သံတိုင်တွေကြား မှပြန်လျှောထွက်ကြောင်း သတင်းကောင်း သိလိုက် ရပါသည် ။ ထိုညအဖို့ အနှီ မိုးဟိန်း ခဗျာ အိပ်ပျာ်မည်တောင်မထင်၊ ညပိုင်းစောင့်သော ဝါဒါကလေး ခဗျာ အခြားအဆောင် မကူးရဲတော့ပဲ၊ ပက်လက်ကုလားထိုင်တစ်လုံးနှင့် တစ်ညလုံး ကင်းစောင့် ရပါတော့ သည် ခင်ဗျား။
ဝါဒါက လေး အပြော အရ တစ်သက်တစ်ကိုယ် သူ့ဝါဒါသက်တမ်းတွင် ထိုအဖြစ်မျိုးမကြုံဘူးကြောင်း၊ မြွေကို သေသေချာချာ၊မြင် လိုက်ကြောင်းတော်တော်လည်းရှည်ကြောင်း၊ ခေါင်းထောင်သော်လည်း အမောက်၊ ပါးပြင်း မပါသဖြင့် လင်းမြွေ အမ ဖြစ်နိုင်ကြောင်းပြောပြတော့ တစ်ဆောင်လုံးငိုအားထက်၊ရယ် အားသန်ရ ပါတော့သည်။ (ထို လင်းမြွေအမ ကသူ့အခန်းထဲ ရာရာစစ ဘာလာလုပ်သည်မသိ)သို့သော် ဖြစ်ရပ် တို့သည် စမ်းကြယ်လှပေစွကား၊ ထိုသို့ဖြစ်ပြီးရက်၊မကြာမှီတွင်၊အနှီ မိုးဟိန်းကြီး ထောင်မှလွတ်မြောက်သွားပါသည်ခင်ဗျား၊ လွတ်ရက်က လည်းနီးသောကြောင့်လွှတ်လိုက်ကြောင်းသိရသည်၊နောင်တော့သူ့ကောင်မလေးနှင့် အိမ်ထောင်တွေဘာ တွေကျပြီး၊ တော်တော်ကိုကြီးပါွးရေးလမ်းပေါ်ရောက် သွားကြောင်း လည်း တစ်ဆင့်စကားသိကြားရပါသည်။(ရွာသား ကိုရင့် မေးကြည့်ရင်တော့ သည်မြွေ ဘာမြွေ ဟုသိနိုင်ကောင်းပါ၏ )။
မည်သို့ဆိုစေ မိုးဟိန်းကြီးက အတိတ်နမိတ်ကောင်း ပေစွ၊ ကျနော်တို့ကျန်ရစ်သူများလည်း တစ်နေ့တစ်နေ့ ထို မြွေ ကိုပဲ မြင်ရနိုး တရမလို၊ ဘုရားရှိခိုးလိုက်၊ ပုတီးစိပ် လိုက်၊ တရားထိုင်လိုက်၊မေတ္တာပို့လိုက် နှင့် အဆောင် ရှေ့အုတ်တံတိုင်းဘောင်ပေါ် လာလာနားသော ဇရက်ငှက် ကလေးတွေကြည့်ပြီး စုံဂဏန်းလား၊ မဂဏန်း လား ရေတွက်ပြီး နိမိတ် ကောက်ရတာ မမောမပမ်းနိုင်၊ ဘယ်ကဘယ်လို သည်လိုရေတွက်ပြီး အတိတ်ကောက် ရ တယ် ဆိုတာကို လိုက်လုပ်မိတယ်မသိ၊ စု ံဆိုရင် ကံကောင်းသည်၊မ ဆိုရင် ကံမကောင်း ပါတဲ့၊ မ ဂဏန်းကျ သည့်နေ့ဆို ခါတိုင်းထက်ကို ပုတီးအပတ်ရေ များများ စိပ်မိသည့်အဖြစ်ကိ၊ုပြန်တွေးမိတော့ကိုယ့်ကိုကိုယ် ပြုံး မိပြန်သည်၊ သည်အခါမယ်တော့ ကိုယ့်ကိုကိုယ် မင်း သတ္တိကြောင်လိုက်ရံ ကောကွာ ဟု မာန်ပြန် တင်းမိပြန် သည်။ အော် ထောင်ဆိုသည်ကား လူတို့ ကို စိုးရိမ်စိတ်လည်းပေး၏၊၊ ကြောက်စိတ်လည်း ဖြစ် ပေါ် စေ၏၊ ထိုစိတ် တို့ကို မခံချင်စိတ်နှင့်တွန်းလှန်သော ယောကျင်္ား ကောင်းစိတ်ကိုလည်းဖြစ်ပေါ်စေ သကဲ့သို့ စိတ်ကြံ့ခိုင်စေရန်အဆုံးအမ ပြုသော ကုသိုလ် စိတ်ဖြင့် တရားဘာဝနာအလုပ်ကိုလည်းစေ့ဆော်ပေးနိုင်သောနေရာပါတကား။
