တစ်ခမ်းမွှေးထားရခြင်းအကြောင်း

စဆရ ႀကီးDecember 21, 20111min30822

ခေါင်းစဉ်ဖတ်ပြီး စဉ်းစားရကျပ်သွားလေမလားမသိ။ တစ်ခမ်းမွှေးဆိုသည်မှာ နှစ်ခမ်းမွှေး မဟုတ်ခြင်းကြောင့် တစ်ခမ်းမွှေးဟုသာ ဆိုလိုရင်းဖြစ်သည်။ မျက်နှာပေါ်တွင် နှုတ်ခမ်းတစ်ခမ်းထဲသာ ကပ်ပြီးပေါက်နေခြင်းကြောင့် တစ်ခမ်းမွှေးထားရခြင်းဖြစ်ကြောင်း သိစေအပ်ပေသည်။

ဇာတ်ကြောင်းရယ်ကို ပြန်ပြောင်းကာ လှန်ရမယ်ဆိုလျင်ဖြင့် ကျွန်ုပ်၏ အုပ်ထိန်းသူ မိန်းမချောလေးသည်ကား အိနိ္ဒယသွေး အနည်းငယ်မျှပါလာသောကြောင့် ရင်ဘတ်အမွှေးများပါလျင် သဘောကျကြောင်း၊ တစ်ခမ်းမွှေးခန့်ခန့်ညားညားနှင့် ယောကျာ်းများကို လွန်စွာမှ နှစ်သက်လှကြောင်း မကြာခဏပြောဆိုခြင်းကြောင့်လည်းကောင်း သျှမ်းကြီးကျွန်တော်မျိုးမှာ ပြောင်စပ်စပ်မျက်နှာကို ခန့်ညားစေခြင်းအလို့ငှာ တစ်ခမ်းမွှေးကို တယုတယ မွေးမြူခြင်း ပြုရတော့သည်။ ရင်ဘတ်မွှေးကိုတော့မူကား အဘယ်သို့မျှ မတတ်နိုင်သောကြောင့် မထားနိုင်ပေ။ ရှိစေတော့၊ သူအလွယ်တကူမြင်နိုင်သည့် မျက်နှာတွင်ပဲ ထားတော့မယ်ဟု စိတ်ကို ဒုန်းဒုန်းချကာ မရိတ်မသင်ဘဲထားတော့သည်။ တစ်ဖြည်းဖြည်းနှင့် ထူလာသော ကိုယ့်တစ်ခမ်းမွှေးကိုယ်ပြန်ကြည့်ကာ လွန်စွာမှပင် နှစ်ထောင်းအားရခြင်းလဲ ဖြစ်မိပြန်သေးသည်။ အလုပ်မှ ကုလားကြီး၏ တစ်ခမ်းမွှေးအထူကြီးကိုကြည့်ကာ ငါလဲတစ်နေ့တော့ အဲလောက်တော့ ရှိရပေမပေါ့ဟု စိတ်ထဲမှလည်း ကြုံးဝါးမိပြန်သေးတော့သည်။

