အိမ်ပြန်ချင်တယ်

manawphyulayDecember 20, 20111min19422

တွေ့ဆုံပွဲလုပ်တုန်းကတော့ တကယ်ကို ပျော်မိပါတယ်။ ကျွေးတာတောင် မစားနိုင်ပဲ အလိုလို အပျော်တွေနဲ့ ပိနေလို့ သိပ်တောင်မစားနိုင်လို့ အဘဖောကတော့ ပြောပါတယ်။ မတန်ဘူးတဲ့လေ။ သေသေချာချာကြည့်တော့လည်း ဘယ်သူမှ မစားနိုင်ကြတာ တွေ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြောကြဆိုကြနဲ့ ကိုရင်ဆီလည်း လက်ဝါးဖြန့်ဖြန့်ပြီး ဘာတွေတောင်းကြမှန်းလည်းမသိနဲ့ အတော့်ကို ဝိုင်းဝိုင်းလည်နေတာလည်း တွေ့ရနဲ့ သီချင်းအဆိုကောင်းတဲ့ ဦးဘလက်ကြီးကိုလည်း မနောရဲ့ပွဲကြရင် ပင်တိုင်ဆိုဖို့ ခေါ်ဖို့စိတ်ကူးထားပြီးသား သိလး။ ဒီအပျော်တွေကို မြေနီကုန်းစီးတီးမတ်ထိ ယူဆောင်သွားခဲ့ပါတယ်။ ညလည်းရောက်ရော ညကားနဲ့ နေပြည်တော်ကို ချီတက်ခဲ့ရတယ်။ အပျော်တွေကို စိတ်ကူးယဉ်ရင်းနဲ့ နေပြည်တော်ရောက်သွားတော့ တည်းတဲ့ဟိုတယ်က အားလားလား ကားဂိတ်နဲ့ မိုင် ၂ဝ တောင်မောင်းရတဲ့ ခရီးဖြစ်နေတယ်။ ဟိုတယ်ရောက်တော့လည်း ခုမှ ဟိုတယ်ကြီးက ဆောက်လက်စနဲ့ ဒီရောက်မှ ဒီဇင်ဘာဆိုတာ ခံစားမိတယ်။ တောင်တွေ ဝိုင်းရံထားတဲ့ တောင်ကြားဟိုတယ်ကို ခုမှပဲ တည်းဖူးတော့တယ်။ ရှုခင်းလား ဓာတ်ပုံရိုက်ဖို့တောင်စိတ်ကုန်သွားတယ်။ တောင်တွေပဲရှိတယ်။ အားပါးပါး အရမ်းအေးနေပါလားပေါ့လေ။ အင်း ခုတော့ ဖျားချင်ချင်ဖြစ်ပြီး နှာစေးပြီး နှာခေါင်းတွေပိတ်နေတာ အိပ်လို့မရနဲ့ အလွန်တရာမှ ပျော်ခဲ့တာတွေတောင် စိတ်ကူးမယဉ်နိုင်ဘူးဖြစ်သွားတယ်။ ဆေးကလည်းမပါနဲ့ ဝယ်စရာနေရာလည်းမရှိ၊ ဗိုက်ဆာတောင် ရေသောက်နေရတဲ့ဘဝဖြစ်နေတော့ အိမ်ပြန်ချင်လာမိတယ်။ သူများတွေလို အရမ်းဝေးလသီခေါင်တဲ့နေရာမှာ အကြာကြီးနေရမယ်ဆိုရင်တော့ သေမလားမသိဘူးလို့ တွေးမိကောင်းတွေးမိပါရဲ့… ဒီတော့ အိမ်ပြန်ချင်ပေမယ့် ခု အိမ်မပြန်ရသေးတော့… တမ်းတမိတဲ့ဌာနအတွက် ရေးစပ်လိုက်မိတာကတော့

