၂၀.၁၂.၂၀၁၁ အင်္ဂ ါ ည ပွဲစဉ်များ

မောင် ပေDecember 20, 20111min14622

မင်္ဂလာပါ ၊ လေးစားရပါသော သပ္ပူရိသ ဘောချစ်သူ ၊ ဘောပရိသတ် အပေါင်းတို ့ ။
ဒီကနေ ့အင်္ဂ ါည ပွဲစဉ်များထဲမှ ထူးရှယ်ကြိုက်နှစ်သက်မိသော ပွဲစဉ်အချို ့အကြောင်း ကို ရေးပြ ချင်ပါတယ် ။ စကားမစပ်ဗျာ
တနင်္လာနေ ့ညနေ တုန်းက ၊ အင်တာနက်သုံးလေ့ရှိသူ ချာတိတ်များနဲ ့လဘက်ရည်ဆိုင်မှာ စကားပြောဖြစ်တော့ ၊ သူတို ့က မေးလာတယ် ။ “ မန်းတလေး ဂေဇက်မှာ ဘောပွဲတွေ အကြောင်းရေးနေတဲ့ ဝင်းတော်ကာ ဆိုတာ ခင်ဗျားလား ” တဲ့ ။ “ ဟမ်..ဘာလို ့ငါလို ့ထင်ရတာလဲ ” ဟု ပြန်မေးကြည့်တော့ ၊ “ ခင်ဗျား ဂျီတော့အကောင့်နာမည် နဲ ့တူနေလို ့ ” တဲ့ ။ “ ဟုတ်လို ့လား တူလို ့လား ကွာ ၊ သေချာ ပြန်ကြည့်ပါဦး ” ဆိုတော့ ၊ “ ခင်ဗျားဖြစ်နေရင် ဘီယာလိုက်တိုက်မလို ့ ” တဲ့ ၊ သွားပြီ လို ့၊ မဟုတ်သလိုလို ဖြေလိုက်မိခဲ့ပြီးပြီ ဆိုတော့ ဘီယာတော့ လစ်သွားပြီ ။ ဒါနဲ ့သူက ဆက်ပြောလာတယ် ၊ “ ခင်ဗျား သာ အဲဒီ ဝင်းတော်ကာ ဆိုရင် ၊ မှန်ရင် ဘီယာတိုက်မယ် ၊ မှားရင် ဆဲမယ် ” တဲ့ဗျာ ။ “ ကောင်းပါပြီကွာ လို ့၊ ဒါကတော့ ငါလဲ အပတ်စဉ် ဘောဂျာနယ်တွေ ကြုံရင် ကြုံသလို ဖတ်ဖြစ်တယ် ” လို ့၊ “ မှားရင် ငါလဲ ဆဲတာဘဲ လို ့၊ ဆဲပေါ့ကွာ ၊ ဆဲလိုက်တော့ လည်း စိတ်ပေါ့သွားတာပေါ့ကွာ ” ဟုပြောတော့ ၊ “ ဒါပေမယ့် ကြိုက်သလိုလို ရှိလို ့၊ ကြုံရင် ဖတ်ဖြစ်ပါတယ် ၊ တစ်ခါတစ်လေကြ ကျွန်တော် တို ့က ဘာနဲ ့ဘာကန်မှန်းမှ မသိတာ ” တဲ့ ။ “ ကောင်းပါတယ် ” ကွာ ဟုသာ ပြောခဲ့သည် ။ ဟုတ်သည် မှန်တဲ့အခါလဲ မှန်ပေါ့ ၊ မှားတဲ့အခါလဲ မှားပေါ့ ၊ ဘာဘဲဖြစ်ဖြစ် စိတ်ကျေနပ်ဖို ့အဓိက ပါဘဲမလား ။
~~~~~~~~ ******* ~~~~~~~~ ******* ~~~~~~~~
သည်ကနေ ့ည ပွဲစဉ်များနဲ ့အချိန်များကတော့
ပရီးမီးယားလိဂ်
၂:၁၅ ဝုဗ် – နော့ဝစ်
၂:၃ဝ ဘလက်ဘန်း – ဘော်တန်
စီးရီးအေ
၁၁:၃ဝ ဆီနာ – ဖီအိုရင်တီးနား
၂:၁၅ ကယ်ဂလီယာရီ – အေစီမီလန်
စပိန်ဘုရင့်ဖလား
၁:၃ဝ ရီးရဲမက်ဒရစ် – ပွန်ဖာရာဒီနာ ( ပထမအကျော့ ရီးရဲနိုင် ၂-ဝ )
။ အက်စ်ပန်ညို – ဆဲတာဗီဂို ( ပထမအကျော့ ဝ-ဝ )
။ ဂီဂျွန် – မာယော့ကာ ( ပထမအကျော့ ဂီဂျွန်နိုင် ၁-ဝ )
၃:၃ဝ ဆီဗီလာ – ဆန်ရိုကွေး ( ပထမအကျော့ ဆီဗီလာနိုင် ၂-ဝ )
ဂျာမန် ပိုကယ်ဖလား
၀၀:၃ဝ ဘိုချမ် – ဘိုင်ယန်မြူးနစ်
။ နုရင်ဘတ် – ဂရုသာဘတ်
