ဇတ်တူသားစားသောတရုတ်တွေ(ကလေးစွပ်ပြုတ်)

 

ဂေဖက်မှာစာမရေးတာကြာပေမဲ့…ဗဟုသုတလည်းရ အံ့လည်းအံ့ဩမိတာလေးတွေရှိလို့ရေးမိပြန်ပါတယ်…

 

အစားအစာမီနူးအသစ်များရှာဖွေရင်းနဲ့တွေ့မိဖတ်မိတာလေးကို ရွာသူား မောင်နှများအားလက်ဆင့်ကမ်းလိုက်ခြင်းပါ…ဒီလိုပါ…

တရုတ်လူမျိုးအချို့ဟာ လိင်အားတိုးဆေးဆိုပြီး ကလေးငယ်တွေကိုစွပ်ပြုတ်လုပ်သောက်ကြခြင်းပါပဲ….

ဒီမှာတွေ့ရတဲ့ ပြင်ဆင်ချက်ပြတ်နေတဲ့ပုံတွေဟာ တရုတ်နိုင်ငံ ကန်တုံမြို့( Canton)မှာပါ…ဒီကလေးစွပ်ပြုတ်ဟာ ကျမ်းမာခြင်း၊သက်လုံကောင်းခြင်း၊အထူးသဖြင့် လိင်အားတိုးခြင်းတို့ဖြစ်စေတယ်လို့ဆိုပါတယ်…ဈေးနူန်းကတော့ ဒေါ်လာ (၄၀၀၀) ခန့်ရှိတယ်လို့သိရပါတယ်..ဝယ်စားနေကြဖောက်သယ်တစ်ဦးဖြစ်တဲ့ စက်ရုံမန်နေဂျာတစ်ဦးကတော့ ဒီလူဆေးစွပ်ပြုတ်ဟာ ထိရောက်မူရှိတယ်လို့ အင်တာဗျူမှာ အတည်ပြုပြောဆိုသွားပါတယ်..

အဲဒီစွပ်ပြုတ်ရဖို့အတွက် အဖိုးတန်ဆေးဖက်ဝင် ပစ္စည်းတွေအပါအဝင် ကြက်သားနဲ့ရောပြီး ကလေးငယ်ကို ၈ နာရီကြာအောင်ရေးနွေးနဲ့ပွက်ပွက်ဆူေအောင်ပြုတ်ရပါတယ်တဲ့…

အသက် ၆၂ နှစ်အရွယ်ရှိတဲ့စက်ရုံမန်နေဂျာက သတင်းတောက်တွေကိုပြောပြခဲ့ပါတယ်…

ဒီပုံမှာတွေရတဲ့ ကလေးငယ်ရဲ့ မိဘတွေဟာ သမီးမိန်းကလေး ၂ ယောက်ရှိထားပြီ… တတိယကိုယ်ဝန်ဟာလည်း သမီးမိန်းကလေးပဲဖြစ်လို့ ကိုယ်ဝန်ကို ၅လအရွယ်မှာဖျက်ချဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ဒါဟာလည်းကုန်ကျစရိတ်သက်သာတဲ့နည်းလမ်းလည်းဖြစ်တယ်လို့ဆိုပါတယ်..

ဒေသခံ သတင်းထောက်တစ်ဦးက ဒီပြဿနာတွေဟာ တရုတ်လူမျိုးတွေအနေနဲ့ ကျမ်းမာရေးနဲ့ပက်သက်ပီး အရမ်းအာရုံစူစိုက်လွမ်းလို့ ထွက်ပေါ်လာတဲ့ ပြဿတွေပါပဲတဲ့..

မိသားတစ်စုမှာ ကလေးတစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ပေါ်လစီကြောင့် အကျိုးသက်ရောက်မူရလဒ်တွေပါပဲလို့ဆိုပါတယ်…

 

 

 

 

ငွေကြေးချမ်းသာတဲ့ တရုတ်လူမျိုးတွေက ကလေးအသားတွေကို စားသုံးရတာ သဘောတွေ့ပြီး…

မရှိဆင်းရဩားတွေကတော့ ငွေကြေးအတွက်ကလေးတွေကို ရောင်းလိုရောင်း…ဒီလိုနဲ့ တရုတ်နိုင်ငံမှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းလှတဲ့ ရာဇဝတ်မူတွေပေါ်ပေါက်လို့နေ

