အရှိတရားများ၏ နောက်ကွယ်မှ

 အသိတရားမွေးရနံ့များ

တိတ်တဆိတ်လှည့်ဖျားခြင်းထံပါး၌

မျက်စိလည်လမ်းမှားလေသောအခါ

အတ္တ၏ မျက်နှာမူရာ၌

မာနတရားသည် တံခွန်ထူအလံလွင့်ကာ

တဏှာလောဘတို့နှင့်အတူ  

 စစ်ချီလာကြလေပြီ……။

ဝန်းကျင်တစ်ခုလုံးလည်း

ရမ္မက်အမှောင်ဖုံးကာ

သာထေယျများနှင့် လှည့်စားလျက်

လောကအလယ်တွင်

ကျင်လည်ကျက်စားမိလေပြီ…..။

ထိုသံသရာဝဲဂယက်တွင်

အဆိုးကိုထည့်သွင်းပြီး လှည့်ပတ်စေသောအခါ

စာရိတ္တမဏ္ဍိုင်များ တ၀ုန်းဝုန်းပြိုကျလျက်

တွယ်ရာကမ်းလည်းမဲ့ရချေပြီ….။

သစ္စာတရားအရောင်ကိုလည်း မမြင်နိုင်

မေတ္တာတရားတို့သည်လည်းဆိတ်သုန်း

နစ်သထက်နစ်လာ ရေစုန်မှာမျှောရင်း

ကမ္ဘာလောကအတွက် ဆန်ကုန်မြေလေး

လူငခွေးတစ်ယောက်ဖြစ်လေပြီလား ….။

ဒဿနတရားတွေကြားမှာ

ဆက်အတွေးဖြန့်ရင်း

ဆင်းရဲခြင်းထောင်ချောက်အတွင်းမှ

ရုန်းမထွက်နိုင်သော..ငါ ….

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။