သစ်ပင်လူသား

NovyDecember 21, 20112min1948

တုန်လှုပ်ခြောက်ခြားဖွယ် သစ်ပင်လူသား

အသက် ဆယ့်ငါးနှစ်အရွယ်တုန်းက Dede Koswara ဟာ ငါးဖမ်းသမားတစ်ဦးဖြစ်ဖို့ လေ့လာသင်ယူခဲ့တယ် ။
သူဟာ အဆောက်အဦးတွေ ဘယ်လိုတည်ဆောက်သလဲဆိုတာကိုလည်း လေ့လာယူသင်ယူခဲ့တယ် ။
အင်ဒိုနီး ရှားနိုင်ငံ မှာ ပျော်ရွှင်စရာလူငယ်လေးတစ်ယောက်အဖြစ်နဲ့ပေါ့ ။
အဲဒီနောက်ပိုင်း . . သူဟာ သူ့ဒူးခေါင်း ကိုဖြတ်ပစ်ခဲ့ရတယ် ။
အဲဒီကနေစလို့ ကံကြမ္မာဆိုးကြီးတစ်ခုဟာ ဘဝတစ်ခုလုံး ကို ဗြောင်းပြန် ဆန်အောင် မွှေနှောက် ပစ်ခဲ့တယ် ။

သူ့ဒူးခေါင်းဟာ အချိန်အကြာကြီးတိုင်အောင် အနာကျက်ဖို့ခဲယဉ်းနေသလို ပွန်းပဲ့ရာလေးတစ်ခုကနေစပြီး

ကြွက်နို့လေး တစ်ခုဖြစ်ပေါ်လာခဲ့တယ် ။ အဲဒီနောက်ပိုင်းမှာ ကြွက်နို့တွေဟာ ပတ်ပတ်လည် များပြားလာ ခဲ့ရတယ် ။
အဲဒီလိုနဲ့သူဟာ ငါးဖမ်းသမားတစ်ယောက် ဆောက်လုပ်ရေးသမားတစ်ဦးအနေနဲ့ အိမ်ထောင်တွေ ဘာတွေကျပြီး
ကလေးတွေ သားသမီးတွေ ထွန်းကားခဲ့တယ် ။ ဒါပေမယ့် ပြဿနာဟာ တဖြည်းဖြည်း ဆိုးသထက်ဆိုးရွားလာခဲ့ရတယ် ။
နှစ်တွေကြာလာတဲ့အခါ ကြွက်နို့တွေဟာ မြင်မကောင်းလောက်အောင်ပွား များလာခဲ့တယ် ။
ပြည်တွင်းဆရာဝန်တွေနဲ့ ကုသပေမယ့်လည်း Dede ဟာ ကြွက်နို ့တွေ အလွန်အမင်းများပြားလာတဲ့အတွက်
နာမည်သစ်တစ်ခုတွင်ခဲ့ပါတယ် ။
“ သစ်ပင်လူသား ” တဲ့ ။

Dede ဟာ ဒီလိုအနေအထားနဲ့ နှစ်ပေါင်း ၂ဝ ကြာနေထိုင်ခဲ့တယ် ။
ဒါဟာတကယ်တော့ HPV လို့ခေါ်တဲ့ Human Papilloma Virus ကူးစက်ခံရခြင်းဖြစ်ပြီး
ပိုဆိုးသွားစေတဲ့အချက်ကတော့ ဒီဒီရဲ့ ကိုယ်ခံအား စနစ်ကြောင့်ပဲဖြစ်ပါတယ် ။
အမေရိကန်ဆရာဝန်တွေ လာရောက်စဉ်က ဒီဒီကို AIDS ကူးစက်ခံရတယ်လို့ ယူဆခဲ့ကြပါသေးတယ် ။
ကဲ ဒါဆို ဒီဒီရဲ့ ကိုယ်ခံအားစနစ်ဘာကြောင့် ရုတ်တရက်ကြီး ထိုးကျသွားခဲ့ရပါသလဲ ။
စမ်းသပ်မှုတွေမှာတော့ ဒီဒီမှာ AIDS မရှိသလို သူ့ရဲ့ ကိုယ်ခံအားစနစ်ဟာ စိတ်ဝင်စားဖွယ်ရာ
ဒဏ္ဍာရီတစ်ပုဒ်သဖွယ်ဖြစ်လို့နေခဲ့တယ် ။ သူ့ရဲ့ ဒီကြွက်နို့တွေဟာနာကျင်မှုမရှိခဲ့ဘူး ။
ဒါပေမယ့်တဖြည်းဖြည်း ကြီးထွား လာလိုက်တာ သစ်ခေါက်တွေနဲ့ ဆင်တူလာပြီး သူ့ခြေထောက်တွေကို
ကြည့်ကြပါဦး ဘယ်လောက် သနားစ ရာကောင်းသလဲလို့ ။ သူ့လက်ဟာ အစာစားလို့မရနိုင်လောက်အောင်
ဆိုးရွာပြင်းထန်လာခဲ့တယ် ။ သူဟာ သူ့ကလေးတွေကို ထိတွေ့ကိုင်တွယ်လို့မရတော့ဘူး ။
တကယ်တော့ သူ့မိသားစုမှာ ကြွက်နို့ တစ်လုံး တလေ မှမရှိပါပဲ သူတစ်ယောက်တည်းပဲဖြစ်နေရခြင်းဖြစ်ပါတယ် ။
ဒါပေမယ့် ကြီးထွားပျံ့နှံ့မှုနှုန်းက အ ရမ်းမြန်တော့ သူဟာ ဘာခံစားမှုမှမခံစားရတော့ပါဘူး ။