အမှန်ပါပဲ…

ဗဟုသုတရစေလိုခြင်းအဖြစ်နဲ့တင်ပြပေးခြင်းဖြစ်ပါတယ်…မူရင်း လင့်ကိုအောက်မှာဖေါ်ပြပေးထားပါတယ်…

့http//www.Urbanmyths.com/index.php?/food/fetus-soup-anyone-the-myth-of-chinese-baby-soup-html

27 comments

  • ဦးဦးပါလေရာ

    December 20, 2011 at 9:46 pm

    အင်မတန် စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်တွေပါပဲ။
    ဒါ့ထက်တဆင့်တက်ပြီး မွေးပြီးသား လသားနှစ်သားကလေးငယ်တွေကို
    ချက်ပြုတ်ဖုတ်ကင်စားသောက်ပြီဆိုရင်တော့ မြန်မာပြည်က ကလေးတွေ သတိသာထားပေတော့။

  • blackchaw

    December 20, 2011 at 9:55 pm

    သိတ်ဟုတ်တာပေါ့ ကိုပါလေရာရေ။
    ဒီယဉ်ကျေးမှုရဲ့ ဂယက်က မြန်မာပြည်က
    ကလေးပေါက်စလေးတွေအတွက် စိုးရိမ်မကင်းဖြစ်စရာပါဗျာ။
    တရုတ်ကတော့ ကြောက်ဖို့တောင်ကောင်းလာပြီဗျာ။

    • စကားမစပ် သဘောကျလို့ လက်မတစ်ချောင်းထောင်ထားလိုက်ဘီဗျာ။
      နောက်တစ်ချက်… ဒီမယ်တဂျီးးးးးးးးးးးးးးးးးးးးးးးးးး
      ဒီလိုပုံနဲ့တကွတင်ပြနိုင်တဲ့ Post မျိုးကို Sticky လုပ်ပြီး သတင်းအနေနဲ့ တင်ထားသင့်တယ်ထင်တယ်။ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြထားတာကို။

      အားပေးတယ်ဗျာ။ ကျွန်တော်ကတော့ မြန်မာပြည်က မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်ကြဖို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်မိဘတွေပြောခဲ့ဖူးတယ်။ သမီးမိန်းကလေးမွေးတာ မြေးအစစ်ချီရတယ်ဆိုပြီး မိန်းကလေးတွေကို တန်ဖိုးထားတတ်ကြလို့။

  • unclegyi1974

    December 20, 2011 at 10:34 pm

    ဇာတ်တူသားစားဟသာင်္ကိုးသောင်းပျက်သတဲ့
    အစားကျူးဘီလူူးတဲ့
    ဘယ်လိုဆေးဆရာကများထွင်လိုက်တာပါလိမ့်

  • TTNU

    December 20, 2011 at 11:06 pm

    လူစိတ်မှရှိကြရဲ ့လားကွယ်။
    ရွံရှာစရာ အကျင့်စရိုက်မို့ ရှုံ ့ချတယ်။

  • amatmin

    December 20, 2011 at 11:08 pm

    ဘယ်လိုစိတ်ဓါတ်တွေ နဲ့စားသောက် ဝံ့သလဲ မပြောတတ်ဘူးဗျာ..
    ဒီလို မျိုး လူ့အသွေး အသားကိုတောင် မြိုရဲမှတော့ ဒင်းတို့မလုပ်ရဲ စရာဘာရှိတော့မလဲ..
    တနေ့ ကနေပြည်တော် လေဆိပ်မှာ တရုတ်ကို တက်ရောက်ဖွင့်ခွင့်ပေးခဲ့တဲ့ ကိုယ့်ဆီကဆရာများ မြင်စမ်းစေချင်ပါဘိ ဗျာ..
    အဆီကိုစား အသားကိုမြိုဖို့ မကြာမီ လာမည်နော်.. 🙁

  • nigimi77

    December 20, 2011 at 11:32 pm

    ဟင်း….ဟင်း….ဟင်း

    ယားနေတယ်နော်…ဘဇတ်…..ဆဲချင်လို ့……

    ကာလာမ သုတ်နဲ ့ကို ကိုင်တုတ်ပြီးတော့ကို

    • amatmin

      December 21, 2011 at 12:10 pm

      ကို နိဂိမိရေ..