သို့ကလိုနှင့် နှစ်လခန့်ကြာသောအခါ ကိုယ့်ကိုယ်ကိုကြည့်ပြီး အတော်လေး ဟန်ကျလှပြီဟု ထင်မိတော့သည်။ ရေသောက်လျင် Filter ခံပြီးသားဖြစ်နေသော ထိုအမွှေးများကို သဘောကျသလို ရှိသော်ငြား နွားနို့ကို ကြိုက်နှစ်သက်သော ကျွန်ုပ်သည်ကား သတိထားကာ သောက်ရလေသည်။ ရေသောက်ပြီးလျှင်သော်လည်းကောင်း၊ နွားနို့သောက်ပြီးလျင်သော်လည်းကောင်း ကိုယ့်တစ်ခမ်းမွှေး ကိုယ့်လက်ဖြင့်ကိုယ်ပြန် သပ်ယူရသည်။ သို့မဟုတ်ပါက ထို Filter ထဲတွင် ကြွင်းကျန်နေသောကြောင့်ဖြစ်သည်။ ဘီးခပ်စိတ်စိတ်လေးတစ်ချောင်းကို ဝယ်ထားပြီး သေသေချာချာလဲ ဖီးသင်ရသေးသည်။ ထိုသို့ပြုပါမှ အတော်လေးပင်ခန့်ညားသော တစ်ခမ်းမွှေးဖြစ်ပေမည်မလား။ မတော်တဆ အုပ်ထိန်းသူ မိန်းမချောလေးမှ ကွန်ပျူတာမှ လှမ်းမြင်နေရသော ကျွန်ုပ်၏ အခွက်ကြီးအား ကြည့်မရဖြစ်သွားမှ ခက်ပေမည်။ သို့ပါသော်လည်း ကျွန်ုပ်၏ တစ်ခမ်းမွှေးကြီးခန့်ခန့်ညားညားနှင့် မျက်နှာကြီးကို မြင်လိုက်ရတိုင်း သဘောကျသွားသည့် အပြုံးကိုမြင်တိုင်း ကိုယ့်ဖာသာကိုယ် တစ်ခမ်းမွှေးကြီးကို လက်ဖြင့် သပ်ရင်း၊ သပ်ရင်းဖြင့် ကြည်နူးခြင်းဖြစ်ရလေသည်။

ပြဿနာတော့ စလေပြီ…

နှစ်လကျော်လွန်လာသည့်အခါ ထိုတစ်ခမ်းမွှေးကြီးမှာ ထူလာခြင်းမရှိဘဲ နှုတ်ခမ်းအစွန်းများတွင် အောက်သို့သာ ရှည်လျားခြင်းဖြစ်လာတော့သည်။ ထူထူကြီးဖြစ်မလာတော့ပဲရှည်လာပြီးသည့်နောက် နှုတ်ခမ်းဘေးမှ တစ်ဖက်တစ်ချက်သို့ တွဲလောင်းကျလာတော့သည်။ Gel ဖြင့် ဘယ်လိုပင့်တင် ပင့်တင် အပေါ်သို့တက်မလာ၊ အောက်သို့သာ စိုက်ဆင်းခြင်းဖြစ်နေရာ တစ်လခန့် ကြာလာသောအခါ တရုတ်အဖိုးကြီးအလား ဘေးတစ်ဖက်တစ်ချက်တွင်သာ ရှည်လျားကြီးတွဲကျလာတော့သည်။ အုပ်ထိန်းသူမှာလည်း မြင်သည့်အခါတိုင်း မျက်နှာတော် ညိုစပြုလာပေပြီ။ မကျေမနပ်အသံများ မကြာခဏ ကြားလာရပြီဖြစ်သည်။ ကျွန်ုပ်သည်ကား သျှမ်းတိုင်းရင်းသားသာ ဖြစ်သည့်အားလျော်စွာ အဘယ်သို့မျှ အိနိ္ဒယကြီးများကို တုနှိုင်းခြင်းငှာ မစွမ်းသာတော့ပြီဖြစ်သည့်အလျောက် ထိုတစ်ခမ်းမွှေးကြီးမရှိလျင် အုပ်ထိန်းသူအဖြစ် ဆက်လက်ရှိနေပေးရေး၊ သေချာစေရေးအတွက် အကြိမ်ကြိမ်၊ အဖန်ဖန် ကတိကဝတ်တွေတောင်းပြီးမှ မျက်နှာပေါ်တွင် ၃ လကျော်ခန့် ခန့်ခန့်ညားညားကြီးနေရာယူခဲ့သော ထိုတစ်ခမ်းမွှေးကြီးအား ဝမ်းသာအားရ ရှင်းလင်းခြင်း ပြုလိုက်ရတော့ပေသည်။

