အဘဖောရဲ့ စတုဒီသာကျွေးပွဲမှာ အချီကြီး ပွတဲ့ မှော်ဆရာ

ေမွာ္ဆရာDecember 21, 20111min21626

ဝမ်းသာစရာ သတင်းတစ်ခု ကြေငြာပါ့မယ် … မှော်ဆရာ အချီကြီးပွပါပြီ ..။
ဘာကြောင့်လဲ ဘယ်သူတွေကြောင့်လဲ ဆိုတာ အောက်မှာ ဆက်ဖတ်ပါ …။
၁၈ ရက်နေ့က အဘဖောရဲ့ စတုဒီသာကြွေးပွဲကို မှော်ဆရာ တက်ရောက်ဖြစ်ပြီး ရွာထဲက Top Poster ကြီးများနဲ့ တွေ့ဆုံခဲ့ပါတယ် ..။
အဲဒီလို တွေ့ဆုံပွဲမှာ အမျိုးသားထဲက အသက်အငယ်ဆုံးဖြစ်နေတဲ့ မှော်ဆရာကို အားလုံးက အပြစ်မမြင် ၊ အချစ်တွေဝင်ကြပြီးလျှင် သဒ္ဓါတရားများ တဖွားဖွားပေါ်ပေါက်ပြီးသကာလ
တက်ရောက်သူအားလုံးထဲမှ မည်သူမဆို ပွိုင်တစ်သိန်း ပြည့်ပြီး သူကြီးဆီမှ ငွေတစ်သိန်း ထုတ်ယူရတော့မည် ဆိုလျှင် ..
ထိုဆုငွေအား ရေးသားသူမှ မယူပဲ မှော်ဆရာအား ပေးအပ်ချီးမြင့်မည် ဖြစ်ပါကြောင်း တက်ရောက်သူများမှ တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ပါသည် ..။
ထိုဆုံးဖြတ်ချက်အား ခိုင်မာစေရန် အလို့ငှာ တက်ရောက်သူများမှ အောက်တွင် စုပေါင်းလက်မှတ်ရေးထိုးကြပါသည် ….။

သက်သေခံ လက်မှတ်များ

ကဲ သူကြီးရေ .. သက်သေခံလက်မှတ်နဲ့ တင်လိုက်ပြီနော် .. တက်ရောက်သူတွေထဲက ဘယ်သူဖြစ်ဖြစ် ပွိုင့်တစ်သိန်းရပြီဆိုလျှင် သူတို့က လွဲမယူတော့ပါဘူးတဲ့ ..။မှော်ဆရာကိုပဲ ပေးလိုက်ပါတဲ့..။ အားနာပါးနာနဲ့ပဲ ယူရတော့မှာပါပဲ …..။
နောက်ပြိး အဘဖောကလဲ ပွဲတက်ရောက်သူများထဲမှ မည်သူမဆို အော်ဇီကို အလည်အပတ် အခမဲ့ စားရိတ်ငြိမ်းလိုက်လိုသူများရှိလျှင် ၁ရယောက်တိတိ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလဲ လက်မှတ်ရေးထိုးလိုက်ပါသည်။ အော်ဇီကို အလည်အပတ် အခမဲ့ စားရိတ်ငြိမ်းလိုက်လိုသူများ အဘဖောနှင့် ဆက်သွယ်ကြပါရန်…..

26 comments

  • ပေါက်ဖော်

    December 21, 2011 at 12:00 pm

    ဟယ်..
    ပရင့်ထုတ်ပြီး မိတ္တူဆွဲထားမှ

  • manawphyulay

    December 21, 2011 at 12:02 pm

    ဟဟ လုပ်ချလိုက်ပြန်ပြီ မှော်ဆရာကတော့ အင်းလေ အသုဘ ဓာတ်ပုံရိုက်တာတောင် ငြိမ်ခိုင်းသေးတာပဲ ဒီလောက်တော့ရှိမှာပေါ့။ ဓာတ်ပုံရိုက်ခံတော့လည်း ခပ်လန့်လန့်ပါပဲ တော်ကြာ ငြိမ်ခံနေဦးမယ်ဆိုပြီး နားရွက်တောင်မလှုပ်ရဲဘူး။ 😛

  • ဆူး

    December 21, 2011 at 12:26 pm

    နာ့ လက်မှတ်ကြီးနော်.. အလွဲသုံးစား မလုပ်နဲ့နော်.. အဲဒီ လက်မှတ်နဲ့ သိန်းပေါင်းထောင်ချီတဲ့ ပရောဂျက်တွေကို ထိုးပေးနေကျ.. အဟိ..

