စိုးထိတ်မိ တယ်.. ၄လုံးရယ်

amatminDecember 20, 20111min16518

တနေ့က ကြားလိုက်ရတဲ့ စကားတခွန်းက ကျွန်တော် ကိုဆွံအ ထိတ်လန့်စေလို့

ရွာသားတွေ ကြားရင်ဘယ်လိုများနေမလဲ သိချင်လို့ဗျာ..

 

ဒါနဲ့ ခင်ဗျားမှာ အေအိုင်ဒီအက် ရောပါ ဖြစ်နေခဲ့ပြီဆိုပါစို့..

လူကြားထဲမှာ ဆက်လက်ရှင်သန်ရပ်တည်ဖို့အတွက်.ဘယ်လိုစိတ်မျိုးမွေးပြီး နေထိုင် မိမယ်ထင်သလဲ..?

 

ကျွန်တော် တနေ့ ကကြားခဲ့ရတဲ့ ရောဂါသည် ဆိုတဲ့လူကတော့ ဒီလိုနေပါသတဲ့ဗျာ..

သူကဆေးကို အချိန်မှန် အတိအကျ သောက်ပါသတဲ့..အာဟာရ ဖြစ်မယ့်အစားအသောက်တွေ ကိုဝယ်စားဖို့လည်း ဝန်မလေးပါဘူး..

ပိုက်ပိုက်တတ်နို်င်တာကိုးဗျ.

ဟော..အဲဒီလို ပိုက်ဆံ တတ်နိုင်တဲ့ လူဆိုတော့ တခါတလေ စိတ်ပါလာရင် ဘီယာလေး ဘာလေး စုတ်တယ်ပေါ့ဗျာ..

ဒီအထိကတော့ အေးဆေး ပြသာနာ မရှိသေးဘူးဗျ နော်..

ဆိုးလာတာက သူက မူးလာခဲ့ပြီဆိုရင်.ယောက်ျားထဲ က တယောက်ပဲဆိုတော့ ညောင်းတတ် ညာတတ်တာပေါ့ဗျာ..

အဲဒီမှာ သူကလည်းပိုက်ဆံ တတ်နိုင်တဲ့ လူပီပီ ပိုက်ဆံသုံးရင် ဘာလုပ်လုပ်ရတယ်ဆိုတဲ့

ကျွန်တော်တို့ ကိုပေကြီး တို့ နောက်ပြောနေကြ ဆီမလူးပေမဲ့ လူချင်းလူး လူချင်းပူး လို့ရတဲ့နေရာတွေ ကို သွားပါသတဲ့…

ဟုတ်ကဲ့..အဲဒီမှာ ပုတ်သင်ညိုကိုချစ်တတ်သူတွေကတော့ ပူစရာမလိုပေမဲ့ ဒီလူကတော့

အလွှာခြားရင် မကြိုက်ဘူးဆိုတော့ကာ..တခါတလေ မူးပြီး သူဇွတ်အတင်းတာကြောင့်သော်လည်းကောင်း

ပိုက်ဆံကြောင့်သော်လည်းကောင်း ( အဖော်မပါပဲ )ထင်သလို လုပ်ခွင့် အတော်ရခဲ့ပါတယ်တဲ့.

ကျွန်တော်တော့ သူပြောပြတာကို နားထောင်ရင်းနဲ့ မျက်နှာခွက်ကို လက်သီးနဲ့ အချက်နှစ်ဆယ်လောက်ထိုးပစ်လိုက်တယ်.(စိတ်ထဲကပါဗျာ)

ကဲဗျာ..ဘယ်လောက် ထိတ်လန့်ဖို့ကောင်းသလဲ လို့…

ဒီလိုနေရာတွေမှာ အသက်မွေးကြရင်  ဒီလိုရောဂါတွေ မတော်တဆ ကူးတတ်တယ်ဆိုပေမဲ့.. ဒီလို သိသိကြီးနဲ့ လုပ်တာကြီးကတော့   🙁

ရေးနေရင်းနဲ့တောင် စိတ်မောလာတယ်  …

 

ကျန်တာတော့ ဆက်စပ်ပြီးသာ တွေးကြည့်ကြ ရင်း..