၂:၀ဝ ဟော့ဖန်ဟိမ်း – အော့စ်ဘတ်
။ ဖော်ကျူနာ ဒူဆယ်ဒေါ့ – ဒေါ့မန်
~~~~~~~~ ******* ~~~~~~~~ ******* ~~~~~~~~
ဘလက်ဘန်း (၁၉) – ဘော်တန် (၂၀)
ဘလက်ဘန်း ပရီးမီးယားလိဂ်၁၆ပွဲကန်အပြီး ၂ နိုင် ၊ ၄ သရေ ၊ ၁ဝ ရှုံး ၊ ရဂိုး၂၃ ပေးဂိုး၃၆ ၊ ၁ဝမှတ်
ဘော်တန် ပရီးမီးယားလိဂ်၁၆ပွဲကန်အပြီး ၃ နိုင် ၊ ဝ သရေ ၊ ၁၃ ရှုံး ၊ ရဂိုး၂ဝ ပေးဂိုး၃၈ ၊ ၉မှတ်
ဘလက်ဘန်း ယခုပွဲမကန်ခင် ၊ ကန်ခဲ့သောငါးပွဲရလဒ်များမှာ ရှုံး ၊ ရှုံး ၊ နိုင် ၊ ရှုံး ၊ ရှုံး
ဘော်တန် ယခုပွဲမကန်ခင် ၊ ကန်ခဲ့သောငါးပွဲရလဒ်များမှာ ရှုံး ၊ ရှုံး ၊ ရှုံး ၊ ရှုံး ၊ ရှုံး
ဘလက်ဘန်း အိမ်ကွင်းတွင် ဘော်တန် နှင့် တွေ ့ဆုံခဲ့မှုများမှာ
Apr 30, 2011 Blackburn 1 – Bolton 0
Feb 21, 2010 Blackburn 3 – Bolton 0
Jan 28, 2009 Blackburn 2 – Bolton 2
ဈေးအနေအထားအရ ဘလက်ဘန်း သရေ ဆိုလျှင် တစ်ဝက်ကျော် ဆုံးရှုံးမည်ဖြစ်သည် ။
ယခုပွဲအတွက် သိပ်စဉ်းစားစရာ မလို ဟု ထင်မိသည် ။
အားပေးမည် ဆိုလျှင် ဘလက်ဘန်း ကိုသာ အားပေးရမည် ။
အရပ်စကား နှင့် ပြောရလျှင် အနူချင်း ခွက်စောင်းခုတ်ကြတဲ့ အခါ ၊ အိမ်ရှင်ငတိ ကို အားပေးတာ မမှား ။
ယခုပွဲကို
“““ ဘလက်ဘန်း ၂-၁/၃-၁ ဘော်တန် ””” ဟု ခန် ့မှန်းထားပါသည် ။
~~~~~~~~ ******* ~~~~~~~~ ******* ~~~~~~~~
အက်စ်ပန်ညို – ဆဲတာဗီဂို
စပိန်ဘုရင့်ဖလား ပွဲစဉ်ဖြစ်ပြီး အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ ကစားရပါတယ် ။
ပထမအကျော့ ဆဲတာဗီဂို အိမ်ကွင်းမှာ ကန်ခဲ့တုန်းက “ ဝ-ဝ ” သရေကျထားပါတယ် ။
အက်စ်ပန်ညို ယခုပွဲမကန်ခင် ၊ ကန်ခဲ့သောငါးပွဲရလဒ်များမှာ နိုင် ၊ သရေ ၊ နိုင် ၊ ရှုံး ၊ ရှုံး
ဆဲတာဗီဂို ယခုပွဲမကန်ခင် ၊ ကန်ခဲ့သောငါးပွဲရလဒ်များမှာ သရေ ၊ ရှုံး ၊ နိုင် ၊ ရှုံး ၊ ရှုံး
ဈေးအနေအထားအရ အက်စ်ပန်ညို တစ်ဂိုးဆိုလျှင် အပြည့်နီးပါ အကျိုးအမြတ် ရရှိမည် ဖြစ်သည် ။
ဆဲတာဗီဂို အသင်းမှာ အက်စ်ပန်ညို နှင့် ယှဉ်လျှင် ကွာခြားချက် အများကြီး ရှိလို ့အက်စ်ပန်ညို ကို ဘဲ အားပေးရမည် ဖြစ်သည် ။
ယခုပွဲကို
“““ အက်စ်ပန်ညို ၂-၁/၃-၁ ဆဲတာဗီဂို ””” ဟု ခန် ့မှန်းထားပါသည် ။
~~~~~~~~ ******* ~~~~~~~~ ******* ~~~~~~~~
ထပ်မံအကြိုက်တွေ ့မိသော ပွဲများကို ကွန်မင့်ဖြင့် ဖော်ပြပါမည် ။
——- ဖိုက်တာအားလုံး အောင်မြင်ရွှင်လန်းကြပါစေ ——-

