“သစ်ပင် နံရံ ခုန်တန်းလျားမှားမှ ရင်ဖွင့်သံများ (တစ်)”

 

လူ့သမိုင်းကိုပြန်တွေးကြည့်တော့ လူတစ်ဦးနှင့်တစ်ဦး နားလည်သဘောပေါက်အောင်

ဆက်သွယ်ဘို့အတွက် ပထမဦးဆုံးပေါ်ပေါက်လာတာကတော့ “အမူအရာ”၊

သူ့နောက်မှာ ထပ်တိုးလာတာကတော့ အသံထွက်ပြောရတဲ့စကားသံ။

စကားသံမှာတောင် နေုထိုင်ရာဒေသကွဲပြားကြတော့ မတူတဲ့ဘာသာစကားရှိလာပြန်ရော။

ဒီအသံထွက်ပြောတယ်ဆိုတာ နီးရင်အဆင်ပြေပေမယ့် ဝေးတော့လဲအဆင်မပြေပြန်ပါဘူး။

အဲတော့ အဝေးကို ပို့နိုင်ဘို့စဉ်းစားတော့ အက္ခရာစာလုံးလေးတွေဖြစ်လာပြန်ပါတယ်။

ဒါကနေ စာလုံးလေးတွေတစ်ခုနဲ့တစ်ခုစုပြီးရေးတော့စာပေဆိုတာဖြစ်လာပြန်ရော။

စာပေတွေလဲပေါ်လာရော ကျနော်တို့လူသားတွေ ရဲ့ခံစားချက်တွေကို ရင်ဖွင့်ပါတော့တယ်၊

ခံစားချက်တွေ က နှစ်ကြာတော့ နောင်လာနောက်သားများအတွက်မှတ်တမ်းဖြစ်လာပါတယ်။

ရှေးကတော့ ဂူနံရံပေါ်မှာ။

နောက်တော့ ကျောက်စာ ပေစာ။

ထပ်တိုးတက်လာတော့ စက္ကူ။

နောက်တော့ ကိုယ်ခဏရောက်ခဲ့တဲ့နေရာလေးမှာအမှတ်တရ။

ကျနော်လဲနေရာအနှံ့ရောက်တော့ ဒီလိုအမှတ်တရချန်ထားတဲ့စာလေးတွေကို သတိထားမိပါတယ်၊

အဲတော့ ထုံးစံအတိုင်းလက်ဆော့မိတာပေါ့။

ကျနော်မြင်ခဲ့သမျှထဲက လက်ဆော့မိတာလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။

ရွာသူရွာသားများရော ဒီမှတ်တမ်းထဲမှာ ကိုယ်များပါနေမလားလို့ သေချာကြည့်နော်။

 

 

 

1 မေမြို့လို့ခေါ်တဲ ပြင်ဦးလွင်က သစ်တောလျောက်လမ်းက အဆောက်အဥိးလေးပါ

2 ပြင်ဦးလွင် သစ်တောလျှောက်လမ်းရှေ့က တိုင်ကြီးပေါ်က ရင်ဖွင့်စာ(1)

3 ဒါကလဲ ပြင်ဦးလွင်ကပါဘဲ အမှတ်နှစ်ပေါ့

4 ဒီစုံတွဲကတော့ တရုပ်လို ချဲသွားတယ် တရုပ်စာတတ်သူများဘာသာပြန်ပေးစေလိုပါတယ်

5 ဒါလေးကလဲ တရုပ်လိုပါဘဲ ရှမ်းလေးကျွန်းနားက လက်ပန်ပင်မှာပါ

6 ဒါကတော့ အင်းဝမယ်နုအုတ်ကျောင်းတောင်ဘက်က ခေါင်းလောင်းတိုင်မှာပါ

7 မြောက်ဘက်က ခေါင်းလောင်းတိုင်က ရင်ဖွင့်စာ

8 ဒါကတော့ မန်းလေးကန်တော်ကြီးက ရင်ဖွင့်စာ

9 ဒီစာလေးက ကလဲ မန်းလေးကန်တော်ကြီး ပြည်ကြီးမွန်ဖောင်တော်နားမှာပါ

10 မန်းလေးကန်တော်ကြိးက ရင်ဖွင့်စာအမှတ်သုံး

ဒါကတော့ ပထမပိုင်းပါ။

အပိုင်းနှစ်မှာတော့ မန်းလေးတောင်တော်ပေါ်က ရင်ဖွင့်စာတွေမြင်ရပါမယ်။

နောက်တစ်နေရာရောက်လို့ တွေ့ရင်လဲ ထပ်လက်ဆော့ ဦးမှာပါ.

 

 

ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့

(19-12-2011)

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။