nozomi ဆိုလျှင် ကျွန်တော်တို့ ရွာသားအသစ်တွေက ဘူတန်သွားတောလား နှင့် တွဲ၍ မှတ်မိနေကြပါသည်။
ဘူတန်ဘုရင် နှင့် သူ့ မိဖုရားငယ်ငယ်ချောချောလေးပုံကို ရအောင်တင်ပေးနိုင်သော nozomi ကိုးခင်ဗျ။
အဲဒီနောက်ပိုင်း ကျွန်တော် ဖတ်ဖြစ်တဲ့ nozomi ပို့စ်လေးတွေက သပ်သပ်ယပ်ယပ်လေးတွေနှင့် စံနစ်ကျလှပနေတာ သတိပြုမိပါသည်။
သူ့ပို့စ် အချို့အကြောင်း ကျွန်တော် နည်းနည်း ပြန်ပြောပြချင်ပါသည်။

(၁) ရပိုင်ခွင့် နှင့် တာဝန်
http://myanmargazette.net/66252/business-economy/think-tank

အငှားကား ၀ယ်ထောင်ထားသူ မိတ်ဆွေဝန်ထမ်း၏ အတွေ့အကြုံနှင့် ELEVEN ဂျာနယ်ပါ ဆရာ စိုးဘားဒိုင်ရဲ့ ဆောင်းပါးလေးကို ဖေါ်ပြပြီး သူပေးချင်တဲ့ မက်ဆေ့ခ်ျ လေးကို ပေးသွားတာလေးပါ။
သူပေးချင်တာလေးကို နည်းနည်းလေး ကောက်နှုတ်ဖေါ်ပြခွင့်ပြုပါ။

ဒီရက်ထဲ သတင်းစာတွေမှာ ရပိုင်ခွင့် နဲ့ တာဝန် ဆိုတဲ့ စကားလုံးလေး ခဏခဏ တွေ့မိတယ် အခုကိစ္စတွေနဲ့ ဆက်စပ်စဉ်းစားကြည့်မိတာ လူတစ်ယောက် အဖွဲ့အစည်းတစ်ခုက ထိုက်သင့်တဲ့ ရပိုင်ခွင့်ဆိုတာ ယူပြီး၊ရပြီးရင် သူကျေကိုကျေရမဲ့ တာဝန်ဆိုတာက ကပ်ရပ်ပါလာမှာပဲ ရသင့်တာလဲယူ ကျေသင့်တာလဲ ကျေဘို့လိုမယ်

“အခုလိုပြောဖြစ်တာ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ ၊ကုမ္မဏီတွေ၊ လေကြောင်းလိုင်းတွေ ကို အပြစ်တင်တဲ့သဘောမဟုတ်ပါဘူး ၊
ဖြစ်ပြီးခဲ့တာတွေက ပြန်ပြင်လို့တော့ မရနိုင်ဘူး ၊ သက်ဆိုင်တဲ့ လူတွေရော ၊အလားတူလူတွေရော ဒီအဖြစ်အပျက်တွေကနေ သင်ခန်းစာတွေ ကောင်းကောင်းယူနိုင်မှ နောက်ထပ် ဒါမျိုးအမှားတွေ ဖြစ်မလာမှာပါ မယူတတ်ရင်တော့ ဆရာသန်းထွန်း စကားနဲ့ပြောရရင် ငတုံး၊
ငအတွေ ဖြစ်နေဦးမှာပဲ .. အားလုံး ရသင့်တာလဲယူ ကျေသင့်တဲ့တာဝန်လဲ ကျေစေချင်ပါတယ်”

(၂) ရေထဲပြန်ရောက်သွားသောငါးကလေးများ
http://myanmargazette.net/82481/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle

ဒီပို့စ်ကတော့ လတ်လတ်ဆတ်ဆတ် သိတ်မကြာသေးတဲ့ အချိန်ကပို့စ်မို့လို့ တံခါးစောင့်ကြီး ပို့စ်မှာ ရေးပြီးဖြစ်ပါတယ်။
မဖတ်ရသေးသူများအတွက် လင့်လေး ရှာထည့်ပေးလိုက်ပါတယ်ဗျာ။

(၃) မှိုရတဲ့ မျက်နှာ (၁)၊ (၂)
http://myanmargazette.net/77301/creative-writing/my-dear-diary
http://myanmargazette.net/81463/education/learn-how-to-do-just-about-everything

