ဝေဒနာ

comegyiDecember 20, 20111min1077

ဟိုး……ရှေးရှေးက ပုံဝတ္ထုတစ်ပုဒ်လို

ငြိမ်ငြိမ်သက်သက်အခန်းကလေးတစ်ခုပေါ့…..

နေ့၊ ည၊ အသွေးအရောင်စုံလင်သော

လူမှုရေး ဟွန်းသံများဆူပွက်ခဲ့ရာ…..

အလွန်ကျယ်ပြောသာယာလှသော ကမ္ဘာကြီးထဲ

မိတ်ဆွေတို့နဲ့အတူတကွ

ရေပက်မဝင်သော၊ ယဉ်ကျေးဖွယ်ရာသော၊ အခါမလပ်သော

လောကဝတ်ပျူငှါသော…….

အစည်းအဝေးများ၊ အရေးကိစ္စများနဲ့၊ ညစာစားပွဲများ၊ အရေးပါပုံများ…..

ကောက်ကျစ်မှုအသစ်အဆန်းတွေ အချိန်ရှိသရွေ့

အမှန်အမှားကို မသိနိုင်သရွေ့…..

အိပ်မက်တွေကို ဆိတ်ကွယ်ရာမှာ ဖွက်ထားတာလား

မကောင်းမှု ဒုစရိုက်ဟာ ဆိတ်ကွယ်ရာမရှိဘူးဆိုတာလား …..

တစ်ကနေ တစ်ဆယ်ထိရေတွက်မိတိုင်း အမာရွတ်တွေပဲ အဖတ်တင်

နေ့ရှိသရွေ့ အသက်ရှူပြွန်ဟင်းလင်းပေါက်ထဲ

အရိုးနင်တာပဲ အဖတ်တင်…..

တောအုပ်ဟာ လူကိုညှို့တဲ့နေရာမှာ အထွပ်အထိတ်ဖြစ်သလို

ရုပ်ရှင်မှာ အဓိကဇာတ်ဆောင်ဟာ

ဆတ်ကော့လတ်ကော့ အရောင်းစာရေးမလေးလို ထီမထင်

ကိုယ့်ကျမှ ဝါကျတွေ သိုးသွားတောင်

မိုးမလင်းနိုင်သေးတဲ့ အဖြစ်မို့

ဇာတိပုည ဂုဏ်မာနကို ခြေကားရားလက်ကားရား

အိပ်မွေ့ချထားသည့်အတိုင်း …….

လရိပ်အောက်က ဝံပုလွေအုပ်ကို

လက်ရဲ ဇက်ရဲ ထင်ရာစိုင်းခွင့်ပေးထားသည့်အတိုင်း…..

………….။                   ။

7 comments

  • inz@ghi

    December 21, 2011 at 8:10 am

    ခုတလော ဂိုးဆက်တိုက် သွင်းနေတဲ့ …မော်ဒန် တိုက်စစ်မှူး ပါခည ….
    ရော်ဘင် ဗန်ကမ်းကြီး လို့ခေါ်ပါတယ်…

    😀

  • kotun winlatt

    December 21, 2011 at 8:20 am

    ကိုယ့်ကျမှ ဝါကျတွေ သိုးသွားတာတောင်
    မိုးမလင်နိုင်တဲ့ အဖြစ်တဲ့လားးဗျာ….
    ရင်ကိုထိစေတဲ့ စကားလုံးတွေနဲ့
    ကဗျာလေးပါပဲ …

  • comegyi

    December 21, 2011 at 3:45 pm

    ကိုအင်ဇာဂီရေ့
    ကိုဂီ့စကားနဲ့ဆို
    အနော် နောက်တစ်ဂိုးသွင်းလိုက်ပြန်ပြီခင်ဗျ…
    အာရုံလာတုန်းလေး ရေးကြည့်ထားတာကိုဂီရာ…..
    ကျေးဇူးပါ…ခင်တဲ့..
    ………
    ကိုထွန်းဝေလတ်ရေ့
    ကဗျာကိုအားပေးတာကျေးဇူးဗျာ
    နောက်လည်း ရေးနိုင်အောင် ကြိုးစားနေပါတယ်
    ခင်တဲ့….

  • နီကီတာ

    December 21, 2011 at 4:33 pm

    သို့
    မော်ဒန်ကိုကမ်းဂျီး

    အငယ်အနှောင်းမြို့လို မော်ဒန်တွေ ဖတ်ချင်သေးသည်…

    အားပေးလျှက်..

  • windtalker

    December 21, 2011 at 8:03 pm

    ဒီတစ်ခါ ထပ်ချက်ရင်
    ဝါကျတွေ ကနေ
    အတိုင်းအထက်လွန်တဲ့
    ဆန္ဒများ ကို မြင်ရလောက်ပါတယ်

  • ပေါက်ဖော်

    December 21, 2011 at 8:47 pm

    ဝေဒနာ..
    ဖြေစရာ.
    ဘီအီး..ဘီယာ..စမူဆာ.

    • comegyi

      December 23, 2011 at 1:26 am

      ဘီအီးနဲ့ဘီယာလိုက်တာတော့ အမှန်ပါပေါက်ဖော်ရယ်
      စမူဆာတော့ မသိဘူးနော့…….

Leave a Reply