အမှတ်တရ အလွဲ…………

superDecember 21, 20111min583

Super ရဲ့ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးတွေကို ချရေးချင်တယ်၊ ရွာသူားများသည်းခံ ဖတ်ပေးကြပါဗျာ…

လူတိုင်းလူတိုင်းမှာ အမှတ်တရလေးတွေတော့ ရှိကြမှာပါ၊ ရွာသူားတွေလည်း အမှတ်တရလေးတွေ ကိုယ်စီရှိကြမှာပါနော်…….

Super ရဲ့ Service စလုပ်ခါစ မကျွမ်းကျင်သေးတဲ့ လုပ်ငန်းခွင်အမှတ်တရများပေါ့ဗျာ…….

Super တို့ လုပ်တဲ့ဆိုင်က Computer Sales & Service Center လေ၊ အဲ့ဒီမှာ လူကနည်းနည်းရယ်ဗျ၊ မန်နေဂျာရယ်၊ Super ရယ်၊ အဝယ်တော် တစ်ယောက်ရယ် အားလုံးမှ သုံးယောက်ပဲ ရှိတာလေ ဆိုင်ကို Super ရောက်တယ်ဆိုရင်ပဲ လုပ်ရမယ့် အလုပ်တွေက တန်းစီနေပြီ မန်နေဂျာ အစ်မက Super ရေ Window တင်ပေးရမယ့်စက်က ၃ လုံးရှိတယ်နော်၊ စက်ကလုံးဝတက်မလာလို့ စစ်ပေးရမယ့်စက်က ၁ လုံးစစ်စရာ ရှိတယ် ပြီးရင် ဂိမ်းခွေအသစ်ရောက်လာတွေလဲစမ်းဦး၊ ဟုတ်ကဲ့ဆိုပြီး လုပ်ရမယ့်အလုပ်တွေ Super တန်းစီပြီးလုပ်ရတော့တာပေါ့၊ နေ့လည်ထမင်းစားပြီး ဂိမ်းစီဒီတွေ စမ်းနေတုန်းမှာပဲ နေ့လည် ၃ နာရီထိုးသွားတာပေါ့၊ အဲ့ဒီမှာ ကွန်ပျူတာအခြေခံ လိုက်သင်ပေးရတဲ့အိမ်က လာခေါ်ပါလေရော၊ Super လိုက်သွားသင်ပြီး ညနေ ၅ နာရီထိုးရုံးကို သူတို့ကပြန်လိုက်ပို့ပေးပြီး ကိုယ့်တာဝန်ချိန်ပြီးပြီ၊ အိမ်ပြန်ဖို့ ပြင်နေတဲ့အချိန် မန်နေဂျာအစ်မက Super နင်အိမ်မပြန်သေးနဲ့ဦး အခု Printer မှာစာရွက်ညှပ်တာ ထုတ်မရလို့တဲ့ လာခေါ်တယ် အဲ့ဒါလိုက်လုပ်ပေးလိုက်ဦး၊ ငါလည်း မပြန်သေးဘူး၊ နင့်ကိုစောင့်ပေးမယ်တယ်၊ အဲ့ဒါနဲ့ Super လည်းဟုတ်ကဲ့ဆိုပြီး Printer စာရွက်ညှပ်တဲ့ မိတ္တူဆိုင်ကို လိုက်သွားတာပေါ့ဗျာ၊ Printer ဘယ်မှာလဲမေးတော့ ဒီမှာပါဆိုပြီးပြတာနဲ့ Super လည်း ခါတိုင်းလို Printer ကို HP နဲ့ Canon series ထဲကလို့ို့ထင်တာပေါ့ ဒါပေမယ့်ဗျာ Spuer ထင်သလိုဘယ်ဟုတ်ပါ့မလဲဗျာ Oki Printer ဖြစ်နေပါရော၊ အဲ့ဒါမှ ပြဿနာပဲ Super ကအဲ့ဒီ Printer မျိုးတစ်ခါမှ မလုပ်ဘူးဘူး၊ ချွေးပြန်ပြီဗျာ၊ မိတ္တူဆိုင်ကတစ်ယောက်ကလည်း ရအောင်လုပ်ပေးပါလို့ ပြောတော့ Service လိုက်လာပြီး မရဘူးလို့ပြောရမှာလဲ ခက်တော့ ထူးပါဘူးလေဆိုပြီး Printer ကိုလှည့်ပတ်ကြည့် အဲ နပ်တွေတော့ တွေ့ပြီး ဖြုတ်ကြည့်လိုက်ဦးမှဆိုပြီး Super လည်း နပ်နှစ်လုံးသွားဖြုတ်တာ မရဘူးဗျို့၊ အဲ့ဒါနဲ့ တွေ့တဲ့နပ်ဖြုတ်ပြီး ထုတ်လို့ရမရစမ်းလိုက်လုပ်နေတာ မရတော့ ခပ်တည်တည်ပဲ လုပ်ရတာကြာမှာဆိုတော့ ကျနော် ရုံးယူသွားမယ်ဗျာ ဖြုတ်ပြီးထုတ်ရမှာမို့လို့ မနက်ကျမှလာယူတော့ဆိုပြီး Super လည်း Printer သည်ပြီး ရုံးပြန်ခဲ့တာပေါ့ဗျာ မန်နေဂျာက စာရွက်ညှပ်တာလေးသွားထုတ်တာ ဒီလောက်ကြာရသလားဆိုပြီး ကျနော့်ကို ဆူတာပေါ့၊ ကျနော်လည်း ခါတိုင်းပရင်တာမဟုတ်ဘူးဗျ Oki ကျတော့ ကျနော်လည်း မလုပ်တတ်ဘူး၊ ဒါပေမယ့် နပ်ကိုသွားဖြုတ်တာ အဆင်မပြေဖြစ်လို့ အခုယူလာခဲ့တာလို့ပြောတော့ မင်းကတော့ ဖြစ်ရမယ် အရာရာနဲ့အကြောင်းကြောင်းဆိုပြီး အဲ့ဒါနဲ့ပေါ့ဗျာ ကျနော်လည်း