ရေးဆိုလို့သာ ရေးလိုက်ရသည်
ငါ့ရဲ့ ရင်ထဲ
ကဗျာမရှိ စာမရှိ
စိတ်တွေ နောက်ကျူနေပါဘိ
ကဗျာမပါ စာမပါ
အရင်းခံနဲ့ ပြောလိုက်ချင်သည်
ကျန်းမာခြင်းသည် လာဘ်တစ်ပါး
အမြဲဆောင်ကာထား
ရာသီကအေး ပြည်ကဝေး
မွေးရပ်မြေကို လွမ်းပါသလေး
လွမ်းပါသော်လည်း မပြန်နိုင်
အဝေးကပဲ လွမ်းနေမည်
မဝေးတော့သိ အနာဂတ်ခရီး
ဌာနီပြည်ကနီး

22 comments

  • Angelic Pricess

    December 20, 2011 at 12:16 pm

    အိမ်ပြန်ချင်တယ်တဲ့ ကလေး ကျနေတာဘဲ။ နာ့ မမကတော့
    ဟီးးးးးးးးးးးးးး

  • inz@ghi

    December 20, 2011 at 12:22 pm

    >>>မနောရဲ့ပွဲကြရင် ပင်တိုင်ဆိုဖို့ ခေါ်ဖို့စိတ်ကူးထားပြီးသား
    စားရတော့မယ်ပေါ့ နော်. …
    ဖြုတ်ရောင်းပီး လက်ဖွဲ့ပါ့မယ်ကွယ် …..
    (ကင်မလာတွင် တပ်ထားသော လန်စ်း ကိုပြောပါတယ်..)

    >>>ဓာတ်ပုံရောက်ဖို့တောင်စိတ်ကုန်သွားတယ်
    ဓာတ်ပုံရောက်တယ်ချိုရာ ဘာလဲဟင်င်င် ….သင်ပေးပါလားဟင်င်င်

    >>>စိတ်တွေ နောက်ကျူနေပီး
    နေမကောင်းဖြစ်နေသော မစိတ်ဖွေးပိစိ အား
    နေပြန်ကောင်းလာသော ဂီဂီမှ …
    ကျန်းမာ ရွှင်လန်း ပါစေကြောင်း …
    ဆုမွန်ကောင်း ပို့သအပ်ပါသည်…..

    ဟီဟိ ..ဂယ်ကတော့ ရေးချင်ရာ လာတက်ရေးတွားတာ …

    • manawphyulay

      December 20, 2011 at 12:48 pm

      အင်း အေးလွန်းလို့ ရိုက်နဲ့ရောက်နဲ့ မွှားတွားတာ ဂီဂီရေ… 🙁

  • kotun winlatt

    December 20, 2011 at 12:51 pm

    အိမ်ပြန်ချင်တယ်…ဟူးးးးးး
    အနွေးထွေးဆုံး အမေ့အိမ်…
    အိမ်ပြန်ချင်တယ်….ဟူးးးး
    ဟဲဟဲ….. ကိုငှက်ကြီးရဲ့
    သီချင်းလေးဆိုပြီးးးဖတ်သွားပါတယ်ခင်ဗျာ…

  • နီကီတာ

    December 20, 2011 at 12:58 pm

    ရန်ကုန်မှာထက်ပိုအေးမှာပေါ့နော်

    အဲဒီနေရာက ပိုက်ချံရှိတာတောင် ဝယ်စားလို့ မရနိုင်တဲ့
    နေရာတွေထဲက တစ်ခု အပါဝင်လေ ……… အဟိ ..:P

