လွမ်းရစ်ဝေသောနွေဦးရက်များနှင့် ၊ထောင်အမိန့်ချခံရသောနေ့၊ သရဲဝင်စီးသောည။ (တတိယ/ ဇတ်သိမ်းပိုင်း။)

ba gyiDecember 19, 20111min927

လွမ်းရစ်ဝေသောနွေဦးရက်များ နှင့် ထောင်အမိန့်ချခံရသောနေ့၊
သရဲဝင်စီးသောည။ (တတိယ ၊ ဇတ်သိမ်းပိုင်း)
(စစ်ခုံရုံးဆိုတာ —-။)
ထောင်ဗူးဝရှိလူဝင်ပေါက်နားရောက်တော့ ရဲဝတ်စုံဝတ်သုံးပွင့်တပ်ထားသူမှ ကျနော့ကိုသူ့မိတ်ဆွေဟောင်းကိုနှုတ်ဆက်သလို၊ ကို———- လာလာဆိုကာ၊ ကျနော့ပုခုံးကိုပုတ်ကာအမှာပါးသည်၊ ဘာပဲသူတို့ပြောပြော ဟုတ်မှန်ကြောင်း သာ ဝန်ခံလိုက်၊ ဝန်ခံရင်ထောင်ချရက်နဲလိမ့်မယ်- ခင်ဗျားအတွက်ပြောတာ စစ်ကြော ရေး မှာလိုခေါင်းမမာပါနဲ့တဲ့ ဂရုဏာသက်သလိုမျက်နှာ ပေး နှင့်၊ သုံးခါလောက်ကိုမှာပါသည်၊ ထို့နောက်၊ နောက် တစ် ယောက်ကိုကျနော့လိုခေါ်လာပြန်သည်၊ အသက်(၄၅) လောက်ဟုထင်သည်၊သူ့ကို ကျနော်လုံးဝ မမြင် ဘူးပါ၊ သို့သော် အဲဒါ ကျနော့်အမှုတွဲပါတဲ့ဗျား။
စစ်ခုံရုံးထဲကျနော်တို့နှစ်ယောက် ဝင်ခဲ့ပါပြီ၊ကျနော်တို့နှင့်ခပ်လှမ်းလှမ်း၊အခန်းဘယ်ဘက်ဘေးမှာ ရဲအရာရှိ လေး ငါး ယောက်ထိုင်နေကြသည်၊သူတို့ရှေ့ခုံပေါ်မှာတော့စာ ရွက် တွေ၊ဖိုင်တွဲတွေ နှင့် ၊ကျနော်တို့နှစ်ယောက်ကို လည်းထိုင်ခုံရှည်ဖြင့် ထိုင်ခိုင်းထားသည်၊ကျနော်တို့ရှေ့မှာ၊စားပွဲခုံရှည်တစ်လုံးချထားသည်၊ ကျနော်တို့ နှင့် ရှေ့တည့်တည့်ရှိ မလှမ်းမကမ်းမှာတော့ စစ်တပ်သုံးစားပွဲခင်းများခင်းထားသည့် ခုံရှည်စားပွဲများနောက်ဘက် တွင်ကုလား ထိုင် များ ချထားပါသည်။ သိပ်မကြာပါ၊ဒုတိယဗိုလ်မှုးကြီး တစ်ဦး၊ဦးဆောင်ပြီး စစ်ဗိုလ်(၄)ယောက်လောက်ရှိမည် ၊သူရို့ဝင်လာကြပါသည်၊ အားလုံးမတ်တပ်ရပ်ခိုင်းပြီး၊သူရို့ကိုအလေးပြုကြသည်၊ကျနော်တို့ နှစ် ယောက် ကတော့အ လေးမပြုပါ၊ထတော့ထရသည်၊ စစ်ခုံရုံးကြီးစဖွင့်ပါပြီ ဗျား—-၊ ထိုအဖွဲ့ခေါင်းဆောင်မှာမှတ်တမ်းရုံးမှ တပ်မှုးကြီးဖြစ်ကြောင်း၊ကျန်အရာရှိများကိုလည်းရာထူး၊ အမည်တွေဖတ်ပြ သည်၊ တပ်မှုးကြီးမှ ကျနော့အမှုတွဲဆိုသူကို မတ်တပ်ရပ်စေပြီး