      ဆြာမဆဲ မိအောင်လို့ ဝန်ခံပေးပါတယ်..ကျွန်တော်စွတ်ရွတ် မန့်လိုက်မိပါတယ်လို့…
      အမှန်က လင့်ကို လိုက်မကြည့်ပဲ ပုံတွေ မြင်တာနဲ့ လန့်ထိတ်ပြီး စွတ်အော် လိုက်တာဗျ..
      ခုတော့ သိပြီ ကိုယ်လေ အကြည့်မှားသည်…. 🙂

      ှကျေးဇူးဗျာ နော…

  • zoe

    December 20, 2011 at 11:48 pm

    ပို့စ တင်သူ ရဲ့ လင့်ခ ကို ပဲသေသေ ချာချာဖတ် ကြည့်ပါ အုန်း ။

    http//www.Urbanmyths.com/index.php?/food/fetus-soup-anyone-the-myth-of-chinese-baby-soup-html

    လင့်ခ ထဲ ကဒီ အပိုဒ် ကျန်သွား ပါတယ် ။

    The truth? Can you handle the truth? These photos are actually lifted from a conceptual art piece by Chinese sculptor Zhu Yu. He makes realistic human organs, pieces of faces, babies and such and displays them like you would buy meat in the grocery store. They are indeed made from food products, you could actually eat them, but there’s no human tissue in them. So dig in, and pass the dumplings! Here are a few more juicy photos to whet your appetite:

    ဆိုတော့ ဓာတ်ပုံက အစစ်မဟုတ် ဖူးလေ Zhu Yu ဆိုတဲ့ လူရဲ့ အနုပညာ ဖန်တီးမှု ဖြစ်ပါတယ်တဲ့ ။လူသားတစ်ရှူးမပါ တဲ့ စားလို့ရတဲ့ အ ရာနဲ့ ဖန်တီး ထားတာ တဲ့ ၂၀၀ဝ ခုနှစ် တုံးက ပါ။

    ကဲ နောက် လင့် တခု ကြည့် အုန်းမလား။

    http://www.snopes.com/horrors/cannibal/fetus.asp

    ၁၉၉၅ ခုနှစ် ဧပြီ ၁၂ရက် ဟောင်ကောင် သတင်းစာ မှ Virginia US Representative Frank Wolf က ကလင်တန် အစိုးရ အဖွဲ့ ကို စုံစမ်း ခိုင်းရာမှာ လဲ လက်ဆုတ် လက် ကိုင် ဘာ မှ မ ပြနိုင် လို့ သတင်း အမှား လို့ ပဲသတ်မှတ် ထားပါတယ် ။

    သေခြာတာ ကဓာတ်ပုံ ထဲ က အတုဖြစ်ပါတယ် aborted fetus ကိုစားတာတော့ သက်သေပြဖို့ နောက်ထပ် သက်သေ ဓာတ်ပုံလိုပါသေးတယ် ။

  • zoe

    December 20, 2011 at 11:57 pm

    စကော့ တလန် ယာဒ် နဲ့ FBI က INTERNET HOAX လို့ သတ်မှတ် ထား ပါ တယ် ဆယ်စုနှစ်လောက်ရှိ တဲ့ vicious hoax ကြီးပါ ။

    The pictures are by artist Zhu Wu, who used a doll’s head on a ducks body to take them. Both the FBI and Scotland Yard have examined the photos and researched the situation and come out in public saying that this is a hoax- a particularly nasty and vicious hoax and a racist one to boot.

    • zoe

      December 21, 2011 at 12:40 am

      သတင်း စာ အမည် Eastern Express ဖြစ်ပါတယ်

  • nigimi77

    December 21, 2011 at 12:03 am

    @ zoe

    ကဲ….ဇိုး……ကျန်တာ မင်းပဲပြော…….
    …………………………………………
    ဟို အပေါ်က ဆြာများ အတွက်………
    …………………………………………
    ကိုယ့်မှာ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထိုးထွင်းထွင်း သိဖို့မြင်ဖို့ (self-knowledge) နဲ့ creativity

    ဆိုတာ ဖြစ်လာဖို့ဆိုတာ သတ္တိရှိရှိ ရိုးရိုးသားသား ရင်ဆိုင်မှပဲ ရတယ်။ အဲဒီလို မဟုတ်ပဲနဲ့

    မျက်ကန်းယုံကြည်မှုနဲ့ နေမယ်၊ ပုံသေကားချ မှတ်သားထားတဲ့ အတိုင်းပဲ ကိုယ့်ဘဝ ကိုယ်နေသွားမယ်

    ဆိုရင် ကိုယ့်မှာ new creativity ဆိုတာဖြစ်လာမှာ မဟုတ်တော့ဘူး။ အမှန်တော့ အမှန်တရားတစ်ခုခုကို ကိုယ်ပိုင်ဉာဏ်နဲ့ နက်နက်နဲနဲ ထိုးထွင်းပြီး သိမြင်လိုက်ရတာဟာ လူသားတစ်ယောက်အနေနဲ့ ရနိုင်တဲ့ အကောင်းဆုံးအရာ ဖြစ်တယ်။

    အမှန်တရားတစ်ခုဟာ သူ့ဟာသူ မှန်နေပေမဲ့၊ ကိုယ်ကိုယ်တိုင်က ကိုယ်ပိုင်ဉာဏ်နဲ့ မသိသေးဘူးဆိုရင်

    အဲဒါ ကိုယ့်အတွက်တော့ အမှန်တရား အဖြစ်ကို မရောက်သေးဘူး။ ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ မှန်တယ်လို့

    သိလိုက်တဲ့ အချိန်ကျမှသာ အဲဒါ ကိုယ့်အတွက် အမှန်တရား ဖြစ်လာတယ်။
    ……………………………………………..

    “မာ အနုဿဝေန” ကြားပါများတာနဲ့ပဲ မှန်ပြီ (သို့) မှားပြီ၊ တစ်ခုခုကို မှားတယ်၊ မှန်တယ်လို့

    မဆုံးဖြတ်ပါနဲ့တဲ့။

    “မာ ပရမ္ပရာယ” ဘိုးဘွား စဉ်ဆက် လက်ခံခဲ့တဲ့ အယူအဆဖြစ်လို့ မှန်တယ် လို့ မယူဆပါနဲ့တဲ့။

    “မာ တက္ကဟေတု” တက္ကနည်းတွေနဲ့ အကျိုးကြောင်း ဆင်ခြင်ကြည့်လိုက်ပြီးတော့ မှန်တယ်လို့

    မယူဆပါနဲ့တဲ့ ။

    “မာ နယဟေတု” နည်းမှီပြီးတော့ ကြံဆတွေးတောပြီးတော့ ရလာတဲ့ အဖြေနဲ့လည်း အမှန်တယ်လို့

    မယူဆပါနဲ့တဲ့။

    “မာ ဘဗ္ဗရူပတာယ” ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်က အထင်ကြီးတယ်၊ ကြည်ညိုတယ်၊ လေးစားတယ်၊

    ဒါကြောင့်မို့လို့ သူပြောတာ မှန်တယ်လို့လည်း မယူဆပါနဲ့တဲ့။

    “မာ ပိဋကသမ္ပဒါဒေန” ပိဋကစာပေနဲ့ ကိုက်ညီနေလို့လည်း မှန်တယ်လို့ မယူဆပါနဲ့တဲ့။

    “မာ သာမဏော နောဂရူတိ” ဒီရဟန်းဟာ တို့ရဲ့ ဆရာပဲ၊ ဒါကြောင့် သူပြောတာ မှန်တယ် လို့ပဲ

    လက်ခံရမှာပဲ လို့ဆိုပြီး မှန်တယ်လို့ လက်ခံပါနဲ့တဲ့။

    ဒီနေရာမှာ သာမဏော ဆိုတဲ့ ပုဒ်ထဲမှာ မြတ်စွာဘုရားပါ အကျုံးဝင်တယ်။

    ဒါကြောင့် အဲဒီသုတ်ထဲမှာပဲ မြတ်စွာဘုရားက ကိုယ်ကိုယ်တိုင် ကျင့်သုံးကြည့်ပြီးတော့ အကျိုးရှိရင်

    လုပ်ပါတဲ့။ ကိုယ်တွေ့ ကိုယ်ပိုင်ဉာဏ်နဲ့ သိတာကို အင်မတန် ဦးစားပေးတဲ့ မြတ်စွာဘုရားဖြစ်တယ်။

    ဘာလို့တုန်းဆိုတော့ ကိုယ်ပိုင်ဉာဏ်နဲ့ မသိပဲ ယုံကြည်နေရုံ သက်သက်ဟာ သိပ်ခရီးမရောက်ဘူး၊