    • မှော်ဆရာ

      December 21, 2011 at 12:28 pm

      လုပ်ကြပါဦးဟေ့ မဆူး ရွာထဲကို တကယ်ကို မီးနဲ့ရှို့နေပြီ …

      • ဆူး

        December 21, 2011 at 12:39 pm

        အတု လုပ်မှာ စိုးလို့ ဝင်သတိပေးတာ.. သေနပ် နဲ့ လှမ်းပြီး တချက် ဆွဲလိုက်ရမလား.. ဇကာ ပေါက် ဖြစ်သွားမယ် ဘာမှတ်နေလဲ.. ဟွန့်…

  • Moe Z

    December 21, 2011 at 12:28 pm

    တော်ပါသေးရဲ့ မသွားမိလို့ 🙁

  • KING

    December 21, 2011 at 12:34 pm

    အကြံပိုင်သဟ
    တဂျီးရဲ့
    စီးပွားရးအကြံပေး၊ နိုင်ငံရေးအကြံပေး၊ လူမှုရေးအကြံပေး
    ရှိရှိသမျှ အကြံပေး ခန့်ရမယ် … 😀

  • တညင်သား

    December 21, 2011 at 12:42 pm

    ကိုမော်ဆရာ အဲဒီလက်မှတ်တွေက အတုတွေ မယုံရင် ရွာသား ၊ရွာသူ တစ်ယောက်ယောက် မင်္ဂလာဆောင်ရင် ထိုးတဲ့ လက်မှတ်နဲ့တိုက်ကြည့်ပါ…တရားလိုကနေ တရားခံ ဖြစ်မှာဆိုးလို့ သတိပေးပါရစေ….

    တကိုယ်တော် တညင်သား.. 😛

    • manawphyulay

      December 21, 2011 at 1:11 pm

      မှန်လိုက်တာ တညင်သားရယ်… ထိုးမြဲလက်မှတ်မထိုးပေးလိုက်မိတာ အတော်ကံကောင်းသွားတယ်… 😛

      • မှော်ဆရာ

        December 21, 2011 at 1:21 pm

        ဘာအခုမှ အတုလေး ဘာလေးလုပ်နေတာလဲ
        ဟောဒီ့လက်ကြီးနဲ့ ဟောသည်လိုကိုင်ပြီး ဟောသည်လို ထိုးပေးလိုက်တာ
        သက်သေရှိတယ်ဟေ့

        • ဆူး

          December 21, 2011 at 1:30 pm

          သက်သေခံ အနေနဲ့ ဟိုဘက် လှန်လိုက်ရင် 2012 happy new year မနောဖြူလေး ဆိုတာတောင် တွေ့အုန်းမယ်။

      • htoosan

        December 21, 2011 at 4:34 pm

        မနောဖြူလေး က အတင်းငြင်းမှာ သေချာနေပြီ။ 😀

        မနောဖြူလေး .. ၉၅၁၅၂ ကျပ်

  • ကြောင်ကြီး

    December 21, 2011 at 12:55 pm

    အခြားပြောစရာတော့ မရှိပါဘူး။ အဘဖောရဲ့ ခင်တက်ထဲ့ လက်မှတ်က ကြောက်ချာဂျီးနော်.. ခင်ရင်တက်ထည့်မယ်ဆိုတော့ မခင့်တခင်လေးပဲ ကောင်းပါတယ်။ ရွာထဲက ဘယ်သူတွေရော အဘဖော ခင်တာခံချင်ကြသလဲဗျို့….. 😀

    • မှော်ဆရာ

      December 21, 2011 at 12:58 pm

      အမြင်ကတော့ ဆူးရှပါပေ့

  • weiwei

    December 21, 2011 at 1:04 pm

    တော်ပါသေးရဲ့ .. ချက်စာအုပ်ထဲကလက်မှတ်အစစ်ကို မထိုးမိလိုက်ပေလို့ … 😛

  • windtalker

    December 21, 2011 at 1:05 pm

    အဟမ်း
    ကိုကိုကြောင့် ၏ စူးရှသော အမြင်အရ
    မှန်းဆ တွေးကြည့်သော်
    ရေးရေးပေါ်လာသူမှာ
    မှော်ဆရာ ပင်တည်း
    သူက သိပ်ခင်တတ်တာ
    အခုတောင် ကြည့်

  • နွယ်ပင်

    December 21, 2011 at 1:17 pm

    တော်သေးတာပေါ့ ထိုးမြဲလက်မှတ်လေး မထိုးပေးလိုက်လို့ 😀

    • မှော်ဆရာ

      December 21, 2011 at 1:24 pm

      လက်မှတ် တုတု စစ်စစ် တစ်သိန်းကတော့ ယူုရမှာပဲ ..
      အခုမှ ဘွာတေးမလုပ်နဲ့ မရဘူးမှတ် ..