အမည်မေးသည်၊ မင်းကို အဘယ်ကိစဖြင့်ဆွဲ ချက် တင်ကြောင်းဖတ်ပြစေသည်၊ ဆွဲချက်များ ကိုနား ထောင် ်စေဟုပြောသည်၊ ထိုနောက်တော့ ဘေးမှာ ဖိုင်တွဲ တစ်ပုံဖြင့်ထိုင်နေကြသောရဲအရာရှိတစ်ဦးမှထပြီး ပြစ်မှုတွေကိုဖတ်ပြသည်၊ ဘယ်နေရာမှာဘယ် လိုပြစ်ချက် တွေလုပ်ခဲ့ ကြောင်းဖတ်ပြသည်၊သူဖတ်ပြပြီးတော့ ၊ တပ်မှုးကြီးမှ မင်းဖတ်ပြတာတွေကြားလား မေး တော့ -ထိုသူမှ ကြားရပါကြောင်းဖြေပြီး၊ဒါဆိုသူတင်ပြတဲ့ဆွဲချက်တွေပေါ် မင်းဘာပြောချင်လည်းမေးတော့ ထိုသူ မှ ဘာမှပြောစရာမရှိပါဟု ဖြေပြီးသောအခါ၊တပ်မှုးကြီးမှ ဒါဆိုကောင်းပြီ၊ မင်းမှာ- အပြစ်ရှိလားဟုမေးတော့ ထိုသူ မှ အပြစ်ရှိ ပါတယ်ဟုဖြေသည်၊ ထိုသို့သုံးကြိမ်၊ သုံးခါ မေး/ဖြေ ပြီးသကာလ ၊ ထိုတပ်မှုးကြီးသည် သူ့ရှေ့ ရှိစာ ရွက် တွေပေါ် တစ်ကုတ်ကုတ်နှင့် ရေးမှတ်ကာ ထိုသူကို ထိုင်ခိုင်းလိုက်ပါသည်၊ သူပြီးတော့ ကျနော့ အလှည့် ပေါ့၊ ရဲအရာရှိမှ ကျနော့်အကြောင်းကိုယ်ရေးရာဇဝင်ထဖတ်ပြသည်၊ပြီးတော့ တပ်မှုးကြီးမှ ကျနော့ကို မတ်တပ်ရပ်စေပြီး အမည်မေးသည်၊ ဆွဲချက်များကိုနားထောင်ပါဟုပြောသည်၊ ဘေးမှ ရဲအရာရှိတစ် ယောက် က ဖိုင်တွဲကြီးကိုင်ပြီးမတ်တပ်ရပ်ကာအမှုအကြောင်းအရာကိုစတင်ဖတ်ပြပါတော့သည်၊ ကျနော့်ကိုစစ် ကြော ရေးမှ စစ်ဆေးခဲ့သော မေးခွန်းများ၊ကျနော်ဖြေဆိုချက်များကိုပြန်ဖတ်ပြသည်ဆိုသော်လည်း၊ တစ်ခြား စီဖြစ်နေ သဖြင့်၊ ကျနော်ကထိုသို့ ကျနော့ကို မမေးခဲ့ကြောင်း၊အမှန်မေးခံခဲ့ရသည်များမှာဘယ်လိုမေးခွန်းတွေကို မေးတာ ဖြစ်ကြောင်း သည်လိုမေးတာကို ကျနော်မှ သည်လိုဖြေခဲ့ပါကြောင်း၊ထထပြီး ပြော ပစ်လိုက် သည်၊ ထိုအခါ စစ်ခုံရုံးတာဝန်ခံ တပ်မှုးကြီးမှ ထိုရဲမျက်နှာကြည့်လိုက်၊ ကျနော့်မျက်နှာ ကြည့်လိုက် နှင့်နား- ထောင်ပြီး အံ့ဩသင့်နေသည်၊ ဘေးမှ အစောင့် ရဲအရာရှိမှ ကျနော့ကို ပြန်ပြောခွင့်မရှိ ကြောင်း သတိ ပေး တော့ ၊ တပ်မှုးကြီးမှ ပြောပါစေ ဟုဆိုကာဆက်နား ထောင်ပါသည်၊ တစ်ကယ်တော့ စစ်ခုံရုံးဆိုသည်မှာ တရားခံမှ ပြန်ချေပခွင့် မရှိပဲ၊ တစ်ဖက်သတ် ကြားနာ အပြစ် ပေးသောနေရာဟု ကျနော်ကြား ဘူးခဲ့သည်၊ ဟုတ်မဟုတ် တော့မသိ၊ ကျနော့ကိုယ်တွေ့မှာတော့ ။ မဟုတ်မဟတ် လုပ်ကြံစွပ်ဆွဲနေသည်ကို တော့ လုံးဝမခံရပ်နိုင်ပဲ၊ ရဲတစ်ခွန်း၊ကျနော် တစ်ခွန်း ပြန်ပြန်ချေပနေမိပါတော့သည်၊ ထိုရဲလည်းနောက်ဆုံး ဇောချွေး တွေကျ လာပြီး သူ့မျက်နှာကြီးကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်၊ချောင်းဟန့်လိုက်နှင့် အ- ထစ်- အ-ထစ်ဖြစ်လာကာ၊တပ်မှုးကြီး မျက်နှာကို မဝန့်မရဲ တစ်ချက်လှမ်းကြည့်ရှာ ပြီး အဲဒါပါပဲခင်ဗျားဟုထိုင်ချသွားပါသည်။
တပ်မှုးကြီးမှ ချက်ချင်းဘာလုပ်ရမည်မသိဖြစ်နေပြီး၊ သူ့လက်အောက်အရာရှိများနှင့် တီးတိုးပြောဆိုခေါင်းချင်း ဆိုင်နေကြပြီး တစ်အောင့်အကြာတွင်တော့၊ ချောင်းတစ်ချက်ဟန့် ကာ၊ခေတ္တနားမယ်ဆိုကာ သူရို့ထိုင်ခုံများမှ တန်းစီလျှက် ထွက်ကာအနီးရှိလိုက်ကာ ကာထားသောအခန်းထဲဝင်သွားကြပါတော့သည်။
ဟောသူရို့တန်းစီပြီးလိုက်ကာ၊ ကာအခန်းထဲမှပြန်ထွက်လာကြပြန်ပါပြီ၊ ကျနော်တို့ကိုမတ်တပ်ရပ်စေပြီး၊ အမိန့် ချမည့် အကြောင်းပြောကာ၊ကျနော့်ဘေးမှ အမှုတွဲဆိုသူကို နားထောင်ဆိုကာ၊အပြစ်ရှိကြောင်းထင်ရှားသဖြင့်၊ ထောင်ဒါဏ်(၁၂)နှစ် ကျခံစေဟု သူရို့လက်ထဲပါလာသောစာအိတ် နှစ်အိတ်အနက် တစ်အိတ်ကို ဖေါက်ဖတ် ကာအမိန့် ချလိုက်ပါတော့သည်။ ပြီးတော့ ကျနော်ကိုကြည့်ကာ ခုနက ဆွဲချက်များအရ မောင်မင်း အပြစ်ရှိ တယ်မို့ လား ဟု မေးရာ ကျနော်မှ လုံးဝအပြစ်မရှိပါကြောင်း၊ စစ်ချက် နှင့်ဆွဲချက်တွေလွဲနေပါကြောင်း ပြန်လည် သုံးသပ်ပေးပါရန်တင်ပြပါကြောင်းပြောတော့ ကျနော့ဝေဆု စာအိတ်ရှည်ကို မဖေါက်သေးပဲ သူ့အရာရှိများနှင့်ခေါင်းချင်းဆိုင်ရပြန်ပြီ၊ ပြီးတော့ တန်းစီပြန်ထွက်သွားပြီးဘေးမှလိုက်ကာအခန်းသို့ပြန်ဝင်ပြန်ပါသည်၊ ထိုသို့ပြန် ပြီးတန်းစီထွက်လာလိုက်၊ ခုဏက အတိုင်းမေးလိုက်၊ ကျနော်မှလည်း မူလအတိုင်း ပြန် ဖြေလိုက်၊သူတို့ခဗျာခေါင်းချင်း ဆိုင်လိုက်၊တန်းစီပြန်ဝင်သွားလိုက် နှင့် ၊ ငယ်ငယ်က ဘုရားတွင် အကြွေစိထည့်လိုက်ပါက တုံချမ်း တုံချမ်း မြည်ပြီးတန်းစီထွက်လိုက်၊ဝင်လိုက် လုပ်နေသော အရုပ်စုံ ရုပ်သေး ရုပ်ကလေးများနှယ်၊ ကျနော့်ကိုလည်း အားတုံ့အားနာဖြစ်နေသော အဲသည် တပ်မှုးကြီးကို စိတ်ထဲမှပင်သနား စာနာမိပါတော့သည်၊ နောက် ဆုံး တစ်ခေါက်မှာတော့ ထိုတပ်မှုးကြီးခဗျာ အဖြေတစ်ခုကိုပြတ်ပြတ်သားသားချရန်အဖြေရ လိုက်ပုံပေါ်ပါသည်၊ မျက်နှာနဲနဲမော့၊ရင်ကိုနဲနဲမတ်ကာ တန်းစီဝင်လာခဲ့ချေပြီ၊ ပြီးတော့ သူကအပြစ်ရှိလားမမေးတော့ပဲ၊ မောင်——–မင်းကို ငါ ပုံပြင်တစ်ပုဒ်ပြောပြမယ်ကွာ ဆိုကာသူ့ပုံပြင်ကိုနားထောင်စေပါတော့သည်၊ အဲသည်ပုံပြင်ကတော့
မောင်——မင်းဘတ်စ်ကားစီးဘူးလားတဲ့၊ကျနော်က စီးဘူးကြောင်းပြောတော့ ၊ အေး– ဘတ်စ်ကားပေါ်ရောက် ရင် ဆေးလိပ် သောက်လို့ ရသလားကွာတဲ့ ၊ ကျနော်က မရပါခင်ဗျား လို့ဖြေတော့၊ ဒါဆို ဘတ်စ်ကားတိုင်းမှာ -ဆေးလိပ်မသောက်ရ ဆိုတဲ့ဆိုင်းဘုတ်ပါသလားကွာတဲ့၊ ကျနော်က မပါပါဘူးဗျာလို့ဖြေပြန်ရော၊ သူက ဒါဆို ဆိုင်းဘုတ် ပါပါ မပါပါ ကားပေါ်ဆေးလိပ်သောက်လို့ရသလားတဲ့ဗျာ ၊ ကျနော်က မသောက်ရပါဗျားလို့ဖြေတော့သူ့ခဗျာ မျက်နှာကြီးဝင်း သွားပြီး၊ အေးအေး ဒို့တပ်အုပ်ချုပ်ရေးအချိန်မှာ ဘာမလုပ်ရဘူးမကြေငြာပေမဲ့၊ တပ် ချုပ်ကြီးက၊မကြိုက်တဲ့ကိစ၊အန္တရာယ် ရှိတယ်ထင်တဲ့ကိစဆိုလုံးဝလုပ်ခွင့် မရှိဘူး၊ အဲဒါကို လိုက်နာဖို့ပျက် ကွက် ရင်အပြစ်ရှိတယ် မောင်- ——- ဟုပြောကာ၊ မင်းသဘောပေါက်တယ်ဆို ရင်မင်းကိုဆွဲချက်တင်တာ အပြစ်ရှိ လား/ မရှိဘူလားမေးရာ၊ ကျနော်က သူမေးခွန်းကို မဖြေတော့ပဲ၊ ဗိုလ်မှုးကြီး ခင်ဗျား၊ ဟုတ်ဟုတ်၊မဟုတ်ဟုတ်၊ ကျနော်အတွက်ကတော့ သည်အထဲ ရောက်လာကတည်းက ပြန်လွတ်မှာမ ဟုတ် ဘူး ဆိုတာတွေးပြီး သားပါ ခင်ဗျာ၊ သည်တော့ ဗိုလ်မှုးကြီးတို့ လည်း ဘာမှဘုမသိ၊ဘမသိ အထက်က အမိန့် အတိုင်း လုပ်ရတာမို့ လို့၊ ဗိုလ်မှုးကြီးလက်ထဲမှ အမိန့်ကိုသာ ချလိုက် ပါ ခင် ဗျား၊ကျနော်ဗိုလ်မှုးကြီးတို့ရဲ့အခက်အခဲကို မြင် ပါ တယ်၊ ချလိုက်တဲ့ အမိန့်အတိုင်း