သူငယ်ချင်းလေး

that naing ooDecember 19, 20111min1199

သူငယ်ချင်းလေး
မင်းစိတ်လိုတိုင်း ဆွတ်ခူးဖို ့
ကောင်းကင်ကြီးလည်းကိုင်းလို ့ညွတ်လို ့
ကြယ်လေးတွေ ဝင်းလို ့ ဝါလို ့။     ။
သူငယ်ချင်းလေး
ကျောခင်းပေးထားတဲ ့ကမာ္ဘမြေကြီးပေါ်မှာ
လေပြေတွေ သံစဉ်တိုင်း
တောင်းတန်းတွေခေါ်ဆောင်ရာလိုက်ခဲ ့
ကုဠေတစ်သန်း ရွှေခြေလှမ်းတွေနဲ ့

အဆုံးစမဲ ့တဲ ့ သံယောဇဉ် ပင်လယ်ဆီသို ့။  ။

သူငယ်ချင်းလေး
မင်းချစ်တဲ ့ရွှေအိပ်မက်လေးတွေထဲမှာ

ငါမနိုးသော ပျော်ရွှင်ခြင်းနဲ ့အိပ်စက်ချင်ပါတယ်

ဒါပေမဲ ့ ငါမင်းကိုတွေ ့ချင်သေးလို ့

တိမ်တွေပေါ်မှာပဲ ငါ ့ကို ရှာဖွေခွင် ့ပြုပါ။    ။    ။
( သူငယ်ချင်းလေးတွက် )

သက်နိုင်ဦး

2011 .12 .19

9 comments

  • that naing oo

    December 19, 2011 at 10:34 pm

    ကွန် ့မန် ့လေးတွေက ကျွန်တော ့ ကဗျာ ဘဝလမ်းတွက်အားလေးတွေပါဗျာ………………….ကျွန်တော် ကဗျာရူးလေးပါ

  • thit min

    December 19, 2011 at 10:57 pm

    အတွေးလှပါတယ်။ကဗျာကောင်းလေးပါ။
    ကောင်းကင်ကြယ် မြေပြင် တောင်တန်း ပင်လယ် တိမ် ဆိုပြီး နမိတ်ပုံက နေ စိတ်ကူးဆန်းလေးလှပါတယ်။
    တိမ်တွေပေါ်မှာ ရှာဖွေချင်ရင် တိမ်ပေါ်ခုန်တက် ရလိမ့်မယ်။
    အများအတွက် မလွယ်ပေမဲ့ ကိုယ့်အတွက်တော့ က ခက်မယ်မထင်
    မင်းကိုချစ်တဲ့ ဒီအားအင်နဲ့ သွားရင်ရာပေါက် ကဲ တိမ်ပေါ်ကို ခုရောက်။
    ~~~~~~~~~~~~~~~~~~~~~
    ရွှေအိမ်မက်ရှင်လေးနဲ့တူတူ မနိုးသောအိပ်ခြင်းနဲ့ တိမ် အိပ်ယာထက် အိပ်လိုက်ပါတော့လား ကိုသက်နိုင်ဦးရေ။
    (^^)

  • TTNU

    December 20, 2011 at 12:42 am

    ဉာဏ်လင်းအောင်ရဲ ့ သူငယ်ချင်းလေး ပေါ့နော်။

  • Moe Z

    December 20, 2011 at 9:22 am

    ဖတ်သွားပါတယ်နော် ရှာနေတဲ့သူလည်းတွေ့ပါစေ 🙂

  • windtalker

    December 20, 2011 at 1:11 pm

    ကိုသက်နိုင် ရေ
    ရှာဖွေလေ တွေ ့ရှိလေ ဘဲတဲ့
    အချစ်စစ် ဆိုတာ အချစ်တု မဟုတ်လို ့ပေါ့ဗျာ
    တန်ဖိုးထား ချစ်မြတ်နိုးရမယ့် ချစ်သူ ကို တွေ ့လာရမှာပါဗျာ

  • kotun winlatt

    December 20, 2011 at 1:15 pm

    သူငယ်ချင်းးလေးးပါတဲ့..
    သူငယ်ချင်းးလေးးးတဲ့ကွယ်…

  • နီကီတာ

    December 20, 2011 at 1:28 pm

    ဒါပေမဲ ့ ငါမင်းကိုတွေ ့ချင်သေးလို ့

    တိမ်တွေပေါ်မှာပဲ ငါ ့ကို ရှာဖွေခွင် ့ပြုပါ။ ။ ။

    >>>>>>>>>>

    ခွင့်ပြုဒယ်… ခွင့်ပြုဒယ်
    ဒါပေမင့် တိမ်တွေပေါ်မှာပဲရှာနော်
    ဟွန့် 😀

  • နွယ်ပင်

    December 20, 2011 at 2:17 pm

    ” သူငယ်ချင်းလေး
    မင်းချစ်တဲ ့ရွှေအိပ်မက်လေးတွေထဲမှာ
    ငါမနိုးသော ပျော်ရွှင်ခြင်းနဲ ့အိပ်စက်ချင်ပါတယ်
    ဒါပေမဲ ့ ငါမင်းကိုတွေ ့ချင်သေးလို ့
    တိမ်တွေပေါ်မှာပဲ ငါ ့ကို ရှာဖွေခွင် ့ပြုပါ။ ။ ။ ”

    ဒီစာသားလေးကို သဘောကျမိတယ် ……………… 🙂

  • MaMa

    December 20, 2011 at 5:20 pm

    ကဗျာဆရာ လောဘက သိပ်တော့ မကြီးပါဘူး
    ငါမနိုးသော ပျော်ရွှင်ခြင်းနဲ့ ဆိုတော့ကာ…. 😀
    ကောင်းလိုက်တဲ့ စကားလုံးလေးပါလား။ 🙂

Leave a Reply