ဟိုရောက်ဒီရောက် အတွေးလေးတွေပေါ့

phone_kyawDecember 20, 20111min10011

အပစ်ရပ်လိုက်၊ ပြန်ချလိုက်နဲ ့။ သေတဲ့သူကသေ ပြတ်တဲ့သူကပြတ်ကုန်ကြပြီ။ မြန်မာပြည်ရဲ  ့ပြည်တွင်းစစ်က ဘယ်သူ ့အတွက်မှန်းကို မသိတော့ဘူး။ လည်တဲ့သူစားတဲ့ ပြည်တွင်းစစ်ပွဲဖြစ်နေပြီလို ့ပဲထင်တယ်။

နယ်စပ်က အေဘီအက်စ်ဒီအက်ဖ်က ရှေ  ့တန်းမှာ ရန်သူနဲ ့တိုက်တယ်။ ဘန်ကောက်၊ ချင်းမိုင်မှာရှိတဲ့ အေဘီအက်စ်ဒီအက်ဖ်ခေါင်းဆောင်ဟောင်းကြီးတွေက ရန်သူနဲ ့ပူးပေါင်းတယ်။ ထိုင်းမှာတော့ စစ်တိုက်တဲ့အေဘီရယ်၊ ရန်သူနဲ ့ပူးပေါင်းတဲ့အေဘီက ခေါင်းဆောင်ကြီးတွေက ရယ်ရယ်မောမောနဲ ့ ဆိုတော့ ကြည့်ရတာ တမျိုးပဲ။ ဒါ့ကြောင့် နိုင်ငံရေးဆိုတာ ဘာကိုပြောမှန်းတောင်မသိတော့ဘူး။

ဦးသိန်းစိန်က အရမ်းရိုးတယ်လို ့နာမည်ထွက်တယ်။ ဒီခေတ်မှာ လူရိုးဆိုတာ သချိုင်းမှာတောင် ရှာလို ့မရဘူး။ အကုန်လုံး ပြာဖြစ်ကုန်လို ့။ ဒါ့ကြောင့် ဦးသိန်းစိန်းရိုးတာက ဦးသန်းရွှေထက်နဲနဲပဲ ပိုလျှော ့မယ်ထင်တယ်။ ရိုးတဲ့လူက ဘယ်တော့မှ သမ္မတမဖြစ်ပါဘူးဗျာ။ ရိုးချင်ယောင်ဆောင်တာပဲဖြစ်မှာပေါ့။

ရွေးကောက်ပွဲတွေဝင်ကြပါလို ့ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းပြီးတိုက်တွန်းကြနေပြီ။ အများစုကတော့ ဝင်စေချင်ပြီ။ ဝင်တာမဝင်တာ သူတို ့အလုပ်ပါ။ ဝင်ပြီး အစိုးရအဖွဲ ့ထဲမှာပါတော့လည်း ဘယ်အချိန်ကြမှ ကျနော်တို ့လိုချင်တဲ့တိုင်းပြည်ဖြစ်မှာလဲ။

လွှတ်တော်ဥက္ကဌဦးခင်အောင်မြင့်ကပြောတယ်။ Regime Change ကိုလုပ်ရမှာ မဟုတ်ဘူး။ Society Change ကိုလုပ်ရမှာဖြစ်တယ်လို ့ အင်တာဗျူးတစ်ခုမှာ တွေ ့တယ်။ နှစ်ခုလုံးကိုချိန်းပစ်လိုက်ရင် မကောင်းဘူးလား။ ဘာ့ကြောင့်လဲဆိုတော့ နှစ်ခုစလုံးက ပြောင်းဖို ့လိုအပ်နေပြီပဲ။

မျက်ရည်လွယ်တဲ့မင်းသားကြီး ဦးကျော်ဆန်းနဲ ့ဗွီအိုအေ အင်တာဗျူးမှာ ထူးခြားတာက ဒီလိုပါ။ မေးတဲ့သူက ပြုံးစိစိ နဲ ့ကြပ်တယ်။ ဖြေတဲ့မင်းသားကြီးက ရိတိတိနဲ ့ပြုံးပြီး ဖြေချင်တာလျှောက်ဖြေတော့ ဦးကျော်ဆန်းက သရုပ်ဆောင်အတော်ကောင်းတာပဲလို ့ထင်တယ်။ ဒါ့ကြောင့် ပြန်ကြားဝန်ကြီးဖြစ်တာထင်တယ်။ ဦးကျော်ဆန်းရေ ဝန်ကြီးသက်တမ်းက အများဆုံး ငါးနှစ်ပါဗျာ။ ပြုတ်သွားရင်တော့ သိတဲ့အတိုင်းပဲ။ ဒါ့ကြောင့်အရမ်းမလိမ်ပါနဲ ့တော့။

