Google ၏ Search Features များ

ကမ္ဘာကျော် Search Engin ကြီး တစ်ခု ဖြစ်တဲ့ Google ဟာ သူ့ရဲ့ ဝက်ဘ်ဆိုက်ကို အသုံးပြုတဲ့သူတွေ အတွက် တစ်နည်းအားဖြင့် သူ့ရဲ့ Search Box မှာ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို ရိုက်ထည့်ပြီး ရှာဖွေနေသူတွေ အတွက် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မယ့် Features တွေကို ဖော်ပြပေးထားပါတယ်။

ဥပမာအားဖြင့် ကျွန်တော်တို့က အခုအချိန် အမေရိကန်မှာ ဘယ်အချိန်လောက် ရှိနေပြီလဲ၊ စင်ကာပူမှာ ဘယ်အချိန်လောက် ရှိနေပြီလဲ ဆိုတာကို သိချင်တယ် ဆိုပါစို့။ ဒါဆိုရင် Google မှာ time US, time Singapore စသည်ဖြင့် ရိုက်ထည့်လိုက်တာနဲ့တင် Google က သူ့ရဲ့ Search ရဲ့ ထိပ်ဆုံးမှာ အဲဒီ နိုင်ငံတွေရဲ့ အချိန်ကို ဖော်ပြ ပေးပါလိမ့်မယ်။

Google ရဲ့ Search Features တွေကို https://www.google.com/intl/en/help/features.html မှာ သွားရောက် ကြည့်နိုင်ပါတယ်။ ကျွန်တော့် အနေနဲ့ အဲဒီ Search Features တွေထဲက အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Google Calculator

ကျွန်တော်တို့ အနေနဲ့ Google ကို Calculator တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ Google ရဲ့ Search Box မှာ 2 + 3 လို့ ရိုက်ထည့် ကြည့်လိုက်ပါ။ Google က 2 + 3 = 5 ဆိုပြီး အဖြေ ပြန်ထုတ်ပေးပါလိမ့်မယ်။ ဒါကတော့ အလွယ်ကူဆုံး သချင်္ာ အဖြေတစ်ခုကို ရှာဖွေခြင်း ဖြစ်ပါတယ်။ ဒီထက် ခက်ခဲတဲ့ ဂဏန်း၊ သချင်္ာ ရလဒ်များကိုလည်း Google က တိကျ မှန်ကန်စွာ အဖြေထုတ်ပေးနိုင်ပါသေးတယ်။

Google Currency Coversion

စင်ကာပူ ဒေါ်လာ ၁၀ဝ မှာ အမေရိကန် ဒေါ်လာ ဘယ်လောက် ပေါက်ဈေးရှိသလဲ သိချင်ပါသလား ? အဲဒီ ပေါက်ဈေးကို ဘယ်ဝက်ဘ်ဆိုက်မှာ သွားကြည့်ရမှာလဲ ? ဒီအတွက် Google က သူ့ရဲ့ User တွေကို မပင်ပန်းရအောင်လို့ ကူညီပေးထားပါတယ်။ Google ရဲ့ Search Box မှာ 100 SGD in USD လို့သာ ရိုက်ထည့်လိုက်ပါ။ Google က စင်ကာပူ ဒေါ်လာ ၁၀ဝ မှာ အမေရိကန် ဒေါ်လာရဲ့ ပေါက်ဈေးကို ဖော်ပြ ပေးပါလိမ့်မယ်။