  • မှော်ဆရာ

    December 20, 2011 at 1:37 pm

    အော်အော် ဟုတ်သားပဲ
    မပိစိ မင်းနေပြည်တော်ကြီးကို သွားမယ် ပြောသွားတာပဲ …

  • we R one

    December 20, 2011 at 1:52 pm

    ~~~ အိမ်ကို ပြန်ခဲ့တော့… မင်းနဲတွေ့ချင်လို့.. ဟိုမှာ မပျော်တဲ့ခဏ… 😀

    • inz@ghi

      December 20, 2011 at 2:01 pm

      အိမ် …. ပြန် …လမ်း …ဝေး ………ရေ့ ….ရေ့….ဟေ့….
      အိမ်. … ပြန် …လမ်း …. .အဟွတ် ..အဟွတ် ……
      အော် ကီးမြင့်လို့ပါ. ..အဟွတ် …ပိတ်သတ်ကြီး သီးခံပါ……
      😀

      • we R one

        December 20, 2011 at 2:11 pm

        အဟွတ် အဟွတ် ချောင်းတွေဆိုး.. …အဟင့် အဟင့် အသံလည်းဝင်…… မှန်ချိုဆေး ကိုဆောင်ထားနော်… 😀

      • comegyi

        December 21, 2011 at 1:35 am

        ဟဟ ကိုအင်ဇာဂီ
        အနော်လည်း အဲဒီသီချင်းဆိုရင်
        အဲဒီနားလေးရောက်ရင်
        အဲလို ဖြစ်နေကျဗျ…..
        အဟွတ် အဟွတ်…..
        မမနောရေ့ ဖတ်သွားပါတယ်နော

  • etone

    December 20, 2011 at 1:57 pm

    အဲ .. အစ်မ မနောရေ .. ကြားရတာ စိတ်မကောင်းလိုက်တာ
    တယောက်တည်း အချိန် ဒီအတိုင်းတောင် အထီးကျန်တာ နာမကျန်းဖြစ်တဲ့ အခါ ပိုဆိုးတာပေါ့ .. ။
    တည်းတဲ့ နေရာကဟိုတယ်မို့လား … ဟိုတယ်ဖြစ်ပြီး သူတို့မှာ ဆေးဝါးအထောက်ကူ ဘာမှ မလုပ်ပေးနိုင်ဘူးလားဟင် … ။ အစ်မကပဲ မမေးလိုက်မိလို့လား …. ။

    ကျန်ကျန်း မာမာနဲ့ အိမ်မြန်မြန်ပြန်ရပါစေလို့ ဆုတောင်းပါတယ်နော် … ။

  • MaMa

    December 20, 2011 at 4:23 pm

    အမှတ်တရ နယူရီးယားကဒ်လေးလုပ်လာပြီး ရွာသူားတွေကို လက်ဆောင်အမှတ်တရပေးလို့ မနောကိုလည်း ကျေးဇူးတင်ပါတယ် နော။ တချို့ လူတွေက နာမည်နဲ့ ပြောင်းပြန်ဆိုပေမယ့် မနောကတော့ နာမည်အတိုင်း သေးသေးလေးပဲနော်။ ဒါ့ပုံတွေဖြစ်နိုင်ရင် မေးလ်နဲ့ ပို့ပေးဖို့ တောင်းဆိုပါတယ်နော်။ 🙂
    (အဲဒီ နယူးရီးယားကဒ်ကပဲ အော်တိုဖြစ်သွားပြီး ရွာထဲက နာမည်ကြီးတွေရဲ့ လက်မှတ်ပေါင်းများစွာနဲ့ 😀 )

    • manawphyulay

      December 20, 2011 at 6:16 pm

      ဟုတ် မမ….
      မီး ရန်ကုန်ပြန်ရောက်ရင် ပို့လိုက်မယ်နော် တိရား… ဒုတော့ တူတို့ စတာနဲ့ နိုချင်နေပြီ…. ဟင့် ဟင့်…

  • thit min

    December 20, 2011 at 5:16 pm

    ကိုပေ ပါသွားတုန်းကတော့ ဓာတ်ပုံတွေ မြင်ရတယ်။
    သူတို့ကြတော့ ခေါင်းမြီးခြုံလုံပါပေ့ဗျာ။

    • manawphyulay

      December 20, 2011 at 6:14 pm

      ဒါက ဒီလိုရှိတယ် အကိုသစ်မင်းရဲ့ ဟိုဟာက ဟိုလိုရှိတယ်…..