ရွေးကောက်ပွဲတနှစ်ပြည့်တဲ့အချိန်မှာ အစိုးရက ဘာတွေများတိုးတက်ပြောင်းလဲမှုလုပ်ပေးခဲ့လဲဆိုတော့ လူကြားထဲမှာ ဝင်တိုးတာက အဓိကအပြောင်းအလဲဖြစ်ပါတယ်။ အရင်တုန်းက ပါးစပ်မပါတဲ့အစိုးရဟာ ဒီနေ ့မှာ ပါးစပ်ဟ..လာတော့ အစိုးရမှာ ထပ်ပြီးကလိမ်ကကျစ်ကြဖို ့ ပိုများလာပြီလား။ ဘာပဲဖြစ်ဖြစ် အတိုက်အခံအတွင်းမှာတော့ သဘောထားတွေကွဲတာတော့ ပိုလို ့ထူးခြားလာပါတယ်။ နအဖအစိုးရရဲ  ့မဟာဗျူဟာက အတော်လေးကို ထိရောက်ပါတယ်။ သုံးကောင်ကျွေးပြီး ကင်းတင်မကဘူး ဘုရင်မပါ ဖမ်းလိုက်ပြီဗျို  ့။

သုံးပွင့်ဆိုင်၊ ဖက်ဒရယ်၊ အိုင်စီစီ၊ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတွေ ဘယ်ရောက်ကုန်ပြီလဲတောင် မသိဘူး။ ပူးပေါင်းဆောင်ရွက်ရေးဆိုတာ ကျနော်တို ့ပါးစပ်ကပြောတာပါ။ နအဖက ဘယ်တုန်းကမှ လာပြီးပူးပေါင်းရင် ဝန်ကြီးရာထူးနဲ ့လုပ်ပိုင်ခွင့်ပေးမယ်လို ့မပြောပါ။

ပြည်တွင်းစစ်၊ ပြည်ပ အလုပ်သမားခြောက်သန်း၊ ဒုက္ခသည်ကိစ္စ၊ စီးပွားရေးဖွံ ့ဖြိုးမှု၊ အလုပ်အကိုင်ဖန်တီးပေးရေး၊ နိုင်ငံတကာငွေကြေးနဲ ့ချိန်ဆက်နိုင်ရေး စတဲ့ အဓိကလိုအပ်ချက်တွေအရေးမရောက်ပဲ ဒေါ်စုရွေးကောက်ပွဲဝင်ရေးနဲ ့ပါလီမန်မှာ ဥပဒေပြု၊ ပြင်၊ ဖြုတ်စတဲ့ (မယောင်ရာဆီလူးနေတာလို ့လည်းမပြောချင်ပါဘူး) အသံတွေကိုပဲ ပြည်ပ မီဒီယာမှာ နေ ့တိုင်းတွေ ့နေရတော့ စိတ်ထဲမှာ နိုင်ငံရေးတောင်စိတ်ကုန်ချင်လာပြီ။

လူသစ်တန်းတွေနဲ ့မြန်မာ့နိုင်ငံရေးကို အစားထိုးသင့်ပြီ။ အတွေးအခေါ်သစ်၊ နိုင်ငံတကာ အမြင်ရှိပြီး အတွေ ့အကြုံရှိတဲ့လူသစ်တန်း၊ ဘယ်ဘက်ကိုမှ မလိုက်တဲ့လူသစ်တန်းစတဲ့ လူငယ် လူလတ်တွေနဲ ့ အစားထိုးမဲ့အချိန်ရောက်ရင်တော့ ပေါ်ရင်တော့ လက်ရှိအခြေအနေတွေကနေ မြန်မြန်ကျော်နိုင်မယ်ထင်တယ်။
နှစ်ဘက်စလုံးက လူဟောင်းတွေဟာ တကယ်တမ်းကြတော့ ဘာမှသုံးစားလို ့မရဘူး။ ဒါ့ကြောင့်လည်း တိုင်းပြည်က ဒီအတိုင်းဖြစ်နေတာပေါ့။ သူတို ့သာသုံးစားလို ့ရတဲ့ လူတွေဆိုရင် ပြီးတာကြာပြီ။

