ကျွန်မနှင့် ဖက်ရှင်ရောဂါ

weiweiDecember 21, 20111min38331

မင်္ဂလာဆောင်ပွဲတစ်ခုသွားဖို့အတွက် အဝတ်အစားဒီဇိုင်းရွေးချယ်ရင်း စိတ်ရှုပ်ထွေးနေမိပါသည်။ ညီမတစ်ဝမ်းကွဲမင်္ဂလာဆောင်ဆိုတော့လည်း ကောင်းကောင်းမွန်မွန်လေး ဝတ်စားသွားမှ တော်မည်မို့ ဆံပင်ကအစ ဖိနပ်အဆုံး လိုက်ဖက်ညီအောင် စဉ်းစားလိုက်ရတာ ဆံပင်တွေတောင် ဖြူလောက်အောင် ခေါင်းစားနေပါတော့သည်။

(ဒီဖက်ရှင်က ရွာထဲမှာ ပွဲတက်ပြီးသား)

သရုပ်ဆောင်လဲမဟုတ်၊ နံမည်ကြီးလုပ်ငန်းရှင်လဲမဟုတ်၊ သူဌေးလဲမဟုတ်လို့ ဖက်ရှင်မလိုဘူးလို့ မထင်လိုက်ပါနဲ့။ သူ့နေရာနဲ့သူ သူ့အတိုင်းအတာနဲ့သူ အမျိုးသမီးတစ်ယောက်အတွက် ဖက်ရှင်ဒီဇိုင်းဆိုတာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ဖက်ရှင်ထွင်ရတာ အလွန်ဝါသနာပါပါတယ်။ အလယ်တန်းအရွယ်ကထဲက ပိတ်စကလေးတွေကို ကော်ပတ်ရုပ်ကောင်မလေးမှာ အဝတ်အစားချုပ်ပေးရင်း ဒီဇိုင်းတွေ တီထွင်ခဲ့ဖူးပါတယ်။ ငယ်ငယ်တုန်းကတော့ မိဘတွေက အလိုမလိုက်ခဲ့လို့ စိတ်ထဲမှာလိုချင်တာကို စိတ်ကူးယဉ်နေရုံပဲရှိခဲ့ပေမယ့် ဆယ်တန်းအောင်ပြီးကထဲက လိုချင်တဲ့ဒီဇိုင်းကို ဝတ်နိုင်အောင် ကြိုးစားအားထုတ်နိုင်ခဲ့ပါတယ်။ ဘယ်လိုဒီဇိုင်းကို ဝတ်ချင်တယ်။ ဘယ်လိုဝတ်လိုက်ရင်လှမယ် စသဖြင့် ညီအမတွေတိုင်ပင်ကြပြီး ကိုယ်တိုင်ချုပ်ကြပါတယ်။ ဗိုလ်ချုပ်ဈေးလိုနေရာကို ခြေတိုအောင်လျှောက်ပြီး ဖက်ရှင်တွေလေ့လာကြည့်ခဲ့ဖူးပါတယ်။ ကိုယ်တိုင်မချုပ်နိုင်တဲ့ ဂျင်းဘောင်းဘီလို တီရှပ်လိုဟာမျိုးကလွဲပြီး ကျန်တာတွေဆိုရင် ဒီဇိုင်းမှတ်လာပြီး အိမ်မှာပဲ ချုပ်ကြတယ်။

တက္ကသိုလ်ကျောင်းသူဖက်ရှင် (ကျောင်းတက်ဖက်ရှင်)

တက္ကသိုလ်တက်ချိန်မှာ သူများတွေထက် ထူးထူးခြားခြားဖြစ်နေတဲ့ ကျွန်မစတိုင်က ကျောင်းသားဘဝကို ပိုပြီးအဓိပါယ်ရှိခဲ့ပါတယ်။ အမြဲတက်ကြွလန်းဆန်းမှုဖြစ်စေတဲ့ လူငယ်စတိုင်ဒီဇိုင်းတွေ၊ ရာသီအလိုက် ပေါ့ပေါ့ပါးပါး အဆင်ပြေမယ့် ဖက်ရှင်နဲ့ အသက်နဲ့အညီ ကလက်တက်တက်မဖြစ်ပဲ အိန္ဒြေရစေတဲ့ အဝတ်အစားတွေကို သေချာစဉ်းစားပြီး ရွေးချယ်ဝတ်ဆင်ဖြစ်ခဲ့ပါတယ်။ သူများနဲ့မတူတဲ့ အဝတ်အစားကိုမှ ဝတ်ချင်တဲ့ ကျွန်မစိတ်ကြောင့် ဖက်ရှင်ဆိုတာ ကျွန်မအတွက် အရေးပါခဲ့ပါတယ်။ အများအားဖြင့် ခေတ်ရှေ့ပြေးနေတဲ့ ဖက်ရှင်နဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ဖက်ရှင် (အစွန်း ၂ ဖက်) ကို နှစ်သက်ခဲ့ပါတယ်။

