သင်ဟာသင့်ချစ်သူအပေါ်ဘယ်လောက်ဆွဲဆောင်မှုရှိတယ်ဆိုတာမှန်းကြည့်ချင်လား။

moesatrainMay 27, 20101min521

သူငယ်ချင်းတို

ဒါဆိုဒီမေးခွန်းလေးတွေဖြေကြည့်လိုက်နော်။
မေးခွန်းတွေကိုကြိုတော့မကြည့်ရဘူးနော်။
ကိုယ်ရွေးလိုက်တဲ့အဖြေရဲ ့ဘေးကရေးထားတဲ့နံပါတ်တွေအတိုင်းဆက်ဖြေသွားရုံပါ။
ဥပမာ-နံပါတ် 1 မှာသင်က တိုကျိုကိုရွေးချယ်ခဲ့ရင် တိုကျိုရဲ့ ဘေးမှာရေးထားတဲ့အတိုင်း မေးခွန်း
နံပါတ် 3 ကိုသွားဖြေရမှာပါ၊ မေးခွန်းနံပါတ် 2 ကိုဖြေဖို ့မလိုပါဘူး။
မေးခွန်းတိုင်းဖြေဖို ့မလိုပါဘူး။
1 ။ သွားချင်တဲ့နေရာတစ်ခုရွေးပါ။
ပေကျင်း – go to question 2
တိုကျို – go to question 3
ပဲရစ် – go to question 4

2 ။ စိတ်ထိခိုက်စရာကောင်းတဲ့ရုပ်ရှင်တွေကြည့်တဲ့အခါငိုတတ်သလား?
ငိုတတ်တယ် – go to question 4
မငိုတတ်ဘူး – go to question 3

3 ။ သင်ဟာချစ်သူနဲ ့ချိန်းထားတယ်၊
ပြောထားတဲ့အချိန်ထက်တစ်နာရီလောက်နောက်ကျနေတာတောင်သူကရောက်မလာသေးဘူး၊
ဒါဆိုသင်ဘာလုပ်မလဲ?
နောက်ထပ်နာရီဝက်တော့ထပ်စောင့်လိုက်မယ် – go to question 4
ချက်ချင်းပဲပြန်တော့မယ် – go to question 5
လာတဲ့အထိစောင့်မှာပေါ့ – go to question 6

4 ။ တစ်ယောက်ထဲရုပ်ရှင်သွားကြည့်တတ်လား?
အင်း – go to question 5
ဟင့်အင်း – go to question 6

5 ။ ပထမဆုံးချိန်းတွေ ့ချိန်မှာ သူကသူ ့ကိုနမ်းဖို ့တောင်းဆိုလာရင် ဘာလုပ်မလဲ?
မနမ်းပါဘူး – go to question 6
သူ ့လက်ခုံကိုပဲဖွဖွလေးနမ်းမယ် – go to question 7
ကိုယ့်ချစ်သူပဲ၊ နမ်းမှာပေါ ့ – go to question 8

6 ။ သင်ကဟာသဉာဏ်ရွှင်တဲ့သူလား
ဟုတ်တယ် – go to question 7
မဟုတ်ဘူး – go to question 8

7 ။ သင်ဟာဘယ်အရာမဆိုဦးဆောင်နိုင်စွမ်းရှိသူလား
ထင်ပါတယ် – go to question 9
မဟုတ်ပါဘူး – go to question 10

8 ။ တကယ်လို ့သင့်မှာရွေးချယ်ခွင့်ရှိရင် ဘယ်လိုလူအဖြစ်မွေးဖွားလာခဲ့ချင်သလဲ
ယောင်္ကျားအဖြစ် – go to question 9
မိန်းမအဖြစ် – go to question 10
ဘာဖြစ်ဖြစ်ပါ – TYPE D ( အောက်မှအဖြေကိုကြည့်ပါ )