ခံယူမှာပါ၊ ဒါပေမဲ့ ကျနော့မှာဘာအပြစ်မှမရှိကြောင်းကို ယခု စွဲချက်တွေကိုငြင်းဆို ကြောင်းတော့မှတ်တမ်းတင်ပေးပါခင်ဗျားဟု ၊ ပြော လိုက် သောအခါသူက ကျွန်တော့ကို အလွန်စိတ်မကောင်းသောမျက်နှာဖြင့်ကြည့်ကာ၊ အေးကွာ ငါ မှတ်တမ်းတင်ပြီး၊တင်ပြပေးပါမယ်၊ ခုတော့အမိန့်ချမယ်ဆိုကာ – ထောင် ဒါဏ် (၁၀) နှစ် ချမှတ်လိုက် ပါ တော့သည်ခင်ဗျား။ မည်သို့ဆိုစေ၊ ထိုအမိန့်ချ ခဲ့သူများသည် ထိုနေ့အဖို့ အမှန် တရားတစ်ခုကို မြင်သွားကြောင်းကျနော်ယနေ့ထိ ယုံကြည ်ပါသည်၊အစွယ်လိုသူ မိဘုရား၊ စေခိုင်းသူ ဧကရာဇ်၊
နှင့် အစွယ်ယူဆောင် သူမုဆိုးတို့အကြား၊ မည်သို့ဆိုစေ သူတော်ကောင်းဆင်မင်း အကြောင်းကို သောနုထိုရ် မုဆိုး ကောင်းကောင်းသိခဲ့ပြီမဟုတ်ပါလော၊သတ်ပြီးမှ နောင်တရ သကဲ့သို့ ထိုဗိုလ်မှုးကြီး၏ ၊အလွန်စိတ် မ ကောင်း ဖြစ်နေသောမျက်နှာ၊ စစ်ခုံရုံးတွင် ပြန်ချေပခွင့်ကိုရက်ရက်ရောရောခွင့်ပြု နားထောင်ပြီးအံအားသင့်ကာ၊ နားမလည်၊အူကြောင် ကြောင်ဖြစ် သွားသောအမူအရာ၊ကျနော့်ကို အမိန့်ချမရနိုင်ပဲ ဝင်လိုက်/ထွက်လိုက်၊ဘာလုပ်ရမည်မသိဖြစ်သွားကြသောအမူအရာများ ကသက်သေခံခဲ့ပါပြီ၊ ကျနော်ထောင်ကျခဲ့ပြီ၊ ဒါပေမည့် ကျ နော် အောင်ပွဲရခဲ့ပါသည်ခင်ဗျား။ ခုံရုံးထဲမှပြန်ထွက်တော့ ဘယ်လောက်တောင် ကြာသွားသည်မသိ ၊အပြင်မှာမှောင်စပျိုးနေပြီပဲ၊ကျနော့ကိုတော့ မူလထောင်ဝင်းထဲသာပြန်ခေါ်လာပြီး၊ ထောင်ဝင်းအတွင်း ခြေချ လိုက် သည် နှင့်၊ ထိုစဉ်က တွဲဘက်ထောင်မှုးကြီးက၊သူကိုယ်တိုင် ကျနော့ပုခုံးကိုညင် သာစွာဖက်ပြီးစောင့်ကြိုရှာပါသည်၊ ပုခုံးကိုဖွဖွလေးညှစ် ကာ ဘယ်နှယ်နှစ်လည်းလို့ မေး တော့၊ (၁၀)နှစ်ပါဟု ဖြေလိုက်တော့ ၊ကျနော့ကို စိတ်မ ကောင်း စွာကြည့်ပြီး၊သက်ပျင်းရှည်ကြီးချရှာပါသည်။( အော် ) — အထက်မိုး ကောင်း ကင်မှာဗျိုင်းဖြူတစ်အုပ် အိပ်တန်းတက်ရန် အိမ်ပြန်နေကြပြီပဲ၊ ကျနော်ကတော့ အဲသည်မြင်ကွင်းကိုကြည့်ပြီး ခေါင်းမော့ရင်ကော့ကာ ထောင်ဝင်းတစ်ပြင်လုံးကိုကျော်ဖြတ်တိုက်လာသည့် လေပြေ တစ် သုတ်ကို(မလွတ်တမ်း)၊အားပါးတရ ရှုရှိုက် လိုက်ပါတော့သည်၊ ဒါ ကျနော့အိမ်ပဲမဟုတ်ပါလား။( စစ်ခုံရုံးစစ်ချိန်အကြာဆုံးတရာခံ ဟုကျနော့်ကိုဝါဒါများကမှတ်ချက်ပေး ခဲ့ကြ သည်) စစ်ထောက်လှန်းရေးမှ စစ်ဆေးသော အချက်များကို စစ်ဆေးမှုတွင်ကိုယ်တိုင် မပါဝင် ခဲ့ သော (အက်စ်ဘီ) ခေါ်ရဲတပ၊စစ် ထောက်လှမ်းရေး၏၊ညွှန်ကြားချက်အရ ။အမှုမရမကဆင်ခဲ့ရသည် ၊ ထိုအမှုဆင်ထားသည်ကို မှန်/မမှန် မသိပဲ၊ အထက် အမိန့် ကို၊ ဘုမသိ၊ဘ မသိဖြင့် ရယ်ဒီမိတ် စာအိတ် ဖေါက် ဖတ်ကာပြစ်ဒါဏ်ချပေးရသော စစ်ခုံရုံးအဖွဲ့၏ ဒုခမှာ မသေးလှချေတစ်ကား။သူရို့ကို၊ ကျနော်(ယခုတိုင်) အပြစ် လို့မမြင်မိပါ ၊ သူရို့လည်း သားကောင်ဘဝပဲမဟုတ်ပါလား။
(ထောင်သရဲဝင်စီးသောည –။)
ညမိုးချုပ်တော့မည်ဖြစ်သဖြင့်၊ကျနော့ကို မူလနေခဲ့သောအခန်းမှာပင်ပြန်ထားပါသည်၊ ကဗျာကယာ ရေချိုး ခွင့်ရပြီး လူလည်းလွန်စွာလန်းစမ်းပေါ့ပါးသွားရပါတော့သည်၊ ကြိတ်ခဲတင်းလင်းဖြစ်ပြီး၊ တစ်အုန့်နွေးနွေးဖြစ် လာခဲ့ရသော စိုးရိမ်စိတ်တို့ယခု မှပင်၊ပြတ်ပြတ်သားသားဖြစ်ခဲ့ရပြီ၊ မိုးကောင်းကင် တစ်ခွင်လုံးမှာတော့မဲ မှောင် နေချေပြီတကား၊ဝါဒါလေးယူလာပေးသောထမင်း၊နှင့် ထုံးစံအတိုင်းထောင်တာလပေါလေးနှင့်၊ငါးပိကျော်ကိုအား ရပါးယ လွှေးကာ ထမင်းလုံးစီလျှက်၊ နေ့လည်က စစ်ခုံရုံး အကြောင်းကိုပြန်တွေးနေမိသည်၊ အခန်းမှာအ ဖေါ် နှစ် ယောက်လည်း မရှိတော့၊ ကျနော်တစ်ယောက်ထည်း၊ ဘေးခန်းများမှလည်းဘယ်သူမှ အသံမထွက်ကြ၊ တစ်တိုက်လုံး၊တစ်ထောင်လုံး တိတ်ဆိတ်ပြီး၊စိတ်မကောင်းစွာအိပ်နေကြပြီလား၊ အတွေးကိုယ်စီနှင့် မိမိတို့ဖြတ် သန်းရမည့် ခရီးရှည်ကြီး တွေ ကိုတွေးပြီး ဟင်း ချနေကြပြီလား၊တိတ်ဆိတ်နေပုံကခါတိုင်းနှင့်မတူပါလေ၊ ကျ နော်လည်း ဘာလုပ်ရမည် မသိ၊လှဲနေရာမှ ထထိုင်ပြီး တရားထိုင်ကာစိတ်ကိုစုစည်းပြီးဝင်လေ ထွက်လေက လေး သာမှတ်နေလိုက်တောသည်။
ဘယ်လောက်ကြာသွားသည်မသိ၊ ထောင်၏ အနောက်မြောက်ဘက်ထောင့်၊အဆောင်သုံးဘက်ကလား၊ထောင်