အလုပ်ခွင်ဝင်တော့ ယူနီဖောင်းနဲ့တိုးတယ်။ ကံကောင်းတာက အဖြူရောင်အကျီနဲ့ သတ်မှတ်ထားတဲ့ ထမီအရောင်မို့လို့ တော်ပါသေးတယ်။ သောကြာတစ်ရက်ကိုလဲ ဝတ်ချင်တာဝတ်ခွင့်ပြုလေတော့ ကျွန်မစိတ်ကြိုက်ပေါ့။ အကျီအဖြူကို ဖက်ရှင်ဖြစ်အောင် စဉ်းစားရတာလဲ ပျော်စရာကောင်းပါတယ်။ ဇာလေးတွေ၊ ကြယ်သီးတွေနဲ့ ပုံစံမရိုးမဆန်းလေးတွေ တီထွင်ဝတ်တိုင်း အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေက (ဟယ် .. လှလိုက်တာ .. အကျီလေးက 😛 ) လို့ ပြောလေ့ရှိတာကို စိတ်ထဲမှာ ကျေနပ်နေလေ့ရှိပါတယ်။ သောကြာနေ့ရောက်ပြီဆိုရင်တော့ ပိုပြီးဖက်ရှင်ကျအောင် လုပ်ဖြစ်ပါတယ်။ တစ်ပတ်နဲ့တစ်ပတ် မထပ်ရလေအောင် အမျိုးမျိုးထွင်နေမိတာနဲ့ စနေ တနင်္ဂနွေနေ့တွေမှာ အားရတယ်ကိုမရှိပါဘူး။

အထည်များများနဲ့အမျိုးမျိုးတီထွင်ချင်တဲ့ဖက်ရှင်ရောဂါက တရုတ်ပြည်မှာ ၅ နှစ်သွားနေလိုက်မှ လျော့သွားပါတော့တယ်။ တရုတ်မမတွေက အကျီချုပ်မဝတ်ကြတော့ဘူးလေ။ ပိတ်စတွေကိုလဲ အလွတ်ရောင်းတာ မတွေ့ရပါဘူး။ ချုပ်ပြီးသားဒီဇိုင်းတွေကို brand ကောင်းကောင်းတွေနဲ့ ဈေးကြီးကြီးပေးပြီး ဝတ်ကြပါတယ်။ brand နဲ့ ဈေးနှုန်းကို အဓိကကြည့်ပြီးဝတ်ကြတဲ့ တရုတ်မမတွေကြောင့် ကျွန်မလဲ အထည်များ အယားပြေလို့ပြောလေ့ရှိတဲ့ မြန်မာစကားပုံကို မေ့ထားပြီး တန်ဖိုးကို ကိုယ်ပေါ်မှာ တင်ဝတ်တဲ့အလေ့အထကို ကျင့်သုံးဖြစ်လာပါတယ်။ အမျိုးသမီးဝတ်ဖက်ရှင် brand တစ်ခုထဲကို ရောင်းတဲ့ အကျီဆိုင်မှာ တစ်နှစ်လောက် အချိန်ပိုင်းလုပ်အားပေးလုပ်ဖြစ်လိုက်တာကြောင့် တရုတ်ဖက်ရှင်တွေအကြောင်း တီးမိခေါက်မိဖြစ်ခဲ့ပါတယ်။ အကျီတစ်ထည်ကို အိမ်တစ်လုံးဝယ်သလို သေချာလေ့လာစဉ်းစား ချင့်ချိန်ပြီးမှ ဝယ်တတ်တဲ့ တရုတ်မမများအကြောင်းကို သိသွားခဲ့ပါတယ်။ အေးတဲ့ရာသီမှာ အနွေးထည်ကို ဖက်ရှင်လုပ်ကြပြီး နွေရာသီမှာတော့ အတိုဆုံးဖက်ရှင်တွေ ဝတ်ကြပါတယ်။ ဖြူဖြူသေးသေးလေးတွေမို့ လှကြပါတယ်။ နွေရာသီဝတ် ချည်ထည်ဒီဇိုင်းတွေက ဈေးကြီးတယ်။ ဈေးကြီးသလောက်လည်း ဝတ်ရတာ သက်တောင့်သက်သာဖြစ်ပါတယ်။ အဲဒီတုန်းက ကျွန်မဖက်ရှင်သိပ်မလုပ်နိုင်ခဲ့ပါဘူး။ ဈေးကြီးတာကို နှမြောလို့ နဲနဲပဲဝယ်ပြီး discount ပုံထဲက များများရွေးဝယ်ဖြစ်ခဲ့ပါတယ်။