ကိုယ့်ရွာသားတွေ များသွားတတ်လာတတ်ကြရင် သတိလေးတွေ နဲ့ သွားလာကြဖို့ သံချောင်း ခေါက်ပေး တယ် လို့ပဲ….

18 comments

  • thuyazaw21451

    December 20, 2011 at 4:07 pm

    စိတ်ရင်းကတော့ လေးစားစရာပါပဲ…….. ဒီလိုလူမျိုးတွေ ရှိလို့ ဒီလိုပျံ့နှံ့နေတာပါ…… ဒီလူဟာ တော်တော် လူသားမဆန်တတ်တဲ့လူပဲဗျာ……. ဒီလိုမျိုးလူ မျိုး လူ့လောကထဲမှာ ရှိမနေသင့်ဘူးလို့ပဲထင်မိတယ်ဗျာ…….

  • thit min

    December 20, 2011 at 4:58 pm

    ညစ်တွန်းတွန်းတာ ပေမဲ့ တဘက်သားကို ထိခိုက်တယ်ဆိုရင် လူယုတ်မာစာရင်းကိုသွင်းရမှာဘဲ။
    ပြီးတော့ သေသေခြာခြာသိမယ်ဆိုရင် ပြတ်ပြတ်သားသား ကူညီသင့်တယ်ဗျို့။
    သူသွားတတ်တဲ့ ဆိုင်တွေကိုအကြောင်းကြားတာမျိုး လုပ်သင့်တယ်။
    မဖြစ်သေးတဲ့ သူတွေကိုကာကွယ်ပေးရမဲ့ တာဝန်ရှိတယ်ဗျ။
    သူ့ကိုလည်း ဖြောင့်ဖျပြောဆိုရမှာပေါ့နော်။

  • ဆူး

    December 20, 2011 at 5:04 pm

    ဒီကိစ္စ အမတ်မင်းကိုယ်တိုင် လွတ်တော်မှာ တင်ပြဆွေးနွေးသင့်တယ်။

    • amatmin

      December 20, 2011 at 10:31 pm

      ဆူးမမ နဲ့ ကိုမှော်ဆြာ ရေ..

      အမတ်မင်းက လွှတ်တော်မှာမကျယ်ရဲ လို့ ရွာထဲမှာ လာပြဲ ရတာပါဗျ .. 🙂 🙂

  • မှော်ဆရာ

    December 20, 2011 at 5:58 pm

    တော်သေးရဲ့ လေးလုံးဆိုတော့ ငါ့များ အမတ်မင်း လွှတ်တော်မှာ ဘာများ တင်ပြမလဲလို့ လန့်သွားတာပဲ ..
    ငါနဲ့လွတ်တယ် … 🙂

  • တညင်သား

    December 20, 2011 at 6:05 pm

    မဖြူဖြူသင်းရဲ့ လူနာတွေအကြောင်း ကိုဖတ်ဘူးတယ်..ကောင်မလေးတယောက်က ရောဂါလေးနဲနဲသတ်သာလာတော့ အရင်အတူတူနေဘူးတဲ့ဘဲကြီးကို ဦးထုတ် မဆောင်းခိုင်းပဲ ဆက်ဆံလိုက်တယ်တဲ့.. အမလေး ..လေး ..လေး လေး ..လေ..:(

  • windtalker

    December 20, 2011 at 6:42 pm

    ကိုအမတ်မင်း ပြောတဲ့ လူနာမျိုးကြ
    လူမဆန် တာ ဗျ
    မိုက်ရိုင်းတာ ဗျ
    အဲ့လိုကောင်မျိုးကြ
    ဖင်မှာဖြစ်ဖြစ် ၊ တစ်နေရာမှာ ဖြစ်ဖြစ်
    ဂြိုဟ်တုကနေ အာရုံခံနိုင်တဲ့
    မိုက်ခရိုချစ် တပ်ပေးထားရမယ် ဗျ
    ဒါမှ ၊ သရမ်းလို ့မရအောင် ။
    တစ်ကယ်လို ့ကျုပ်တို ့နိုင်ငံမှာ ဂြိုဟ်တု အဆင်မပြေရင်
    သူ ့လိင်အင်္ဂ ါ မှာ ၊ ရောဂါပိုးရှိကြောင်း ၊ ရောဂါသည်ဖြစ်ကြောင်း
    တံဆိပ်တုံး ထုပေးထားရမယ် ဗျို ့၊ တက်တူး ဖြစ်ဖြစ် ပေါ့ဗျာ
    ဒါမှ ၊ ပိုက်ဆံတပ်နိုင်လို ့၊ ပလိန်းသွားကမြင်းရင်တောင်
    ပြည်တန်ဆာ များ ဘက်က ဆင်ခြင်လို ့ရအောင်