22 comments

  • inz@ghi

    December 20, 2011 at 1:41 pm

    ဘောလုံးကန်ကြမယ် tag ကလေး မထည့်တော့ဘူးလား ကပေ့ရ…
    😀

    • windtalker

      December 20, 2011 at 1:48 pm

      ဟုတ်ပ
      ကျေးဇူး ရှဲရှဲ နီ ပါ
      မေ့သွားတယ် ကွာ
      တစ်ကယ် ကို ကျေးဇူး
      မေးလ်ပို ့ပေးထားတယ်နော
      တော့စီးကရက်

  • ssa

    December 20, 2011 at 1:52 pm

    ဆရာ..သေချာလား.
    သေချာရင် အခု ကျွန်တော် အိမ် သွားပေါင်မလို့
    အပီ..ကိုင်လိုက်တော့မယ်…

    • windtalker

      December 20, 2011 at 2:01 pm

      မသေချာရင်
      ခြင်တောင် မရိုက်ဘူး
      ထု ပစ်
      ဒိုင်းကညောင့် ဒိုင်းကညောင့်

  • blackchaw

    December 20, 2011 at 2:00 pm

    အော် ကိုယ့်ဆြာရယ်။
    သေချာမှတော့ ကြေညာတောင် မနေတော့ဘူး။
    ခန့်မှန်းပေးတာပါဆိုမှပဲ။
    ကိုင်ချင်လည်း ကိုင်သာကိုင်။