ဒီပို့စ်ကတော့ ငွေနှင်းမှို စိုက်ပျိုးရေးအကြောင်းကို ဓါတ်ပုံတွေပါရိုက်ထည့်ပြီး အသေးစိတ်ရေးထားပေးတဲ့ ပို့စ်လေးပါ။
ကိုသစ်မင်း ရဲ့ ကွန်းမန့်လေးက ကိုနိုဇိုမိရဲ့ စေတနာကို ပေါ်လွင်စေမှာမို့ ဖေါ်ပြခွင့်ပြုပါ။

thit min says:
ကောင်းလိုက်တဲ့ ပို့စ်ပါဘဲ။
မရေးတာကြာပေါ့ ကိုနိုဇိုးမိရေ။
ရေးမဲ့ရေးတော့ တကဲ့ Applied Business ကြီးဘဲ။
ဈေးကွက်ကိုပါတွက်ပြအုန်းနော့ နောက်ပို့စ်တွေမှာ။
စောင့်မျှော်ဖတ်နေအုန်းမှာမို့ ။
လေးစားခင်မင်စွာ(^^)

(၄) this, too, shall pass away
http://myanmargazette.net/77301/creative-writing/my-dear-diary
ပို့စ်ထဲမှာပါတဲ့ သူ့ရဲ့ လေသံလေးကို နည်းနည်းဖေါ်ပြပေးမယ်ဗျာ။ ဖတ်ပြီးသားဖြစ်ချင်လည်း ဖြစ်နေမှာပါ။

အဆင်ပြေနေတာတွေ ၊ ကြည်နှုး ကျေနပ်စရာ တွေကလဲ ခဏချင်း ပျောက်ကွယ်သွားနိုင်တယ် သတိ လက်လွတ် သာယာ ပျော်မြူး မနေပါနဲ့ ၊ ကိုယ်မျှော်လင့်တဲ့ အတိုင်းဖြစ်မလာခဲ့ဘူး အခက်အခဲတွေ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ ရရင်လဲ စိတ်ညစ် စိတ်ပျက်ဖြစ်မနေပါနဲ့ ဒါကို ရင်ဆိုင် ကျော်လွှားနိုင်တဲ့နည်း ၊ ဖြေသိမ့်နိုင်မဲ့ အချိန်ဆိုတာ တွေနဲ့ ကြုံတွေ့လာနိုင်ပါတယ် အချိန်တန်ရင် အားလုံး ပြီးသွားမှာပါ “ this, too, shall pass away ” လို့ စိတ်ထဲကနေ ပြောနေ မိပါတယ် ၊ သူကတော့ ကြားနိုင်ပါ့မလား နားလည် နိုင်ပါ့မလား ….

VIP ဖွဲ့ nozomi ဗားရှင်းလို့ ခေါင်းစဉ်တတ်ချင်ပါတယ်ဗျာ။ အဲဒီပို့စ်လေးမှာပဲ nozomi က သူ့မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းလေးတွေ ပေးကြဘို့ ကွန်းမန့်လေးနဲ့ တောင်းဆိုခဲ့ပါတယ်ဗျာ။

nozomi says:
ပထမက ဒီပို့စ် ကို အေးအေးဆေးဆေး ရေး မနက်ဖြန်လောက်မှ တင်မလို့ပါ
ဒါပေမဲ့ ဒီနေ့နဲ့ မနက်ဖြန်က ခရီးတိုလေးတွေ သွားစရာရှိလို့ အစောဆုံး သဘက်ခါမှ ရွာထဲပြန်ဝင် နိုင်မှာမို့ အခု အမြန်လက်စသပ် တင်လိုက်ရတာပါ
သဘက်ခါ နိုဝင်ဘာ ၂ ရက်နေ့ က ကျွန်တော့ မွေးနေ့ပါ ၊ ရွာထဲ ပြန်ရောက်တဲ့ အချိန် ကျွန်တော့်ကို ချစ်ခင်တဲ့ ရွာသူ၊ရွာသား တွေရဲ့ မွေးနေ့ အမှတ်တရ စကားလေးတွေများ ဖတ်ခွင့် ရရင် ဘယ်လောက်တောင် ပျှော်ဘို့ကောင်းမလဲ မသိ ၊ တွေးကြည့်တာနဲ့တင် ရင်ခုန်နေရပါပြီ
ကျွန်တော်ကသာ အနုပညာနဲ့ ပတ်သက်လို့ ဘာမှ အဖြစ်မရှိတာ ၊ ဦးကျော်သူ၊နီကိုရဲ၊ နန္ဒာလှိုင် တို့နဲ့ တစ်ရက်ထဲမွေးတာပါ
ဦးကျော်သူ ရဲ့ အနုပညာ၊ လူမှုရေးလုပ်ငန်း အားပေးတဲ့သူတွေလဲ ဦးကျော်သူအတွက် မွေးနေ့ဆုတောင်းလေး၊ အားပေးစကားလေးတွေ ပြောပေးရင် ၊ ပရင့်ထုတ်ပြီး အခြေအနေပေးတာနဲ့ ဦးကျော်သူဆီ ပို့ပေးပါမယ် (သူကြီးကို အားကျလို့..)