ယခုနေအခါများတွင်မတော့ အုပ်ထိန်းသူသဘောကျစေခြင်းအလို့ငှာ 3Cm ခန့်မျှအရှည်လေးများကို ထင်ရှားစေခြင်းအလို့ငှာ ထားပေးရလေသည်။ ယခင်က ကိုယ့်တစ်ခမ်းမွှေးကိုယ် ပွတ်သပ်ခြင်းပြုကာ ခန့်ညားခဲ့ရခြင်းကို ပြန်တော့ အမှတ်ရမိလေသား……..။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

22 comments

  • MaMa

    December 21, 2011 at 7:41 am

    ထူးထွေတည့် အံ့ရာ ပါလား တစ်ခမ်းမွှေး ရှုံး.. လူ ရယ်။ 😆

  • inz@ghi

    December 21, 2011 at 8:06 am

    အင်း ……
    ကိုရှုံး အဖြစ်က …ငိုအားထက် ရယ်အား သန် ဆိုသလိုပါပဲလားဗျာ..
    ဗလီနားက ဆေးဆိုင် ကွမ်းယာဆိုင်တွေမှာ …ပါးသိုင်းမွေးပေါက်ဆေး(လိမ်းဆေး)
    အမွေးသန်ဆေး ပေါ့ဗျာ …တွေရောင်းတယ်ဗျ…

    ယောက်ျား ဟော်မုန်း နည်းနည်းပါတဲ့ ဟာတွေဗျ… တချို့လူတွေနဲ့
    ဓါတ်မတည့်တာတွေ allergy တွေ ရှိတတ်တယ်ဗျ…
    စမ်းချင်ရင် သတိနဲ့ စမ်းဗျို့ …

    ဒါနဲ့ စကားမစပ် ..အဲ့သည့် လူ့ခန္ဒာကိုယ်က
    နှုတ်ခမ်းမွေးပေါက်တဲ့နေရာလေးကို ဘယ်လိုခေါ်တုန်းဗျာ…
    ကျနော်ပဲ ဝေါဟာရ ချို့တဲ့ သလားတော့မသိဘူး…
    အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြားက နှုတ်ခမ်းမွေးထွက်တဲ့ နေရာ
    လေးကိုပြောပါတယ်….တကယ်မသိလို့ပါဗျာ ….

    ခင်တဲ့..
    Inz@ghi

    • နီကီတာ

      December 21, 2011 at 11:10 am

      ဆေးပညာအရ philtrum လို့ခေါ်ကြတယ်
      တစ်ချို့ကြတော့လည်း philtrum ဆိုတာ groove in the upper lip(နှုတ်ခမ်းအပေါ်မှာ ပါတဲ့ အကွဲကြောင်း)
      လို့ပြောကြပြန်တယ်
      အရပ်သားစကားနဲ့ပြောရမယ်ဆိုရင်
      အဲဒီနေရာကို upper lip area ဆိုပြီး အပေါ်နှုတ်ခမ်းလို့ပဲ ခေါ်ဝေါ်ကြတယ်
      နောက်ကဗျာဆန်သူတစ်ချို့ က cupid’s bow
      (မြန်မာလိုဆိုရင် ဖူစာရေးနတ်ရဲ့လေးလို့ပဲခေါ်မလား
      မြားနတ်မောင်ရဲ့လေးလို့ပဲခေါ်မလား) လို့ခေါ်ကြပြန်တယ်

      [မတောက်တစ်ခေါက်ပညာလေးဖြင့် နားလည်သလိုဖော်ပြထားခြင်း] 😀

      • inz@ghi

        December 21, 2011 at 11:44 am

        philtrum က cleft ကိုပဲခေါ်တာဗျ..
        cupid’s bow ကတော့ အပေါ်နှုတ်ခမ်း အနားသတ်မျဉ်း ကိုပဲ ကိုယ်စားပြုတာ …
        ကျနော် က the “နှုတ်ခမ်းမွေးပေါက် ဧရိယာ” ကိုသိချင်တာပါ

