အခုတစ်လော ဖတ်ရတာတွေက ဗဟုသုတတွေ အများကြီးပေးနိုင်သလို အယူဝါဒ မတူညီမှုတွေကြောင့် ဆူညံနေတဲ့ ကိစ္စတွေလည်း ရှိနေပြန်တော့ ဂေဇတ်ရွာကြီးဟာ ရွာကဘုရားပွဲ တမျှ စည်ကားနေလိုက်တာဗျာ… ဘုရားပွဲ ဆိုတော့ ဂေါပကအဖွဲ့ရဲ့ အလှူငွေ ထည့်ဝင်မှု သာဓု ခေါ်ဆိုပုံ၊ မုန့်တန်းတွေက မုန့်ရောင်းသူတွေအသံ၊ မုန့်ဆိုင်က ညှော်နံ့၊ မျက်လှည့်ပွဲက ဖိတ်ခေါ်သံ၊ ဇာတ်ပွဲဆီက တေးသံသာ ပြောရရင်တော့ စုံလို့ပေါ့ဗျာ … ဒါနဲ့ပဲ ကျွန်တော်လည်း စိတ်ထဲရှိတာတွေ ထုတ်ရေးလိုက်တယ်ဗျ … ဖတ်ရမှာ အဆင်မပြေဘူးဆိုရင်လည်း နောက်တစ်ပုဒ် ပြောင်းလိုက်ကြပါဗျ … ကဲ စပြီဗျာ

ကွိကွိ။ ဗျို့ ကိုကွကွ ဘယ်ရောက်နေလဲဗျို့

ကွကွ။ ဗျာ …ဗျ ကိုကွိလား …. လာလေဗျာ . …. ဒီမှာ စာအုပ်စင်ရှင်းနေတာဗျ .….

ကွိကွိ။ ခင်ဗျားစာအုပ်စင်က ကြီးသလို စာအုပ်တွေကလည်း များလှချည်လား … ဒါနဲ့ ခင်ဗျား ထမင်းရော စားပြီးပြီလားဗျ … အခု နာရီပြန် ၁ ချက်တောင် တီးတော့မယ်နော် ..

ကွကွ။ ဟေ … ဟုတ်လားကွ .. ငါ့မှာလည်း စာအုပ်မြင်ရင် မနေနိုင်ဘူးကွ … ဒါကြောင့် ခုထိ လူပျိုကြီး ဖြစ်နေတာနေမှာကွ .. ဟီးဟီးးးးးး
ကွိကွိ။ ခင်ဗျားဗျာ ကဲကဲ ထမင်းသွားစား … ကျွန်တော်ခင်ဗျား စာအုပ်တွေ ရှင်းပေးထားမယ် … ဘယ်လိုရှင်းရမလဲဆိုတာတော့ ပြောထားခဲ့ဗျာ ..
ကွကွ။ စာအုပ်အတွင်းထဲမှာ တင်ရမယ့်စင်နံပါတ်ရယ် စာအုပ်နံပါတ်တွေရေ ရေးထားတယ် … စင်နံပါတ်အတိုင်း စင်ပေါ်မှာတင်ပြီး စာအုပ်နံပါတ်အလိုက် တန်းစီထားလိုက်ရုံပဲ … ဟိုတစ်လောက ဧည့်သည်တွေလာတုံး စာအုပ်တွေ ၀င်မွှေသွားပြီး နေရာတကျ ပြန်မထားသွားတော့ အခုလိုဖြစ်ကုန်တာပေါ့ကွာ ..
ကွိကွိ။ အဲဒါပြောတာပေါ့ဗျာ စည်းကမ်းဆိုတာ လူ့တန်ဖိုးဆိုတာ မသိလေရော့လားဗျာ … အင်း … ခက်တယ်ခက်တယ် … စည်းကမ်းအစ စာသင်ကျောင်းကတဲ့ … ဘယ်လိုကျောင်းတွေက မွေးထုတ်လာလဲမသိဘူး …. ပြောမယ်ပြောရတာ ခင်ဗျားမိတ်ဆွေတွေက ကျောင်းမနေခဲ့ရဘူးဆိုရင်တော့ …. :)

ကွကွ။ ဘယ်ကသာ ကျောင်းမနေရမှာလဲ …တစ်ချို့ တစ်ချို့ဆို မင်းတို့ငါတို့လို ကိုယ့်ပြည်ကိုယ်မြေမှာတင် ဘွဲ့ရတာ မဟုတ်ဘူး နိုင်ငံခြားတိုင်ပြည်တွေကနေတောင် ဘွဲ့တွေ ယူလာတဲ့သူတွေပါတယ်ကွ …. ဒါပေမယ့်လည်း အကောင်းဘက်ကနေစဉ်းစားရင် ….. ချောင်ထဲရောက်နေတဲ့စာအုပ်တွေ …. တစ်ဝက်တစ်ပျက် ဖတ်လက်စ စာအုပ်တွေ .. သဘောမပေါက်လို့ ဆက်မဖတ်တဲ့စာအုပ်တွေ ပြန်တွေ့ပြီး ဖတ်မိရင်း စဉ်းစားတွေးတော သဘောပေါက်ခဲ့ပြန်တော့ ကျေးဇူးတောင် တင်ရအုံးမယ်ကွ …