ယူလာတဲ့ Printer ကိုပြန်ကြည့်တော့ စောစောက နပ်ဖြုတ်တဲ့နေရာမှာ ဆိုင်ကယ်ကခုန်တော့ ကျွံဝင်သွားပါလေရော ဟာ အဲ့ဒါမှ ဒုက္ခဆိုပြီး Super လည်း ငိုချင်စိတ်ပေါက်သွားတာ၊ မန်နေဂျာလည်း မပြန်နိုင်သေးပဲ ကျနော်နဲ့အတူ နှစ်ယောက်သား Oki Printer ကိုဖွင့်ကြပါလေရောဗျာ ညှပ်နေတဲ့  စာရွက်ကလည်း ထွက်မလာပဲ တစ်စစီဖြုတ်သလိုကိုဖြစ်လို့ အဲ့ဒီမှာ တက်ကလေးတစ်ခုက ကျိုးသွားသေးတယ်ဗျ၊ တတ်နိုင်ပါဘူးလေဆက်ဖြုတ်မှဆိုပြီး နှစ်ယောက်သား မီးကလဲ ပျက်နေတော့ မီးအိမ်လေးဘေးချပြီး အပြိုင်ဖြုတ်ကြတာပေါ့၊ နောက်ဆုံးကျန်တဲ့ နပ်နှစ်လုံးပဲရှိတော့တယ် ဆိုပြီးဖြုတ်လိုက်တာဗျာ အဲ့ဒီမှာ အဖြေကတွေ့တာပဲဗျို့၊ လွယ်တာကို ခက်နေတာဗျာ၊ အစောကတည်းက အဲ့ဒီ နပ်နှစ်လုံးကို ဖြုတ်လိုက်ရင် ပြီးပြီဗျ၊ အဲ့ဒီ Printer က ကာဗာကို နပ်နှစ်လုံးနဲ့ဆွဲထားတာ စာရွက်ညှပ်လို့ထုတ်ချင်ရင် အဲ့ဒီ နပ်နှစ်လုံးဖြုတ်ပြီး ကာဗာကိုဖယ် ထုတ်လိုက်ရုံပဲဗျာ မသိတော့ Printer ကိုဖြုတ်လိုက်တာ တစ်စစီဖြစ်တဲ့အပြင် တက်ပါကျိုးလို့ ရော်ရမယ့်ကိန်းဆိုက်ရောဗျို့၊ အဲ့ဒီအဖြေသိသွားပြီး Printer ကို နဂိုအတိုင်း ပြန်တပ်ပြီးတဲ့အချိန်က ည ၈နာရီထိုးနေပြီ၊ မနက်ကျမှ Printer ကိုရမရစမ်းတော့မယ်လေဆိုပြီး မန်နေဂျာလည်း အဲ့ဒီအချိန်မှပြန်၊ ကျနော်လည်း အိမ်ပြန်ခဲ့လိုက်တာ၊ အိမ်ကျတော့ Super ညအိပ်လို့တောင်မပျော်ဘူး၊ မနက် Printer မရတော့ရင် ရော်ဖို့ ပိုက်ဆံမရှိဘူးလေဗျာ၊ အဲ့ဒါနဲ့ဗျာ Super လည်း ရသမျှဘုရားစာအကုန်ရွတ်ပဲဗျာ၊ မနက်ကျ ရုံးရောက်ရောက်ချင်း Printer ကိုအရင်စမ်းတာပေါ့၊ Power တော့လာပြီး စာရွက်ကို မဆွဲဘူးဗျာ၊ အဲ့ဒါနဲ့ သွားပါပြီဆိုပြီး လန့်တာပေါ့၊ Customer ကိုတော့ Printer အဆင်မပြေသေးလို့ဆိုပြီး အကြောင်းကြားရတာပေါ့ဗျာ အဲ့ဒါနဲ့ ရန်ကုန်က ဆရာဆီဖုန်းလှမ်းဆက် အကျိုးအကြောင်းပြောတော့ ဆူခံထိတာပေါ့ဗျာ၊ လုပ်လိုက်ရင် အဲ့လိုပဲဆိုပြီး Printer ကိုရန်ကုန်ပို့လိုက် service ခကို Customer ခံရမယ်ပြောလိုက်လို့ပြောတော့ Customer ကိုပြောမနေတော့ပဲ ကျနော်စိုက် မယ်ဗျာဆိုပြီး Printer ကိုရန်ကုန်ပို့လိုက်ပါလေရော၊ အဲ့ဒါနဲ့ Oki service Center ကိုပို့ပြီး လုပ်ခို်င်းတော့ စာရွက်ကိုဆွဲတဲ့ ကြိုး (Cancer) မှားတပ်မိတာတဲ့ဗျာ၊ တခြားပြဿနာမရှိဘူးတဲ့ ဆိုပြီး ညနေဘက် ရထားနဲ့ ပြန်ပို့လိုက်တယ်၊ အဲ့ဒါနဲ့ပဲ Customer ကိုလာယူလို့ရပြီလို့ပြောပြီး မန်နေဂျာက service ခနဲနဲတောင်းပေးတော့ ကျနော်တစ်ဝက်တော့ပြန်ရတာပေါ့ဗျာ၊ အပြည့်တောင်းလို့မကောင်းဘူးလေဗျာ၊ ကျနော်က တကယ်ဆို Customer ဆီကပိုက်ဆံပြန်မတောင်းချင်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ အဲ့ဒါကျနော့်အမှားလေ၊ လျှော်ရမယ်ဆိုရင် Printer တန်ဖိုးကနဲတာမှမဟုတ်တာဗျာ၊ Service ခလောက်ကတော့ ကျနော်က စိုက်နိုင်တယ်လေ၊ ပညာတော့ရသွားတာပေါ့ဗျာ၊ နောက်ပိုင်း Oki Printer တွေ စာရွက်ညှပ်လို့ မလုပ်တတ်လို့ Service လာခေါ်ရင် Super တို့က အေးဆေးဖြစ်သွားပြီဆိုတဲ့ သီချင်းတောင် ညည်းလို့…………