        😀

        • နီကီတာ

          December 21, 2011 at 11:58 am

          ဒါချို အိမ်ပြန်ရောက်မှ အဘွားကို
          မေးကြည့်ဒေါ့မယ်… 🙁

  • kotun winlatt

    December 21, 2011 at 9:11 am

    ကိုရှုံးရေ ဖြစ်ရလေခြင်းးဗျာ..
    ဖတ်ပီးးရီရမလို ငိုရမလို ဖြစ်သွားရော…

  • Moe Z

    December 21, 2011 at 9:28 am

    😀 😀 😀
    ဖြစ်မှဖြစ်ရလေ ကိုရှူံးလူရယ်…
    အုပ်ထိန်းသူကို အရှိအတိုင်းပဲလက်ခံပေးပါလို့ပြောမှပေါ့
    အင်းလေ ချစ်တာကိုး 😛

  • ဆူး

    December 21, 2011 at 9:43 am

    တရုတ် ဘိုးတော် ရုပ်ပေါက်သွားရင် အော်မိတော်ဖော် လုပ်လိုက်ပေါ့..

    နှုတ်ခမ်းမွေးနဲ့ လူတွေကို ကြည့်ရတာကိုက ညှင်းသိုးသိုးနဲ့ သိပ်တော့ သဘောမကျလှဘူး။
    ကိုရီးယား ခေတ်ဆိုတော့ အိုပါးတို့က နှုတ်ခမ်းမွေးမကြပါဘူးလေ..
    ဟိဟိ

  • ပေါက်ဖော်

    December 21, 2011 at 10:15 am

    ကျွန်ုပ်နှင့် တစ်ခမ်းမွှေးချစ်သူ ဇာတ်လမ်းပါလား
    တစ်ခမ်းမွှေးက ပဲဟင်းသောက်ရင်လဲ ဖစ်လ်တာမှာ ကပ်တယ်ဗျ….
    အမွေးသပ် ပြီး သောက်ရတယ်..အဟက်ဟက်….
    🙄

  • yaungchikha

    December 21, 2011 at 10:19 am

    ဦးပေါက်ဖော်ပြောတာဟုတ်တယ်ဗျ၊ အိမ်နားက ဦးလေးကြီးဆို ပဲဟင်းသောက်ရင် ဖစ်လ်တာမှာ ကပ်တာတွေ့လို့ သူ့ကိုကြည့်ပြီး ရီလိုက်မိတာ၊ ဒါရီစရာလားဆိုပြီး ငေါက်လွှတ်လိုက်လို့ ထွက်ပြေးခဲ့ရဘူးတယ်၊ အချစ်အတွက် ကိုရှုံး တစ်ခမ်းမွှေးထားခြင်းပေါ့…………. 😛

  • နီကီတာ

    December 21, 2011 at 10:46 am

    ခေါင်းစဉ်ဖတ်ပြီး စဉ်းစားရကျပ်သွားလေမလားမသိ။ တစ်ခမ်းမွှေးဆိုသည်မှာ နှစ်ခမ်းမွှေး မဟုတ်ခြင်းကြောင့် တစ်ခမ်းမွှေးဟုသာ ဆိုလိုရင်းဖြစ်သည်။ မျက်နှာပေါ်တွင် နှုတ်ခမ်းတစ်ခမ်းထဲသာ ကပ်ပြီးပေါက်နေခြင်းကြောင့် တစ်ခမ်းမွှေးထားရခြင်းဖြစ်ကြောင်း သိစေအပ်ပေသည်။
    >>>>>>>>>>>>>
    နှုတ်ခမ်းရဲ့အပေါ်အောက်နှစ်နေရာပေါက်လို့ နှစ်ခမ်းမွှေးလို့ ခေါ်ပြီး
    တစ်ခုထဲပေါက်လို့ တစ်ခမ်းမွှေလို့ခေါ်တာလား
    ခေါင်းစဉ်က စိတ်ဝင်စားစရာပဲ
    ဒါပေမယ့် နှုတ်ခမ်းဘေးဝန်းကျင်မှာပေါက်လို့ နှုတ်ခမ်းမွှေးလို့ခေါ်တာမဟုတ်ဘူးလား
    ချိုင်းမှာ ပေါက်ရင် ချိုင်းမွှေး
    လက်မှာ ပေါက်ရင် လက်မွှေး
    ခြေသလုံးမှာပေါက်တော့ ခြေသလုံးမွှေးတဲ့
    ဒါကြောင့် နှုတ်ခမ်းဘေးဝန်းကျင်မှာပေါက်တဲ့
    တစ်ဘက်ပဲဖြစ်ဖြစ်၊ တစ်ခြမ်းပဲဖြစ်ဖြစ်၊ တစ်မွှေးပဲဖြစ်ဖြစ်
    ှနှုတ်ခမ်းမွှေးပဲ မဟုတ်ဘူးလား
    (အတွေးခေါင်သွားပါကြောင်း….) 😛 😛

    • သေသေချာချာ ဖတ်စေလိုပါကြောင်း..
      တစ်ခမ်းထဲတွင်သာ ပေါက်သောကြောင့် တစ်ခမ်းမွှေးဖြစ်ပြီး
      နှစ်ခမ်းလုံးတွင် ပေါက်သောအမွှေးကိုသာ နှစ်ခမ်းမွှေးဟု ခေါ်ပါကြောင်း

      ဒီနေရာတွင် အသံထွက်ကိုသာယူပါသည်၊ စာလုံးပေါင်းအမှန်ကို မဆိုလိုပါ

  • Novy

    December 21, 2011 at 11:02 am

    မနိုလည်း အချစ်ကြီး ကို ရစ်ကြည့်အုံးမှပဲ
    တစ်ခမ်းမွှေး မထားရင် မချစ်တော့ဘူးလို့ ;p

  • နွယ်ပင်

    December 21, 2011 at 11:19 am

    ကိုရင်ရှူံးတို့ကတော့ လုပ်တော့မယ်
    ဖတ်ပြီး ရီရမလို ငိုရမလိုကြီးတောင် ဖြစ်သွားတယ် 🙂

  • windtalker

    December 21, 2011 at 2:08 pm

    ဖတ်ရင်းနဲ ့မဆလာ အနံ ့ရလာသလိုဘဲ
    ရွာထဲက စားတော်ကဲ ကရင်စည်သူ ့ဆီတော့ ယောင်လို ့များ မသွားလိုက်နဲ ့နော်
    ပဲအဲအဲအဲ

  • hmee

    December 21, 2011 at 3:58 pm

    ရှုံး..လူရေ သက်ဆိုင်သူကို တော်တော်ချစ်ပုံရတယ်နော်။ ခိုင်းတဲ့အတိုင်း တဝေမသိမ်းကို လုပ်တော့တာပဲ။ 🙂

  • comegyi

    December 21, 2011 at 4:28 pm

    ကိုရှုံးရယ်
    အစ်ကို့ဟာကြီးကို ဘာလို့ကိစ္စတုံးလိုက်ရတာလဲဗျာ
    အပေါ်ကိုထောင်နေစေချင်ရင်
    တစ်ဖက်တစ်ဖုတ်စီကို ကြိုးနဲ့ချည်ပြီး
    ဟိုက်ဒရိုဂျင်ပူဖောင်းလေး နဲ့
    လွှင့်တင်ထားရင် ဘယ်လောက်မိုက်လဲဗျာ
    ဟိဟိ

