“လူမိုက်”

aye.kkDecember 20, 20111min6610

အကောင်းအဆိုး
ကြောင်းကျိုးမသိ
ညဏ်မရှိသည်
သူ၏စရိုက်
မြင်မကြိုက်၍
တွေ ့ခိုက်တုံးမှာ
ကောင်းအောင်သာကို
ပြောကာဆိုလည်း
မကောင်းဘဲမြင်
ထင်တည်းယူဆ
ရှိချေရသည်
အနှီပုဂ္ဂိုလ်
ထိုသည့်သူက
မကောင်းတာလုပ်
မဟုတ်ဖြစ်မှာ
စိုးကာတားမြစ်
ဖျောင်းဖျလင့်လည်း
အပြစ်မြင်ကာ
ရန်ပင်ရှာတတ်
နာခံပြင်ခြင်း
မရှိလျှင်းတည့်
ငါ့မြင်းငါစိုင်း
စစ်ကိုင်းရောက်ရောက်
ထင်လျှောက်ဇွတ်ငြင်း
ဖျင်းစကားလျှင်
ကြားရနားဝ
မချမ်းသာသည်
ဤသူလူမိုက်ပေတကား..။

10 comments

  • amatmin

    December 20, 2011 at 10:07 am

    အန်တီ aye.kk ရေ..

    လူမမိုက် တမိုက်လေး ကျွန်တော်တော့ ကြောင်းကျိုးဆင်ခြင်..
    အကောင်းပြောတယ်ထင်လို့ အသေအချာ မှတ်သား သွားပါတယ်ဗျာ.. 🙂

  • windtalker

    December 20, 2011 at 12:27 pm

    လူမိုက်
    ဘူပိုက်
    အလှူနှိုက်
    သူကိုက်
    ဆူဆိုက်

  • kotun winlatt

    December 20, 2011 at 12:43 pm

    လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီနှင့်ကင်းအောင်နေ
    ပညာရှိကိုအရှည်တွဲလို့ မှီဝဲဆည်းကပ်နည်းယူစေ…

  • ssa

    December 20, 2011 at 1:58 pm

    သခွားသီးကိုအစိမ်းလိုက်ကိုက်..ငါလူမိုက်
    ငပိရေကိုလက်နဲ့နှိုက်…ငါလူမိုက်
    သုံးနှစ်အရွယ်ကလေးကို ..လက်နဲ့ရိုက်..လူမိုက်…

  • aye.kk

    December 20, 2011 at 4:34 pm

    ssa ရေအံတီဖတ်တဲ့နီတိကျမ်းလာလူမိုက်တို ့၏သဘောလက္ခဏါတွေနဲ ့တော့ကင်းလွတ်ပါသကွဲ ့..။

  • water-melon

    December 20, 2011 at 5:53 pm

    လူမိုက်
    တော်တော်မိုုက်
    ကုုလားဖင်ကိုနှိုက်
    😀

  • thit min

    December 20, 2011 at 5:56 pm

    လူမိုက်ဆိုတာ လူမှောင်ပေါ့နော်။
    ဘာမှ မမြင်ရတော့ဘူး။အဝိဇ္ဇာ။
    အကြောတော့မာတယ်။ မာဆိတ်။ မာတာကိုဆိတ်လို့မရလို့။မိစ္ဆာ-ဒိဋ္ဌိ။
    အယူလွဲပြီနော်။
    ~~~~~~~~~~~~~~~~~~~~~~
    ဗာလနံ သူမိုက်ကိုကားအရပ်ကိုစွန့်၍ရှောင်ရာ၏လို့ ဓမ္မပဒ ကလည်းဆိုထားသေးတော့။
    ဟုတ်ကဲ့ ရှောင်ကြတာပေါ့ဗျာ။(^^)