  • comegyi

    December 21, 2011 at 3:35 pm

    ဟူး ဟင်နရီကစ်ဆင်ဂျာတောင်
    သူ့လောက်ဉာဏ်ပြေးပါ့မလား
    အွင်းလေ….သက်စွန့်ဆံဖျားဓာတ်ပုံဆရာ
    ဆိုတော့လည်း အနှီလို အခွင့်အရေးက
    မှော်မှော်တို့အတွက်တော့
    သာမညောင်ည အိုင်ဒီယာတစ်ခုလောက်ပဲ
    ဖြစ်ပေလိမ့်မယ်….ထင်ရဲ့ ဟူး ….

  • MaMa

    December 21, 2011 at 5:35 pm

    အတော်ပဲ သဂျီးကို ပေးဖို့ရှိတဲ့အကြွေးက ကိုယ့်ပွိုင့်နဲ့ကိုယ်ဆိုရင် တသက်လုံး စာရေးမှ ကြေလောက်မှာ ခုတော့ မှော်ဆရာဆီကို လွှဲပေးလိုက်ပြီ နော်။
    😆

  • htet way

    December 21, 2011 at 6:16 pm

    မော်ဆရာ တော်ရာမှာနေပေလို့ပဲ ပညာပေးတာလား
    ဒီလက်မှတ်က အစစ်ကြီးပါ တယောက်ထဲထိုးပေးခဲ့ဖူးသေးတယ် ကိုယ့်
    ချစ်သူလေးလင်နောက်လိုက်တုန်းက ငွေ သိန်း၁၀၀ဝကို လွဲပေးခဲ့တာပဲ
    အရှုံးသမားအဖြစ်ထိုးခဲ့တဲ့ လက်မှတ်လေးပါမော်ဆရာ

  • ကိုရင်စည်သူ

    December 22, 2011 at 2:26 pm

    ကိုမှော် ကျနော့်လက်မှတ်လေးတော့ မရုပ်နဲ့ရေ..
    အဲ့ဒါလေးနဲ့ ခံဝန်ခဏခဏ ထိုးနေကျ… အဟီးး..
    ဂေဇက်မှာ ပွိုင့်တစ်သိန်းပြည့်လျှင်
    ကိုမှော့်အား.. ပေးခဲ့ပါမယ်ဗျာ..

  • nature

    December 22, 2011 at 4:00 pm

    ကြည့်ရတာ လက်မှတ်တွေကတော့်အစစ်တွေပါပဲ။ ဒါပေမဲ့တနေ့က ရွာထဲရောက်တော့ အဲဒီလက်မှတ်ထိုးထားတဲ့သူတွေစုနေကြတုန်းရောက်သွားတာ သူတို့ကတိုးတိုးလေးပြောတယ်..
    အဲဒီ လက်မှတ်တွေက နေ့စွဲမပါတော့ ဘယ်နေ့က ဆိုတာ မသေချာကြောင်း၊ ဖြစ်နိုင်တာတခုက မှော်ဆရာသူကြီးဆီမှာ ထိတ်တုံးအခတ်ခံရတုန်းက ဒီကောင်လေးက တခါတရံကလွဲလို့ အင်မတန်ရိုးသားကြောင်း ဝိုင်းထောက်ခံ လက်မှတ်ထိုး ပြီး သူကြီးကို ပွိုင့်တွေ အာမခံပေးထားတာလို့ ပြောသဗျ။
    အဘဖောက ကျွန်တော်ကိုပြောတာကတော့ အော်ဇီကိုလာလည်ရင် ဘယ်ရွာသားမဆို မြန်မာငွေ တပြားမှ မကုန်စေရဘူးလို့ အာမခံတယ်ဗျ။ အဲ… ဒေါ်လာလေးတော့ ဆောင်လာခဲ့ပါတဲ့။

    • မှော်ဆရာ

      December 22, 2011 at 5:27 pm

      မှော်ဆရာ ရိုးသားတာတော့ ပြောမနေနဲ့ ..
      မလစ်ရင် ဘာမှကို မလုပ်တာ ။
      တစ်ခါတစ်ခါ လိမ်ပြောတာကလွဲရင် ငါးပါးသီလ လုံခြုံတယ် ..
      အရက်ဆို အနံ့တောင် မခံနှိုင်လို့ နှာခေါင်းပိတ် သောက်နေရတာလဲ ကြာပြီ …

Leave a Reply