ဟော -တူးပို့ တူးပို့ သံကလေးတွေက ထောင်နံရံတွေ အပြင်ဘက်မှ လေနှင်ရာလွင့်ပြီး ကျနော်တို့ထံ ရောက် လာခဲ့ချေပြီ၊ နွေဦးလွန်မြောက်လို့ ပန်းပိတောက်တွေပွင့် မည့် အချိန်တောင်နီးလာပြီပဲ၊သည်နှစ်သင်္ကြန်ပွဲဘယ်ဆီမှာနွဲရပါ့မည်မသိ၊အပြစ်မရှိလို့ပြန်လွတ်ပေးမည့်စာရင်းထဲကိုယ်တွေမပါတာကတော့သေခြာသွားခဲ့ပြီ။
မျှော်တစ်လင့်လင့် နှင့် သည့် မဆွခင်ရက်တွေမှာ တက်ကြွ နေခဲ့သောမျက်နှာလေးတွေက၊ ညှိုးရော်စပြုလာ ကြပြီ၊ တံခါးပေါက်မှာ- မျှော်တော်ယောင် (ရစ်သီရစ်သီ) လုပ်သူ များ နဲပါးလာသည်၊ အခန်းထဲမှာပဲ ၊တစ်ချို့ ဆိုမစားနိုင် မအိပ်နိုင်၊ မမှိုင် သော်လည်း တစ်ချက်တစ်ချက်၊တွေဝေ စတော့ပြုကြပြီ၊ လွတ်ဘို့မျှော်ရင်းမှတစ် ချို့ လွတ် ကြောင် ကြောင်ကြပြီ၊ ဝါဒါကလေး၏သတင်းစကားအရဆို စက်မှုတကသိုလ်မှ ကျောင်းသား တစ်ဦး (အမည်မဖေါ်လိုပါ)သည်စိတ်ဖေါက်စပြုနေပြီဟုသိရသည်၊ စိတ်မကောင်း လိုက် ပုံတွေ၊ သူ့မှာ ဇနီး သည် အတွက်သောကမီးတောက်လောင်ရှာပြီ၊ ကံဆိုးရှာသူ ပေပဲလေ ။ အခန်းဖေါ်ခြင်းအပြန်အလှန် အားပေး ကြရ ပြီ၊ ရေချိုးဆင်း ချိန် တစ်ယောက် နှင့်တစ်ယောက် သတ္တိ တွေ မွေးစေကြပြီ၊ လာမည့်ဘေးပြေး တွေ့၊ ကြောက်မွှေးပါ ဇာဂနာနဲ့ဆွဲ နှုတ် ဟေ့ ဆိုသော ———၊ရှေးအတိတ်သမိုင်း မှ လွတ်လပ်ရေး တိုက် ပွဲဝင် သူရဲကောင်းတို့ထုံးကို အမှတ် ရ၊ နှလုံးသွင်း ကာ၊ လက်သီးလက် မောင်းတန်းခဲ့ကြရသည်၊ ( ငါတို့သည် သူ ရဲ ကောင်း ) ။
သင်္ကြန် မရောက်ခင် အချိန် ၊တွင် ကျနော်တို့ ကြိုတင်မျှော်လင့်ထားသော ကိစကရောက်လာခဲ့ပြီ၊ နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစအတွက် အရေးဆို ၊တောင်းဆိုခဲ့သည့် အဓိက ကျောင်း သား ခေါင်း ဆောင်များကို စတင်ရုံးထုတ်ပါပြီ။
ပထမရက်တွင်ပင် ဟောတစ်ယောက်၊ဟောတစ်ယောက် ရုံးထုတ်သည်၊တစ်ချို့ကိုတော့အစုလိုက်အတွဲလိုက် ရုံးထုတ်သည်၊ စစ်ခုံရုံးတဲ့၊အမိန့်ချရန်ခေါ်သွားသူများတစ်ယောက်