    • ကိစ္စတုန်းရခြင်းကို သေချာစွာ ရှင်းပြခဲ့ပြီးပါပကော..
      အုပ်ထိန်းသူအလိုကျအတိုင်းသာ ဖြစ်နေရခြင်းဖြစ်ပါကြောင်း

      (ဘယ်သူမှ အကြောင်းပြန်ထားတာ ဝင်မဖတ်မှာ သိသားနဲ့ ပြန်ပြီးစာပြန်နေမိတာ ရှက်တော့ ရှက်မိသား)

      • TTNU

        December 22, 2011 at 12:58 am

        ဖတ်တယ်။ရေးဖို့က ကိုယ့်တာဝန်လေ။ရေးသာရေးပါ။
        အကြောင်းပြန်မှ Comment လုပ်ရသူမှာလည်း အားရှိမှာပေါ့နော။

  • TTNU

    December 22, 2011 at 12:49 am

    မောင်ရှုံးရေ…
    ဘယ်သူမှမတွေးမိတဲ့ အရေးအသားပါ။ ဖတ်၍အလွန်ကောင်းပါတယ်။
    တီချာ့အမြင်မှာဖြင့် နှုတ်ခမ်းတစ်ဖက်တည်း မလှပါဘူးကွယ်။
    နှစ်ဖက်စုံထားမှ ဟန်ချက်ညီမှာပေါ့။

    မောင်ရှုံးရေ Profile ပုံကြီးပြောင်းလဲလိုက်ပါကွယ်။
    ပြီးတော့ Comments တွေကို
    အကြောင်းပြန်ပါကွယ်။

    မေတ္တာဖြင့်
    တီချာ

  • KoNyeinChan

    December 25, 2011 at 1:38 am

    (((ဘယ်လိုပင့်တင် ပင့်တင် အပေါ်သို့တက်မလာ၊ အောက်သို့သာ စိုက်ဆင်းခြင်းဖြစ်နေရာ))))
    လိုက်တယ်ဗျာ ခင်ဗျားရဲ ့နာမည်နဲ ့ခင်ဗျားအဖြစ်…
    လူဖြစ်တောင်ရှုံးပြီထင်ရတယ် 😀 😀 😀

  • (သေသေချာချာ ဖတ်စေလိုပါကြောင်း..
    တစ်ခမ်းထဲတွင်သာ ပေါက်သောကြောင့် တစ်ခမ်းမွှေးဖြစ်ပြီး
    နှစ်ခမ်းလုံးတွင် ပေါက်သောအမွှေးကိုသာ နှစ်ခမ်းမွှေးဟု ခေါ်ပါကြောင်း

    ဒီနေရာတွင် အသံထွက်ကိုသာယူပါသည်၊ စာလုံးပေါင်းအမှန်ကို မဆိုလိုပါ)

    နုတ်ခမ်းပေါ်တွင်ပေါက်သော အမွှေးဖြစ်သည့်အတွက် နုတ်ခမ်းမွှေးလို့ခေါ်ခြင်းဖြစ်ပါကြောင်း။
    တစ်ဖက်ပေါက်ပေါက် နှစ်ဖက်ပေါက်ပေါက် နုတ်ခမ်းမွှေးဟုသာ သတ်မှတ်ပါကြောင်း။
    ၄င်းအတိုင်းဆိုပါက အလည်တွင်တိုနံ့နံ့သာထားရှိသော ဟစ်တလာနုတ်ခမ်းမွှေးကို
    “အလယ်စုမွှေးတို”
    ကျွန်နုပ်ဘကြီး၏ အဖျားကော့နေအောင်ရှည်လျားလှသော အပေါ်နုပ်ခမ်းထက်မှအမွှေးကို
    “အဖျားကော့မွှေးရှည်”ဟုခေါ်မှာသာ သင့်တော်ပေအံ့။
    သင့်မသင့် ချင့်ချိန်ကြပါလေ။

Leave a Reply