ဒါနဲ့ပဲ အမေရိကန်မှ အရေပြားအထူးကုဆရာဝန် Anthony Gaspari ဟာ အင်ဒိုနီးရှားအစိုးရနဲ့ ပူးပေါင်းပြီး
ဒီဒီကို ကုသဖို့ ဆုံးဖြတ်ခဲ့တယ် ။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလမှာ ဒီဒီရဲ့ ကြွက်နို့ ၄ ပေါင်မှ ၁၂ ပေါင်အတွင်းကို
ခွဲစိတ်မှုပေါင်း ၈ ခုလုပ်ပြီး ဖယ်ရှားပေးခဲ့တယ် ။ ခွဲစိတ်မှု ၄ ခုလုပ်ပြီးတဲ့အခါမှာ သူဟာ ဘောပင်ကို
ကိုင်နိုင်လာခဲ့တယ် ခက်ရင်းကိုလည်းကိုင်နိုင်ပြီး အနည်းဆုံးတော့ သူ့ခြေထောက်ပုံသဏ္ဍာန်လေးကို
ပုံမြင်လာခဲံတယ် ။ မမျှော်လင့်ပဲ ဆရာဝန်တွေက ဒီဒီရဲ့ အနာဂါတ်မှာ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့
အာမခံချက်မပေးနိုင်ခဲ့ကြဘူး ။ Gaspari မျှော်လင့်တာကတော့ ဒီဒီဟာ အမေရိက ဗီဇာ ရရှိပြီး အမေရိကားမှာ
လာရောက်ကုသဖို့ပါပဲ ။ အကယ်၍သာ သူဟာ ခုခံအားစနစ်ကို ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင် HPV ကို
တိုက်ထုတ်နိုင်မယ်ဆိုရင် သူ့ကြွက်နို ့တွေဟာ ဆက်လက်ကြီးထွားလာတော့မှာမဟုတ်ပါဘူး ။ ယခုအချိန်အထိတော့
ခွဲစိတ်ကု သပြီး တာတောင် ကြွက်နို့တွေက ကျန်သေးတုန်းပါပဲ ။ဆက်လက်ကြီးထွားနေတုန်းပါပဲ ။

ဒီဒီမျှော်လင့်တာကတော့ သူ့ကို တစ်နေ့နေ့ကုသပေးမယ့် ဆရာဝန်နဲ့ သူ့ကိုနား လည်ပြီး

လက်ထပ်ပေး မယ့်အမျိုးသမီးတစ်ဦးကိုပါတဲ့ ။ ဘာကြောင့်လဲဆိုတော့ ကလေးတွေအမေ သူ့ပထမမိန်းမဟာ
ဒီဒီရဲ့ ကြွက်နို့တွေ ကြီးထွားလာတာနဲ့ သူ့ကို စွန့်ခွာသွားတဲ့အတွက်ဖြစ်ပါတယ် ။

8 comments

  • Novy

    December 21, 2011 at 1:14 pm

    သိပြီးသား ရှိပြီးသားဆိုရင်လဲ
    ခွင့်လွတ်ပေးပါနော်
    သူငယ်ချင်းတစ်ယောက်ပို့လာလို့
    ထူးဆန်းလို့ တင်လိုက်တာပါ

  • Moe Z

    December 21, 2011 at 1:26 pm

    မေးလ်ထဲမှာတော့ရဖူးတယ် ဝဍ်ပဲနော် သနားပါတယ်..

    • inz@ghi

      December 21, 2011 at 1:30 pm

      ၂၀၀၈ခုနှစ်ကတည်းက ကုသပျောက်ကင်းခဲ့ပါပြီကွယ် …

      ဇက်ကလေးတနားနေတယ်ဆိုလို့ ..ရှာဖွေ ဖော်ထုတ်ပေးလိုက်ပါဒယ်…

      http://www.dailytelegraph.com.au/news/world/tree-man-dede-cured-human-papiloma-virus-warts-vanished/story-e6frev00-1111117642696

      ပုံ
      အောက်က ဂတ်တူဆိုဂျီးလို မသေမချာ မရေမရာမလုပ်တတ်တဲ့
      မာကူဇာ ကိုယ်တော်ဂျီး

        • inz@ghi

          December 21, 2011 at 1:39 pm

          どういたしまして。。
          😛

  • ဆူး

    December 21, 2011 at 1:27 pm

    ဒါလေးက ကြာတော့ ကြာပါပြီ။
    အခုလောက်ဆို ကောင်းလောက်ရောပေါ့။

  • manawphyulay

    December 21, 2011 at 1:32 pm

    အတော်တော့ ကြာပါပြီ။ ခုလောက်ဆို ကောင်းရင်ကောင်း ဒါမှမဟုတ် ရှိကော ရှိသေးရဲ့လား။

  • ပေါက်ဖော်

    December 21, 2011 at 10:04 pm

    ကျနော်လဲ ကြွက်နို ့ပေါက်ဖူးတယ်..ခြေသလုံးမှာ..
    တစ်လုံး..နှစ်လုံး..ခုနစ်လုံး..ထိပွားလာတာ.
    နောက်တော့..သူ ့ဘာသာ ပြန်ပျောက်သွားတယ်..
    ဘယ်ချိန် ပြန်ပေါ်လာဦးမလဲ မသိဘူး..
    ဖလား.ဖလား..

    ကြက်သီးတောင်ထတယ်..
    အလာကယ်ဘာ.အပြန်ကယ်ဘာ..သဂျီး.တစ်သိန်းလောက် ချေးဘာ
    😯

Leave a Reply