တိုင်းပြည်ထဲမှာ ဘွဲ ့ရပြီး အသက်ကြီးလာတဲ့လူတွေအနေနဲ ့လုံးဝကို နိုင်ငံရေးမလုပ်သင့်ဘူး။ အစိုးရခေါင်းဆောင်လည်းမဖြစ်သင့်တော့ဘူး။ ဒီပတ်ဝန်းကျင်ကနေ ထွက်လာတဲ့လူတိုင်းက
ဒီပုတ်ထဲက ဒီပဲဆိုတော့ ဒါပဲဖြစ်မှာပဲ။ တကယ်လို ့လွှတ်တော်အမတ်ဖြစ်ချင်ရင် နိုင်ငံခြားတိုင်းပြည်တခုခုက ဘွဲ ့တော့ရသင့်တယ်။ လွှတ်တော်အမတ်ဖြစ်ချင်ရင် ကျိုးစားပြီးသင်ပေါ့။ မရတဲ့သူကတော့ ညံ့လို ့ပေါ့ဗျာ။ ဒါမှ ဘိုလိုတက်ပြီး နိုင်ငံတကာအတွေ ့အကြုံရှိမယ်။ နို ့မို ့ဆိုရင် ရန်ကုန်တက္ကသိုလ်က ဘာမှသုံးစားလို ့မရတဲ့ဘွဲ ့၊ မေမြို  ့စစ်တက္ကသိုလ်က ချီးပေဘွဲ  ့လိုမျိုး အတွေ ့အကြုံမျိုး တိုင်းပြည်ကို ထပ်ပြီးအုပ်ချုပ်ရင် အရင်အတိုင်းပဲဖြစ်မှာပဲ။ ပြည်ပက ဘွဲ ့ရတဲ့လူတွေ၊ အလုပ်လုပ်နေတဲ့လူတွေ၊ အတွေ ့အကြုံကြီးတဲ့သူတွေကို ပြည်တွင်းမှာ နေရာများများပေးဖို ့အချိန်တန်ပြီ။

တကယ်တန်းပြောရရင် ပြည်ပကလူတွေဟာ ပြည်တွင်းကလူတွေထက်ပိုပြီး သိတယ်။ ပိုပြီးတက်တယ်။ ပိုပြီး ခံစားတက်တဲ့ နှလုံးသားရှိတယ်ဆိုတာကို ပြောချင်တယ်။ ဒါက တကယ်လက်တွေ ့ပဲ။ မျက်စိမှိတ်ပြီး ငြင်းလို ့မရပါဘူး။

11 comments

  • aye.kk

    December 20, 2011 at 7:28 am

    အနှောင့်အသွားကင်းအောင်မရးတတ်တော့ဘူးလား..
    မြင်သူဖတ်ကြတာမို့ မြင်ပြင်းတော့အကပ်မခံပါနဲ ့..။

  • Ko Ko Aung

    December 20, 2011 at 9:33 am

    ဒီမှာ – ဘုန်းကျော်ဆိုတဲ့ကောင်လေး…

    ငါက မင်းထက် ၁၂ နှစ်ကြီးတယ်။ ရှစ်လေးလုံးအရေးအခင်းကို ကိုယ်တိုင် အစက အဆုံး ပါခဲ့တယ်။ ငါတို့အရွယ် မျိုးချစ်ရဲဘော်တွေ ရောက်ရမယ့်နေရာအားလုံး ရောက်ခဲ့တယ်။ အခု ပြည်တွင်းမှာ သမ္မာအာဇီဝနဲ့ အသက်မွေးရင်း လုပ်နိုင်တာမှန်သမျှ လုပ်နေတုန်းပဲဖြစ်တယ်။

    မင်းလို ပွဲပြီးမှ ထ ကပြီး ဒုက္ခမရောက်ပဲနဲ့ ဗြောင်လိမ်ပြီး သူများနိုင်ငံသွား – မြောက်ပြဆန်တောင်းတဲ့ အချောင်သမားမျိုးကို ရွံရှာတယ်။ ငါတို့က နိုင်ငံရေး(နိုင်ငံ့အရေး)ဆိုတာကို ဘာသာတရားတခုလို အလေးအနက် အထွဋ်အမြတ်ထားတာ။ နိုင်ငံရေးကို ခုတုံးလုပ်လိမ်စား လိမ်ထွက် လိမ်ပြီးအခွင့်အရေးယူတဲ့သူတွေဟာ နိုင်ငံရေးသမားအစစ်တွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေရုံသာမက တိုင်းပြည်ရဲ့အကျိုးကိုလဲ ယုတ်လျှော့စေတယ်။