ဒီနေရာမှာ ကျွန်တော်တို့ မြန်မာ ငွေကြေးကို MMK လို့ အတိုကောက် သုံးပါတယ်။ အရင် Burma အနေနဲ့ တုန်းက BUK လို့ သုံးပါတယ်။ (ကျွန်တော် စမ်းကြည့်တာတော့ Google ရဲ့ Search Result မှာ MMK ကို အခြား ငွေကြေးလို တိုက်ရိုက် ဖော်ပြပေးခြင်း မရှိပါဘူး။) ကျွန်တော့်အနေနဲ့ ကမ္ဘာ့နိုင်ငံများရဲ့ ငွေကြေး အတိုကောက် စာလုံးများကို ဒီ post ရဲ့ အောက်ဆုံးမှာ World Currencies ဆိုပြီး စုစည်း ဖော်ပြ ပေးလိုက်ပါတယ်။ asknumbers.com ကနေ ယူ၍ ဖော်ပြပေးခြင်း ဖြစ်ပါတယ်။

Google Unit Conversion

၁၅ လက်မမှာ cm အနေနဲ့ ဘယ်လောက် ရှိသလဲ …? ၃ မိုင်မှာ centimeters ဘယ်လောက် ရှိသလဲ …? ဒါတွေကို အလွယ်တကူ ရှာဖွေနိုင်ဖို့ အတွက်လည်း Google က သူ့ရဲ့ Search Features မှာ Unit Conversion ကို ထည့်သွင်း ပေးထားပါတယ်။

Google Dictionary Definitions

Google ကို Dictionary တစ်ခု အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် Search Box မှာ Zoo လို့ ရိုက်ထည့်လိုက်ပါက Google က Zoo ရဲ့ Definition အချို့ကို ဖော်ပြ ပေးမှာဖြစ်ပြီး ပြည့်ပြည့်စုံစုံ သိချင်သူတွေအတွက်လည်း More Info ဆိုတဲ့ လင့်များကို ပေးထားပါသေးတယ်။

Google Sports Scores

အင်္ဂလန် ပရီးမီးယားလိဂ်က မန်ယူ အသင်းရဲ့ နောက်ဆုံး ကန်ခဲ့တဲ့ ပွဲစဉ် ရလဒ်ကို သိချင်တယ် ဆိုရင်လည်း Google က ကူညီပေးနိုင်ပါသေးတယ်။ Man Utd လို့သာ ရိုက်ထည့်လိုက်ပါ။ Search Results တွေရဲ့ ထိပ်ဆုံးမှာ မန်ယူအသင်းရဲ့ နောက်ဆုံး ပွဲစဉ် ရလဒ်ကို ဖော်ပြ ပေးပါလိမ့်မယ်။ Google မှာ ကိုယ် သိချင်တဲ့ အသင်းနာမည်၊ တင်းနစ် အားကစား ဆိုရင်တော့ လူနာမည် ပေါ့ဗျာ၊ အဲဒီ နာမည်ကို ရိုက်ထည့် လိုက်တာနဲ့ နောက်ဆုံး ကစားသွားတဲ့ ပွဲစဉ် ရလဒ်ကို ဖော်ပြ ပေးပါလိမ့်မယ်။

Google Public Data

နိုင်ငံ တစ်နိုင်ငံရဲ့ လူဦးရေ၊ အလုပ်လက်မဲ့နှုန်း စတဲ့ အချက်တွေကို လွယ်လင့်တကူ သိနိုင်ဖို့အတွက်လည်း Google က လုပ်ဆောင် ပေးထားပါသေးတယ်။ ဥပမာအားဖြင့် အမေရိကန် နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ရဲ့ လူဦးရေကို သိချင်တယ်ဆိုရင် Google Search Bar မှာ population FL လို့ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် ဖလော်ရီဒါ ပြည်နယ်ရဲ့ လူဦးရေဟာ ဘယ်နေ့၊ ဘယ်ရက်အထိ ဘယ်လောက် ရှိတယ်ဆိုတာကို Google က ပြပေးပါလိမ့်မယ်။

