သဂျီး ရေ့ ….

ကျုပ် ရိုက်သက်(ဒါ့ပုံရိုက်သော သက်တမ်း) ၁နှစ်တင်းတင်းပြည့်ပြီဗျ….

ကျုပ်မွေးနေ့က ဇန်နဝါရီလဆန်းထဲမှာ ….. မနှစ်ကမွေးနေ့လည်း ထုံးစံအတိုင်း

တကောင်တည်း အရှေ့ကျွန်းမှာ ငေါင်စင်းစင်း ….. ကိုယ့်ကိုကိုယ်မွေးနေ့လက်ဆောင်ဝယ်ပေးမိတာက

ကင်မလာ ……

 

သည်တော့ အေးရောပေါ့ဗျာ …..ရှေးစကား ရှိပါတယ် ဘာဖြစ်တယ်…. လူတယောက်ကို မုန်းရင်

သူ့ကို ကင်မလာ ဝယ်ပီး လက်ဆောင်ပေးလိုက်ပါ ဆိုတာလေ. .. ကျုပ်ကိုကျုပ်ဘယ်တုန်းကတည်းက

မုန်းသလဲ မသိပါဘူးဗျာ ….ကင်မလာသမား ဖြစ်လာပုံကလည်း အောချယူရမယ်. …ဖြစ်ပုံက ဂလို…..

တခါက ကျုပ်အပေါ်မှာ ကျေးဇူး ရှိဖူးတဲ့ ငတိတယောက် သည်မှာ ရှိသဗျ…. အဲ့ငတိက ယန်း ၃သောင်း

လာချေးတယ်. … ကျုပ်လို လခနည်း ထားရာနေ စေရာသွား …. ဝန်ထမ်းလေးအဖို့တော့ ယန်း၃သောင်း

လည်း များ သဗျ …..မချေးလို့ကလည်း မကောင်း ….အနှီ ငတိ ၆ကျင့်နဲ့က ချေးရင်လည်း

ဆုံးဖို့ သေချာသလောက်….

ကျုပ်မွေးနေ့နဲ့လာကြုံတော့ …တိုက်တိုက်လေးရယ်မှ ဆိုင်ဆိုင် …ကနွန်းတွေ ဆေးလ် ချနေတယ်ဗျ….

ကနွန်း ၅၅ဝဒီ ….သဂျီးတို့ဆီမှာတော့ ရီဗယ်လ် တီတူးအိုင် ပေါ့ဗျာ …. ဂျာပွန်မှာတော့ ကစ်စ်ဖိုး ကို

လန်း ၂လုံး ပြူးမှ …ယန်း ၆သောင်းခွဲ တဲ့ ခည ….အရင် ၂လလောက်က ကျုပ်ဘော်ဒါ ၄၅ဝဒီကို

၁၃သိန်းလောက် မြောက်သွားတယ် လိုကယ်လ်မှာဝယ်တာ … သည်တော့ ကျုပ် ဂျိုကြွပီပေါ့……

 

ဖြစ်ချင်တော့ ကျုပ်က ဇယား နောက်လို့ ခလက်ဒစ်ကဒ် မလုပ်ထား ….

(ဥပဒေသ-၁။ ခွေးမွေးချင်လျင် ခလက်ဒစ် ကတ် လုပ်မထားသင့် …. အာဟိ)

 

သည်တော့ အဲ့ငတိကို ….ကောင်းပြီ ချေးမယ် …၃သောင်း …. နင့်ကတ်နဲ့ ငါ့ ကို အဲ့လာဝယ်ပေး ဆိုပြီး

ချေးတာ …(သူ့ ကတ်က ဈေးဝယ်လို့ရတယ် ပိုက်ဆံ ဂန်းကင်း သာ ချေးမရတာ …)

သည်တော့ ငတိလည်း ဝယ်ပေးရှာတယ် …. လဆန်း ကျုပ်က သူ့ ၃သောင်းပေးတယ် ….ငတိက ၆သောင်းခွဲဖိုး

ဝယ်ပေးတယ်… ၂ခါဖြတ် စနစ် (နိကိုင် ဘလိုင်းရိ နဲ့ …) လကုန်တော့ သူ့ကတ်က ၃သောင်းဖြတ်

နောက်က ကျုပ်က ၃သောင်းခွဲ ပေးတယ် ….ငတိ က ကဒ် ကုန်ပနီကိုပေး …. အဟီး …..

အဲ့လို မလုပ်လို့မရဘူးဗျာ ……နည်းနည်းလေး ….ဉာဏ်မကူရင် ဆုံးမှာကိုးဗျ ….. ခုတော့

ပစ္စည်း လက်ထဲအရောက် …..ငတိ ဖျောင်ရင် …ငတိနဲ့ ….ကဒ် ကန်ပနီနဲ့ရှင်း .. သည်တော့ သူလည်း

မဖျောင်ရဲလော့ဝူးပေါ့ ..ပိုက်ဆံ၁လစာ လှည့်သုံးရသွားတယ်ပေါ့…

(မာကတ်တာများ ယုတ်မာတာပြောပါတယ်….. သတိထားနော …..)