တရုတ်ပြည်တုန်းက ဖက်ရှင် (တရုတ်ပြည်မှဖက်ရှင်)

တရုတ်စတိုင်ဖက်ရှင် (တရုတ်စတိုင်ဖက်ရှင်)

ဆောင်းတွင်းဖက်ရှင် (ဆောင်းတွင်းဖက်ရှင်)

အလုပ်တက်ဖက်ရှင် (အလုပ်တက်ဖက်ရှင်)

မြန်မာပြည်ပြန်လာတော့ ကျွန်မရဲ့ဖက်ရှင်ကို အသစ်ကနေပြန်စပါတယ်။ အဟောင်းတွေအားလုံး နာဂစ်ကျေးဇူးနဲ့ အကုန်ကုန်သွားပြီဖြစ်လို့ပါပဲ။ တရုတ်ပြည်က အကျင့်စရိုက်တွေပါလာခဲ့ပါတယ်။ ပိတ်စကောင်းကောင်းနဲ့ ပုံစံကောင်းကောင်းကို ဝတ်ချင်တာကြောင့် ရယ်ဒီမိတ်တွေကိုပဲ မျက်စိထဲတွေ့ပါတော့တယ်။ ဈေးတွေကြည့်လိုက်ရင် သွေးတိုးမိပေမယ့် အဲဒါတွေကိုပဲ ဝယ်ဝတ်ချင်နေတာ ရောဂါတစ်ခုလိုဖြစ်လာပါတော့တယ်။ ဘယ်လောက်ပဲဝယ်ဝယ် လုံလောက်တယ်လို့မရှိပဲ အမြဲတမ်းလိုနေပါတော့တယ်။ ကိုယ်တိုင်ချုပ်ဝတ်ဖို့ လက်မရဲတော့တာနဲ့ ပုံကောင်းကောင်းအပ်ချုပ်ဆိုင်မှာ အပ်ပြန်တော့လဲ ဈေးကြီးတာ အလွန်ပါပဲ။ ယူနီဖောင်းက ဖက်ရှင်တစ်မျိုး၊ သောကြာနေ့ဒီဇိုင်းက ဖက်ရှင်တစ်မျိုး၊ shopping က ဖက်ရှင်တစ်မျိုး၊ ပွဲတက်ဖို့က ဖက်ရှင်တစ်မျိုး၊ လျှောက်လည်ဖို့က ဖက်ရှင်တစ်မျိုး၊ ညအိပ်ဝတ်စုံတောင်ဖက်ရှင်ဖြစ်ချင်တာနဲ့ လူ့အလို နတ်မလိုက်နိုင်ဖြစ်နေပါတော့တယ် ….

ပွဲတက်ဖက်ရှင် (ပွဲတက်ဖက်ရှင်)

ခရီးသွားဖက်ရှင် (ခရီးသွားဖက်ရှင်)

ကမ်းခြေသွားဖက်ရှင် (ကမ်းခြေသွားဖက်ရှင်)

ရှော့ပင်းဖက်ရှင် (ရှော့ပင်းဖက်ရှင်)

အိမ်နေရင်းဖက်ရှင်

မည်သို့ပင်ဆိုစေ ကျွန်မရဲ့ခံယူချက်က ဖက်ရှင်ဆိုတာ အမျိုးသမီးတစ်ယောက်အတွက် အသက်ပင်ဖြစ်ပါကြောင်းနဲ့ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး အမျိုးသမီးတိုင်း အခြေခံလောက်တော့ သိသင့်ပြီး သူ့နေရာနဲ့သူ ဝတ်စားဆင်ယင်ခြင်းဖြင့် မြန်မာအမျိုးသမီးတွေ၏ အဆင့်အတန်းတစ်ခုကို မြှင့်တင်ဖို့ ကြိုးစားသင့်ပါကြောင်း ဖက်ရှင်စဉ်းစားရင်း အတွေးများသွားမိပါတော့တယ် …

31 comments

  • Moe Z

    December 21, 2011 at 9:12 am

    ဖက်ရှင်ကအမျိုးသမီးတစ်ယောက်အတွက် အသက်ဆိုတာကို လက်ခံပါတယ်မမဝေ
    ကိုယ်တိုင်လည်းအမြင်ရှိဖို့လိုတယ် ဈေးကြီးတိုင်း ခေတ်စားတိုင်းကိုယ်နဲ့မလိုက်တာကိုလည်း သိထားသင့်တယ် သူ့နေရာနဲ့သူဝတ်တတ်ဖို့ကတော့ အရေးအကြီးဆုံးပဲ