Google Sunrise & Sunset

နိုင်ငံတစ်နိုင်ငံ၊ မြို့တစ်မြို့ရဲ့ နေထွက်ချိန်၊ နေဝင်ချိန်တွေကို ကိုလည်း Google မှာ ကြည့်လို့ ရနိုင်ပါတယ်။ ဥပမာ ရန်ကုန်မြို့ရဲ့ နေထွက်ချိန်ဟာ ဘယ်အချိန်လဲ ဆိုတာကို Google မှာ ရှာကြည့်ချင်ရင် sunrise Yangon လို့ ရိုက်ထည့်ပြီး ရှာရုံပါပဲ။ Google search ရဲ့ ထိပ်ဆုံးမှာ ရန်ကုန်မြို့ရဲ့ နေထွက်မယ့် အချိန်ကို ပြပေးမယ့် အပြင် နေထွက်ဖို့ နောက်ထပ် နာရီ ဘယ်လောက် လိုသေးတယ် ဆိုတာကိုပါ ပြပေးပါလိမ့်မယ်။ နေဝင်ချိန်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ sunrise နေရာမှာ sunset ဆိုတာကို ပြောင်းလိုက်ရုံပါပဲ။

Google Weather

ဒီနေ့ နေသာမလား? မိုးအုံ့မလား ? မိုးရွာမလား ? ဒီလို မိုးလေဝသ အခြေအနေတွေကိုလည်း Google မှာ ရှာလို့ ရနိုင်ပါတယ်။ Weather Yangon, Myanmar လို့ Google Search Bar မှာ ရိုက်ထည့်လိုက်ပါက Google က search results ရဲ့ ထပ်ဆုံးမှာ Yangon မြို့ရဲ့ ရာသီဥတု အခြေအနေကို ဖော်ပြပေးပါလိမ့်မယ်။

World Currencies

Afghanistan Afghanis – AFN
Albania Leke – ALL
Algeria Dinars – DZD
America (United States) Dollars – USD
Argentina Pesos – ARS
Australia Dollars – AUD
Austria Schillings – ATS*
Bahamas Dollars – BSD
Bahrain Dinars – BHD
Bangladesh Taka – BDT
Barbados Dollars – BBD
Belgium Francs – BEF*
Bermuda Dollars – BMD
Brazil Reais – BRL
Bulgaria Leva – BGN
Canada Dollars – CAD
CFA BCEAO Francs – XOF
Chile Pesos – CLP
China Yuan Renminbi – CNY
Colombia Pesos – COP
CFP Francs – XPF
Costa Rica Colones – CRC
Croatia Kuna – HRK
Cyprus Pounds – CYP*
Czech Republic Koruny – CZK
Denmark Kroner – DKK
Deutsche (Germany) Marks – DEM*
Dominican Republic Pesos – DOP
Dutch (Netherlands) Guilders – NLG*
Eastern Caribbean Dollars – XCD
Egypt Pounds – EGP
Estonia Krooni – EEK
Euro – EUR
Fiji Dollars – FJD
Finland Markkaa – FIM*
France Francs – FRF*
Germany Deutsche Marks – DEM*
Greece Drachmae – GRD*
Hong Kong Dollars – HKD
Hungary Forint – HUF
Iceland Kronur – ISK
India Rupees – INR
Indonesia Rupiahs – IDR
Iran Rials – IRR
Iraq Dinars – IQD
Ireland Pounds – IEP*
Israel New Shekels – ILS
Italy Lire – ITL*
Jamaica Dollars – JMD
Japan Yen – JPY
Jordan Dinars – JOD
Kenya Shillings – KES
Korea (South) Won – KRW
Kuwait Dinars – KWD
Lebanon Pounds – LBP
Luxembourg Francs – LUF*
Malaysia Ringgits – MYR
Malta Liri – MTL*
Mauritius Rupees – MUR
Mexico Pesos – MXN
Morocco Dirhams – MAD
New Zealand Dollars – NZD
Norway Kroner – NOK
Oman Rials – OMR
Pakistan Rupees – PKR
Peru Nuevos Soles – PEN
Philippines Pesos – PHP
Poland Zlotych – PLN
Portugal Escudos – PTE*
Qatar Riyals – QAR
Romania New Lei – RON
Romania Lei – ROL*
Russia Rubles – RUB
Saudi Arabia Riyals – SAR
Singapore Dollars – SGD
Slovakia Koruny – SKK
Slovenia Tolars – SIT*
South Africa Rand – ZAR
South Korea Won – KRW
Spain Pesetas – ESP*
Sri Lanka Rupees – LKR
Sudan Pounds – SDG
Sweden Kronor – SEK
Switzerland Francs – CHF
Taiwan New Dollars – TWD
Thailand Baht – THB
Trinidad and Tobago Dollars – TTD
Tunisia Dinars – TND
Turkey New Lira – TRY
United Arab Emirates Dirhams – AED
United Kingdom Pounds – GBP
United States Dollars – USD
Venezuela Bolivares Fuertes – VEF
Vietnam Dong – VND
Zambia Kwacha – ZMK
* Absolute and replaced with EURO