  • blackchaw

    December 20, 2011 at 10:02 pm

    ကျောင်းက အဆောင်တွေရှေ့မှာ ဆိုခဲ့တဲ့
    ခိုင်ထူးသီ်ချင်းလေးပါဗျာ။
    အိမ်ပြန်ချင်တဲ့အလွမ်း တဲ့။
    အခုလို ဆောင်းရာသီဆို ပို ဆိုလို့ ကောင်းတာပေါ့ဗျာ။
    သတ္တိရှိရင် နားထောင်ကြည့်လိုက်
    အိမ်မှာ အမေ့အနားမှာ ရှိနေရင်တောင်
    လွမ်းတဲ့စိတ်ကလေး ပေါ်လာစေတဲ့ သီချင်းလေးပေါ့။

    အိမ်ပြန်ချင်တဲ့အလွမ်း
    ဆီးနှင်းတို့ ကျစတစ်ညမှာ
    အိမ်ကိုပစ်ပြီးတော့
    အမေအိုမျှော်မယ်မှန်းလည်း
    သိရက်နဲ့ တစ်လှမ်းချင်းလှမ်းကာ
    ရင်ဆိုင်နေဆဲက
    အိမ်ပြန်ချင်တဲ့ အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ်…။

    • thit min

      December 20, 2011 at 10:06 pm

      အလွမ်းပြန်ချင်စိတ်ကြောင့်၊ ~~
      အလွမ်းပြန်ချင်ဇောကြောင့် ~~~~
      နေ့ခင်းအိပ်မက်ထဲမှာအတွေးအိပ်မက်ထဲမှာ~~~
      အိမ်ပြန်ဖြစ်တယ်~~~~~~~~~~~~~~(^^)

    • manawphyulay

      December 21, 2011 at 9:57 am

      အိမ်ပြန်ချင်တာ တိတ်တဆိတ်မဟုတ်ဘူး ဦးဦးဘလက်ရဲ့… ဝုန်းဒိုင်းကြဲပြီးရောက်လာတာ… အိမ်ပြန်ချင်ရင် ပြန်ရတော့မှာပါဆိုတဲ့အတွေးပဲ တွေးနေလိုက်တယ်။

  • blackchaw

    December 20, 2011 at 10:08 pm

    ကိုသစ်ရေ။
    ခင်ဗျား ဂျီတော့မှာလည်းမတွေ့
    ဖေ့စ်ဘွတ် မှာလည်း မတွေ့
    ဘယ်ရောက်နေတာလည်းဗျာ။
    အမေကို လွမ်းသလို
    ခင်ဗျားကိုလည်း သတိရနေတာဗျာ။
    (မနောရေ ခွင့်လွှတ်ပါနော)

  • မဆိုင်ဘဲနဲ့ဝင်မန်းလိုက်အုံးမယ်

    ကိုသစ်နဲ့ကိုချောအတွက်

    သယ်ဆောင်ရန် အိတ်လဲပြင် ယာဉ်မြန်ကိုစီး ခရီးထွက်ဘို့ဒို့လာနေပြီလေ………..
    အသဲရင် လှိုင်းခတ်သံ အတူဆုံမဲ့အပြုံးတွေ……………………………………………………..
    ခိုင်ထူးအလွမ်း စစ်ကိုင်းလမ်းလေးပါ

  • ဆူး

    January 22, 2012 at 5:17 pm

    အိမ်မှာ အနေများပြီး ခရီးထွက်ချင်နေတာ အိမ်ကို မလွမ်းသေးဘူး။

  • snow white

    March 1, 2012 at 5:51 pm

    မမမနောကဗျာလေးကြိုက်ညီမကူးယူသွားပါတယ်မမမနော

Leave a Reply