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 20, 2011 at 7:25 pm

    လူမိုက်ဆိုတာ မလိမ္မာတာ
    မလိမ္မာတာ လူမိုက်
    လူမိုက်ပါလို့ပြောမှတော့ ဘယ်လိမ္မာမဒုန်း
    မလိမ္မာဆို မိုက်နေတဲ့ဟာကိုး
    မိုက်တယ်ဆိုတာ ဘာကိုခေါ်တာလည်း
    ကျွတ် ကျွတ် ကျွတ်
    ဪ … ဪ…. ဪ
    ပြောလည်းပြောတတ်တယ် မလိမ္မာတဲ့လူကို လူမိုက်တဲ့
    အကောင်းအဆိုး
    ကြောင်းကျိုးမသိ
    ညဏ်မရှိသည်
    သူ၏စရိုက်
    မြင်မကြိုက်၍
    တွေ ့ခိုက်တုံးမှာ
    ကောင်းအောင်သာကို
    ပြောကာဆိုလည်း
    မကောင်းဘဲမြင်
    ထင်တည်းယူဆ
    ရှိချေရသည်
    အနှီပုဂ္ဂိုလ်
    ထိုသည့်သူက
    မကောင်းတာလုပ်
    မဟုတ်ဖြစ်မှာ
    စိုးကာတားမြစ်
    ဖျောင်းဖျလင့်လည်း
    အပြစ်မြင်ကာ
    ရန်ပင်ရှာတတ်
    နာခံပြင်ခြင်း
    မရှိလျှင်းတည့်
    ငါ့မြင်းငါစိုင်း
    စစ်ကိုင်းရောက်ရောက်
    ထင်လျှောက်ဇွတ်ငြင်း
    ဖျင်းစကားလျှင်
    ကြားရနားဝ
    မချမ်းသာသည်
    ဤသူလူမိုက်ပေတကား..။
    ( ဒါနဲ့ဇဂါးမစပ် လူမိုက်ကိုကြည့်ပြီး ကဲ့ရဲ့ရှုပ်ချ စိတ် ဗွက်ထနေတာကို ဘာလို့ခေါ်သဒုံး ) 😀 😀 😀
    ခုတစ်လော လူမိုက်အကြောင်း တော်တော်ပြောကြဆိုကြတယ်ဆိုတော့ ဒီရွာထဲ
    လူမိုက်ရှိနေပြီထင်တယ်
    လူမိုက်ဆိုတာ ခွဲခြားပြနေတာတော့ ဟုတ်ပါပြီ
    ကိုယ့်ကိုယ်ကိုယ်လည်း လောကသားဆိုတာ မေ့နေလိုက်ကြတာ
    သေရင်တော့ တိရိစ္ဆာန်ဖြစ်ဘို့ တော်တော်နီးစပ်နေပြီ ပြင်ကြ ခုချိန်ကစပြီး
    လောကသားဖြစ်မှတော့ မျက်စေ့ နား နှာခေါင်းရှိတယ် အကြမ်းဖျင်းပြောလို့ရတာဘဲ
    လွယ်လွယ်လေးပြော အီးနံ့ ရကြည့်ပါလား နှာခေါင်း ပိတ်လိုက်ရင် ပါးစပ်နဲ့ ရှူ ရမှာဘဲ
    အသက်မရှူရင် သေမှာပေါ့
    ဘဝ ( ကံ ) ဆိုတာ ပြေးမြင်လိုက်ပေါ့
    အီးနံ့ရှူရတယ်ဆိုတာ ကံ အကြောင်းပါလို့ပေါ့ဗျ
    ( ဝေငှ နေတာနော ဝေငှနေတာ )
    ကံ ဆိုတာ ကို မတွေးနိုင်ရင်တောင်
    မမြင်ခြင် မကြားခြင်တာကို မြင်နေကြားနေရတာ သဘာဝ ( ကံ ) လို့ မြင်ကြပါလား