  • နွယ်ပင်

    December 21, 2011 at 9:56 am

    မိန်းကလေးတော်တော်များများနဲ့ ဖက်ရှင်ဆိုတာက အမြဲတမ်းဒွန်တွဲနေတက်ပါတယ် .
    သူ့နေရာနဲ့သူ ဖက်ရှင်ကျကျ ဝတ်စားတက်ခြင်းဟာလည်း အမျိုးသမီးတစ်ယောက်ရဲ့ အရည်အချင်းပါပဲ .
    ခေတ်ရှေ့ပြေး ခေတ်လွန်မှ ဖက်ရှင်ကျတာမဟုတ်ပါဘူး အိန္ဒြေရရနဲ့ ခေတ်နဲ့အမှီ ဝတ်ဆင်ခြင်းဟာလည်း
    ဖက်ရှင်ကျခြင်း တစ်မျိုးပါပဲ မဝေရေ ….

  • ဆူး

    December 21, 2011 at 10:03 am

    ပွဲတက်ဝတ်စုံနဲ့ ဈေးထဲမှာ ငါးသွားဝယ်ရင် ဟင်းစားတွေ ခုတ်ထစ်လို့ ညစ်ပတ်တဲ့ အရည်တွေ စင်ရင် စိတ်တိုရမှာပဲနော်.. အရာရာ သူ့နေရာနဲ့ သူ ဝတ်စားဆင်ယင်တာ အကောင်းဆုံး ဖြစ်ပါတယ်။
    ညဘက် ဆိုရင်တော့ ပေါ့ပေါ့ပါးပါး ချောင်ချောင်ပွပွ အကျီတွေကို ရွေးချယ်သင့်ပြီးတော့ ဆောင်းတွင်း ရဲ့ ညဘက်တွေကိုတော့ အကျီလက်ရှည် ဘောင်းဘီ ခြေရှည်တွေနဲ့ ကျော်ဖြတ်တာ အကောင်းဆုံးပဲ.. စောင်ဘယ်လောက် ကောင်းကောင်း အနားကပ်ပြီး အနွေးပေးတယ် ဆိုပေမဲ့ လက်တွေ ခြေတွေ စောင်လွတ်နေရင် အေးမှာ စိုးလို့.. ဟိဟိ..

    • weiwei

      December 21, 2011 at 10:25 am

      ရန်ကုန်ဆောင်းတွင်းက ဆောင်းတွင်းရောဟုတ်ရဲ့လားလို့ သံသယဖြစ်မိတယ်နော် … အခုထိ အနွေးထည်ပါးပါးတောင် မဝတ်ရသေးဘူး … အိုက်ထှာ …

  • inz@ghi

    December 21, 2011 at 10:07 am

    ညည်းတို့လိုချမ်းသာတဲ့လူတွေဘဲ ဖက်ရှင်နိုင်ကြတာပါအေ….
    ကျုပ်တို့လို မွဲနေတဲ့လူတွေမှာတော့ …ဖက်ရှင်ဝေးစွ…
    အဝတ်အစား ဆိုတာကိုတောင် ပိတ်စ ဆိုတာထက်ပိုပီး နားမလည်ဘာဘူးကွယ်..

    ပုံ
    စတိဗ်ဂိ့

    • Moe Z

      December 21, 2011 at 10:23 am

      အားမငယ်ပါနဲ့မဇာရယ် အဝတ်အစားဆိုတာဈေးကြီးမှ ဖက်ရှင်ကျတာမဟုတ်ပါဘူး
      ကိုယ်နဲ့လိုက်ဖက်အောင် ဝတ်တတ်ရင်ရပါတယ် ကူညီရမလား 😛

      • inz@ghi

        December 21, 2011 at 10:36 am

        အဝတ်အစားလား …
        ၁ဝစုံပဲရှိတယ်…ဒါတောင် ၂နှစ် စီမံကိန်း နဲ့ ထူထောင်ထားတာ..
        ရုံးသုံး- ၅စုံ အိမ်မှာဝတ်တာ ၅စုံ

        ရုံးသုံးလား …ဗမာပြည်အထည်ချုပ် က ပို့တဲ့ဟာတွေချည်း အားပေးထားတာ…
        အိမ်နေရင်းလား … စတိဂျော့ဘုစု လို ဝတ်ပါတယ်ဆို …..
        (တစ်ထည် ငါးရာ ဆိုလို့ ….ရောင်စုံ အတွဲလိုက်ဆွဲထားတာ …)

        အဲ့ဒါ အကုန်လည်းသက်သာတယ် အချမ်းလဲပြေတယ်…
        ဘယ်လောက်ချမ်းချမ်း ……ဟီတာ ဖွင့်စရာမလိုဘူး …
        ချမ်းတာတော့ မပြောနဲ့ နောက်လဆို ရေခဲသေတ္တာကမှ ပိုနွေးဦးမယ်…