ဝင်းအပြင်ဘက် အုတ်နံရံကြီးနှစ်ခုကြားကလားမသိ အသံနက်ကြီးတစ်သံမှာစွဲစွဲငင်ငင် စူးစူးဝါးဝါး နှင့် တစ် ထောင် လုံး၏ အပေါ်စီး မှပေါ်ထွက်လာသည်ကို၊အား လုံးကြားနေရသည် ၊ ပြီးတော့ ထောင်အ ဆောင်(နှစ်) ဘက် ရောက်သွားသလို၊ အဆောင် (တစ်) ဘက်ကူး သွားသလို၊ နောက်ဆုံး ကျနော်တို့ကျွန်းတိုက်ကလေးနှင့် အနီးဆုံး အဆောင်(သုံး) ဘက်ပြန် ရောက်လာသလို၊ အသံ က ခေါင်းမိုးတွေပေါ်မှဖြတ်ကာ ကူးနေသလို ကြားကြရသည် မကြာခင်ကျနော်တို့ အဆောင်ခေါင်မိုးပေါ်ရောက်လာချေတော့မည်၊ ကျနော်လည်းတရား ထိုင်ရပ်ကာ ဘာမှန်းမသိသော အသံ လာရာသို့မေတ္တာသာတွင်တွင်ပို့မိနေပါတော့သည်၊ ဘေးခန်းမှ လူများ ကကျနော်ကိုတစ်ယောက်တည်းမို့ မကြောက်စေရန်လှမ်းစကားပြောပေးကြသည်၊ သူတို့လည်း အသံကြား ကြောင်းပြောကြသည်၊ ကျနော်မှာကားအံ့ဩစရာ၊ ဘာကြောက် ်စိတ်မှလုံးဝမဖြစ်ခဲ့သည် ကို အံ့ဩမိပါသည်။ ထို့နောက်အသံနက်ကြီးတိတ်သွားပါသည်၊ ထောင်ဝါဒါလေး လာတော့ ထောင်သရဲစီး သည် ခေါ်ကြောင်း၊ သူ့အတွေ့အကြုံအရ၊ လပြည့်/လကွယ်တို့မှာဖြစ်တတ်ကြောင်း တစ်ချို့ ဝိဉာဉ် တွေကိုလွတ်ရက် မစေ့သေး သဖြင့် ချုပ်ထားသည်များရှိကြောင်း၊သက်ရှိမဟုတ်သဖြင့်၊လွတ်ရက်ကိုတာဝန်ရှိသူများမှ မေ့လျှော့တတ် ကြောင်း ၊ထို့အခါ ထိုလွတ်ရက်စေ့ ဝိဉာဉ် များမှ တောင်ကို သတိပေးတာ မျိုးရှိ ကြောင်းပြောပြသည်၊ သူ့ကိုယ်တွေ့ အရ၊ တစ်ခါတွင် သူထောင်ဗူးဝ မိန်းအပေါက်၏ကင်းမျှော်စဉ်တွင်တာဝန် ကျစဉ်က၊ ယခုလို အော်သံအသံနက်ကြီးကြားရပြီး၊လပြည့်ညဖြစ်လေတော့ ခေါင်မိုးတစ်ခုတစ်ခုကို အဆောင် ကူးပြီးအော် နေသော ဆံပင်ဖားလျှားချထားသည့် ဝိဉာဉ်ကောင်မဲမဲကြီးကိုမြင်ဘူးကြောင်း၊၊ထိုသို့ဖြစ်ပြီးမကြာမှီ၊ ထောင် လွတ်ငြိမ်းချမ်းသာခွင့်တွေပေးရတတ် ကြောင်းလည်းပြောပြပါသည်။ သူ့အတွေ့အကြုံမှန်ခဲ့ပါသည်၊ထိုအဖြစ်အပျက်ဖြစ်ခဲ့ပြီး၊မကြာမှီ၊ဗိုလ်စောမောင်ပြုတ်၊ဗိုလ်သန်းရွှေတက်လာပြီး၊နောက်လေးလလောက်အကြာတွင် ထောင်လွတ်ငြိမ်းချမ်း သာခွင့်တွေ စတင်ပေး ခဲ့ပါတော့သည်။( အားလုံးကိုလေးစားစွာဖြင့် )

