ဗုံးပေါက်ပြန်ပြီတဲ့

NovyDecember 21, 20111min885

လှည်းတန်း မီးပိုင့် အနားက အများသုံး အိမ်သာမှာ ဗုံးပေါက်တယ်လို့ ကြားပါတယ်

အခု အိမ်သာ ပတ်လည်နားကိုလည်း အကာတွေနဲ့ ကာထားတယ်လို့

သတင်းရလို့ပါ

ဟုတ်မဟုတ်သိတဲ့လူရှိရင် ပြောပေးပါအုံး

5 comments

  • pan pan

    December 21, 2011 at 12:51 pm

    ဟုတ်တယ် ကောင်မလေးတစ်ယောက် သေသွားတယ်ကြားတယ်

  • Novy

    December 21, 2011 at 1:04 pm

    ဘာတွေမှန်းကို မသိတော့ပါဘူး
    သွားချင်တဲ့ နေရာကို ရဲရဲတင်းတင်း မသွားရဲတဲ့ဘဝ
    အရမ်းကို သတ်တိရှိတယ်ဆိုရင်
    ပြည်သူတွေကို ဒုတ်ခ မပေးပါနဲ့

  • pasi

    December 21, 2011 at 2:47 pm

    တော်တော်သူရဲဘောကြောင်တာပဲ အများသုံးအိမ်သာထဲဗုံးခွဲတယ်တဲ့ ဟားဟား အလကားကောင် ဒီကောင် အိမ်သာတက်ပြီးမှ ပိုက်ပိုက်မပါလို့ဖြစ်မယ်ထင်တယ်

  • နီကီတာ

    December 21, 2011 at 2:57 pm

    ယနေ့နံနက် ၁၁ နာရီ ၅ မိနစ်အချိန် လှည်းတန်းမီးပွိုင့် ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်ရှိ အများပြည်သူသုံးသန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

    အဆိုပါဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အခြားအမျိုးသမီးတစ်ဦးမှာ ဒဏ်ရာအကြီးအကျယ်ရရှိခဲ့ကြောင်း သိရသည်။

    `ဝုန်းဆိုပြီး အသံကြားလိုက်ရတယ်။ ပထမတော့ ဘာဖြစ်မှန်း မသိဘူး။ နောက်တော့မှ ဗုံးပေါက်တာမှန်းသိတာ။ အမျိုးသမီးတစ်ဦးတော့ သေတယ်ကြားတယ်´ ဟု လှည်းတန်းမီးပွိုင့်အနီးတွင် ရှိနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

    အဆိုပါ အများပြည်သူသုံးသန့်စင်ခန်းအတွင်း ဗုံးနှစ်လုံးထောင်ထားခြင်းဖြစ်ပြီး ကျန်ရှိနေသော ဗုံးတစ်လုံးအား အင်ဂျင်နီယာတပ် GE မှလာရောက်ရှင်းလင်းသွားပြီဖြစ်ကြောင်း သိရှိရသည်။

    `လောလောဆယ် ကျန်တဲ့ဗုံးကို တာဝန်ရှိသူတွေ လာရောက်ရှင်းလင်းနေတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးကို တော့ ဆေးရုံကိုခေါ်သွားပါပြီ´ ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

    ဒဏ်ရာပြင်းထန်စွာရရှိသော အမျိုးသမီးတစ်ဦးမှ စိုးရိမ်ဖွယ်အခြေအနေရှိပြီး သေဆုံးသည့် အမျိုးသမီးတစ်ဦး၏ လက်အပိုင်းအစများနှင့် အသားစများမှာ အများသုံးသန့်စင်ခန်းနှင့် အပြင်ဘက် ကတ္တရာလမ်းပေါ်တွင် ပြန့်ကျဲ လျက်ရှိကြောင်း တွေ့ရသည်။

    ဗုံးပေါက်ကွဲရာနေရာသို့ မီးသတ်ကားများ ဆေးရုံကားများ၊ ဗုံးရှာဖွေရေးအဖွဲ့များနှင့်အတူ လုံခြုံရေး တင်းကျပ် စွာချထားကြောင်း တွေ့ရသည်။

    http://www.myitmakhamediagroup.com/detail.php?newid=467

  • နီကီတာ

    December 21, 2011 at 2:59 pm

    ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းမီးပွိုင့်အနီး အများသုံး သန့်စင်ခန်းတခုတွင် ဗုဒ္ဓဟူးနေ့နံနက် ၁၁ နာရီ ၁ဝ မိနစ် ဝန်းကျင်ခန့် အချိန်က ဗုံးပေါက်ကွဲမှုတရပ် ဖြစ်ပွားရာ လူတဦး သေဆုံးသွား သည်။။

    တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ အများသုံး သန့်စင်ခန်းတခုတွင် ပေါက်ကွဲမှုကြောင့် လူတဦး
    သေဆုံးပြီး တဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

    “အသံက အကျယ်ကြီးပဲ။ ကျနော်တို့ မာလာဆောင် မှတ်တိုင်အကျော်နားက ကြားရတယ်။ အိမ်သာက အလူမီနီယမ်နဲ့ ဆောက်ထားတာ။ ခေါင်မိုးတွေ လန်ထွက်သွားတယ်။ လူတယောက်ကိုတော့ ဆေးရုံကားနဲ့ တင်သွားပြီ။ အထဲမှာ အလောင်းတလောင်း ရှိသေးတယ် ပြောတယ်။ အခုရဲက အပြင်လူတွေကို သွားဖို့ပြောနေပြီ။” ဟု အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသူတဦးက မဇ္ဈိမကို ပြောသည်။

    အခင်းဖြစ်ပွားရာနေရာ အနီးဝန်းတွင် ရဲကားများစွာကိုတွေ့ရပြီး ဝိုင်းအုံကြည့်ရှုသူ အများအပြား ရှိနေသည်။

    အများသုံး သန့်စင်ခန်း၏ အမျိုးသမီးများ သုံးစွဲသည့်ဘက် အခြမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆောက်အဦး၏ အမိုးတခုလုံး ပွင့်ထွက်သွားခဲ့သည်။

    သန့်စင်ခန်းအတွင်း အမိုးအနီးအထိ သွေးစသွေးနများ ပြန့်ကျဲနေသလို မပေါက်ကွဲသေးသည့် ဗုံးတလုံး ကျန်နေသေး သဖြင့် အနီးဝန်းကျင်မှ ရှောင်ရှားပေးရန် ရဲတပ်ဖွဲ့ဝင်များက အနီးရှိ ကြည့်ရှုနေသူများကို လိုက်လံ ပြောဆိုနေပြီး အနံ့ခံခွေးများ၊ ဗုံးရှာကိရိယာများဖြင့် အနီးဝန်းကျင်ကို ရှင်းလင်းမှု ပြုလုပ်နေကြောင်း သိရသည်။

    လက်ရှိအချိန်တွင် တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန်တက္ကသိုလ်ဘက်အခြမ်းနှင် ပြည်လမ်း ရန်ကုန်တက္ကသိုလ်ဘက် အခြမ်းတို့ကို ယာဉ်အသွားအလာ ပိတ်ပင်ထားကြောင်း သိရသည်။

Leave a Reply