        P.S
        သည်ကလေးမတွေနဲ့တော့ ဖြစ်ပါဝူး..
        ဖြစ်ပါဝူး ….ချွေတာရေး ဆောင်းပါးလေးတွေများများ ရေးပေးဦးမှဘဲ … ခိခိ…

        • weiwei

          December 21, 2011 at 10:39 am

          ဂီဂီသာ အဝတ်အစား marketing လုပ်ရင် ဒီလိုမန်းမယ် မထင် ? ဟုတ်တယ်ဟုတ် ? 😛

        • inz@ghi

          December 21, 2011 at 11:07 am

          နောက်တာပါ အန်တီဝေဝေရေ…

          fashion က ကျနော်တို့ အမြဲတမ်း လက်လှမ်းမီသရွေ့ ဖတ်ရှုနေရတဲ့ sector ဖြစ်ပါတယ်ဗျာ..

          လိုကယ်လ်မှာတုန်းကတော့ ရှပ်အင်္ကျ ီထုတ်တဲ့ ဘရန်းတခုကို ..မေတ္တာနဲ့ အချိန်ပိုင်း ကွန်ဆော့လတန့်..
          လုပ်ပေးခဲ့ဘူးပါတယ်…
          (လူအထင်ကြီးအောင် ရေးပြန်ဘီ ..ဖွန်ကြောင်ပီး …အားအားယားယား .. ..ကြပ်ပေးခဲ့ရင် ကြပ်ပေးခဲ့တယ်ပေါ့..)

          နာမည်ကြီး ဘောလုံးသမားတွေကို အားကစားဝတ်စုံကန်ပနီတွေက ကိုယ်တိုင်းနဲ့ customized ချုပ်ပေးတာ မျိုး ..
          အဆိုပါ ဘရန်းနဲ့ ရှပ် အင်္ကျ ီ ၃ထည် ရဖူးကြောင်းပါ။ ဝတ်လို့အလွန်ကောင်းကြောင်းပါ။

          အချုပ်ပြောရရင် အနှီ ဘရန်းလေးလည်း ….ဂီ့ ကောင်းမှုကြောင့် သက်ဆိုး မရှည်ခဲ့ကြောင်းပါ….ဟီး …

          စကားမစပ် …ရန်ကုန်မှာ ဖက်ရှင် လုပ်တာက ..
          ဒီဇင်ဘာနဲ့ ဇန်နဝါရီ ဆိုလျင် မကောင်းဆုံး ဟုထင်ကြောင်း။ စိတ်ကျေနပ်စရာမကောင်းလို့ ဖြစ်ကြောင်း
          ရင်တုန်ရသော ဧပရယ်လ် မေ ဖက်ရှင်များကို အလွန်နှစ်သက်ပါကြောင်း…..

          😛

      • inz@ghi

        December 21, 2011 at 10:37 am

        ခုမှတွေ့လို့ ခုမှ စွာရမယ် …
        ဘာ မဇာ လဲ …..??
        ဝဋ်လိုက်မယ်နော ….သတိထား ဦး ကိုမိုးဇက်ရေ့

  • weiwei

    December 21, 2011 at 10:23 am

    အခုတလော ရွာထဲကစာတွေဖတ်ရတာ လေးလွန်းလို့ ပေါ့ပေါ့ပါးပါး ရေးကြည့်လိုက်တာ …
    ဖက်ရှင်လေးတွေ လန်းတယ်မဟုတ်လား ??? 😛 😛

  • yaungchikha

    December 21, 2011 at 10:27 am

    မိန်းကလေးတစ်ယောက်အတွက်ကတော့ ဖက်ရှင်က မရှိမဖြစ်ပါပဲ၊ ကျမအခုတော့ ချင်းဝတ်စုံ ဝမ်းဆက်စကလေးတွေကို မြန်မာပုံစံ ချုပ်ဝတ်ရတာကို ကြိုက်နေတယ် မမဝေ……………. ချင်းဝတ်စုံ ဝမ်းဆက်ကလေးတွေ လိုချင်ရင်လည်း ရွာသူတို့ လှမ်းမှာလို့ရတယ်နော်၊ ပို့ပေးမယ် …………… 🙂

  • နီလေး

    December 21, 2011 at 10:35 am

    အမျိုးသမီးတစ်ယောက်အတွက် ဖက်ရှင်ဆိုတာ အသက်ပင်ဖြစ်ပါတယ်ဆိုတာ ထောက်ခံပါတယ် နေ့တိုင်းရုံးတက်ဖို့အဝတ်အစားရွေးရတာက အင်မတန်မှခေါင်းစားတဲ့ကိစ္စပါ ဖက်ရှင်ကျတယ်လို့ ဝတ်ထားတဲ့အဝတ်အစားကိုဝတ်ထားရင်တော့ တစ်နေကုန်လုံးကိုလန်းဆန်းနေတတ်တယ် ကို့ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတာတော့အမှန်ပဲ မမဝေရေ ဒါပေမယ့်ကိုယ်တိုင်က ဖက်ရှင်ကျအောင် မဝတ်တတ်တော့ စိတ်ညစ်ရတယ်

