ငွေလဲဌာန

ThuyazawDecember 21, 20111min716

အချိန်ကား ငွေကြေးမှောင်ခိုသမားများ ခေတ်စားနေသောအချိန်……..

မှောင်ခိုဈေးတန်းဝယ်…..“အစိမ်းဘယ်ဈေးပေါက်လဲ………. ဒီနေ့ ၇၈ဝ ညီလေး´´……

“၅ ရွက်လောက်ဖျောချင်လို့ပါ………´´

ထိုကဲ့သို့ ရောင်းဝယ်ဖောက်ကားနေရချိန်………….

တရားဝင် နိုင်ငံခြားငွေလဲလှယ်ရေး ဌာနချုပ်ကြီးတစ်ခု ဖွင့်လှစ်ပေးသည့်သကာလ……. မြန်မာနိုင်ငံသားအားလုံး ငွေကြေးတရားဝင်လဲလှယ်ခွင့်ရတော့မည်ဆို၍ ပျော်နေကြလေသည်………. သို့ပေမယ့် အတွင်းဘက်တွင်ကား………………

ကောင်တာမှ ဝန်ထမ်း        “ဘာကူညီပေးရမလဲမသိဘူး….. ငွေလဲဖို့လား´´

ငွေလဲလှယ်သူ                          “ဟုတ်ပါတယ်….ငွေလဲချင်တာပါ…..´´

ကောင်တာမှဝန်ထမ်း              “ဘာအထောက်အထားပါလဲမသိဘူး…´´

ငွေလဲလှယ်သူ                           “ဘာတွေလိုအပ်မလဲမသိဘူးခင်ဗျာ့´´

“ကျွန်တော်ထင်တာ ဘာမှမလိုအပ်ဘူးထင်လို့ဗျ၊ မည်သူမဆို လွတ်လပ်စွာဆိုလို့´´

ကောင်တာမှဝန်ထမ်း              “ဒီကလဲ လိုပါတယ်´´ “အဲဒါပါမှလဲပေးလို့ရတယ်´´

ငွေလဲလှယ်သူ                       “တော်သေးတယ်ဗျာ ပါလာတယ် ပါလာတယ်……….´´

ကောင်တာမှ ဝန်ထမ်း             “ဘယ်လောက်လဲမလဲမသိဘူးခင်ဗျ ´´

ငွေလဲလှယ်သူ                       “အရွက် (၂၀)လောက်ပါ´´ “ကောင်းတယ်ဗျာ ဒီလို ငွေလဲဖို့နေရာလေးရှိတော့ အဆင်

ပြေတာပေါ့ဗျာ၊ ဒီမှာပါ အရွက် (၂၀) စစ်လိုက်ပါဦးဗျ…..

ကောင်တာမှ ဝန်ထမ်းလေးသည် ပိုက်ဆံအား ဖင်ပြန်ခေါင်းပြန်စစ်လိုက်၊ ပွတ်ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေလေသည်.။ ငွေလဲလှယ်သူမှာ စိတ်ထဲတွင် ငွေလဲ ဌာနကြီးကို ကြည့်၍ စိတ်တွင်း ကြည်နူးနေလေသည်……..

တစ်ဘက်တွင် အမေရိကန်လူမျိူးနှစ်ယောက် မြန်မာငွေကြေးဖြင့် လဲလှယ်နေသည်………. ထိုသူတို့မှာ မြန်ဆန်စွာဖြင့် နိုင်ငံခြားငွေမှ မြန်မာငွေသို့ အသွင်ပြောင်းကာ ထွက်ခွာသွားချေပြီ……

ဤတွင် ဇာတ်လမ်းစခဲ့ပြီ

ကောင်တာမှဝန်ထမ်း….       “အစ်ကို ဒီပိုက်ဆံလေးတွေ လဲပေးပါဦးခင်ဗျာ´´

ငွေလဲလှယ်သူ                        “ဟေ ဘာဖြစ်လို့လဲ ကွ´´ “ပိုက်ဆံတွေက ခေါက်ရိုးရာလဲမပါ…မှင်ရာ..စွန်းရာ တစ်ခု

မှ ပါဘူးလေကွာ….. အရွက် (၂၀)ကို ၁၈ ရွက်ပြန်လဲပေးရမယ် ဟုတ်စ“

ထိုသူမှ ဒေါသသံဖြင့် မေးမိလေသည်…………….

စိတ်အတွင်းတွင်ကား “ဟိုဘက်က အမေရိကန်တွေနဲ့ကွာပကွာ´´ ငါ့မှာ ရှိတာ အရွက် ၂ဝ ကို ၁၈ ရွက် ပြန်လဲပေးရမယ်….. ၂ ရွက်ပဲရတယ်…..´´

ကောင်တာမှဝန်ထမ်း…….   “ဟုတ်တယ်အစ်ကို ကျွန်တော်တို့က ငွေကြေးကို သေချာစစ်ရတယ်ဗျ´´

ငွေလဲလှယ်သူ          …….   “အေးကွာ တော်ပြီကွာ တစ်ရွက်မှ မရောင်းတော့ဘူး´´

ထိုသို့ဖြင့် ငွေလဲလှယ်သူမှာ မှောင်ခိုငွေကြေးဈေးကွက်တွင်းသို့ အစိမ်း အရွက် (၂၀)ကိုင်ကာ ဝင်ရောက်ပျောက်ကွယ်သွားပါတော့လေသည်………………………. ထိုသူမှ ရေရွတ်သွားသည်မှာ ဟိုကလဲမလို ဒီကလဲမလို ဒီမှာပဲကောင်းတယ်……

 

6 comments

  • thuyazaw21451

    December 21, 2011 at 2:19 pm

    ရွာသူ/ရွာသားများခင်ဗျား ကျွန်ုပ်သူရဇော်သည် ဂေဇတ်ရွာကြီးအတွင်းတွင် များမကြာသေးခင် (20.12.2011)ရက်မှစ၍ ပို့စ်များကို ကြိုးစားပမ်းစားတင်ပေးနေပါသည်။ အဆင်မပြေမှုတစ်စုံတစ်ရာ ရှိခဲ့ပါက နားလည်ခွေးလွှတ် အဲလေ ခွင့်လွှတ်ပေးကြပါလို့………….