 

နောက်တာပါဗျာ …. ကသိကအောက် အခြေအနေတခုကို ပါးနပ်စွာ ဖြတ်ကျော်ခဲ့တဲ့ ဂီဂီလေးရယ်ပါ ….

အဲ ..ကင်မလာ တလုံးတော့ ပိုက်ဘော မိသပေါ့လေ…

ကျုပ်က သားလိမ္မာလေး …. ပစ္စည်းမဲ့လူတန်းစားလေး ဆိုတော့ ..အိမ်ကိုလည်းပိုက်ဆံ ပို့ရသေးသကိုးဗျ ……

ကျုပ်မှာ ဘလိတ်ဖတ်စ် တနပ် ငတ်တာ …..အဲ့ကင်မလာ စဝယ်ကတည်းက နိုဝင်ဘာလအထိ…

သည်လသာ ကင်မလာ ဆပ်စပ် ပစ္စည်း ဘာမှ မဝယ်တော့ဘူး ….ဘယ်မှ ခရီးမသွားတော့ဘူး

ဆုံးဖြတ်ချက်ပြန်ချနိုင်လို့ ပြန်စားရတာ ….. အဲ့လောက် နှိပ်စက်ပါတယ်…

 

 

အဲ့သည့်လို ခံယူချက် ကောင်းမွန်စွာနဲ့ ဒါ့ပုံဆြာ ဖြစ်လာတာပါဗျာ ….

 

 

ဒါ့ပုံအရိုက် ကောင်းလို့ ဘော်ဒါတွေနဲ့ … မိတ်ပျက်ရတာလည်း မနည်းဘူး …..

ဟုတ်တယ်လေ. .ကျုပ်က B2B မှာ သာ ကောင်းကောင်းမွန်မွန်ပြောတာရယ်…

ပါဆင်နယ်လ် စကေးလ်ကျရင် သိပ်ညံ့ဖျင်းတာ …. (ကမှော်တို့ ကသော့တို့ဆီက အဲ့လာတွေ

သင်ယူချင်သေးတယ်… အဲ့သည့် ဒါ့ပုံဆြာတွေ တော်ကီသိပ်ကောင်းမှာ သေချာတယ်)

Landscape အများဆုံး ရိုက်တဲ့ …ဒါ့ပုံဆြာ ဖြစ်လာတာကလည်း အကြောင်းရှိတယ်ဗျို့ …ဟော့သည့်

ပါးစပ်ပေါက်ကြီးက မဆင်ခြင်လို့ ….”ဟဲ့ နင် မိန်းကလေး မဟုတ်ဝူးလား ..ခါးကို မသာကြီးလို

တောင့်တောင့်ကြီးထားမနေနဲ့” တို့ … ” ရှိစုမဲ့စု ကို  ကောက်ချိတ်ပြမနေနဲ့ အန်ချင်လာဘီ” တို့ ….

ဂလို ဆက်ဆံရေး ကောင်းတာပါခည….

ရင်းနှီး ရင် ရင်းနှီးသလို မျက်ရည်ဖြိုင်ဖြိုင်ကျရတဲ့ ဘုရားစူး ဒါ့ပုံဆြာပါ….

ဒါက မရိုက်ခင် ..ရိုက်ပြီး ပြင်တဲ့အချိန်ကျရင်လည်း ဖုန်းနဲ့ …”ခင်ဗျားမျက်နှာ ခွက်ခွက်ကလေးကို

ခင်ဗျား ချစ်ချစ်တောင် ကျုပ်လောက် ပီပီပြင်ပြင် တစိမ့်စိမ့် ကြည့်ဖူးတာမဟုတ်ဘူး” ဘာညာ နဲ့

လည်း လှမ်းလှမ်း ရိတတ်သေးသကိုး …

landscape ရိုက်တော့ အေးတယ် … တိရစာ္ဆန်ရိုက်တော့ ..မိတ်ကပ်သုတ်စရာမလိုဘူး

စကင်းတုန်း ကိုင်စရာ မလိုဘူး … ဂလို သဘောထားတာကလား …..

စိတ်ဓါတ်လေးက အတော်ကောင်း ….ဟီး…

 ဥပဒေသ ၂။ အခေါ်အပြော မလုပ်ချင်တော့သည့် အပေါင်းအသင်းရှိလျင် သူ့ကို

ဒါ့ပုံ ရိုက်ပေးလိုက်ပါ

 

 

အဲ့ဒါနဲ့ ပြန်ကောက်ရရင် ကင်မလာ ကို …ဝယ်မိတဲ့နောက်တော့ …..မာစတာရိုက်ဇ် လုပ်မယ်ပေါ့ ….

ငါ့ သည်လောက်နှိပ်စက်ထားတာ ငါကလည်းနင့်ပြန် အသုံးချပြီး တသက်လုံး ထမင်းစားရအောင်

လုပ်မဟဲ့ ဆိုပီး … အလုပ်က တနေ့ ၈နာရီ.. အသွားအပြန် +၂နာရီဗျာ..၁ဝနာရီ ….

