နာမည်ဆိုတာ

htet wayDecember 21, 20111min20635

လူမှာနာမည်ကအရေးင်္ကြီးပါတယ်။ မှော်ဆရာတဲ့ မှော်ဆိုတာကစွမ်းရည်တစ်မျိုုးပဲ ဖြစ်စေပျက်စေနိုင်တယ်။
လူကိုကြည့်လိုက်တော့ ခပ်ညှက်ညှက်လေး ဦးနှောက်ကတော့ကောင်းသလားမမေးနဲ့ မှော်အတက်တွေနဲ့ဘယ်လိုတွေဖန်ဆင်းထားလဲ
မသိဘူး ငယ်ငယ်ရွယ်ရွယ်နဲ့ကလေးကတစ်ယောက်တဲ့။ ကိုယ့်လူသိပ်တော်တယ်ဗျာ ။ နောက်တစ်ယောက်ကကမ်းဝေးတဲ့
ကမ်းနဲ့ဝေးနေတယ်ဆိုတော့ဘယ်လိုလုပ်ကောင်းတော့မှာလဲ သူ့ဘာသူသိတယ်ထင်တယ် ကမ်းနီးတဲ့ ပြန်ပြောင်းလိုက်ပြန်ရော
come ဆိုတာလာသည်၊ way ဆိုတာလမ်း၊ သူ့လမ်းကိုလာပါလို့အဓိပယ်ရပြန်ရော။ ကဗျာရေးတော့အရမ်းကောင်းတာပဲဗျာ
ဖေါ်ရွေမှု့လည်းရှိ သဘောမနောလည်းကောင်း ဒိလိုလူမအောင်မြင်ရင် ဘယ်လိုလူအောင်မြင်မှာလဲ။
Nature နေးချားတဲ့ သဘာဝဆိုတဲ့အတိုင်း စကားတွေကလည်းသဘာဝကျကျ တိုင်းရင်းဆေးကိုလေးစားတာနဲ့တင်
ခင်မင်မိပါတယ်။ ဒီလူ့ပုံကြည့်ရတာ စာနာစိတ်တော်တော်ရှိမယ့်ပုံပါ။ လူညိုချောင်္ကြီး ကိုဘလက်ချောကတော့ အဆိုကောင်းဗျာ
သဘောမနောလည်းကောင်းပါတယ်။ ကိုရင်စည်သူ လက္ခဏာဆရာ ဗွီဒီယိုမင်းသားလုပ်ရင်ရတယ် ။
ကျွန်တော်ပြောချင်တာကနာမည်တွေအကြောင်းပါ ဒီအကြောင်းလေးကိုကားစီးလာရင်းတွေးမိပါတယ် စိန်ပေါ၊ သိမ်ဖြူ၊
စာတိုက် စသဖြင့် ကားမှတ်တိုင်တွေရှိတဲ့အထဲက မဆလာစက်မှတ်တိုင်ဆိုတာလည်းရှိ်ပါတယ်။ ကျွန်တော်တို့ ဂေဇတ်ရွာသူရွာသားတွေ
ထဲမှာနာမည်လေးတွေကိုမှတ်မှတ်သားသားဖြစ်မိတယ် ပန်ပန်တဲ့ .. ငယ်ငယ်ကဖတ်ရတဲ့ ရှင်ငြိမ်းမယ်ရေးတဲ့ ပန်ရပါလိုပန်ရလျှင်လည်း
ပန်းတို့သခင်ဂေါ်သဇင်…ဆိုတဲ့ကဗျာစာသားလေးလိုအမြင့်ဆုံးပန်းကိုပဲပန်ချင်တာလား ကျွန်တော်တွေးမိပါတယ် နာမည်လေးမြင်တော့
ထောင်ထောင်မောင်းမောင်းအရပ်ရှည်ရှည် လို့စိတ်ကထင်မိတယ်။ ထင်သလိုမဟုတ် ရေသည်ပြဇာတ်ထဲကလို သေးလွန်းလျျှင်မလှ
ရွေးလွန်းလျှင်မရ လို့ဖတ်ဖူးခဲ့ပေမယ့် ဒီသေးသေးလေးက ကိုရီးယားမလေးလိုလှတယ်ဗျာ။
နောက်တစ်ယောက်က ဆူး တဲ့။ ကျွန်တော်ထင်မိတာက ချွန်မယ် ညှိမယ် စူးမယ် ပေါ့။ တစ်ကယ်တော့ ပြုံးပြုံးရွှင်ရွှင်
သွက်သွက်လက်လက်နဲ့ အေးချမ်းတဲ့အရိပ်တွေနဲ့ပါ ဗလအားကိုနဲ့ အနိုင်မကျင့်ဘူးလို့တော့ယူဆရပါတယ်။ဒီအထဲမှာအမြဲပြုံးပြီး
စကားမပြောတဲ့ ဝေဝေ ကိုတော့ စကားတွေဝေဝေဆာဆာရှိလိမ့်မယ်လို့ထင်ခဲ့မိပါတယ်။ ကျွန်တော်ထင်တာတလွဲပါပဲ။
မနောဖြူလေးကတော့ တစ်ကယ့်ကိုမနောဖြူမယ့်ပုံပါ ရင်ငြိမ်းနွေးကလည်း နာမည်နဲ့လိုက်ဖက်ပါတယ်။အလှုရှင်ကြီး
အဘဖောဆိုလို့ အသက်ကြီင်္းကြီးမှတ်ပါတယ် တက်တက်စင်အောင်လွဲတာပါပဲ ရုပ်ရှင်မင်းသားလုပ်ရင်အောင်မြင်မယ့်ရုပ်ပါ။
ကျွန်တော့်ရင်ထဲမှာ စွဲထင်ပြီးတွေးဖြစ်တဲ့ကလောင်နာမည်လေးကတော့ ချာတူးလန်ပါပဲ ဒီကလေးမလေးက ရည်ရည်မွန်မွန်
လေးပါဘာကြောင့်များချာတူးလန်လို့ပေးရပါသလဲ။ စာရေးဆရာမောင်ညိုမှိုင်း(သံလျှင်)က ဗေဒင်ပညာတတ်ပါတယ်လူတွေကိုနာမည်ပေးတာ
ကျွမ်းကျင်ပါတယ် အညွန့်ဓါတ်တို့ ၊အမြစ်ဓါတ်တို့ ