မိတ်ဆွေတို့ ... ကျုပ်ကတော့ သည်ည ပါကင်ဖောက်ခဲ့ပီဗျာ ....

သည်တော့ မိတ်ဆွေတို့ကို ပါကင်ဖောက်နည်းလေး
နည်းနည်း ..နည်းပေးမလို့ပါ...
မိတ်ဆွေတို့လဲ ပါကင်ဖောက်ဖူးကြမှာပါနော....
ကျုပ်ကတော့ သေသေချာချာကို ဖောက်ခဲ့တာဗျ...
စနစ်တကျ အချိန်ယူပြင်ဆင်ပြီးမှကိုဖောက်တာ..
ပါကင်ဖောက်တယ်ဆိုတာ အလွယ်မလုပ်စကောင်းဘူးမလား..
သည်တော့ ...အသေအချာ လုပ်ရတာပေါ့....
အဲ့လို ပါကင်ဖောက်နိုင်အောင်ကျုပ်မှာ လနဲ့ချည် ကြံစည်
လာခဲ့တာဗျ .... ဈေးကလည်း နည်းမှမနည်းဘဲလေ...

အဟောင်းဆို ကျုပ်က သိပ် စိတ်သန့်တာမဟုတ်ဝူးရယ်....
ပါကင်ပဲ ကြိုက်တယ်လေ ... သည်တော့ ...အချိန်ယူရတာပေါ့..
ကျုပ်မှာ ... စိုင်ပစ်လည်း ဒီစိတ်
အလုပ်လုပ်လည်း ဒီစိတ်  .... ထမင်းစားလည်း ဒီစိတ်
ကုန်ကုန်ပြောမယ် အိပ်တာတောင် သည်စိတ်နဲ့ကိုးဗျ...

ကနေ့တော့ အဲ့သည့် နေ့ရက် စိုက်စိုက်မြိုက်မြိုက်ရောက်တဲ့နေ့ ပေါ့ဗျာ...
ကျုပ်မှာ ပါကင်ဖောက် မှတ်တမ်းဆိုပီး ဒါ့ပုံ ၇ပုံ ရိုက်ထားတာရှိတယ်ဗျ..
ပြမယ် ......
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

1. ဟောသည့်မှာ ပါကင်


တော်သေးတယ် စာလုံးလေးတွေဖတ်မရလို့ ...နို့မို့ ဟို စီအိုင်အေ ကလူရီး အိမ်လာလည်နေဦးမယ်...ခိခိ..

2. ဟောဒါကြီးနဲ့ ...

3. ဟောသလိုကြီး ...

4. ပါကင်ပေါက်သွားပုံ ...

5. အထဲက ဘာပါလိမ့် ..??


အဲ့ ဘူးသီးငပေါင်းကျော်တွေ ဖတ်ရတာ သိပ် စိတ်ညစ်တာဘဲ... အဟုတ်...

6. ဒန်တန့်တန် .....


ကျုပ်ကိုးကွယ်တဲ့ ဆြာ ရဲ့ စာအုပ်ပါဗျာ ....marketing က ဘာသာရေး ဆိုရင်...
philip kotler က ဘုရား ပဲတဲ့ ...ဟုတ်ကဲ့ ဒါဆို Guy Kawasaki ကလည်း ...Demi-God လောက်အဆင့်တော့
မလျော့ပါဘူးဗျာ .... သည်၂၀၁၁ ရဲ့ ...best sellers စာရင်းဝင်တဲ့ စာအုပ်ပါ....
(business book ဆိုတဲ့ category မှာပြောတာနော.. S. ..ထည့်ထားတယ်ဗျ .. နံပါတ် ၁တောကမဟုတ်ဘူး ..
၃-၄ တခုခုပဲ -ကျုပ်ကြည့်တဲ့အချိန်တုန်းကပြောပါတယ်...)