မှ ပြန်မလာ၊ဝါဒါကလေးများကို သာသ တင်း မေးရသည်၊ ဟိုလူဘယ်လိုအခြေအနေလည်းမေး (၂၅)နှစ်၊ ဒီလူဘယ်လိုလည်းမေး (၂၀)နှစ်၊ ကြားရသည့်နားပင်မယုံနိုင်၊ လူပေါင်းရာဂဏန်း အတွက် သတင်း မေးရင်း ကြားရသည့် ထောင်ချရက် တွေ ကို နားယဉ်ပါး သွားပြီး၊ ကြောက်အားထက်ကို၊ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ကာ ဟားစရာကြီး ဖြစ်နေတော့သည်၊ အချင်းချင်းပြုံးစိစိနှင့် မင်းအခြေအနေဆိုဘယ် လောက်တော့အသာလေးဟ၊ ငါ့အခြေအနေဆို ဘယ်နှယ်နှစ်လောက်တော့ကျ တန်ကောင်း ပါရဲ့ ဆိုကာ၊ သူတို့၏၊မဟားတယား ထောင်နှစ်ချပုံများကိုသရော် မိတော့သည်၊ မြန်မြန်သာလာထားစမ်း၊ခံနိုင်ရည်ရှိတာမှ သတ္တိကွလို ့ပင် ရင်မှာခိုင်မာစွာပိုက်ထားမိ လိုက်ကြ ပါတော့၏။အရင်ဆုံးနေ့မှာအမိန့်ချခံရသည့် ၊ ကိုကိုကြီးက(၂၅)လား၊(၂၀)လား မမှတ်မိတော့၊ ၊အမိန့်ချခံပြီး သော သူများကို ပထမနေရာအခန်းသို့ပြန်မပို့တော့ပဲ၊အချို့ထောင် မကြီး၊အချို့ကို တော့ လက်ရှိသီးသန့် ထောင် ၏ အခြား အဆောင်များသို့လူခွဲထားလိုက်ကြပြီ၊ ဒုတိယအမိန့်ချသည့်နေ့တွင်တော့ (15)နှစ်၊တွေများ သည်၊တတိယနေ့-အဲသည် နေ့နံက်ပိုင်းတွင်ကျနော့်အခန်းဖေါ် နှစ်ယောက်ပါသွားပြီ၊ သူတို့နှစ်ယောက်လည်းကျနော့်တို့အဆောင်ကိုပြန်မရောက်၊အခန်းတွင်း၊ကျနော်တစ် ယောက်သာ ကျန်ရစ်ပါတော့သည်၊ အကြား သ တင်း အရတော့ ၊ တစ်ယောက်က(၁၅)နှစ်၊ နောက်တစ်ယောက်က(၁၂)နှစ်တဲ့။သည်လိုနှင့် တစ်နေပင်ကုန် တော့မည်၊ သည်ကနေ့လည်းကျနော့်အလှည့်မလာ သေးဘူးထင်ပါရဲ့ ၊ အတွေးနှင့်အတူ အခန်းသံတိုင်တံခါး အနီး၊ တစ် ယောက် ထည်း ထိုင်ကာ ဟိုးအဝေးဆီမှ မိုးကောင်းကင်ပြာကြီးကိုငေးနေမိပါသည်၊ ထိုစဉ်မှာပင် ဝါဒါ နှစ်ယောက် ကျနော်တို့ အဆောင်ရှိရာ၊ဝန်းခြံကလေးအတွင်းဝင်လာသည်ကိုမြင်လိုက်ရပါတော့သည်၊ ကျနော့်အလှည့်ကိုရောက်လာပြီပဲ၊အမှန်ဝန်ခံရလျှင် ကျနော့်ရင်ထဲထိတ် ကနဲဖြစ်မိလိုက်သေးသည်၊သို့သော် မျှော်လင့်ပြီးသား၊ စိတ်ဒုံးဒုံးချပြီးသားပဲလေ လို့ ပြန်တွေးပြီးထိုဝါဒါနှစ်ယောက်ခေါ်ရာသို့ ရင်ကော့ကာလိုက် သွားခဲ့ပါသည်ခင်ဗျား။

