မိမိစိတ်ကို ကောင်းစွာထိန်းသိမ်းခြင်း

ashinthusittaDecember 19, 20111min572

စိတ်သည်ကမ္ဘာလောထဲရှိ သက်ရှိသတ္တဝါ အားလုံးအတွက် အဓိက အင်္ဂါရပ်တခုဖြစ်၏။မိမိ၏ စိတ်နှလုံးထဲ၌ မှန်ကန်သော ကြံစည်စဉ်းစားမှု ကောင်းသောကြံရွာယ်ချက်များ ထားရှိခြင်းသည် ဘဝ၌ အောင်မြင်မှုအတွက် အလွန်အရေးကြီး၏။အဘယ့်ကြောင့်ဆိုသော် ထိုမှန်ကန်သည့် စိတ်အကြံအစည်က ဘဝ၏ အရွယ်အပိုင်းအခြားအသီးသီးတိုင်း၌ မှန်ကန်သည့် ဆုံးဖြတ်ချက်နှင့် မှန်ကန်သည့်လုပ်ဆောင်မှုသို့ သူ့ကို ပို့ဆောင်ပေးသောကြောင့် ဖြစ်၏။မှန်ကန်သည့်အကြံအစည် မှန်ကန်သည့် လုပ်ဆောင်မှုနှင့်ပြည့်စုံသော ပုဂ္ဂုလ်သည်မိမိစတင် လုပ်ဆောင်သည့် အလုပ်ဟူသမျှ၌ ထုံးစံအားဖြင့် အောင်မြင်တတ်၏။မှန်သောအမြင် မှန်သော အကြံအစည်(အတွေးအခေါ)တို့သည် မိမိ၏ လုပ်ဆောင်မှုဟူသမျှကို အုပ်ချုပ်ထားသင့်သည်။ သူသည် ထိုမှန်သောအမြင်မှန်သောအကြံအစည်များ မရှိခဲ့လျှင်၊ မိမိဘဝ၏ အခွင့်အရေးကေင်းများကိုဧကန်လက်လွတ် ဆုံးရှုံးသွားရမည်ဖြစ်၏။ ကမ္ဘာပေါ်ရှိ ကြီးမြတ်သည့်ပုဂ္ဂုလ်တို့သည် မှန်သည့်အမြင် မှန်သည့်အကြံအစည် တို့က လမ်းလွှန်ပေးခဲ့သည့်ပုဂ္ဂုလ်များဖြစ်ကြ၏။ ဤဂုဏ်များနှင့်ပြည့်စုံသည့် လူတွေအားလုံးတို့သည့်မိမိတို့၏ စိတ်နှလုံးများ၌မြဲမြံသည့် ကြံရွယ်ချက်ကို ထားရှိ၍ မှန်ကန်သည့်လမ်းကြောင်း၌ မိမိတို့၏ ကိုယ်အားဉာဏ်အား-ဇွဲလုံ့လ တို့ကိုအသုံးချခြင်းအားဖြင့်၊ ဆင်းရဲနွမ်းပါးသည့် ဘဝအခြေအနေမှ ကြွယ်ဝ ချမ်းသာသည့်ဘဝအခြေအနေသို့၎င်း အဆင့်နိမ့်ကျသည့် ဘဝအခြေအနေမှ အဆင့်မြင့်သည့်ဘဝအခြေအနေသို့၎င်း မလွတ်လပ်သည့်လူမျိုး၏ဘဝအခြေအနေမှ လွတ်လပ်သည့်လူမျိုး၏ဘဝအခြေအနေသို့၎င်း တက်ရောက်ရန် အောင်မြင်အောင် ကြိုးပမ်းနိုင်ကြကုန်၏။
မှန်ကန်သည့် အားထုပ်မှု=ဝီရိယ ၄-မျိုးနှင့် ပတ်သက်၍ ဘုရားရှင်ကတရားတပုဒ်ကို ဤသို့ ဟောကြားတော်မူခဲ့၏- (၁)လူတိုင်းလူတိုင်းသည်မိမိမပြုရသေးသည့် မကောင်းမှုတို့ကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန်အားထုတ်သင့်၏။ (၂)မိမိပြုပြီးသော မကောင်းမှုတို့ကို ထပ်မံပြုလုပ်ခြင်းမှရှာင်ကြဉ်ရန်အားထုတ်သင့်၏။ (၃)ထို့အတူပင်၊ လူတိုင်းလူတိုင်းသည်မိမိမပြုရသေးသည့် ကောင်းမှုတို့ကို ပြုလုပ်ရန် အားထုတ်သင့်၏။(၄)မိမိပြုပြီးသည့် ကေင်းမှုတို့ကို တိုးပွါးစေရန် အားထုတ်သင့်၏။
မိဘများ ဆရာသမားများသည် မိမိတို့ကိုယ်တိုင်က ထိုကဲ့သို့ပြုကျင့်သင့်သည့်အပြင်၊ မိမိတို့၏ ကလေးများအားလည်း ကလေးငယ်ဘဝမှစ၍အားထုတ်မှု=ဝီရိယ ၄-မျိုးကို ကျင်သုံးခြင်း ယင်းဝီရိယတို့၏ တန်ဘိုးကိုနားလည်သွားခြင်းကို ခံစားနိုင်အောင် မွေးမြူပေးသင့်သည်။ ဤသို့အားထုတ်ခြင်းအားဖြင့်သူတို့သည် မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်ပြီး၊မိမိတို့၏စိတ်ကို နူးညံ့သိမ်မွေ့ မြင့်မြတ်သည့် ကိုယ်ကျိုးကိုမကြည့်တတ်သည့် စိတ်သဘောထားနှင့် ပြည့်စုံအောင် တိုးတက်လုပ်ဆောင်သွားနိုင်မည်။ သို့မှသာ မကောင်းသော အကြံအစည် မကောင်းသော ပြုကျင့်မှုတို့သည်သူတို့၏စိတ်နှလုံးများထဲ၌ ဘယ်တော့မှ နေရာမရနိုင်ပဲ၊ သူုတို့သည် မှန်ကန်စွာအကျိုးရှိစွာ ကြံစည်ပြောဆို ပြုလုပ်ကြလိမ့်မည်။ ထို့အပြင် သူတို့သည်မိမိတို့အတွက် ကိုယ်ကျိုးရရှိမှုကိုသာ မရှာပဲ၊ သူတပါးတို့၏ အကျိုးအတွက်လုပ်ဆောင်လာနိုင်ရန်အလို့ငှာ၊ မိမိတို့၏ စိတ်နှလုံးများကို မြင့်မြတ်သောအကြံအစည်များဖြင့် လောင်းဖြည့်ထားရန်လည်း အလွန်အထူးလိုအပ်ပေသည်။
သံချေးသည် သံမှ ဖြစ်ပေါ်ပြီး ထိုသံကိုပင် ဖျက်ဆီးပစ်ပစ်တတ်၏ ထို့အတူပင်မကောင်းသောစိတ် မကောင်းသော အကြံအစည်သည် ထိုစိတ်အကြံရှိသည့် လူကိုပင်ပျက်စီးအောင် ပြုလုပ်၍၊ ထိုသူသည် မကြာခဏပင် မိမိ၏အဆိုးဝါးဆုံးရန်သူဖြစ်သွားတတ်၏။ ထို့ကြောင့် လူတိုင်းလူတိုင်းသည်မိမိ၏အကောင်းဆုံးမိတ်ဆွေ-အကောင်းဆုံးကိုးကွယ်အားထားရာဖြစ်လာဖို့ရန်အလို့ငှာ၊ မိမိကိုယ်ကို(ဝါ)မိမိ၏စိတ်ကို မှန်ကန်သည့်လမ်းကြောင်းထဲ၌ ထားရှိရန် ကြိုးစားအားထုတ်သင့်ပေသည်။ မိမိ၏မကောင်းဆိုးယုတ်သောစိတ်သည် မိမိ၏ အဆိုးဝါးဆုံး ရန်သူဖြစ်၏။ မိမိ၏ကောင်းမြတ်သောစိတ်သည် မိမိ၏ အကောင်းဆုံးမိတ်ဆွေဖြစ်၏။ သတ္တဝါတွေအားလုံးကိုစိတ်ကသာ ဦးဆောင်၏။ ကောင်းသောစိတ်သည် ထိုသတ္တဝါတို့ကို ချမ်းသာသောဘဝများသို့ ပို့ဆောင်ပေးသည်။

