ကျွန်ုပ်ရောက်ရှိခဲ့သော သူရဲကောင်းတို့၏ ရွာကလေး (ဖားရွှေကျော်ရွာ)

ThuyazawDecember 19, 20111min1368

 

ဆရာစံ ဂုဏ်ပြုအမှတ်တရ ရုပ်ထု

ဗိုလ်ချစ်၏ အုတ်ဂူကလေး

ဆရာစံ အောင်မြေကုန်း အဝင်မုဂ်ဦးပုံ

ဆိပ်ကမ်းနံဘေး

ရာဇဝင်ထဲက ရွာကလေး

 

ဆရာစံရွာလေးကို ရောက်ပြီးတဲ့နောက်မှာ ဖြစ်ပေါ်မိတဲ့ ခံစားချက်လေးတွေကတော့

(၁) ဆရာစံရဲ့ ရုပ်တုကိုကြည့်ပြီး ၁၃၀ဝ ပြည့် အရေးတော်ပုံကြီးကို ငယ်ငယ်က ကျက်ခဲ့ရတဲ့ သင်ရိုးကိုသွားသတိရမိတယ်…..

(၂) အဲဒီခေတ်အခါက ဆရာစံရဲ့ ကြိုးပမ်းမှုကို မချီးကျူးပဲ အားမကျပဲ မနေနိုင်အောင်ဖြစ်မိတယ်…. တစ်ချိန်က သမိုင်းဖတ်စာအုပ်ထဲက နေရာတွေကို ကိုယ်တိုင်ကိုယ်ကျရောက်ရတယ်ပေါ့……

(၃) နိုင်ငံအတွက် ကြိုးပမ်းခဲ့တဲ့ သွေးတွေ ချွေးတွေကိုလဲ နင်းခဲ့ရသလို ခံစားရတယ်……

(၄) ပြင်းပြတဲ့စိတ်/ထက်သန်တဲ့စိတ်ထားရှိဖို့ လူငယ်တွေကို လမ်းပြလေသလား လို့လဲ ခံစားမိတယ်……

(၅) သူငယ်ချင်းတွေ မရောက်ဘူးသေးရင်လဲ ပုံလေးကို ကြည့်ချင်းအားဖြင့် ရောက်ဖူးသွားအောင် တင်ပေးလိုက်ပါတယ်…….

 

8 comments

  • koyinmaung

    December 19, 2011 at 2:39 pm

    ကျေးဇူးဘဲဗျို…….

  • blackchaw

    December 19, 2011 at 3:23 pm

    ကောင်းတယ်ဗျာ။
    ဆရာစံ နေခဲ့တဲ့ နေရာလေးတွေ။
    အမှတ်တရလေးတွေ။ ထပ်တင်ပါဦးဗျာ။

  • Rose Minn

    December 19, 2011 at 3:27 pm

    ရောက်ဖူးပါတယ်။ တော်တော်ဝေးလံသီခေါင်တဲ့နေရာလေးပဲ။ အင်္ဂလိပ်တွေတိုက်ပွဲမှာတော်တော်ကျ ဆုံးခဲ့တဲ့နေရာရွာပဲ။ တော်တော့်ကို ချောင်ကျတယ် အခုတော့ကားလမ်းရှိနေပါပြီ။ ကား၊ ဆိုင်ကယ် မောင်းနိုင်ရုံမြေလမ်းလေးပေါ့။ ဖုန်လဲတော်တော်ထူတယ်။ မိုးတွင်းတော့မသွားနဲ့ ကားဘီး နစ်မယ်။ တော်တော်ခေါင်တာ။ အဲဒီမှာ သုံးဆယ် ဆည်စီမံကိန်းရှိတယ်။ ဆည် ကို ရောက်ရင်တော့ ရှုခင်းက လမ်းခရီးမှာပင်ပန်း သမျှ အမောပြေတယ် အေးအေးလေးပါ။ အလံတောင် ဆိုတာ လဲရှိတယ် ဆည်နဲမျက်နှာချင်းဆိုင်ပေါ့။ ဆရာစံ ဆေးအောင်ခဲ့တဲ ဂူလဲရှိတယ်။အင်္ဂလိပ်တွေကို ပုန်းတဲ့နေရာလေးပေါ့။ တောကောင်တွေလဲရှိတယ်။ ဆင်ရိုင်းတွေက အခုထိရှိတယ်။ တင်ပြပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ နောက်ပုံတွေ ရှိသေးရင်တင်ပေးပါအုံး။