    • windtalker

      December 20, 2011 at 7:06 pm

      ပြည်တန်ဆာ များသာမကပါဘူး
      သာမန် အမျိုးသမီးများအတွက်ပါ
      ဆင်ခြင် ကာကွယ် နိုင်မှာပါနော

    • htoosan

      December 21, 2011 at 10:12 am

      ကိုပေ ရယ် အလုပ်ရှုပ်လိုက်တာ ၊တုံးထုပေးရမှာနဲ့၊
      ဖြတ်ပြစ်လိုက်ရင် မကောင်းဘူးလား …. 😀 😀

      ဟောင်ကောင်က မိန်းမ သူ့ယောင်္ကျား ရှုပ်လွန်းလို့ဆိုပြီး အိပ်နေတုန်းဖြတ်ပြီး အိမ်သာအိုးထဲထည့်ပြီး ရေမျောလိုက်တယ်လေ။ အဲ့ဒီလိုလေးလုပ်ပေးလိုက်ပေါ.။။။။။။။။

  • MaMa

    December 20, 2011 at 6:53 pm

    ဆြာသစ်ပြောတဲ့ ဖြေရှင်းနည်းလေးကို သဘောကျတယ်။ လုပ်သင့်တယ်။

  • comegyi

    December 20, 2011 at 8:50 pm

    ကိုအမတ်မင်းရေ့
    ဟိုအရင်ကပါ ကြာတော့ကြာပြီ
    နာမည်မမှတ်မိတော့ဘူး
    ဟောလိဝုဒ်မင်းသားကြီးတစ်ယောက်လည်း အဲဒီရောဂါဖြစ်ပြီးမှ
    ပြည့်တန်ဆာမ အယောက်တစ်ရာကျော်လောက်နဲ့…
    လိင်ဆက်ဆံသွားသတဲ့
    အဲဒီမင်းသားနာမည်လေး သိတဲ့လူရှိရင် ပြောပြပေးကြပါခင်ဗျာ…
    လူယုတ်မာတွေပေါ့ဗျာ…..

  • KING

    December 20, 2011 at 9:02 pm

    လန်မဆူ … လူမဆန်
    လစ်မစူ … လူမစစ်
    ဘာကြောင့် အသိတရားတွေ မရှိတော့တာလဲ
    ဝိဇ္ဇာ ဆိုတဲ့ အသိတရား မရှိကြတော့ဘူးလား
    ဝိဇ္ဇာ ဆိုတဲ့ အသိတရား ရှိကြရင်တောင် စရဏ ဆိုတဲ့ အရှိတရားကို ကျင့်သုံးကြဖို့ လိုအပ်နေကြပြီပဲ … 😀

  • မိုက်လို့လေးလုံးဖြစ်။
    ဖြစ်တော့ ထပ်မိုက်။
    သူ့လိုမိုက်သူတွေ
    သူ့နောက်လိုက်ပေါ့။
    သူလိုမဖြစ်ချင်ရင်။
    သူ့လိုမမိုက်နဲ့ပေါ့။
    ဒါလေးများ………………………………….