7. Ad for Guy Kawasaki ....??

ဒါ ...ငုတ်တုတ်ထင်ရှား မားကတ်တင်းသမားများထဲမှာ ကျုပ်အလေးစားဆုံး ပုဂ္ဂိုလ်ပဲဗျ .....
သူ့တော်ကီတွေ ဆို ကျုပ် သိပ် လေးစားတာ ......အေးဆေးတည်ငြိမ်ပြီး ရှက်တတ်တဲ့လူရိုးလူအေးလေး...
အဲ့ ..ပြောစရာရှိလိုပြီဆိုရင်ဖြင့် ချက်ကျ လက်ကျနဲ့ သူ့မွေးစားမေမေကို ..တိုင်တည်ပြီးကို ငြင်းမရအောင် လွှတ်တာ..

ချစ်ချာလေး ဟုတ် ??? အာဂန်နု ဂျာပွန် ဇိမ်ဘုန်းကြီး ဟိမုရ ဂီ လို့ ခေါ်ပါတယ်.... ဟီးဟီး..
ဂျာပွန်မလေးတွေရဲ့ အသည်းကျော်လေးလေ. .....ခစ်ခစ်....

နောက်တာ ....
Guy Kawasaki က သူ့စာအုပ်ကို မျက်ခွက်နဲ့ တွဲရိုက်ပီး Facebook က enchantment page
မှာလာတင်တဲ့ သူတွေထဲက ..၁ဦးကို Nikon D-3100 လက်ဆောင်ပေးမယ်ဆိုလို့ ရိုက်ထားတာ ...
ခု တင်လိုက်ပီ ..ခိခိ ...... ရွာမှာမတင်ရင် မမျှတဘူး လို့ ခံစားရတာကတကြောင်း ပီး ...
ရွောသူကလေးများကလည်း ကြည့်ချင်တယ် တဖွဖွပြောလွန်းလို့ဘာ .....

ဂယ်တော့ .......
( မားကတ်တင်း သမားအချင်းချင်း ပြန် မားကတ်တင်းအဆင်းခံရတာလောက် ရင်နာစရာကောင်းတာမရှိဝူး...
ကိုယ့်အလုံး နဲ့ ကိုယ့်ပြန်ဆော်ခံ ထိသလိုပဲ ...အေးလေ ... နာ ကမှ D3100မရင်းနိုင်တဲ့အပြင် တူပေးမယ့် ဟာ
လိုချင်မိတာကိုး ...)
အတုယူပါ သဂျီး ..... ဖိုက်ဒီ မာ့ခ်ထူး ပေးမယ်ဆိုရင် ..သဂျီးဆိုက်မှာ ...မြန်မာပြည် ဒါ့ပုံအသင်းထက်တောင် ပိုလူစုံ
တွားဦးမယ်. ....

ကဲပါ အတည်ရေးပါဦးမယ် ..သည်ဘုတ်အုတ်ကို  သည်နှစ်အတွင်း အပြီးဖတ်မယ်ဗျာ ...
ရှေ့နှစ်ထဲမတော့ .. ဖတ်ပြီးတာလေးတွေ ရှဲနိုင်အောင် ကြိုးစားပါ့မယ်...ခည...
အင်းလေ..ဘာပဲပြောပြော သည်နှစ်ထဲမတော့ ဂီဂီစာအရေး နည်းတွားတော့မှာပါ.


အဟီး ..တိုက်တယ်လ် ဖတ်ပီး ...မဟုတ်တာလျောက်တွေးတဲ့ လူဇိုးကြီးတွေ..
ဟီဟိ. ..ဘယ့်နှယ့် ပါကင်ဖောက်တာ မိုက်တယ်မလား ..

ချစ်လို့ ကြည်စယ်တာပါဗျာ ..သည်ရက်ပိုင်း ရွာထဲမှာ
ကီးမြင့်နေတာတွေ ..စူပရာနို အော်လို့ မောရတာတွေ...
သောကပွေခဲ့ရတဲ့ အစ်ကိုအစ်မတွေအတွက်
အရီအမောလေးနဲ့ ..... ပျော်စေချင်လို့ ...ဂီက တင်ဆက်လိုက်ရတာပါ....


ခင်တဲ့ ...
mighty male and da marvelous myanmar marketer Mehn_Xani

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011