    ခွေးပါးစပ်က နတ်စကားထွက် ဆိုတာလို ၊ အရှက်မရှိတဲ့ လူလိမ်တွေကများ ငါတို့လို ဘဝတခုလုံးရင်းပြီး လုပ်ခဲ့ လုပ်ဆဲဖြစ်သူတွေကို ဘာမှသုံးစားလို့မရဘူးလေး ဘာလေးနဲ့။ မင်းကကော ဘာသုံးစားလို့ရလို့လဲ။ လျှောက်ဖွတတ်တယ်။ ရန်စတတ်တယ်။ လူတွေကိုရန်တိုက်ပေးတတ်တယ် ။ ဒါပဲမဟုတ်လား။ အခု မန်းဂေဇက်ကိုလာတာလဲ ဒါတွေပဲလုပ်မလို့ မဟုတ်လား။

    “တိုင်းပြည်ထဲမှာ ဘွဲ ့ရပြီး အသက်ကြီးလာတဲ့လူတွေအနေနဲ ့လုံးဝကို နိုင်ငံရေးမလုပ်သင့်ဘူး။ အစိုးရခေါင်းဆောင်လည်းမဖြစ်သင့်တော့ဘူး။ ဒီပတ်ဝန်းကျင်ကနေ ထွက်လာတဲ့လူတိုင်းက
    ဒီပုတ်ထဲက ဒီပဲဆိုတော့ ဒါပဲဖြစ်မှာပဲ။ တကယ်လို ့လွှတ်တော်အမတ်ဖြစ်ချင်ရင် နိုင်ငံခြားတိုင်းပြည်တခုခုက ဘွဲ ့တော့ရသင့်တယ်။ လွှတ်တော်အမတ်ဖြစ်ချင်ရင် ကျိုးစားပြီးသင်ပေါ့။ မရတဲ့သူကတော့ ညံ့လို ့ပေါ့ဗျာ။ ဒါမှ ဘိုလိုတက်ပြီး နိုင်ငံတကာအတွေ ့အကြုံရှိမယ်။” – အဲဒါက ဒီအသက်ထိရာက်နေတဲ့မင်းခေါင်းထဲက အတွေးအခေါ်လား။ ငါတို့က နိုင်ငံရေးမလုပ်သင့်တော့ မင်းလို သာရာကူးလူလိမ်အချောင်သမားတွေကပဲ နိုင်ငံရေးလုပ်သင့်တယ်လား..။

    ဩဇီမှာ လိမ်စားလို့ ဝ လို့ ဒီပြန်လာပြီး သမ္မတလုပ်ချင်နေတာလား။ ဩဇီမှာ ရွှေတူးနေတာ အားမရလို့ မြန်မာပြည်ပြန်ပြီး သိုက်တူးချင်ပြီလား။

    ကောင်လေးဘုန်းကျော်ရေ – ငါအပြင်မှာရှိတုန်းက မင်းနဲ့မတွေ့ရတာ နာသကွာ။ အဲဒီတုန်းက မင်းက အိပ်ယာထဲသေးပေါက်တုန်းအရွယ်ကိုး။ တွေ့များတွေ့ခဲ့ရရင် သင်ပေးစရာလေးတွေ ကိုယ်ထိလက်ရောက် သင်ပေးချင်လိုက်တာ။

    • Oo Oo

      December 20, 2011 at 7:28 pm

      Ko Ko Aung မန့်ထားတာလေးသဘောကျတယ်ဗျာ
      ထွန်းအိန္ဒြာဘို ရဲ့ နိုင်တီနိုင်းတီနိုင်း စီးရီးထွက်တဲ့ နှစ်မှာမှတောခိုခဲ့ပါတယ်ဆိုတဲ့ ကောင်လေးရေ
      စီနီယာ အကိုကြီးတွေဒီရွာထဲမှာရှိနေတယ်ဆိုတာလေးကိုသတိထားပါအုံးကွာ..
      မင်းရဲ့အတွေးအခေါ်နဲ့အပြုအမှုတွေက အပြုသဘောမဟုတ်ပဲ အဖျက်သဘောမျိုးဖြစ်နေပြီကွာ

  • chityimhtoo

    December 20, 2011 at 10:09 am

    ဟေ့ကောင် ဘုန်းကျော် စောက်ရူး လျှောက်ရေးမနေနဲ့ကွ။မြန်မာပြည်မှာ မင်းလိုကောင်မျိုးကို EVA ကမ္မဏီမှာတောင်အဖြုတ်အတပ်လုပ်ဘို့မခန့်ဘူးကွ။