7 comments

  • inz@ghi

    December 19, 2011 at 11:52 am

    ရင်ဘတ်ဖြင့် အားပေးဖတ်ရှုသွားပါသည် ဘကြီး ခင်ဗျား …

    ခင်တဲ့
    ဂီ..

  • koyinmaung

    December 19, 2011 at 11:57 am

    ဘကြီးရေဖတ်ကောင်းကောင်းနဲ့
    ဖတ်နေမိတာအလုပ်ချိန်တောင်၅မိနစ်ကျော်သွားပြီဗျို့
    အရမ်းစိတ်ဝင်စားဘို့ကောင်ပါတယ်…

  • windtalker

    December 19, 2011 at 12:08 pm

    ဘကြီး ရေ
    အဲဒီလို သရဲ ခြောက် ၊ သရဲ ဝင်စီး ဝင်ပူးပြီ ဆိုရင်
    တစ်ခန်း ပြီး တစ်ခန်း ကူးတာဆို..
    တစ်ခန်းကို တစ်ယောက် အနည်းဆုံး ဝင်ပူးတာတဲ့ ဗျာ
    ပူးခံရတဲ့လူဟာ စိတ်လွတ်သွားပြီး ၊ နံရံတွေ ကို ပြေးပြေးဆောင့်တာတဲ့
    အိုးဘိုထောင်ထဲ က ပြန်လာခဲ့တဲ့ အသိတစ်ယောက် ပြောစကားပါဗျာ

  • thit min

    December 19, 2011 at 12:19 pm

    ၁။ အမှန်တရားကိုမှတ်တမ်းတင်ပေးပါတဲ့လားဗျာ။ရဲရင့်လိုက်တာ။
    ၂။ ဘာလုပ်ရမှန်းမသိအောင်တွေဝေသွားသတဲ့လား။အမှန်ဆိုတာ အင်အားရှိတယ်။
    ၃။ ဆေးလိပ်မသောက်ရတာကို သောက်မိရင် “သတိ”ပေးရုံနဲ့ မလုံလောက်ဘူးလားဗျာ။
    ၄။ လွှတ်ဖို့မေ့နေတဲ့ဝိဉာဉ် တဲ့လားဗျာ။သနားစရာပါဘဲ။
    ၅။ အမှန်ကိုသိအောင်လုပ်ပေးနိုင်ခဲ့တဲ့ ရွှေကြယ်ငါးကြီးပင်လယ်ထဲမှာထာဝရရှိနေပါစေဗျာ။

  • ဆူး

    December 19, 2011 at 12:26 pm

    စာသားများ ပုံရိပ်မြင်အောင် ဖတ်သွားပါသည်။

  • nozomi

    December 19, 2011 at 12:28 pm

    သမိုင်းဆိုတာ တပတ်လည်တတ်တယ်ဆိုပေမဲ့ မကောင်းတာတွေတော့ မလည်စေချင်တော့ပါ

    အစ မှ အဆုံး ဖတ်ရှုအားပေးသွားသလို ၊ နောက်ပို့စ်တွေကိုလဲ မျှော်နေပါမယ် ၊ ဒါ သမိုင်းမှတ်တမ်းတွေပါ ခင်ဗျာ

  • ကြောင်ကြီး

    December 19, 2011 at 12:46 pm

    ရဲတယောက် လာဘ်စားမှုနဲ့ စစ်ခုံရုံးအတင်ခံရတယ်။ စစ်ခုံရုံးက သူ့မိတ်ဆွေ ရဲအရာရှိက ငြင်းသာငြင်းလို့ အကြံပေးလို့ ငြင်းလိုက်တာ ထောင်ဒဏ် နှစ်နှစ် အပိုဆောင်း ကျသွားတယ်။ ကိုယ်တွေ့နော်။ စေတနာ အမှားလား၊ တမင်ချောက်တွန်းသလားတော့ မသိဘူး။

Leave a Reply