    • weiwei

      December 21, 2011 at 10:43 am

      အသားအရောင်နဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ညီတာ ရွေးဝတ်တာ ကောင်းပါတယ် … ရာသီဥတုကိုလဲ ညှိရမှာပေါ့ .. ဖက်ရှင်လုပ်ဖို့ အကောင်းဆုံးအချိန်ကတော့ ရန်ကုန်မှာဆိုရင် ဒီဇင်ဘာနဲ့ ဇန်နဝါရီလပဲ … ရာသီဥတု အနေတော်လေးမို့ အလှဆုံးဖန်တီးလို့ ရပြီ …

  • နီကီတာ

    December 21, 2011 at 10:35 am

    ဟိ.. ကာတွန်းပုံလေးတွေက ချစ်စရာလေးတွေနော်
    ကူးသွားတယ်
    ညီမကတော့ အဝတ်အစားဖက်ရှင်ထက် ဆံပင်ဒီဇိုင်းတွေကိုသာ
    ဝါသနာပါသောကြောင့် ဝင်ရောက်မဆွေးနွေးတော့ပါကြောင်း……….:D

  • စုံ စုံ

    December 21, 2011 at 10:46 am

    ပုံလေးတွေကအရမ်းချစ်ဖို့ကောင်းတယ်နော်
    အပြင်မှာကော မဝေက ဒီကာတွန်းမလေးလိုဖက်ရှင်ကျကျ
    ဝတ်တယ်မလား ဒါဆိုဒီတခါတွေ့ရင် မဝေကို ကမ်းခြေသွားဖက်ရှင်နဲ့
    မြင်ဖူးချင်တယ် ဝတ်လာခဲ့ရမယ်နော် 😛 😛 😛

    • weiwei

      December 21, 2011 at 11:21 am

      တရုတ်ပြည်မှာတုန်းကတော့ ဘီကနီနဲ့ ကမ်းခြေသွားဖူးပါတယ်ကွယ် … 😛
      ဓါတ်ပုံရိုက်ထားပြီး ကြည့်မကောင်းလွန်းလို့ လက်စဖျောက်ထားပစ်လိုက်ပါတယ် … နောက်လဲ မဝတ်ရဲတော့ပါဘူး …
      စကတ်တိုတို၊ ရှော့ပင်းတိုတိုလောက်တော့ ဝတ်ရဲသေးလို့ နောက်တစ်ခါ ကမ်းခြေမှာ တွေ့ဆုံပွဲလုပ်ကြရအောင်လေ … 🙂

  • ကြောင်ကြီး

    December 21, 2011 at 11:35 am

    အခုခေတ် မိန်းခလေးတွေ ဒူးပေါ်ပေါင်ပေါ် အတိုအနန့်လေးတွေဝတ်တာ မနှစ်သက်ဘူး။ -င်မပေါ်လို့။။။။ 😮

  • manawphyulay

    December 21, 2011 at 11:48 am

    အားလုံးထဲမှာ ဆောင်းတွင်းဖက်ရှင်လေးကိုလည်း ကြိုက်တယ်။ မမဝေနဲ့ဆိုရင်လည်း ဆောင်းတွင်းဖက်ရှင်လေးကော တရုတ်ပြည်က ဖက်ရှင်လေးကော လိုက်တယ်။

  • hmee

    December 21, 2011 at 3:35 pm

    မဝေရေ ဖက်ရှင်ကတော့ သိပ်သဘောကျ။ သူ့နေရာနဲ့သူ လိုက်ဖက်အောင် စဉ်းစားပြီး ရွေးဝတ်ရတာကို သဘောကျတယ်။ သူများကိုလည်း အဝတ်အစားနဲ့ ပတ်သက်ပြီး ဖက်ရှင်ပြင်ပေးရတာ ( အမှန်တော့ ဆရာလုပ်တာ) လည်း ဝါသနာကြီးမှကြီး။ အခုတောင် အသက်ကြီးလာပြီး ကလေးအမေ ဖြစ်နေလို့ နဲနဲလျှော့ထားတာ။ သတို့သမီး ဝတ်စုံတောင် ကိုယ်တိုင် ဒီဇိုင်းထွင်တာ။ ( ဒါက ကြွားတာ 🙂 ) မင်္ဂလာမဆောင်ခင် စီးကွန့်ချိပ်လုံချည် ကိုယ်တိုင် ဒီဇိုင်းဆွဲပြီးထိုးတာ ၁၅ရက်ကြာတယ် တယောက်တည်း။ ဒီမှာလည်း အကျင်္ ီတွေ အရမ်းဈေးကြီးတယ် ကမ္ဘာမှာ ဒုတိယဈေးအများဆုံးတဲ့ ပြောကြတာပဲ။ ဒါကြောင့် ဖက်ရှင် အဆန်းအပြားဆို မဝယ်နိုင်လို့ ဒီဇိုင်းကို သေချာ လေ့လာပြီး ကိုယ့်ဘာသာ ပိတ်စဝယ်ပြီး တပုံစံတည်း ရအောင်ချုပ်တယ်။ စိတ်ကြီးတာ အဲ့လို။ ရန်ကုန်ပြန်ရောက်လို့ တွေ့ဖြစ်ရင် ဂေဇက်ရွာသူတွေ အတွက် သီးသန့် ဒီဇိုင်နာကို လုပ်ဦးမယ်။ 🙂