    • windtalker

      December 20, 2011 at 2:02 pm

      ဆြာဘက်
      ခင်ဗျားကြီးလဲ
      နဲနဲ ပါးပါး
      အားပေးကြည့် ဖို ့
      တိုက်တွန်းပါရစေနော
      ဘမျိုးဘိုးတူတွေ မို ့
      ပြောတာပါနော

  • kotun winlatt

    December 20, 2011 at 2:08 pm

    ကျနော်တို့ဆီမှာ အဲ့ဂလို မိုးးချုပ်ချုပ်ပွဲတွေပြဘူးးဗျ..
    အေးလွန်းလို့လေ…
    ညဆို စပါယ်ရှယ်ကိုအေးးးနေတယ်..
    ကျနော်တို့ရွာမှာလေ….

  • blackchaw

    December 20, 2011 at 2:12 pm

    တစ်ချိန်လုံး ဇနပုဒ်သားလို့ ကျွေးကျော်နေတော့တာပဲ ။
    တောသားတွေက ဘောလုံးပွဲဆို မြို့သားတွေကို ဒီလိုပြောတယ်တဲ့။
    မင်းအဘက မင်းထက်တောင် တတ်သေးတဲ့။ ဟေးဟေး။

  • amatmin

    December 20, 2011 at 3:26 pm

    ကိုပေ ရေ..

    ဘလက်ဘန်း နောက်ကိုလိုက်ရင်း အတော်လည်း ပန်းနေပါပြီ.
    ဒါပေမဲ့ ဒီည ဘလက်ဘန်းကို ထပ်စမ်းအုံးမယ်ဗျာ.. 🙂
    ကြိုက်တာတော့ ဂိုးပေါင်းပဲ..

    အမှန်အကန်ဗျင်းမဲ့ ဖိုက်တာအမတ်မင်း

  • thit min

    December 20, 2011 at 5:05 pm

    ညီလေးရာ
    ဘောပွဲတွေ သိပ်မလောင်းပါနဲ့ကွာ။ လောင်းကစားဆိုတာမကောင်းပါဘူး။
    အဲ ဒိုင်ဘဲ ကိုင် လိုက်နော်။ (^^)

    • windtalker

      December 20, 2011 at 6:43 pm

      အသာပို ့ပါ ကိုသစ်မင်းရေ
      လောင်းကစား နဲ ့ပတ်သက်ပြီး ပို ့စ်တစ်ခု ရေးပြပါဦးမယ် ။
      ဖိုက်တာသန် ့သန် ့လေး ဖြစ်ကြောင်းရယ်ပါ

  • ကိုပေ့ရေ လောင်းကစားကိုသိပ်တော့ အားမပေးချင်ပါ။ဘာလို ့လဲဆိုတော့ ကျွန်တော် မကွေးမှာကျောင်းတက်နေတုန်းက
    ဘောလုံးပွဲဒိုင်တွေနဲ ့ဆိုစားတူသောက်ဖက်ထိအောင်တွဲလုပ်၊ရှုံးလဲခွက်လန်အောင်ရှုံးဖူးလေတော့ ကျန်သူတွေကိုအားမပေးချင်ပါဘူး။
    စိတ်မဆိုးကြေးပါနော်။

    • windtalker

      December 20, 2011 at 7:04 pm

      စိတ်မဆိုးပါဘူး ညီလေး ရေ
      အကို ဘောလုံးပို ့စ်တစ်ခု ရေးတင်ပါ့မယ်ကွာ
      အဲ့ခါကြ အကို ့စေတနာ ကို နားလည် သဘောပေါက်ပါလိမ့်မယ်

  • kyawkoko

    December 20, 2011 at 7:16 pm

    ကိုပေက ..ဆရာကြီးဘဲဗျ… ဟိုနေ.ကနှစ်ပွဲ အပိုင်ပေးတာ ဟုတ်တယ်ဟ 🙂
    ကျေးဇူးပါဗျာ.. ဒါပေမဲ့အရင်းတောင်မရသေးဘူးဗျ 😀
    လောဘလေးက မသတ်နိုင်သေးတော့
    ဘိုးတော်ရေ… ပေးပါဦး တပွဲလောက် 😛