9 ။ တစ်ပြိုင်တည်းမှာချစ်သူတစ်ယောက်ထက်ပိုထားဖူးသလား။
ထားဖူးတယ် – TYPE B ( အောက်မှအဖြေကိုကြည့်ပါ )
မထားဖူးပါ – TYPE A ( အောက်မှအဖြေကိုကြည့်ပါ )

10 ။ သင်ဟာလိမ္မာပါးနပ်သူလို ့ထင်ပါသလား။
ထင်ပါတယ် – TYPE D ( အောက်မှအဖြေကိုကြည့်ပါ )
မထင်ပါဘူး – TYPE C ( အောက်မှအဖြေကိုကြည့်ပါ )

အဖြေ
TYPE A: Congratulations!
သင်ဟာတစ်ဖက်သားအပေါ်အရမ်းကိုဆွဲဆောင်မှုရှိပါတယ်၊ ချစ်သူရဲ
့မျက်လုံးထဲမှာသင်ဟာချစ်စဖွယ်အလှက်ိုပိုင်ဆိုင်ထားသူအဖြစ်ရှိနေမှာပါ
သင်ဟာချောမောလှပရုံတင်မက ဟာသဉာဏ်ရှိသူ၊ ကိုယ်ရည်ကိုယ်သွေးရှိသူဖြစ်ပါတယ်။
ပညာတတ်ပုဂိ္ဂုလ်ဖြစ်ပြီးလူတွေကိုဘယ်လိုပေါင်းသင်းရမယ်၊
အချိန်ကိုဘယ်လိုခွဲဝေအသုံးချရမယ်ဆိုတာကောင်းကောင်းသိသူပါ။
ဒါကြောင့်သင်ဟာလူတွေကြားမှာအမြဲတမ်းထင်ပေါ်နေမှာပါ။

TYPE B: Quite good!
သင်ဟာဆန် ့ကျင်ဘက်အပေါ်အလွယ်တကူတော့ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့သင့်အပေါ်လွယ်လွယ်ကူကူချစ်မိသွားဖို ့တော့သိပ်မဖြစ်နိုင်ပါဘူး။
သင့်ရဲ ့ဟာသဉာဏ်ကလူတွေက်ိုပျော်ရွှင်မှုရစေမှာပါ။ သင့်ချစ်သူကလဲသင်နဲ
့အတူရှိရတာပျော်နေပါလိမ့်မယ်။

TYPE C: Not bad!
သင်ဟာဆန် ့ကျင်ဘက်လူအပေါ်အလွယ်တကူမဆွဲဆောင်နိုင်ပါဘူးတဲ့။ ဒါပေမဲ့သူတို ့ရဲ
့စိတ်ထဲမှာသင်ရှိနေတာကောင်းတယ်လို
့ထင်ရလောက်အောင်သင့်မှာကောင်းကွက်လေးတွေတော့ရှိပါသေးတယ်။
သင်ဟာရိုးသားဖြူစင်ဖို ့တော့လိုပါလိမ့်မယ်။ ပြီးတော့အမြင်မှန်ဖို
့လဲလိုမှာပါ။ သူငယ်ချင်းတွေကတော့သင်ဟာခင်မင်စရာကောင်းတယ်လို ့ထင်ကြမှာပါ။

TYPE D: Oh!
သင်ဟာတစ်ဖက်သားအပေါ်မှာလုံးဝကိုဆွဲဆောင်မှုမရှိပါဘူးတဲ့။ သင်ဟာဗဟုသုတလဲသိပ်မကြွယ်ဝသူပါ။ ကိုယ်ပိုင်အရည်အချင်းလဲသိပ်မရှိပါဘူး။
ချစ်သူအပေါ်မှာလဲရိုင်းပျစော်ကားတာမျိုးမလုပ်သင့်ပါဘူး။ ပြီးတော့ သင်ဟာဆန်
့ကျင်ဘက်တွေကြားမှာသိပ်ပြီးမထင်ပေါ်သူပါ