  • etone

    December 20, 2011 at 10:22 am

    ((( တကယ်တန်းပြောရရင် ပြည်ပကလူတွေဟာ ပြည်တွင်းကလူတွေထက်ပိုပြီး သိတယ်။ ပိုပြီးတက်တယ်။ ပိုပြီး ခံစားတက်တဲ့ နှလုံးသားရှိတယ်ဆိုတာကို ပြောချင်တယ်။ ဒါက တကယ်လက်တွေ ့ပဲ။ မျက်စိမှိတ်ပြီး ငြင်းလို ့မရပါဘူး။ ))) ဆိုတာ ဖတ်ကတည်းက ရောက်နေတဲ့အသက်နဲ့ … ဦးနှောက်အတွေးခေါ် ဘယ်လောက်ရင့်သန်နေပြီလဲဆိုတာ ခန့်မှန်းမိလို့ …. ။ ဆလံဆယ်ခါ ပေးလိုက်မိပါရဲ့ 😀

  • yuki

    December 20, 2011 at 10:39 am

    အဘိုးပြောဖူးတဲ့စကားတခုရှိတယ်။ နိုင်ငံရေးလုပ်တာနဲ ့နိုင်ငံရေးကိုလုပ်စားတာနဲ ့မတူဘူးတဲ့။ အဲဒီတုန်းကတော့နားမလည်ခဲ့ဘူး။ အခုအချိန်မှာနိုင်ငံရေးကို တကယ်လုပ်တဲ့လူနဲ ့ နိုင်ငံရေးလုပ်စားတဲ့ လူအယူဝါဒချင်း မတူတာတွေ ့မှပဲသေချာနားလည်တော့တယ်။ Ko Ko Aung ရေမပြောနေပါနဲ ့တော့။ အခုအချိန်ကနိုင်ငံရေးလုပ်စားတဲ့လူတွေသွေးကြောင်နေတဲ့အချိန်လေ။

  • super

    December 20, 2011 at 11:10 am

    ၁၉၇၉-ခုနှစ်တွင် အင်းစိန်မြို ့တွင်မွေးပြီး ၁၉၉၉-ခုနှစ်တွင် ဘုန်းကျော်တောခိုခဲ့သည်။
    ငလိမ်ကောင် ဘုန်းကျော်၊ မင်း ပြည်ပမှာ အနေချောင်အောင် ဒုက္ခသည်ခံယူပြီး အေးအေးနေကွ၊ ပဲပင်ပေါက် မလုပ်နဲ့၊

  • aye.kk

    December 20, 2011 at 3:55 pm

    ယူကီပြောသလိုပါဘဲ..
    လူလူချင်းတူပေမယ့်..
    အဟေတုကဒိဌိအယူဝါဒကိုစွဲလမ်းတော့ချွတ်ရခက်သား..။

  • ဟေ့လူ ကိုဘုန်းကျော် ခင်များရေးတဲ့ပို ့စ်ကိုခေါင်းစဉ်ပြောင်းသင့်တယ်။ဟိုမရောက်၊ဒီမရောက်ဖွတ်ကြားအတွေးများလို ့။
    ခင်များပြောသလို နိုင်ငံခြားကဘွဲ ့ရတဲ့လူမှလူလားဗျ။ဦးခင်ရွှေလို ဘွဲ ့မျိုးဆိုရင်တော့ ကျွန်တော်ဆို ဆယ်ခုလောက်ဝယ်နိုင်တယ်။
    စကားကိုဆင်ခြင်ပြောပါဗျာ။ဘယ်နိုင်ငံဘွဲ ့ကိုဘဲရပါစေ။တိုင်းပြည်အတွက်တကယ် အလုပ်လုပ်ကြဖို ့ဘဲလိုပါတယ်။

  • Ko Ko Aung

    December 20, 2011 at 8:37 pm

    မနက်က ရွာဝင်ဝင်ချင်းဖတ်မိလို့ စိတ်ဆိုးလွန်းတာနဲ့ အပေါ်က ကွန်မင့်ကို ပါစင်နယ်တွေထည့်ပြီးရေးမိပါတယ်။
    စည်းကမ်းဖေါက်မိတဲ့အတွက် အက်ဒမင်နဲ့ ရွာသားတွေကို တောင်းပန်ပါတယ်။

  • Shanma TUmdy

    December 22, 2011 at 10:26 pm

    ရှုပ်တယ်.. အဲကောင်ပဲ သမ္မတက်လုပ်ကွာ..

Leave a Reply