နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်များ စိစစ်ခွင့်ပြုပေးလျက်ရှိ

klnMay 27, 20101min530

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၂၉)ပါတီအနက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)၊ ၈၈မျိုးဆက်သစ်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် THE UNION OF MYANMAR FEDERATION OF NATIONAL POLITICS ပါတီများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁ဝခုနှစ် မေ ၂၆ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သည်။ ယနေ့အထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ (၄၁)ပါတီရှိပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ (၂၉)ပါတီအနက် ပါတီ (၁၈)ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်လျှောက်ထားသည့် ပါတီများကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁ဝခုနှစ် မေလ ၂ရရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားပါသည်။