ဟင်္သာရုပ်အလေး ဓါတ်ပုံများ

မောင် ပေDecember 19, 20114min26214

ယခုရက်ပိုင်းအတွင်း ကြားနေရသော ပန်းကန်ပြား ၊ ဟင်္သာရုပ် ၊ မီးအိမ် ၊ နာရီ အစရှိသည်များကြောင့် ၊ ယင်းပစ္စည်းများကို မြင်ဖူးချင်လာသည် ။ ကံကောင်းချင်တော့ ၊ မိတ်ဆွေ တစ်ဦးက ၊ သူ ့ဘိုးဘွားလက်ထက်က အသုံးအဆောင်များထဲတွင် ဟင်္သာရုပ်အလေး ငါးခု တွေ ့ရသည် ဟု ဆိုလာသည် ။ ရောင်းမည်လား ဟု မေးကြည့်တော့ မရောင်းပါတဲ့ ။
ဒါနဲ ့အခု လူတွေပြောနေကြသလို စမ်းကြည့်သေးလား ဆိုတော့ ၊ မစမ်းကြည့်ရသေးပါ တဲ့ ။
ဟင်္သာရုပ်ကို အရာထင်အောင် တစ်ခုခု နှင့် လှီးပြီး ၊ တစ်ရက်စောင့်ကြည့်ပါက ၊ အဆိုပါ အရာမှ နဂိုအတိုင်း ၊ အရာမရှိ ပြန်ဖြစ်ကြောင်း ၊ ပြဒါးပေါ်တင်ကြည့်လျှင် ၊ ပြဒါးတွင် မမြုပ်ကြောင်း ပြောလိုက်တော့ ၊ နှမြောလို ့တဲ့ ။
ကောင်းပါတယ် လို ့၊ ကိုယ့် ဘိုးဘွားတွေ သုံးခဲ့တဲ့ ပစ္စည်းတွေ ကို ထိန်းသိမ်းချင်စိတ်ရှိတာ လေးစားပါတယ် ဟု ပြောပြီး ၊ အရုပ်လေးများ ကို ဓါတ်ပုံရိုက်လာခဲ့သည် ။
အားလုံး ငါးရုပ် ရှိသည် ။
အကြီးဆုံးအရုပ်မှာ ၅ဝကျပ်သားရှိပြီး ၊ ၂၅ကျပ်သား ၊ ၁ဝကျပ်သား ၊ ၅ကျပ်သား နှင့် ၁ကျပ်သား တို ့ဖြစ်သည် ။
ဂေဇက်လာ နှင့် ဂေဇက်ဝင်တို ့အတွက် ပြန်လည် ဝေမျှပေးလိုက်ပါသည် ။

၁ကျပ်သား ၊ ၅ကျပ်သား ၊ ၁ဝကျပ်သား ၊ ၂၅ကျပ်သား ၊ ၅ဝကျပ်သား
၁ကျပ်သား ၊ ၅ကျပ်သား ၊ ၁ဝကျပ်သား ၊ ၂၅ကျပ်သား ၊ ၅ဝကျပ်သား












ဖင်ဘက်
ဖင်ဘက်



ဒီလောက်ဆို ၊ ဟင်္သာအလေးရုပ်ပုံလေးတွေ ကို အားလုံး မြင်တွေ ့ပြီးကြမယ် လို ့ထင်ပါတယ် နော် ။
——- သပ္ပူရိသ စာချစ်သူ စာဖတ်သူ အားလုံးကို လေးစားကျေးဇူးတင်ပါသည် ——-

14 comments

  • naywoonni

    December 19, 2011 at 10:01 pm

    ဟုတ်ကဲ့ မြင်လိုက်ရပါတယ်..။ ကျေးဇူးပါပဲ..။ ဒါပေမဲ့ အဲဒိအလေးတော့ ရောင်းစရာမရှိဘူးနော်..။ နာရောင်းချင်နေတာက ဒါမဟုတ်ဘူးးးးးးးးးးးးးးး 😛

  • တညင်သား

    December 20, 2011 at 3:00 am

    အလေး အစုံကို အခုမှ မြင်ဘူးတော့တယ် အိမ်မှာတော့ ၅ ကျပ်သား တလုံးရှိတယ်.. ကိုတော်ကာ ရှေးဟောင်းပစ္စည်းလဲ ဝယ်သလား 😛