    မနက်နဲဘူး။ ဒါကြောင့် ကိုယ်ပိုင်ဉာဏ်နဲ့ သိဖို့၊ ကိုယ်တိုင် ဆုံးဖြတ်ဖို့၊ ကိုယ်တိုင် ရွေးချယ်ဖို့ ဆိုတာဟာ

    ဒီမြတ်စွာဘုရားရဲ့ အဆုံးအမထဲမှာ အင်မတန် အရေးကြီးတဲ့ အဆုံးအမဖြစ်နေတယ်။

  • zoe

    December 21, 2011 at 12:06 am

    ဝီကီ မှာလဲဖတ်နိုင်ပါတယ်

    http://en.wikipedia.org/wiki/Child_cannibalism

    Child cannibalism or fetal cannibalism describes the act of eating a child or fetus. Accounts, especially modern ones, are often dismissed as rumours or urban legends. However, there have been some media stories pursuing incidents involving the consumption of children and fetuses.[1] Controversy was sparked when images showing what appeared to be human fetuses and babies being served in an array of dishes in China. Reports later explained that the images were part of an artist’s exhibition.[2]

    Contents [hide]
    1 Blood libel
    2 Ritual practice myths
    3 Satire
    4 References in popular culture
    5 See also
    6 Sources
    7 External links

    [edit] Blood libelMain article: blood libel
    Critics[3] see the propagation of these purported rumours as a form of Blood libel, or accusing one’s enemy of eating children, and accuse countries of using this as a political lever.

    [edit] Ritual practice mythsIn 330-340 AD Alexandrian bishop Epiphanius claimed to have defected from a sect called the Phibionites, which were claimed to worship a snake, have sexual intercourse during religious ceremonies, and eat aborted fetuses – considered to be “the perfect mass”. This account was used by the Christian Church to attack its enemies.[4]

    [edit] SatireJonathan Swift’s 1729 satiric article “A Modest Proposal for Preventing the Children of Poor People in Ireland from Being a Burden to Their Parents or Country, and for Making Them Beneficial to the Public” proposed the utilization of an economic system based on poor people selling their children to be eaten, claiming that this would benefit the economy, family values, and general happiness of Ireland. He used many instances of irony to express that his proposition was just as bad as what was really being done to help the poor.

    [edit] References in popular cultureIn Fruit Chan’s Dumplings, fetuses are consumed with the belief of their rejuvenating properties.
    Japanese rock band Dir en grey’s song “Umbrella” is about the act of child cannibalism.
    In Cormac McCarthy’s novel The Road, a father and son encounter a family that consumes a fetus.
    In the popular comedy Austin Powers: The Spy Who Shagged Me, the character Fat Bastard is known for his obsession of eating infants.
    In South Park, Christopher Reeve is shown eating fetuses in order to regain his mobility as well as to seemingly become stronger. This is “comically” implying a superhuman level as reminiscent of the character of Superman for whom he is famous for portraying.
    [edit] See alsoAlbert Fish
    Blood libel
    Child sacrifice
    Comprachicos
    “A Modest Proposal”, by Jonathan Swift
    Zhu Yu
    Chinese infantophagia
    [edit] Sources1.^ Mikkelson, B (2007-02-03). “Fetus Feast”. Snopes. http://www.snopes.com/horrors/cannibal/fetus.asp. Retrieved 2009-02-09.
    2.^ Emery, D. “Do They Eat Babies in China?”. About.com. http://urbanlegends.about.com/od/horrors/a/eating_babies.htm. Retrieved 2009-01-09.
    3.^ Dixon, Miss Poppy (10.2000). “Eating Fetuses: The lurid Christian fantasy of godless Chinese eating “unborn children.””. Archived from the original on Mar 13, 2008. http://web.archive.org/web/20080313105007/http://www.jesus21.com/poppydixon/sex/chinese_eating_fetuses.html. Retrieved 12 December 2010.
    4.^ Bill Ellis. Aliens, Ghosts, and Cults: Legends We Live. University Press of Mississippi. p. 54.
    [edit] External linksItalian Asian article
    Urban legends website
    World Net Daily article
    LJ News

  • kai

    December 21, 2011 at 12:08 am

    အာရွှီးဖြစ်ကြောင်းပါ…။ 🙂
    လွန်ခဲ့တဲ့ ၁၁နှစ်က.. Shanghai arts festival in 2000မှာ ပါဖောမန့်လုပ်ထားတဲ့ ပုံတွေကို.. ယူသုံးထားတာဖြစ်ပါကြောင်း…။

    http://en.wikipedia.org/wiki/Zhu_Yu_%28artist%29

    Zhu Yu (artist)
    Zhu Yu (Chinese: 朱 昱 b. 1970[1]) is a performance artist living in Beijing, China. His work deals with subjects of contemporary art.