    • MaMa

      December 21, 2011 at 6:06 pm

      မျှော်နေပါမယ် မှီရယ်။ ပွင့် လောက်ဆိုလည်း ဒီဇိုင်နာ လုပ်ပေးမယ်ဆိုရင် 😀

    • weiwei

      December 21, 2011 at 9:00 pm

      မှီနဲ့ပူးပေါင်းပြီး ဖက်ရှင်နဲ့တွဲတဲ့ ပိတ်စဆိုင် ဖွင့်ရရင် ကောင်းမယ် …
      ဝါသနာတူတွေစုနေတာ ၃ – ၄ ယောက်လောက်တော့ ရနေပြီ …
      marketing အတွက် ဂီဂီ့ကို အကူအညီတောင်းရမယ် …
      ကြော်ငြာအတွက် ဂေဇက်ကို အသုံးချရမယ် … 😛

      • char too lan

        December 22, 2011 at 12:46 pm

        မော်ဒယ်လ် အတွက်ဒေါ့
        ကျနော့်ဂိုအတုံးလာမချနဲ့နော်
        မိတ်ပျက်ချင်ပျက်ဘဇေ
        လုံးဝလက်ခံနိုင်ဘူး….. ဒါဗြဲ !! 😛

  • တညင်သား

    December 21, 2011 at 3:41 pm

    လူမှာအဝတ် တောင်း မှာအကွတ် ဆိုသလို အဝတ်အစား လဲ အရေးကြီးပါတယ်.. မြန်မာတွေလဲ ဖတ်ရှင်ထွင်ရင်းထွင်ရင်းနဲ့ တော်တော် ကြည့်မကောင်းတာတွေတွေ့ရတယ်..( ဒီဆိုဒ်ထဲ ဘယ်တော့ရောက်လာမလဲ မသိဘူး နာမည်ကြီးမင်းသမီး တဦး)
    ရာသီဥတု ၊သွားလာရမဲ့ နေရာဒေသ ကိုလိုက်ပြီး ဖတ်ရှင် ထွင်ဝတ်တာ ပြဿနာမရှိပေမဲ့ အနေအထိုင် အပြောအဆို ကလဲ အဝတ်အစားနဲ့လိုက်လျှောညီထွေ ရှိဖို့လိုမယ်ထင်ပါတယ်… လေးလက်မ မြင့်တဲ့ လေဒီရှုးစီးပြီး ခြေဖျားကို အပြင်ထုတ် ကန့်လန့်ကြီး လမ်းလျှောက်တာတော့ ကြည့်ရဆိုးပါတယ်..(၆ ပုံပြောက် အလုပ်တက်ဖတ်ရှင်ကိုကြည့်ပါ) ဂျင်းဘောင်းဘီကိုလဲ ရင်ခေါင်းအထိ တင်ဝတ်တာ ဘယ်လိုမှ ကြည့်မကောင်းဘူး… ကျွန်တော်မြင်တာလေး ပြောမိတာပါ…
    ခိုယီးရား သူတွေကတော့ ဆောင်းတွင်းမှာ အပေါ်ပိုင်းသာချမ်းပြီး ခါးအောက်ပိုင်းမချမ်းသလိုပဲ……:P

    • weiwei

      December 21, 2011 at 9:10 pm

      ကိုရီးယားကောင်လေးတွေလဲ မချမ်းတတ်ပါဘူး … အကျီပါးပါးလေးတွေပဲ ဝတ်ကြတယ် … ဆောင်းတွင်း ထူထူဝတ်မိရင် ဝ တယ်လို့ အထင်ခံရမှာ စိုးလို့တဲ့ … ဘောင်းဘီကိုလဲ အတွင်းက အသားကပ်မခံပဲ ဝတ်ကြတယ် …
      သူတို့က သိပ်လှချင်ပြီး သိပ်ပိန်ချင်ကြတယ် … အအေးခံနိုင်ကြတယ် …