  • windtalker

    December 21, 2011 at 2:48 pm

    ဟုတ်တယ်ဗျ
    ဟိုတစ်လောက ဒေါ်လာလေး နဲနဲလိုချင်လို ့မှ
    ပုဂ္ဂလိက ဘဏ်ထဲ သွားလဲ ပါတယ်
    ဟိုစာပါလား ဒီစာပါလား ရှုပ်ပွလာတာနဲ ့
    အပြင်မှာဘဲ ဝယ်လိုက်တော့တယ်
    ကွာလှ ငါးကျပ်

  • amatmin

    December 21, 2011 at 3:43 pm

    ကိုသူရဇော် ရေ..
    ကျွန်တော်မြင်တာတော့ နိုင်ငံခြားသား တွေလည်း အလွယ်တကူမရတတ်ပါဘူး..
    တနေ့ က ကျွန်တော် အထဲဝင်ဝင်ခြင်းက ကောင်တာတခုမှာ ကိုယ့်ငွေပေးပြီး
    သူတို့ဆီက မြန်မာငွေ ပြန်ယူဖို့အတွက် စောင့်နေတုန်း.ကိုယ့်အလှည့်မရောက်ခင်
    အရှေ့ မှာ စောင့်နေတဲ့ နိုင်ငံခြားသားအဖွဲ့ကို မြန်မာငွေ မပေးခင် လက်မှတ် ထိုးခိုင်းလို့ ပြသာနာ တက်ကြပါလေရော..
    သူတို့ အမြင်ကတော့ သူတို့ ပိုက်ဆံ ကိုယူသွားတယ် ပြီးတော့ ဘုမသိ ဘမသိ လက်မှတ်ထိုးခိုင်းတယ်ဆိုပြီး လုံးဝ မထိုးကြပါဘူး
    ပြီးတော့ စောင့်နေရတဲ့ အချိန်က ၃ဝ မိနစ်မက ကြာပါတယ်ဆိုပြီး ဝိုင်းပြောကြပါတယ်..ဒါပေမဲ့ ကောင်တာ ကကိုယ့်လူတွေ ကတော့
    သူတို့ကို ကွန်ပလိန်း တက်နေမှန်းတောင် မသိပါဘူးဗျာ..တော်ချက်တွေများ
    နောက်ဆုံး ဘေးကဝင်ပြောပေးကြတော့မှပဲ နိုင်ငံခြားသားအဖွဲ့ လက်မှတ်မထိုးဘဲ ပိုက်ဆံ ရပါတော့တယ်..
    ဒါတင်မပြီး သေးဘူးဗျ..ဘေးနားက အမျိုးသမီး တယောက်က အရမ်းကြာနေလို့ သူ့ဘာသာ ခပ်တိုးတိုးညည်းမိတာကို မှတ်ထားပြီး
    အဲဒီ အမျိုးသမီး လဲထွက်ရော..သနားလို့လဲပေးနေတာကို အကြောရှည်တဲ့ လူတွေကို မှတ်ထားပြီး
    နောက်တခါလာရင်မှတ်ထားပြီး ခပ်ပြတ်ပြတ် ပြောဖို့အဆိုတင်ကြပါရောဗျာ..
    နောက်ဆုံးတော့ လဲ ကိုပေ့ နည်းလမ်းပဲ လိုက်သုံးရတော့ တာကိုးးး

    မန့်တာရှည်သွားရင် ဆောရီး.. ကြုံတုန်းလေး ပြောပြရတာမို့ 🙂

  • etone

    December 21, 2011 at 4:57 pm

    ဒါတင်မကသေးဘူးဗျို့ .. ဘာတဲ့ .. အဟောင်းလက်မခံဘူးတဲ့ … ။ အဟောင်းဆိုတာ ထုတ်တဲ့နှစ်ဟောင်းတာကိုပြောတာနော် … 1996လောက်ဆိုတာမျိုးဆို ..မယူပါဘူးတဲ့လေ … ။

  • thit min

    December 22, 2011 at 9:17 pm

    ဓာတ်ဆီဆိုင်၊ ငွေလွှဲ ၊ပြီးတော့ ဘာလာအုန်းမယ်မသိ။
    ဈေးကွက်စီးပွါးရေးကို ဗဟိုထိန်းချုပ်မှုပုံစံခွက်ထဲ ရောက်အောင်လုပ်တဲ့နေရာမှာ သိပ်တော်။

    • ဦးဦးပါလေရာ

      December 22, 2011 at 11:21 pm

      အဲဒါကြောင့် သူတို့ ပြင်မယ်ဆိုတာကို ကျွန်တော်ဖြင့် ယုံကိုမယုံဘူး…။
      သူများကလာပြင်မှ package လိုက် ပြင်မှ ရမှာ။

Leave a Reply