2 comments

  • manawphyulay

    December 20, 2011 at 11:09 am

    ဟုတ်ပါတယ်။ ကောင်းသောစိတ် ကောင်းသောအမြင်နဲ့ ကောင်းအောင်နေဖို့ဆိုတော့ အတော်တော့ ခက်ပါတယ်။ ဒါပေမယ့် စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမှာဆိုတော့ စိတ်ကိုတော့ တတ်နိုင်သလောက် ကောင်းအောင် ကျင့်နေတုန်းပါပဲ။ ပုထုစဉ်လူသားဆိုတော့လည်း ခက်သား။ ရန်လာလုပ်တဲ့သူလည်းတစ်ခါတလေ ဒေါသနဲ့ဆက်ဆံမိရက်ဆိုသလိုပါပဲ။ ထိန်းသိမ်းဖို့အခက်ဆုံးကတော့ ကိုယ့်ရဲ့စိတ်ပါပဲ။
    ဒါနဲ့ ဦးဇင်းရေ စာရေးတဲ့အခါ Copy/Paste ဆိုတဲ့နေရာမှာ ကိုယ်တိုင်ရေးတဲ့စာလေး ပြောင်းပြီး CLick လုပ်လိုက်ဦးနော်…

    • ashinthusitta

      December 20, 2011 at 7:27 pm

      ဘယ်လိုပြောင်းရတာလဲ မပြောင်းတတ်ဘူးဗျာ့..

Leave a Reply