ရွာသူရွာသားတွေကလည်း nozomi ရဲ့ မွေးနေ့လေးအတွက် ၀ိုင်းဆုတောင်းပေးလိုက်ကြတာ ကွန်းမန့်ပေါင်း ၃၈ ခု အထိ ဖြစ်သွားရပါတယ်ဗျာ။
ကျွန်တော်တို့ သူကြီးရဲ့ မွေးနေ့ဆုတောင်း ကွန်းမန့်လေးကို အမှတ်တရပြန်ဖေါ်ပြချင်ပါတယ်။

kai says:
နိုဇိုးမိ ကိုဂျပန်မှာ ရထားစီးရင် တွေ့တွေ့ဖူးတာမို့ သတိတရ ရှိတာပါ..။
ကျည်ဆန်ရထား.. အမြန်ရထားလိုင်း တခုရဲ့နာမယ်လေ..။
ကျည်ဆန်လို့ စူးစူးနစ်နစ်.. ထိထိရောက်ရောက် ဖောက်ထွင်း..ထီတွင်တွေးခေါ်တတ်သူ ဖြစ်စေဗျာ..။
မွေးနေ့ဆုမွန်ပေါ့နော…။
(နောက်ကိုမရောက် ရှေ့ထွင်းဖေါက်သည် ထီထွင်တွေးသည့် နိုဇိုးမိ…။)
ကိုကျော်သူကတော့.. ယူအက်စ်လာတုံး.. သေသေချာချာ မိတ်ဆက်တွေ့လိုက်ရပါရဲ့..။
အမြဲတန်း..ရင်ထဲကရော.. ကိုယ်အားနဲ့ပါ.. အားပေးလျှက်ပါလို့..။
ယောင်လို့မှ..ဘုန်းကြီးဝတ်မယ် စိတ်မကူးပါနဲ့လို့..။

ကျွန်တော်လည်း ဆုတောင်းပေးထားသေးတယ်နော် ကိုနိုဇိုမိရေ။

(၅) KLIA အကြောင်း တစေ့တစောင်း
http://myanmargazette.net/68966/travel

KLIA ဆိုတာ Kuala Lumpur International Airport ပါ ၊ ကမ္ဘာပေါ်မှာ မြန်မာတွေ တတိယအများဆုံးရှိတဲ့ နိုင်ငံက လေဆိပ်အကြောင်း
ပြောရမှာ နဲနဲတော့ တွန့်မိပါတယ် ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ရန်ကုန်လေဆိပ်ဆို ဧည့်သည်သွားကြိုလို့ ၊ ကိုယ်တိုင်ခရီးသွားလို့ ရောက်ဘူးပေမဲ့ ဘယ်နေရာကဘာဆိုတာ သိပ်သိတာမဟုတ်ဘူး ကွာလာလမ်ပူလေဆိပ်ကို ရောက်ဘူးတဲ့ ရွာသားတွေလဲ ဖြတ်သွားရုံဆို သတိထားမိမှာ မဟုတ်ဘူး
အဲဒါကြောင့် အချိန်နဲနဲယူပြီး မရောက်ဘူးသေးတဲ့သူ ရောက်ဘူးသော်လည်း သတိမထားမိသေးတဲ့သူတွေအတွက် ဒေသန္တရဗဟုသုတ အလိုငှာ
တစ်စေ့တစ်စောင်း ငဲ့စောင်းလို့ကြည့်လိုက်ပါတယ်နော

အဲဒါပဲဗျာ။ ကွာလာလမ်ပူ လေဆိပ် အကြောင်းကို ဓါတ်ပုံလေးများနဲ့ ရေးသားပေးထားတဲ့ တန်ဘိုးရှိတဲ့ ပို့စ်ကောင်းလေး တစ်ခုပါ။

(၆) ပြည်ထောင်စုအင်္ဂါစဉ်
http://myanmargazette.net/66375/politics-news-issues

ဒါကတော့ နိုင်ငံရေး ပို့စ်လေးပါဗျာ။ သူ့ ပို့စ်မှာပါတဲ့ စာသားလေး စိတ်ဝင်စားဘို့ ကောင်းလို့ ဖေါ်ပြပေးပါရစေ။

ကျွန်တော် လက်ခံထားတဲ့ နိုင်ငံရေးဆိုတာလေးလဲ ပြောချင်ပါတယ် နိုင်ငံ့အရေးအရာတွေကိုလုပ်တာ နိုင်ငံရေးပါ ကျောင်းသားက စာတတ်အောင်သင်မယ် ဆရာဝန်ကလူနာတွေကိုဆေးကုပေးမယ် စာရေးဆရာက အသိပညာဗဟုသုတတွေ တွေ ဖြန့်ဝေမယ် ဒါနိုင်ငံရေး လုပ်တာပါပဲ အခု ဒီပို့စ်လေးတင်လိုက်တာလဲ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတွင်းကလူတွေ သိသင့်သိထိုက်တာ ဖြန့်ဝေပေးတာဖြစ်လို့ ဒါလဲ နိုင်ငံရေးပါပဲ…….