ဒါ့ပုံလေ့လာတာက ၃နာရီ …၂၄ထဲက ၁၃နှုတ်တော့ …. ၁၁ခည ….အဲ့မှာ ၈နာရီက အိပ်တယ် ….

ကျန် ၃နာရီက  ဖင်လှည့်ခေါင်းလှည့်နဲ့ ကုန်တာပဲ …..

ဥပဒေသ။၃ လက်ရှိရည်းစားကို အဆက်ဖြတ်လိုသူများ ဖိုတို ဂလပ်ဖီကို သင်ယူကြပါကုန်. …. အလွန်

အစွမ်းထက်သော ကိုယ့်အလွန်လည်း မဖြစ်သော ….ရည်းစားဖြတ်နည်းဖြစ်၏

 

ဟိုဆြာတွေတော့ သူတို့ ချစ်ချစ်တွေနဲ့ ဘယ်လို စခန်းသွားတယ် မသိဘူး ..ကျုပ်တော့ အဲ့လို ဖြတ်သန်းခဲ့တာ

သည်၁နှစ်လုံး … ဝိခ်ဒေးစ် တွေဆို လည်း မအား …ဝိခ်အန်းဒ် တွေဆိုလည်း မိုးလင်းကတည်းက

ထမင်းဘူးနဲ့ ကို အရပ်လည်ရိုက်နှက် …ပြုပြင် ….တခါတခါများ အိမ်တောင်ပြန်မလာဘူး ..သူငယ်ချင်း

ဒါ့ပုံဆြာဆီမှာ အိပ် ….

 

 

ကျုပ်ပြောဖူးပါတယ်. ..၃နှစ်ရိုက်မယ် ၁နှစ် ပုံ ၃သောင်းနှုန်း… ၃နှစ်အတွင် း၁သိန်းပြည့်အောင်….

ပြည့်ရင် ပြန်သုံးသပ်မယ် …ဖြစ်၏ မဖြစ်၏ …ဖြစ်နိုင်ရင် ဇောက်ချလုပ်မယ်…

မဖြစ်နိုင်ရင် ….. ဝါသနာ အဆင့်မှာပဲ ထားပြီး …. ဆက်မလုပ်တော့ဘူး …..

 

 

အင်း …မှန်တာပြောရင် …သည်နှစ်ကိုတော့ … အတိုင်းအတာ တခုထိ စိတ်ကျေနပ်ခဲ့ကြောင်းပါ…

ကျုပ် ၃သောင်းမပြည့်ခဲ့ပါ။. ၂သောင်း ခွဲ နဲ့ ရပ်လိုက်တာ ပါ… ဘာတွေဝယ်ရမလဲ ဆိုတာထက်

ဘာတွေ ကြိုးစားရမလဲ ဆိုတာ မြင်ရတာ အတော်လေး ကျေနပ်မိပါတယ်ဗျာ …..

သည်တော့ သည် ၁နှစ်ရဲ့ ကျနော့် ပွဲဦးထွက် အယ်လဘမ် ကို တင်ဆက်ခွင့်ပြုပါဗျား ….

(အရှည်ကြီး ရစ်နေတာ …..ကျော်ဖတ်ခံထိမယ်ဆိုတာ သိသိကြီးနဲ့ …)

 

ဒါ့ပုံဆိုလို့ ကျုပ်က အစုံလျောက်ရိုက်တာ ကလား ..လူတွေ့လူရိုက် သစ်ရွက်တွေ့ သစ်ရွက်ရိုက်

ကမ်းခြေက အုန်းခွံခြောက် လည်း မနေရ ။ သစ်ပင်က ပက်ကျိလည်း ချမ်းသာမပေး …

သည်တော့ကာ ..ကတ်တီဂိုရီတွေ ထပ် ခွဲလိုက်တော့ အလွန်များကုန်တာပေါ့ဗျာ …

Abstract, animal, autumn, Bokeh, candid, fine art, floral, light-paint, event, HDR, portrait, religion,

seascape, self-portrait, waterscape blah blah blah ပေါ့…

ကတ်တီဂိုရီ အခု အစိတ်လောက်ဗျာ…တခု-၅ပုံဆိုရင်ပဲ …၁၂၅ ပုံဖြစ်နေပြီ

တင်ပီးသားပုံတွေ ပြန်တင်ရမှာလည်း အားနာတယ်ဗျ ……..

 

သည်တော့ ကျနော် ဖိုတိုရှော့ ဖြင့် …ကတ်တီဂိုရီ ၁ခု အတွက်ဒါ့ပုံ-၅ပုံပါဝင်သော ဖိုက်-အင်-ဝမ်း တပုံစီ ပြန်ချုပ်နေပါတယ်ဗျ

ပုံအစိတ် တင်ပါ့မယ် …. ဝိုင်းရွေးပေးကြပါဦးလို့ ….

 

ခင်တဲ့

Inz@ghi

 

 

P.S ဒါ့ပုံ Post ကို ဒါ့ပုံ ၁ပုံမှ မပါဘဲ တင်နည်း … ရှာဖွေတွေ့ရှိသွားပါကြောင်း..

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011