  • Khin Latt

    December 21, 2011 at 7:21 pm

    ဝေဝေ ရေ – အရင်တုန်း က Comment မပေးဖြစ်ပေမဲ့ ဝေဝေ ရဲ့ ခရီးသွား ဆောင်းပါးတွေကို အစ်မ ဖတ်လေ့ရှိပါတယ်။ အဲဒါတွေ ဖတ်ပြီး တရုတ်ပြည်ကို စိတ်ကူးနဲ့ ရောက်ဖူး ခဲ့ပါတယ်။ အဲဒီ လို ဗဟုသုတလေးတွေ ပေးလို့ ကျေးဇူးတင်ပါတယ်။
    အခုတင်ထား တဲ့ ဖက်ရှင် ပုံလေးတွေ ကို ကြည့်ရင်း ငယ်ငယ် က ကျောင်းရှေ့မှာ ရောင်းလေ့ရှိတဲ့ အဲလို ကောင်မလေး ပုံစံ ကပ်ထူ Sheet လေးတွေ ကို လွမ်းမိပါကြောင်း။ 🙂

    • weiwei

      December 21, 2011 at 9:08 pm

      မူလတန်းအရွယ်တူမလေးက sticker လေးတွေဝယ်လေ့ရှိတယ် …. မိန်းကလေးပီပီ ဖက်ရှင်လေးတွေကို သဘောကျတယ် … သူ့အိပ်ခန်းထဲမှာ ကပ်ထားတာ အများကြီးပဲ … ကလေးပေမယ့် အခုခေတ်က ဖက်ရှင်ကောင်းကောင်းလုပ်တတ်နေပါပြီ … လူကြီးတွေက မသင့်တော်တာတွေ၊ မတွဲဖက်ဝတ်သင့်တာတွေ၊ နေပုံထိုင်ပုံနည်းလမ်းတွေ ဆုံးမရလေ့ရှိတယ် …
      ကျွန်မလဲ ကလေးတွေနဲ့ နေတာများလို့ ကလေးစိတ်ပေါက်ပြီး သူငယ်ပြန်လိုက်မိပါကြောင်း … 😛

  • MaMa

    December 21, 2011 at 8:26 pm

    မျက်မှန်သမားတွေအတွက် ဆန်းဂလပ်စ် ဖက်ရှင်ကလည်း တမျိုး စတိုင်ကျတယ် မဝေရေ။
    အရင်ကဆို နေပူထဲသွားရင် နေကာမျက်မှန်တပ်ပြီးရင် မမြင်မစမ်းဖြစ်နေရာက ခုတော့ ပါဝါနေကာမျက်မှန်နဲ့ ဟန်ကျနေလို့ 🙂

  • blackchaw

    December 22, 2011 at 9:59 am

    ဖက်ရှင်ရောဂါဆိုတော့
    ကျွန်တော်က
    ကိုဝင်းမင်းထွေးရေးပြီး
    ထူးအိမ်သင်ဆိုခဲ့ဘူးတဲ့ အရင်အတိုင်း ဆိုတဲ့
    သီချင်းလေး ကို သွားသတိရပါတယ်။
    ဖက်ရှင်အသစ်အဆန်းထွင်ဖို့ မလိုဘူး ဆိုလား
    အဲဒီသီချင်း ဂီဂီ သိပါတယ်။
    တစ်နေ့ကတောင် အဲဒီထဲကစာသားလေးကို
    ရွေးထုတ်ပြီး ကွန်းမန့် တစ်ခုမှာပေးထားသေးဗျာ။
    ဆံပင်တွေ အတိုတော့ မဖြတ်ပါနဲ့ တဲ့။

    • inz@ghi

      December 22, 2011 at 10:06 am

      အဲ့သည့် သီချင်းက Billy Joel ဆိုတဲ့ ဘိုးတော်ကြီးရဲ့ Just The Way You are
      ဆိုတဲ့ သီချင်းရဲ့ ကော်ပီခင်ဗျ ….Jazz ကြီး… မလွယ်ကြောကြီး …
      ယနေ့ မော်ဒန်ကလပ်စစ် စာရင်းဝင်တဲ့ ဟာကြီးဗျ …
      ပီယာနိုဖရိမ်ကြီးနဲ့ အလွန်ခန့်ပေါ့ဗျာ..

      အသံကောင်းပြီး ကိုငှက် သီချင်းတွေ ပိုင်တယ်လို့ တိကျတဲ့ သတင်းရပ်ကွက်က
      ကြားထားတယ် …ဂီ ..ပြန်လာရင် …ဘဘဘလက် …ဆိုပြရမယ်နော..

      😀

Leave a Reply