(၇) နဂါလေးတို့ ပြည်သို့ (၁-၂-၃)

http://myanmargazette.net/74428/travel
http://myanmargazette.net/74941/travel
http://myanmargazette.net/75990/travel

အဲ… ဒီလောက်ဆိုရင် ကိုနိုဇိုမိ ဘယ်လိုစာတွေရေးတယ်ဆိုတာ ကျွန်တော်တို့ ရွာသူရွာသား အသစ်တွေ ခန့်မှန်းလို့ ရလောက်ပါပြီနော။
ကျွန်တော် ပြောချင်တာက အခုမှ လာမှာပါ။ ကိုနိုဇိုမိ ပို့စ်တွေထဲမှာ ထူးထူးခြားခြား အခန်းဆက်ရေးထားတဲ့ ပို့စ် ၇ ခု ရှိနေပါတယ်ဗျာ။
ခရီးသွားဆောင်းပါးနဲ့ ဓါတ်ပုံလေးတွေပါပဲ။ ခရီးသွားတာက သိတ်မထူးခြားပါဘူး။ သွားတဲ့ နိုင်ငံက ထူးခြားတာပါဗျာ။
ဟုတ်ကဲ့ သွားခဲ့တာက ကမ္ဘာပေါ်မှာ လူနေမှုအဆင့်မြင့်ဆုံးနိုင်ငံ၊အချမ်းသာဆုံးနိုင်ငံ၊ ၀င်ငွေထဲက လှူဒါန်းမှုအရက်ရောဆုံးနိုင်ငံ၊ ငြိမ်းချမ်းရေးနိုဘယ်ဆုပေးတဲ့နိုင်ငံ၊လူ့အခွင့်အရေးအပြည့်ဝဆုံးနိုင်ငံ အစရှိတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ နော်ဝေး နိုင်ငံကိုပါ။
နော်ဝေးဆီသို့ ဆိုတဲ့ အပိုင်း ၇ ပိုင်းပါ ပို့စ်လေးတွေပါ။ ကျွန်တော် ၀င်ပွားရမယ့် ကိစ္စမျိုး မဟုတ်ပါသဖြင့် ကိုယ်တိုင် ဖတ်ရှုကြရန် တိုက်တွန်းပါသည်။
လင့်လေးတွေ ရှာဖွေစုစည်းပေးလိုက်ပါသည်။

နော်ဝေးဆီသို့
http://myanmargazette.net/61772/travel

နော်ဝေးဆီသို့ (၂)
http://myanmargazette.net/61840/travel

နော်ဝေးဆီသို့ (၃)
http://myanmargazette.net/62006/travel

နော်ဝေးဆီသို့ (၄)
http://myanmargazette.net/62380/travel

နော်ဝေးဆီသို့ (၅)
http://myanmargazette.net/62456/travel

နော်ဝေးဆီသို့ (၆)
http://myanmargazette.net/62552/travel

နော်ဝေးဆီသို့ (၇)
http://myanmargazette.net/63032/travel

အခုလောလောဆယ် nozomi ၏ ပုဂံ နဲ့ ပတ်သက်တဲ့ ပို့စ်လေးတွေကိုလည်း လင့်လေးတွေ စုစည်းပေးလိုက်ပါတယ်ဗျာ။

မီးပုံးပျံကြီး ဘယ်လိုပျံ
http://myanmargazette.net/85955/education/learn-how-to-do-just-about-everything

ကောင်းကင်ပေါ်က မြင်ရတဲ့ ပုဂံ
http://myanmargazette.net/85540/travel

မြန်မာတွေအားလုံးရဲ့ ပုဂံ
http://myanmargazette.net/85476/travel

နောက်ဆုံးတင်ထားတာကတော့

ပထမဆုံးလေယဉ်မယ်များ
http://myanmargazette.net/86661/business-economy/jobs-careers

ဆိုတဲ့ ပို့စ်လေးပါဗျာ။

nozomi ရဲ့ ပို့စ်လေးတွေကသပ်သပ်ယပ်ယပ်လေးနဲ့ လှလှပပ ပို့စ်လေးများဖြစ်ပါကြောင်း ပြောဆိုရင်း

ကျွန်ုပ်ဘလက်ကို နှုတ်ဆက်ခွင့်ပြုပါ ခင်ဗျာ။

black chaw

About black chaw

black chaw has written 332 post in this Website..