( အားလုံးကိုလေးစားစွာဖြင့်။)

5 comments

  • thit min

    December 19, 2011 at 11:34 am

    ကိုဘကြီးရေ
    အဖြတ်အတောက်ကလည်း အသံလွှင့်ရုံကလား မှတ်ရ။
    ငံ့ကနဲ ငံ့ကနဲ နေအောင်ကို ဖြတ်နိုင်ပါပေ့ဗျာ။
    ရေးပုံကလဲ အားပါတယ်။ မျက်စိထဲမြင်အောင်လည်းရေးတတ်ပါပေ့။
    မင်းသားအခန်းကို မျှော်နေတယ်နော။
    အလုပ်တဖက်နဲ့ ဆိုရင်တော့ တာဝန်ကိုဦးစားပေးပါ။
    အဲဒီလိုအဆိုးမျိုးတွေဘယ်တော့မှ မကြုံရတော့ဘဲ ကျန်းမာ ချမ်းသာ ဘဝမှာပြည့်စုံပါစေဗျာ။

  • ba gyi

    December 19, 2011 at 11:42 am

    ခင်မင်ရသောကိုသစ်ကြီးရေ၊ဇတ်သိမ်းပါတစ်နေ့ထဲတင်ပေးလိုက်ပါသည်၊ကျေးဇူးပါခင်ဗျား။

  • ဆူး

    December 19, 2011 at 12:03 pm

    ဖတ်ရတာ စိတ်ထဲမှာ လေးလေးပင်ပင်နဲ့ ဇတ်လမ်းထဲ ပါသွားတယ်။
    ကျန်းမာ ချမ်းသာပြီး အချုပ်အနှောင်ဘေးမှ ကင်းလွတ်ကြပါစေ။

  • ကြောင်ကြီး

    December 19, 2011 at 12:37 pm

    အဲဒီကေ့စ်ရဲ့ နှစ်ကြီးသမား ကျောင်းသားအချို့ ယနေ့အချိန်အထိ ထောင်ထဲရှိနေသေးကြောင်း အင်တာနက်သတင်းတပုဒ်မှ ဖတ်ရတယ်။ ဘယ်သူ၊ ဘယ်နှစ်ယောက် (အတိအကျ မသိလဲ၊ အကြမ်းအားဖြင့်) ဘယ်နှစ်နှစ်ကျခံနေရသလဲ သိရင်တင်ပေးပါခင်ဗျား။ ကျောင်းသား၊ နိုင်ငံရေးသမားများရဲ့ စွန့်လွှတ်အနစ်နာခံမှုကို မသိရှိသေးသူများ စာနာတတ်စေရန်ပါ။။

  • ba gyi

    December 19, 2011 at 12:58 pm

    ကိုကြောင်ကြီးရေ၊ သည်ကေ့စ်နဲ့အားလုံးပြန်လွတ်ပြီးကြပေမည့်၊ ကုန်ဈေးနှုန်းကိစ္စနဲ့(ဒုတိယ)အကြိမ်ပြန်ဝင်
    သွားသော မလွတ်သေးသော၊ကျနော်တို့( တန်း/ ဒီဇင်ဘာ) မှ ရဲဘော်လေးယောက်ရှိပါတယ်။
    (၁) ကိုကိုကြီး
    (၂)ကိုမင်းဇေယျာ
    (၃)ကိုအာင်မျိုးဆန်း
    (၄)ကိုအံ့ဘွယ်ကျော်တို့ပါ။ သူတို့လည်းမကြာမှီပြန်လွတ်မြောက်နိုင်မယ်လို့ယုံကြည်ပါတယ်။လွှတ်တော်ဥက္ကဌ
    သူရ ဦးရွှေမန်းကိုယ်တိုင်ပြောထားပါပြီ။

Leave a Reply