  • TTCG

    December 20, 2011 at 5:28 am

    “ဟင်္သာရုပ်ကို အရာထင်အောင် တစ်ခုခု နှင့် လှီးပြီး ၊ တစ်ရက်စောင့်ကြည့်ပါက ၊ အဆိုပါ အရာမှ နဂိုအတိုင်း ၊ အရာမရှိ ပြန်ဖြစ်ကြောင်း ၊ ပြဒါးပေါ်တင်ကြည့်လျှင် ၊ ပြဒါးတွင် မမြုပ်ကြောင်း”

    ကိုပေ… ဒါတွေက ရှေးဟောင်းပစ်စည်း အရုပ်သက်သက်တွေ မဟုတ်ဘူးလား… ဘာတွေထူးခြားလို့လဲ… အစီအရင်တွေနဲ့မှ လုပ်ထားလို့လား… အပေါ်ကရေးထားတဲ့အကြောင်း ကျွန်တော် မသိလို့ဗျ… ကိုပေသိရင် ပြောပြပါဦး

  • blackchaw

    December 20, 2011 at 10:18 am

    ကိုပေရေ။
    အင်မတန် ဝမ်းနည်းစရာ ကောင်းတဲ့ ကိစ္စကြီးတစ်ခုပဲဗျို့။
    ခုခေတ်စားနေတဲ့ ပန်းကန်တွေရော ဟင်္သာရုပ်တွေပါ ကျွန်တော့်မှာ ရှိဘူးဗျာ။

  • amatmin

    December 20, 2011 at 10:58 am

    ကိုပေရေ..
    ကျွန်တော်တို့အိမ်မှာတော့ ၃ ရုပ်လောက် ရှိခဲ့ဖူးတယ်..
    သူများ သမ သွားလို့ ပျောက်သွားခဲ့ပြီ..ကြေးနဲ့လုပ်ထားတာတော့ မှတ်မိတယ်
    ဒါပေမဲ့ ဓါးနဲ့ လှီး ရင် အရာ မထင်တာ ကိုနားမလည်ဘူးဗျ… သိရင်ရှင်းပြပေးပါဦး..

    ကျေးကျေးဗျာ..

  • windtalker

    December 20, 2011 at 12:12 pm

    အထင်နဲ ့ရမ်းတုတ်ကြည့်မယ်ဗျို ့
    အခု ကျုပ် ရိုက်တင်တဲ့ အရုပ်တွေကိုတော့ ၊ မစမ်းကြည့်ရသေးလို ့မသိသေးဘူး ။
    သို ့ပေသည့် အရပ်စကား ၊ သတင်းစကား အရ ဆိုလျှင်
    ဟင်္သာရုပ် အစစ်ဆိုလျှင် ၊ ဓါးဖြင့် အရာပေါ်အောင် လှီးပြီး ပစ်ထားကြည့် ၊ တစ်ရက်ကျော်ရင် အဲဒီ လှီးခဲ့တဲ့ အရာ က ပြန်စေ့သွားတယ် ဆိုတော့ ၊ အဲဒီအရုပ်ဟာ ကြေးချည်းသပ်သပ် လောင်းထားတာ မဟုတ်လောက်ဘူး လို ့ထင်တာဘဲ ။
    ပြဒါးပေါ်မှာတင်ရင် မမြုပ်ဘူး ဆိုတာကလဲ ၊ ဒီအရုပ်ထဲမှာ ပါတဲ့ ဒြပ် သို ့ဓါတ် က ပြဒါးနဲ ့မတည့်လို ့၊ ပြဒါးကို တွန်းကန် လို ့သော်လည်းကောင်း ပြဒါးက တွန်းကန်လို ့သော်လည်းကောင်း ဖြစ်နိုင်ဖွယ် ရှိ၏ ဟု
    ကျုပ် ရမ်းတုတ်မိချေပြီ တမုံ ့

  • manawphyulay

    December 20, 2011 at 12:15 pm

    ၅ဝ ကျပ်သား အရုပ်လေး လက်ဆောင်ပေးပါလား… ဒါဆိုဈေးရောင်းတဲ့သူတွေလည်း ဒီအရုပ်လေးနဲ့ ချိန်ခွင်မှာထည့်ရောင်းလို့ကောရလားရှင့်…

  • NAJA

    December 20, 2011 at 12:19 pm

    ဒီရက်ပိုင်းထုပ်ဂျာနယ်ထဲ ဖတ်ခဲ့ရတာမှတ်မိသလောက် ပြန်ပြောပြမယ်နော.. ဟုတ်မဟုတ်တော့ ကိုယ်တိုင်ဆုံးဖြတ်ပါ…