3 comments

  • ပေါက်ဖော်

    December 21, 2011 at 9:04 pm

    အိုကီအိစပတ်နဲ ့လာတွေ ့နေပါကလား.
    စကား မစပ်..နာမည်က တားတားနာမည် ခင်ည..အဟင့်.
    ပေါက်ကရ ရေးရဘူးနော်..လူဂျိုး..

  • amatmin

    December 22, 2011 at 2:51 am

    ကျွန်တော်လည်း ဟတ်ဒ်ဝဲ ဆားဗစ်လုပ်ခဲ့ဖူးတော့ အဲဒီသောကတွေကို နားလည်တယ်ဗျ..
    ပြန်ပြောပြတော့ သာခပ်ပေါ့ပေါ့လေး..
    အဲဒီ အချိန်ပြန်တဲ့ ဇောချွေးက အတော်ဆိုးသကိုး နော်..

  • super

    December 22, 2011 at 8:00 am

    ကိုပေါက်ဖော်နာမည်ကိုယူသုံးမိသလိုဖြစ်တွားလားဗျ၊ တိရို့နော် ဆောတီးပါဂျ ………. 😛
    ုko amatmin ပြောသလိုပေါ့ အဲ့ဒီအချိန်က ဇောချွေးပြန်တဲ့အချိန်ပေ့ါ……… 🙂

Leave a Reply