    ကဲဗျာ ကိုယ့်အမြင်နဲ့ကိုယ် လူမိုက်ကို မြင်ပါပြီတဲ့
    လူမိုက်ဆိုရင်တော့ ရှောင်ကြဗျို့ ( နည်းနည်း ထပ်တက်ပေးမယ် )
    အခြားဥပမာ တစ်ခုပေးလတ္တံ့ သေခြာစွာမှတ်သားကြကုန်လော
    လမ်းခရီး ( ဘဝ လမ်း ) တွင် ချီးပုံ ( လူမိုက် ) ကို မြင်ပြီဆိုပါဆို့
    ခင်ဗျားတို့
    အနှီး ချီးပုံကို ကောက်စားမလား တက်နင်းမလား ရှောင်သွားမလား
    လမ်းကြုံလို့ နည်းနည်းညွှန်းလိုက်မယ်နော
    ( သူတော်ကောင်းတို့သည် သူမိုက်တို့ကဲ့သို့ ဒေါသဖြင့်မနေ
    မေတ္တာ ( အဒေါသ ) ဖြင့်နေ၏ )
    ( မေတ္တာဆိုတာက စာပေထဲ အထူးပြုထားခြင်းမရှိဟု ဆိုကြလေ၏ ထို့ကြောင့်
    မေတ္တာကို ( အဒေါသ ) ဟု သုံးလေသတတ် )
    ( ဒါက မေတ္တာတွေ သစ္စာတွေ ဘာညာကွိကွတွေ လာဟောမဲ့ သတ္တဝါတွေကို ကြိုကန်ထားလိုက်တာ )
    ခင်ဗျားတို့ သိပြီးသာပါ မသိခြင်ဟန်ဆောင်သွားတဲ့ လူမိုက်အကြောင်းလေး ….
    ဝေးဝေးမကြည့်ပါနဲ့ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာထဲ
    ( အသေဝနာ စ ဗာလာနံ ) သူမိုက်ကိုရှောင်ကျဉ်ခြင်း ဟာ မင်္ဂလာ လို့ ဆိုထားတာဘဲ
    မြတ်စွာဘုရား ရှင်တို့ မည်သည် နှုတ်မြွက်ချက်တော်တိုင်း တယ်တန်ဘိုးရှိသဗျ
    ဗုဒ္ဓံသရဏံဂစ္ဆာမိ
    ဒါပေသိ
    ခင်ဗျားတို့ ပြောနေလိုက်ကြတာသာ မိုးလားကဲလား
    မြတ်စွာဘုရားရှင်တော် ဟောကြားတော်မူတဲ့ ( အသေဝနာ စ ဗာလာနံ ) ဆိုတာကို
    ရပ်ကွက်ထဲ အော်ဆဲတဲ့ နှုတ်ဝဇီမကောင်းတဲ့
    ( သိလို့ဘဲ ဆဲဆဲ မသိလို့ဘဲ ဆဲဆဲ ( သူတော်ကောင်းတို့ မပြောတဲ့စကား )
    သူတွေလောက်ကို လူမိုက်လို့ခေါ်လိုက်ရင် မြတ်စွာဘုရားရှင်တော်မြတ် အားနာစရာကြီးဗျာ
    ဆက်ပြီးလေ့လာလိုက်ကြပါဦး

  • aye.kk

    December 20, 2011 at 7:49 pm

    ဦးပဇင်းဘုရာ့..
    လူမှာအကျင့်..
    ပန်းမှအပွင့်ပါဘုရား..
    တစ်ပည့်တော်အကျင့်ကစိတ်ခံစားလွယ်သူဖြစ်ပါသည်..
    စိတ်မှာမတွေ ့တော့..ခံစားရေးဖြစ်သွားပါသည် ။
    လူသူတော်မဖြစ်သေး၍သာဟုသတ်မှတ်ပေးပါရန်တောင်းဆိုပါသည်ဘုရား..။

Leave a Reply