ကွိကွိ။ နိုင်ငံခြားဘွဲ့ရဆိုလို့ ပြောရအုံးမယ် တော်ကြာ ပိုက်ဆံနဲ့ဝယ်ထားတဲ့ ဘွဲ့တွေဖြစ်နေပါအုံးမယ်ဗျ .. ဟား ဟားးးးးးးးးးးး :D

ကွကွ။ ငါ့မိတ်ဆွေတွေက အဲလိုလူတွေ မဟုတ်နိုင်လောက်ပါဘူးကွာ
ကွိကွိ။ ကိုယ်ကကျူး ကိုယ့်ဒူးမယုံရ ဆိုတဲ့ စကားပုံမေ့နေပြီးလားဗျ … ဘယ်သူ့ကိုမှ မယုံလေနဲ့ဗျ … အခုခေတ်က မပြောတော့ပါဘူးလေ ခင်ဗျားလည်း စာအုပ်တွေ အတော်ဖတ်တဲ့သူပဲ ကျုပ်ထက် ပိုသိမှာပါ ….

ကွကွ။ ကဲ မိတ်ဆွေလည်း ကျုပ်ထမင်းစားလိုက်အုံးမယ် … ခင်ဗျား ဆက်လုပ်ထားလိုက်အုံး … ခင်ဗျားနဲ့ ပြောမှပဲ ဗိုက်ထဲက ဂွီဂွီနဲ့ မြည်လာတော့တယ်

ကွိကွိ။ စားစား … အေးအေးဆေးဆေးကိုစား ကျုပ်ကို အားနားစာရာမလိုဘူးနော် … ကျုပ်လုပ်ထားလိုက်မယ်

————————————————————————————————————–

ကွကွ။ ဘယ်လိုလဲဗျ .. စာအုပ်စင်ရှင်းတာ အဆင်ပြေရဲ့လားဗျ

ကွိကွိ။ အဆင်ပြေရုံတင်ဘယ်ဟုတ်မလဲ အတော်အကျိုးရှိတာပဲ … ကျုပ်တောင် စာအုပ်စင် တစ်ကန့်တောင်အပြီးမရှင်းနိုင်သေးဘူးဗျ … စာအုပ်တွေရှင်းရင်း ဖတ်လိုက်နဲ့ ကျုပ်တော့ တော်တော်သဘောကျတယ်ဗျ …

ကွကွ။ ခင်ဗျားဖတ်နေတဲ့ စာအုပ်က အရောင်တောင်ဝါကျင့်ကျင့် ဖြစ်ရုံမက စာအုပ်အဖုံးတွေတောင် စုတ်နေတဲ့ စာအုပ်ကလေးပါလား … ခင်ဗျားက နေရာတကာ အသစ်အသစ် အော်နေတဲ့သူက ဘယ်နဲ့ စာအုပ်အဟောင်း ဖတ်နေတုံးဗျ ..

ကွိကွိ။ ဒါက ဒီလိုရှိတယ်လေ ကိုကွ ရဲ့ စာအုပ်ဆိုတာ မိန်းမနဲ့ အတူတူပဲဗျ … ခင်ဗျားလို လူပိုကြီး အဲ လူပြိုကြီးကို ပြောလည်း ဘာမှသိမှာမဟုတ်ပါဘူးဗျာ

ကွကွ။ ခင်ဗျားကလည်း ကျုပ်က ခင်ဗျားလို မိန်းမ မရှိပေမယ့် အကြိမ်အရေအတွက်ကတော့ ခင်ဗျားထက်သာတယ်ဗျ …

ကွိကွိ။ တိန် ….. အဲဒါကြောင့် ခက်တာပေါ့ ခင်ဗျားတို့ဟာလေ ပြောကို မပြောချင်ဘူးဗျာ … ဒါနဲ့ ခင်ဗျား အလွှာတော့ ခြားပါတယ်နော်