    ဟင်္သာအလေးတွေက ကြာပြီဆိုတော့ ဓါတ်တိုးပစ္စည်းတွေကပ်နေတယ်ဆိုပဲ… အဲဒီတော့အပေါ်မှာအလွှာတစ်ခုဖြစ်နေတယ်တဲ့ .. ခြစ်ကြည့်လိုက်ရင် အရာထင်တယ်ဆိုတာက.. အဲဒိအလွှာကို ခြစ်ပြီးခွာလိုက်တဲ့သဘောပါတဲ့… တစ်ရက်လောက်ထားရင် ပြန်ပြီး ပျောက်သွားတယ်ဆိုတာက… လေထဲက Oxygen နဲဓါတ်တိုးပြီး အလွှာပြန်ပေါ်လာလို့ပါလို ့ပြောပါတယ်…

    ပြဒါးမှာ မနစ်ဘူးဆိုတဲ့ကိစ္စကလဲ သာမန်သိပ္ပံသဘောတရားကိုနားလည်ထားရင်တောင် ရှင်းနေတဲ့ကိစ္စပါ..
    အရာဝထ္ထုတွေရဲ့သိပ်သည်းဆနဲ ့ဆိုင်ပါတယ်… ဆီကိုရေထဲထည့်လိုက်ရင်.. ဆီက ရေထက် density နဲတဲ့အတွက် ရေပေါ်မှာ ပေါလောပေါ်သလိုပါပဲ.. ပြဒါးနဲ့.. ကြေးနဲ့ဆိုရင်လဲ… ပြဒါးရဲ့.. သိပ်သည်းဆ က 13.55 g/cm^3 ရှိပြီး ကြေးကတော့ 8.96g/cm^3 ပဲရှိပါတယ်.. ဒါကြောင့် ကြေးဟာဘယ်လိုမှ ပြဒါးထဲမှာ မမြုပ်နိုင်တာပါ…

    • inz@ghi

      December 20, 2011 at 12:28 pm

      ကိုနဂျ ရေ..

      တန်ဖိုးရှိတဲ့ တိကျသော ပညာရပ်ဆိုင်ရာ ရှုထောင့်မှ အင်ဖော်မေးရှင်း အတွက်
      ကျေးဇူးပါဗျို့

    • windtalker

      December 20, 2011 at 12:28 pm

      ကောင်းလိုက်တဲ့ အဖြေ ဗျာ
      ကျေးဇူး တင်ပါတယ် ကိုနာဂျာ ရေ
      နို ့
      ကျုပ် တို ့က ဘာမှ သိတာ မဟုတ်ဘူး ရယ်
      အထင်နဲ ့ဘဲ ရမ်းတုတ်နေရတာ
      အခုလို သေချာ ဖြေပေးတဲ့ အတွက်
      လေးစားကျေးဇူးတင်ပါတယ် နော

  • “ဘီလူးကြီး”ogre

    December 20, 2011 at 5:40 pm

    ကျွန်တော်တွင်လဲ ၁ပိသာ အလေးတစ်ခုရှိပါသည်
    အမြန်ရောင်းလိုပါတယ်….ကိုပေ
    အခုတော့ အိမ်ဘေးက ငါးသယ်အဒေါ်ကြီးအားခဏငှားထားပါတယ်
    ဝယ်ယူလိုပါကအမြန်ဆက်သွယ်ပါ … 🙂 🙂

  • thit min

    December 20, 2011 at 6:05 pm

    ဘိုးတော် အတုတွေ ကို ဖယ်ရှားနေတဲ့ NAJA-^နဂျာ ဆိုတာ သဲ့သဲ့လေးမှ မကြားဖူးဘူးလား။
    ကြိုက်တယ်ဗျာ။(^^)

    • NAJA

      December 20, 2011 at 7:53 pm

      ဖြေးဖြေးလုပ်ပါဗျာ.. 😀

  • NAJA ကတိကျသေချာအောင်ဖြေပေးလိုက်ပေလို ့ဘဲဗျာ။ကိုမောင်ပေရဲ ့အားလုံးမြင်ဖူးစေချင်တဲ့စေတနာလေးကိုလဲ လေးစားပါတယ်ဗျာ။

Leave a Reply