  • blackchaw

    December 20, 2011 at 9:34 pm

    ဒါ ယုတ်မာတာပါ။
    ကမ်းကုန်အောင် ယုတ်ညံ့သော ကိစ္စကြီးဗျာ။
    သေချာရင်တစ်ခုခုတော့ အရေးယူသင့်ပါတယ်။

  • ဦးဦးပါလေရာ

    December 20, 2011 at 9:37 pm

    အဲဒါကြောင့် ဒီလိင်ဖျော်ဖြေတဲ့လုပ်ငန်းမျိုးကို တရားဝင်လိုင်စင်ပေးပြီးလုပ်နိုင်ရင် သင့်တော်သလို ကြပ်မတ်တာ ပညာပေးတာလုပ်နိုင်မှာ။
    ကွန်ဒွန်မသုံးဘူးငြင်းရင် ကောင်မလေးက ထအော်။ လုံခြုံရေးကလာဖမ်း။
    ဒီကွင်းဆက်ကိုဖြတ်မှ လေးလုံးတွေ လျှော့သွားမှာ…..။

  • pooch

    December 20, 2011 at 9:56 pm

    အဲ့ဒီလို လူမျိုးကို အမေရိက လို တိုင်းပြည်မျိုးမှာဆိုရင် ထောင်ချပြီး ပြစ်ဒဏ်ကြီးကြီးပေးတဲ့ ဥပဒေ ရှိပါတယ်..
    (တဖက်က သိသွားလို့ တရားစွဲခဲ့ရင်ပေါ့)
    သိသိကြီးနဲ့ ကျုးလွန်တာပါ သူက ကယ်ရီယာ သဘောမျိုး သယ်ဆောင်ထားပြီး သူများကို ဖြန့်ဝေတာ ဖြစ်တဲ့အတွက် အလွန်အပြစ်ကြီးပါတယ်….

    သူ့ရဲ့ သိစိတ်ထဲမှာရော မသိစိတ်ထဲမှာရော ဒီရောဂါကို သူခံစားရသလိုမျိုး သူများကိုပါ ဆွဲခေါ်သွားချင်တဲ့စိတ်ကိန်းအောင်းနေတာပါ…….စိတ်ပိုင်းဆိုင်ရာ ပြသာနာတခုပါ…

    အဲ့ဒီလို လူမျိုးတွေ ဆိုက်ကို မရှိဖို့ တဖက်သားကို မထိခိုက်အောင် နေတတ်ဖို့ ပညာပေး များများယူရမှာပါ…

  • amatmin

    December 20, 2011 at 10:22 pm

    ဟုတ်ကဲ့… အားလုံးသော ထင်မြင်ချက်တွေ အကြံဉာဏ်တွေအတွက် ကျေးဇူးတင်ပါဗျာ.

    အခုကျွန်တော်လောလောဆယ် ကျွန်တော် လုပ်ပေးနေတာကတော
    ့ တတ်နိုင်သလောက် ဖေးမပေးနေသလို်..ပုံမှန်အချိန်ခံစားနေရတဲ့ သိမ်ငယ်မှုတွေ က အရက်ဝင်သွားရင်သူု ရဲ့စိတ် ကို ပြောင်းလဲအောင်လုပ်တာဆိုတော့
    အဓိကတရားခံ အရက်ကို မသောက်ဖြစ်စေဖို့ ဖျောင်းဖျ ပေးပါတယ်..
    နောက်ပြီး သူ့ကို HIV Positive Prevention သင်တန်းတွေတက်ပြီး တကယ်လိုက်နာဖို့အတွက်လဲ တိုက်တွန်းထားပါတယ်..

    အဓိက ပြောချင်တာကတော့ ကျွန်တော်တို့ မထင်ထားတဲ့ မလုပ်လောက်ဘူးထင်တဲ့ ဒီလိုလုပ်ရပ်မျိုးတွေ ကိုလုပ်တဲ့ လူတွေ တကယ်ရှိပါလားဆိုတာ သိလာကြပြီး
    ကိုယ်တိုင်ရော ကျွန်တော်တို့ပတ်ဝန်းကျင်ကိုပါ ဆင်ခြင်စေချင်တာပါ..

    လွှတ်တော်မတက် ရွာကိုမက်တဲ့ 🙂
    အမတ်မင်း

  • မောင်သန်းထွဋ် ဦး

    December 20, 2011 at 10:51 pm

    ကုရာနတ္တိဆေးမရှိသော ရောဂါဆိုးပေမယ့်
    စိတ်သွားတိုင်းကိုယ်မပါကြလေနဲ ့
    မှားပြီးမှရတဲ့နောင်တက
    အခါနှောင်းသွားခဲ့လေပြီ……..

Leave a Reply