Post by Anzartone
(http://anzartone.22web.net)

6 comments

  • windtalker

    December 21, 2011 at 2:46 pm

    ကြည့်ခဲ့ဖူးတဲ့ စနိုက်ပါ ဇါတ်ကားထဲမှာ
    မင်းသား က အင်တာနက်ဆိုင်ထဲဝင်ပြီး
    ဂူးဂဲကနေ ၊ လူသတ်သမား သုံးတဲ့ စနိုက်ပါရိုင်ဖယ် အမျိုးအစား ကို ဆက်ချ်ဘောက်စ် ထဲ ရိုက်ရှာတာ ကို
    တွေ ့ဖူးသဗျ
    အဲ့ကားထဲမှာဗျာ ၊ ကောင်းလိုက်တဲ့ ကော်နက်ရှင်း ၊ အန်းတား တစ်ချက်ခေါက်တာနဲ ့၊ စာရိုက်လိုက်တဲ့ သေနတ် အမျိုးအစားကော ၊ ဆင်တူတွေကောပါ တန်းကြလာတာကလား

    • နီကီတာ

      December 21, 2011 at 3:21 pm

      ွှအဲ့ကွန်နက်ရှင်က အဲ့ကားထဲမှာပဲ မဟုတ်လား
      ကျုပ်တို့ရွာမှာတော့ အဲလောက်ကောင်းတဲ့
      ကွန်နက်ရှင် မတွေ့ဖူးပေါင်..။ 😀

    • မှော်ဆရာ

      December 21, 2011 at 5:00 pm

      အဲဒါ ယုတ္ထိမရှိတာတွေ ရိုက်ပြတာနေမှာပါဗျာ ..
      မြန်မာနိုင်ငံမှာ လာပြ ၊ အကုန်လုံးက ဝိုင်းရီမှာပေါ့ ..

  • amatmin

    December 21, 2011 at 7:59 pm

    ကို အံစာတုံး ရေ..
    ကျေးဇူး ပါဗျ.. တချို search လုပ်တာလေးတွေကို ဒါဖတ်မိ မှ သတိထားမိတော့ တယ်..
    ပါးစပ် ကတော့ အော်နေတာပဲ googling ….လို့ 🙂

  • ပေါက်ဖော်

    December 21, 2011 at 9:29 pm

    ဟေ့လူ..
    ရွာထဲလဲ မကြာမီကြာ..လာတင်လှည့်ပါဦး….
    အနော်က အာစိရဲ့ဘလူး သုံးမွှာပူးကို မ.သွားတဲ့..ချိုလာဂိုဂို ပါ
    😆

  • thit min

    December 22, 2011 at 9:30 pm

    ကျနော်ထင်တာ အံဇာတုံးဆိုတာ အရင်က Cube ပေါ့နော်။
    စာရေးကောင်းသူတယောက်ပျောက်နေတာ သူပါဘဲလေ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    “* Absolute and replaced with EURO” ကတော့ အခု
    တော့ ပါးစပ်ရာဇဝင်လေး တခုဖြစ်ခဲ့ပြီဗျို့။

Leave a Reply