ထောင်ချောက်…

kotun winlattDecember 21, 20111min985

အရှိတရားများ၏ နောက်ကွယ်မှ

 အသိတရားမွေးရနံ့များ

တိတ်တဆိတ်လှည့်ဖျားခြင်းထံပါး၌

မျက်စိလည်လမ်းမှားလေသောအခါ

အတ္တ၏ မျက်နှာမူရာ၌

မာနတရားသည် တံခွန်ထူအလံလွင့်ကာ

တဏှာလောဘတို့နှင့်အတူ  

 စစ်ချီလာကြလေပြီ……။

ဝန်းကျင်တစ်ခုလုံးလည်း

ရမ္မက်အမှောင်ဖုံးကာ

သာထေယျများနှင့် လှည့်စားလျက်

လောကအလယ်တွင်

ကျင်လည်ကျက်စားမိလေပြီ…..။

ထိုသံသရာဝဲဂယက်တွင်

အဆိုးကိုထည့်သွင်းပြီး လှည့်ပတ်စေသောအခါ

စာရိတ္တမဏ္ဍိုင်များ တဝုန်းဝုန်းပြိုကျလျက်

တွယ်ရာကမ်းလည်းမဲ့ရချေပြီ….။

သစ္စာတရားအရောင်ကိုလည်း မမြင်နိုင်

မေတ္တာတရားတို့သည်လည်းဆိတ်သုန်း

နစ်သထက်နစ်လာ ရေစုန်မှာမျှောရင်း

ကမ္ဘာလောကအတွက် ဆန်ကုန်မြေလေး

လူငခွေးတစ်ယောက်ဖြစ်လေပြီလား ….။

ဒဿနတရားတွေကြားမှာ

ဆက်အတွေးဖြန့်ရင်း

ဆင်းရဲခြင်းထောင်ချောက်အတွင်းမှ

ရုန်းမထွက်နိုင်သော..ငါ ….

5 comments

  • etone

    December 21, 2011 at 11:57 am

    ထောက်ချောက်
    အလွန်ကြောက်
    ရေပဲသောက်
    ဝမ်းကမှောက်
    အစာကပျောက် 😀

    • etone

      December 21, 2011 at 11:59 am

      ထောက်ချောက်
      အလွန်ကြောက်
      ရေပဲသောက်
      ဝမ်းကမှောက်
      အစာကပျောက်
      အငတ်ဘဝရောက် 😀

      (ရိုက်နေတုန်း ဘယ်လိုဖြစ်လို့ … တပိုင်းကြီးပါသွားလဲ သိဘူး .. ဟဲဟဲ )

  • comegyi

    December 21, 2011 at 4:14 pm

    ထောင်ပြီးခြောက်တာ ထောင်ခြောက်ပါ….
    ပိုက်ပိုက်ရှိတဲ့လူ ပိုက်ပိုက်ထောင် ..ခြောက်….
    အာဏာရှိတဲ့လူ အာဏာထောင်……ခြောက်…..
    ဗလရှိတဲ့လူ ဗလထောင်….ခြောက်…
    ဂလိန်စေ့ရှိတဲ့လူ …ငြမ်းဆင်ထောင်ခြောက်..
    ယို့ ….ယို့…..အာဟာ…..ကမ်းအွန်……

  • ပေါက်ဖော်

    December 21, 2011 at 9:24 pm

    ထောင်ခြောက်တွေ.များလှတဲ့..ဘဝဂျီး….
    တော်ဘီ….တော်ဘီ..
    ဘီအီးဘီယာ..ကရင်ဆော်ဒါ..ဖာလူဒါ..စမူဆာ..အပြည့်ထည့်ပြီးတောထွက်တော့မယ်….
    ဝှစ်စ်..ဝှစ်စ်..ဝှစ်စ်..

  • thit min

    December 22, 2011 at 9:40 pm

    စီးပွါးရေးပညာမှာတော့ ဆင်းရဲခြင်းကို နာတာရှည်ရောဂါလို ပြောပါတယ်။
    ကုဖို့အချိန်ယူရတယ်။ရောဂါဒဏ်ဆိုတာရှိမယ်။ ခံနိုင်ရည်ရှိအောင် ကြိုးစားရတယ်ပေါ့ဗျာ။
    ကုလို့ပျောက်မပျောက်ကလည်း မသေချာဘူးတဲ့။
    ထောင်ချောက်လည်း မဆိုးဘူးဗျ။ ကိုယ်ဟာကိုထွက်လို့မလွယ်ဘူးလေ၊ သာမန်အားဖြင့်ပေါ့နော်။

Leave a Reply