မန ္တလေးတွင် တစ်လမ်းမောင်းအသစ်များ သတ်မှတ်

lu nyo chawDecember 20, 20111min1519

ယနေ ့ 20-12-2011 မှစတင်ပြီး မန္တလေးမြို့မှ 37လမ်းနှင့်38လမ်းတို့အား 78လမ်းအနောက်ပို်င်းမှ စတင်ကာ လမ်း80 အထိ  37လမ်းအား အနောက်မှ အရှေ့သို့၎င်း 36လမ်းအား အရှေ့မှ အနောက်သို့၎င်း တစ်လမ်းမောင်းများ အဖြစ် သတ်မှတ်လိုက်ကြောင်း ကိုယ်တိုင်တွေ့ခဲ့ရသည်။

ထို့အပြင် 35လမ်းဂုံးကျော်နှင့်41လမ်းဂုံးကျော်တို့အား မော်တော်ဆိုင်ကယ်များ

ဖြတ်သန်းအသုံးပြုခွင့် မပြုတော့ကြောင်း တစ်ဆက်တည်းသိခဲ့ရသည်။ထို့ကြောင့်  ရွာသူရွာသားများ အနေဖြင့် မန္တလေး သို့လာရောက်ပါက သတိပြုနိုင်ရန် ရေးသားတင်ပြလိုက်ပါသည်။

9 comments

  • lu nyo chaw

    December 20, 2011 at 2:36 pm

    ဆိုင်မဆိုင်တော့ မသိဘူး မနေ့က ယဉ်တန်းတစ်ခု ၇၈လမ်း ၃ရလမ်းနားမှာ ရပ်ရမလိုဖြစ်နေတာတော့တွေ့ခဲ့
    တယ်ဗျ။ညနေ ၅နာရီလောက်မှာပါ၊

  • kotun_mdy

    December 20, 2011 at 4:19 pm

    ကျနော်ကြုံခဲ့ရတာက လမ်း(၄၀)ကို (၇၈မှ လမ်း ၈၀)သို့ (အရှေ့မှအနောက်) ခွင့်ပြုထားပြီး၊ (၃၉)လမ်းကိုတော့ (လမ်း ၈ဝ မှ ၇၈ )သို့ (အနောက်မှ အရှေ့)ခွင့်ပြုထားပါတယ်။

  • water-melon

    December 20, 2011 at 5:38 pm

    ကဲကဲဘာမှမပြောကြနဲ့ ဖရဲပြောပြမယ်
    ၃၆လမ်းကို ၇၈လမ်းနှင့်လမ်း၈ဝကြား၊ အရှေ့ဘက်မှ အနောက်ဘက်သို့ တစ်လမ်းမောင်း သတ်မှတ်ခြင်း။
    ၃ရလမ်းကို ၇၈လမ်းနှင့်လမ်း၈ဝကြား၊ အနောက်ဘက်မှ အရှေ့ဘက်သို့ တစ်လမ်းမောင်း သတ်မှတ်ခြင်း။
    ၃၉လမ်းကို ၇၈လမ်းနှင့်လမ်း၈ဝကြား၊ အနောက်ဘက်မှ အရှေ့ဘက်သို့ တစ်လမ်းမောင်း သတ်မှတ်ခြင်း။
    လမ်း၄ဝကိုု ၇၈လမ်းနှင့်လမ်း၈ဝကြား၊ အရှေ့ဘက်မှ အနောက်ဘက်သို့ တစ်လမ်းမောင်း သတ်မှတ်ခြင်း။

    ပြီးတော့ ၃၅လမ်းဂုံးကျော်နှင့်၄၁လမ်းဂုံးကျော် ကို ဆုိုင်ကယ်၊စက်ဘီး မဝင်ရတဲ့

    လမ်းတွေကို တစ်ကွေ့တစ်ပတ်ကြီးသွားရတော့မယ်။

  • ကုန်းကျော်က 42လမ်းမှာရှိတာမဟုတ်လား။
    ဒီနေ့တော့ 36နဲ့80လမ်းဒေါင့်မှာလမ်းတွေပိတ်ကုန်ပါတယ်။
    ကို်ယ်တွှေ့

  • windtalker

    December 20, 2011 at 6:53 pm

    လူညိုချော
    သူဆိုပြော
    ဟူသို ့သဘော

  • water-melon

    December 20, 2011 at 7:09 pm

    ဦးပေါက်ကလည်း ကုန်းပြီးတော့ ဘယ်ကျော်လို့ရမလဲ အမြင့်ကြီးဟာကို
    ခင်စောမူကွေ့ ကုန်းကျော်လေ ပြောတောမှားသွားလို့။

  • zawmyothu

    December 21, 2011 at 9:48 am

    ဒီနေ. 35*84 မီးပွိုင်.မှာ ပီကယ်တွေ ဖမ်းနေတာ
    တွေ.ရတယ်ဗျ။
    ဘယ်သွားသွား ဦးထုပ်လေး ဘာလေး ဆောင်ထားကျအုံးဗျ။

  • Shwe Tike Soe

    December 21, 2011 at 9:53 am

    အခုလို အသိပေးတာကျေးဇူးတင်ပါတယ်… ကျွန်တော် နောက်လလဲ မန်းလေးသွားရအုံးမှာ..
    သတိထားရမှာပေါ့.. ကျွန်တော် ရုံးသွားရင် အဲဒီလမ်းတွေကပဲ သွားနေကျလေ….

  • ဆူး

    December 21, 2011 at 9:54 am

    ပီကယ်တွေ ဖမ်းနေတယ် ဆိုလို့..
    ရန်ကုန် ဗိုလ်ချုပ်ဈေး ရှေ့ FMI ရှေ့နားက လူကူးမျဉ်းကြားမှာ ကူးဖို့ ပီကယ်တွေ လမ်းလည်ခေါင်မှာ အော်လံ နဲ့ အော်နေတာ တွေ့တယ်။ အော်သာ အော်တာ လူတွေကလည်း မဖမ်းသေးတော့ လမ်းလယ်ခေါင်မှာ ဒီတိုင်း တွေ့တဲ့ နေရာက ကူးလာတာ အော်သံကြားတော့မှ အလယ်မျဉ်းကြားကနေဖြတ်လျှောက်ပြီး လူကူးမျဉ်းကြားနေရာရောက်မှ ကျန်တခြမ်း ဆက်ကူးနေတယ်။ ဖမ်းတော့ မဖမ်းသေးဘူး ဖမ်းတော့မယ်နဲ့ တူတယ်။

Leave a Reply