    Yu’s most famous piece of conceptual art, titled “Eating People,” was performed at a Shanghai arts festival in 2000. It consisted of a series of photographs of him cooking and eating what is alleged to be a human fetus. [2] One picture, circulated on the internet via e-mail in 2001, provoked investigations by both the FBI and Scotland Yard. [2] The piece’s cannibalistic theme caused a stir in Britain when Yu’s work was featured on a Channel 4 documentary exploring Chinese modern art in 2003. [3] In response to the public reaction, Mr. Yu stated, “No religion forbids cannibalism. Nor can I find any law which prevents us from eating people. I took advantage of the space between morality and the law and based my work on it”. [3] Yu has claimed that he used an actual fetus which was stolen from a medical school. [4] Barbara Mikkelsen, of Snopes.com, says that the fetus was probably in fact assembled from the head of a doll attached to the body of a duck.[2]

    Images from the piece have also been used in anti-Japanese propaganda, disseminated by e-mail with a short text attached explaining the images show Japan’s “hottest food” and that dead fetuses can be bought for 10-12,000 Yen (approximately US$100 – US$120). Recipients are encouraged to forward the mail, and the explanatory text is written in both English and Korean script.

    • မွှားတဲ့အခါလဲ မွှားပေမပေါ့ တဂျီးရယ် 😛
      ကျုပ်တောင်းဆိုတာကို ရှက်ရှက်နဲ့ပဲ ရုပ်သိမ်းလိုက်ပါကြောင်း..

      (အဲ့ဂလိုပဲ.. စာပေဗဟုသုတ မရှိပုံများတော့)

  • zay

    December 21, 2011 at 1:16 am

    မိုက်ရိုင်းလိုက်တဲ.လူတွေ စားစရာရှားလို. လူစိတ်မရှိတာ တရုပ်တွေကအစားအသောက် လိင်နှင်.ပတ်သက်လို.ကတော.

  • aye.kk

    December 21, 2011 at 6:38 am

    ဒိဌိနိဇ္ဈာနခန္တီသိ..ဆိုတဲ့အမှားသိတွေလက်ခံကာကျင့်သုံးနေတာတွေ ့ရတော့
    မြင်တာနဲ ့စက်ဆုပ်ရွံ ့ရှာဖွယ်ကောင်းလွန်းလှပါတယ်..မျက်ကန်းတစ္ဆေမကြောက်တဲ့မဟုတ်တရုတ်တွေ
    ကိုကြည့်ရတာကြက်သီးမွှေးညှင်းတောင်ထတယ်..ညကလဲရုပ်မြင်သံကြားကြည့်လိုက်မိပါသေးတယ်..
    သေချာတောင်မကြည့်ရဲဘူး..။

  • ကြောင်ကြီး

    December 21, 2011 at 11:04 am

    မဟုတ်ပါလို့ ရှင်းရတာ ခဏခဏ ရှိပြီမှတ်တယ်။ ဒါမျိုးလိုပဲ ယုံထင်ကြောင်ထင်ဖြစ်စေတာ ထိုင်းနိုင်ငံနာရေးကူညီမှုအသင်းက ပိုင်ရှင်မဲ့အလောင်းများကနေ အရိုးစုများထုတ်ယူပေးနေတဲ့ ဓာတ်ပုံတွေလည်းရှိတယ်။ သတင်းအချက်အလက် နည်းပညာ ထွန်းကားနေတဲ့ ခေတ်ကြီးမှာ ချင့်ယုံကြပါဗျို့။ အိမ်မွေးတိရိစာ္ဆန်ခွေးကြောင်တွေကို သတ်စားရင်တောင် သတင်းဖြစ်နေတာ လူသားတကယ်စားရင် ကမာ္ဘ့မီဒီယာတွေက မပြောပဲနေကြပါ့မလား။ ရွာထဲမှာတော့ ကြောင်ကြီးအသား အစိမ်းလိုက်ဝါးစားချင်တဲ့ တရုတ်မလေးရှိတယ် ပြောသံကြားတယ်။ ဟေ့ ကြောက်ဖူးကွ၊ သတ္တိရှိရင် တယောက်ထဲလာခဲ့၊ နင့်ကို ငါက ဝေါ်….အိုင်း…..လီ…..ပဲထင်တယ်။။။။။။ 😀

    • Moe Z

      December 21, 2011 at 11:20 am

      ဦးကြောင် ဟိုကတစ်ယောက်တည်းမလာဘူးတဲ့ အဖေ ဦးလေးတွေ အကိုတွေ မောင်တွေ တစ်မျိုးလုံးက ယောက်ျားလေးတွေခေါ်ပြီးလာမယ်တဲ့ 😀 😀

  • Gipsy

    December 22, 2011 at 10:12 am

    အမ်မလေး ဟ… ရဲပလောင်းထနေပါလား … ဘယ်လိုရေးနင်းကီးရင် အစိမ်းရောင်ရမလဲ
    ရဲကိုကို တို့ရယ် … အဲလေ .. ဘွာတေး …

  • ဦးဦးပါလေရာ

    December 22, 2011 at 11:10 am

    အော် … အခုမှ ပြန်ကြည့်မိတော့ အဲဒါ သတင်းမှားကြီးကိုး….
    သတင်းမှားကြီးကို အမှန်ထင်ပြီးကွန်မင့်ပေးမိတယ်.. အောင်မလေး ရှက်စရာကောင်းလိုက်တာနော် ရှက်လွန်းလို့ မျက်နှာဘယ်သွားထားရမှန်းတောင်မသိဘူး။ ဖြူဖြူကျော်သိန်း မျက်နှာဖုံးငှားစွပ်ထားမှပဲ..

    အင်း… ကျုပ်သာ အဲဒါအမှားမှန်းသိရင် ဒီလိုပြောမိမှာ-

    “ အဲဒါ သတင်းမှားပါဗျာ မယုံကြပါနဲ့ ” ………..လို့

  • etone

    December 22, 2011 at 11:38 am

    အဲ့ဒီသတင်းက မေးလ်တွေထဲ ပျံ ့နေတာ သုံးလေးနှစ်လောက်ရှိပြီး ဖတ်မိပြီး တအံ့တဩဖြစ်ခဲ့မိသေးတယ် … ။ ကလေးတွေပဲ စားသလိုသလို …နဲ့ .. ခုတော့လည်း ဟုတ်လည်း ဟုတ်ပဲနဲ့ … ။ အတုပဲ ဖြစ်ဖြစ် အစစ်ပဲဖြစ်ဖြစ် မစားချင်ပါဘူး … မြင်ရတာနဲ့ .. ရွံသလိုလိုတောင်ဖြစ်မိတယ် .. ။

  • TTNU

    December 22, 2011 at 12:51 pm

    မသိလို့ပါနော်။
    တကယ်များဖြစ်ခဲ့ရင်လို့ တွေးရင် ရင်တုန်ပါတယ်။
    တကယ်မဟုတ်ဘူးဆိုတော့လည်း တော်ပါသေးရဲ ့လို့ တွေးမိပါကြောင်း။

  • zaw min

    December 22, 2011 at 5:40 pm

    သူကြီး…ကျုပ်က အာရွှီးထားတာမဟုတ်ဘူးနော်…www.eutime.net/2009/10/chinese-eat-baby-soup/
    အဲဒီမှာရေးထားတဲ့အတိုင်း ပြန်တင်လိုက်တာနော်…တော်ကြာ မဟုတ်တရုတ်ကနေ ဇော်မင်းကြောင့်ဖြစ်နေအုံးမယ်…

    • kai

      December 22, 2011 at 6:13 pm

      .. မရှင်းရင် တင်လိုက်တာကောင်းပါတယ်..။
      သိတဲ့သူတွေ ဝင်ပြောသွားတော့.. ဖတ်တဲ့သူတွေ ပိုသိသွားတာပေါ့..။
      စိတ်ချ..
      ကိုရင်နဲ့.. မည်သို့မှမပါတ်သက်ဖူးဆိုတာ.. သဘောပေါက်ကြပါတယ်..။ 🙂

Leave a Reply