  • ဆူး

    December 19, 2011 at 5:26 pm

    မရောက်ဖူးပါ.. အခုလို တင်ပေးတာ ကျေးဇူးတင်ပါသည်။
    အဲလို အရုပ်တွေ ရှိမှန်း တခါမှ မကြားဖူးပါဘူး။
    အခုလို ပုံတွေ ပြမှ မြင်ဖူးတာမို့ တခါတခေါက် သွားတော့ ကြည့်ချင်ပါသေးတယ်။
    သမိုင်းမှာ အထင်အရှား ရှိခဲ့တဲ့ နေရာဆိုတော့.. တိုးတွေ ပြစားလို့တောင် ရတယ်။
    တရုတ်ပြည်သွားတုန်းကတော့ ဆွန်ရက်ဆင် အိမ်တို့ ဘာတို့ ပြတိုက်လုပ်ထားလို့ ခရီးစဉ်ထဲပါလို့ ဝင်ကြည့်ရသေးတယ်။

  • windtalker

    December 19, 2011 at 7:19 pm

    အဲဒီ ဖားရွှေကျော် ရွာက ရေခံမြေခံ တော်တော်ကောင်းတာဘဲဗျ ။ ဖားရွှေကျော် ရွာက နောက်ထပ် ပေါ်ထွန်းခဲ့တဲ့ သူရဲကောင်းများ ရှိရင်လည်း ပြောပေးပါဦး ခင်ဗျား ။

  • နီကီတာ

    December 20, 2011 at 10:23 am

    အဲလိုရွာလေးတွေ သွားလည်ချင်လိုက်တာ 😀

    • Rose Minn

      December 20, 2011 at 10:59 am

      နီကီရေ သွားလည်ချင်ရင်တော့ သာယာဝတီရောက်တဲ့ကား (စံချိန်မှီနံမည်နဲ့လိုင်းကားစီး) သွားပြီးရင် ဖားရွှေကျော်ရွာကို ဆိုင်ကယ်တို့ နွားလှည်း တို့နဲ ကြိုက်တာ သွားရတယ်။ လမ်းမှာ ကြံခင်းတွေ၊ မြေပဲခင်းတွေလဲတွေ့ရမယ်။ ဖားရွှေကျော်ရွာမှာတော့ ကြံသကာချက်တဲ့အိမ် ရှိတယ်။ နေပူပြီးတော့ ဖုန်တော့တော်တော်များတယ်။ ရွာသားတွေကို အကူညီတောင်းပြီး ဆရာစံကုန်းသွားချင်တယ်လို့ပြောမှရတယ်။ ဆရာစံကုန်းနဲ ဖားရွှေကျော်က တစ်မိုင်လောက်ဝေးတယ် ထင်တယ်။ စိတ်ဝင်စားရင် သွားလေ့လာကြည့်လိုက်ပါ။ ရွာဓလေ့ ရဲ့ခံစားချက်လေး တစ်မျိုး တွေ့ရမယ်။ Rose တော့မြို့ပြရဲ့မွမ်းကြပ်မှုတွေ တော်တော်ပြေခဲ့တာ။

  • စုံ စုံ

    December 20, 2011 at 4:46 pm

    ဓါတ်ပုံတွေကြည့်ပြီး Rose ညွှန်းတာတွေနဲ့တင်တော်တော်ကို
    ရောက်ဖူးချင်နေပြီ
    ဆူးပြောသလို သမိုင်းအထင်အရှားရှိခဲ့လို့
    ပြတိုက်လုပ်ခဲ့မယ်ဆိုရင် တဖက်တလမ်းကဝင်ငွေတော်တော်ရနိုင်မယ်

Leave a Reply