ကွကွ။ ဘယ်နဲ့ပြောတာတုံး ကျုပ်က ကျန်းမာရေးအသိရှိပါတယ် … ခင်ဗျား မစိုးရိပ်ပါနဲ့ဗျာ

ကွိကွိ။ ခင်ဗျားကို စိုးရိမ်လို့ပြောတာ မဟုတ်ဘူး .. ကလေးမတွေကို သနားလို့ ပြောတာ

ကွကွ။ ဟေ … ဟိတ်ကောင် ကလေးမတွေလို့ ပြောရအောင် မင်းက ကလေးမတွေကို သိလို့လားကွ

ကွိကွိ။ အဲ … (ဒုက္ခပဲ ငါတော့ ထိပြီ) ဒါက ဒီလိုရှိတယ်လေဗျာ ကျုပ်က NGO တွေမှာ လုပ်ဖူးတော့ အဲဒီလိုမိန်းကလေးအများစုက အသက်ငယ်ရွယ်သူတွေဆိုတာ ကျုပ်သိနေတာ မဆန်းပါဘူး (ဟူးးးးး တော်သေးရဲ့ ဖြေရှင်းချက်ထုတ်နိုင်လို့ မဟုတ်ရင် ဒီလူဖွတာနဲ့ မိန်းမသိသွားရင် ညစာငတ်ပီ .. ညစာဆိုတာ အဲ မရှင်းတော့ဘူးဗျာ ရှင်းလေ ရှုပ်လေ ဖြစ်တော့မယ်)

ကွကွ။ ထားပါတော့ ထားပါတော့ … ဒါနဲ့ ခုဏက ခင်ဗျားပြောတဲ့ မိန်းမနဲ့ စာအုပ် တူတယ်ဆိုတာ ဘာကို ဆိုလိုပါလိမ့်

ကွိကွိ။ ဒါက ဒီလိုရှိတယ်လေဗျာ .. ခင်ဗျား မဖတ်ဖူးတဲ့စာအုပ်ဆိုရင် အသစ်ပဲ မဟုတ်လား ..

ကွကွ။ အေးလေ အသစ်ပဲပေါ့ မဖတ်ဖူးသေးတဲ့စာဆိုရင် အသစ်ပဲ … အဲဒါနဲ့ ဘာဆိုင်လို့တုံး

ကွိကွိ။ ဆိုင်တာပေါ့ဗျာ .. မိန်းမလဲ အဲဒီလိုပဲလေ ကိုယ်—– မိန်းမဆိုရင် လည်း အသစ်ပဲပေါ့ဗျ … စာအုပ်လိုပဲ သူ့က ဟောင်းချင်ဟောင်းမယ် … နွမ်းချင်နွမ်းမယ် … တစ်ချို့တစ်လေ ပြဲနေတာရှိချင်ရှိမယ် … အဖုံးစုတ်နေတာ ရှိချင်ရှိမယ် … ဘယ်လိုပဲဖြစ်နေဖြစ်နေ ကိုယ်သူ့ကို အခုမှ ဖတ်ဖူးရင် အသစ်ပဲ … ပြီးတော့ ဘယ်လောက် စုတ်ပြတ်သတ်နေပါစေ ကိုယ်တန်းဖိုးထားရင် တန်းဖိုးထားသလို ရှိနေမှာပဲ မဟုတ်လားဗျ … ခင်ဗျားက ကျုပ်ထက် အကြိမ်ရေသာတဲ့သူပဲ ဒီလောက်တော့ သိမှာပါဗျာ …. ဟဲ ဟဲ

ကွကွ။ သြော် ဒီလိုလား … ဒါဆိုရင် မင်းမိန်းမ မဒမ်ကွိ ရော ဘယ်စာအုပ်မှာပါသလဲကွ

တီ တီ တီ တီ တီ zzzzzzzzz

ကွိကွိ။ ဗျာ … ဟုတ်ကဲ့ … အခုထွက်လာခဲ့မယ် .. အင်း အင်း  … အိုကေ …. ဘိုင့်

ကွကွ။ ဘယ်သူ့ဖုန်းလဲ

ကွိကွိ။ အလုပ်က အရေးကြီးလို့ လှမ်းခေါ်နေလို့ … သွားတော့မယ်ဗျာ နောက်မှလာခဲ့အုံးမယ်ဗျ

ကွကွ။ ဟေ့ ငါမေးတာ ပြောခဲ့အုံးလေကွာ

ကွိကွိ။ ဒါကလျှို့ဝှက်ချက်ဗျ … လျှို့ဝှက်ချက်ကို ဘယ်သူ့မှ မပြောရဘူးလို့ မဟော်သဓာ သင်ခန်းစာက ကျောင်းတုံးက ပြောပြထားတယ်လေဗျာ … နောက်မှဆုံမယ်ဗျ … ဘိုင့်

ကွကွ။ ဘိုင့်

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ရေးချင်တာတော့ ရေးမိပြီ ပြောချင်တာတွေကို အောက်မှာပြောကြတော့ဗျ

အားလုံးကိုလေးစားလျှက်

KING …. :D

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................