    • windtalker

      December 20, 2011 at 7:40 pm

      ဘလက်ဘန်း နဲ ့ဘော်တန် ပွဲ က ဘလက်ဘန်း က အကောင်းဆုံးလို ့ကျုပ်ကိုယ်တိုင် အားပေးထားတယ်ဗျာ
      ဒုတိယအကောင်းဆုံးကတော့ တစ်ဂိုးဆိုရင်ကို ပျော်ရွှင်ရပြီ ဖြစ်တဲ့ အေစီမီလန် ပါဘဲ ။

  • comegyi

    December 20, 2011 at 7:30 pm

    ရဲဘော်ရယ်
    ဘလက်ဘန်းနှိပ်စက်တာ
    အတော်ခံနေရပါပြီ …
    ိစိတ်တော့မလျှော့သေးဘူးဂျာ.

    • windtalker

      December 20, 2011 at 7:41 pm

      ဟုတ်တယ်
      ယာကူဘူ ရဲ ့ တစ်ပွဲ ၄ဂိုးသွင်းနှုန်း ကို
      ဒီပွဲမှာ မြင်ရနိုင်တယ် ဗျို ့
      ဘလက်ဘန်း ပါဘဲ

  • သော်ကြီး

    December 20, 2011 at 8:49 pm

    အခုလိုခန့်မှန်းပေးတာ ကျေးဇူးတင်ပါတယ်။ သေချာဘီ ဆိုရင်တော့ ရှိတာအကုန်ချမယ်ဗျား ။

  • amatmin

    December 20, 2011 at 9:56 pm

    ကျွန်တော်မြင်တာတော့ ကိုပေ့ ဘောပို့စ်ကို ဖတ်ပြီး လောင်းခြင်း
    မလောင်းခြင်းထက် ဝင်မန့်ရတာကိုက အခင်အမင်တိုးတယ်လို့ခံစားရတယ်ဗျာ..
    ယောက်ျားလေးတွေ ဆိုတော့ ဘော ပွဲကြိုက်တာချင်း တူကြတယ်လေ နော.. 🙂

    ဖိုက်တာအမတ်မင်း

    • windtalker

      December 21, 2011 at 12:58 pm

      ကိုအမတ်မင်း ချီးမြှင့်ပေးသော ကွန်မင့်များအတွက် ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ
      ကျုပ် တို ့ရွာထဲမှာတော့ ၊ ဘောလုံးကြိုက်သူ သိပ်မရှိလောက်ဘူး ထင်တယ်ဗျ

  • ကြောင်ကြီး

    December 21, 2011 at 11:26 am

    နဲနဲကြိုရေးကွာ။ နာလည်းဝင်ခန့်မှန်းပေးမလို့။ နင့်ဟာက ရက်ကပ်တင်တော့ ငါကဘယ်လို ဝင်ပြောမလဲ။ အကြားအမြင် မနောဓာတ်ဆိုတာ စိတ်ကြည်မှ ပြောလို့ဖြစ်တာ။။။

    • windtalker

      December 21, 2011 at 1:00 pm

      ကိုကိုကြောင်ရေ
      စောတင်ဖို ့အတွက်
      ညီငယ့်မှာ အဆင်မပြေလို ့ပါခင်ဗျာ
      ကိုကိုကြောင့် ရဲ ့
      အနီးကပ် ခန် ့မှန်းချက်များကိုလည်း
      မပြတ် ဖတ်ရှူလို ပါသဖြင့်
      မကြာခဏ ဝင်ရောက်ချီးမြှင့်ပေးပါလို ့
      တောင်းဆိုပါရစေ ခင်ဗျာ
      ကိုးဆယ့်ကိုးစားစွာဖြင့်
      မစ်စတာပေ

Leave a Reply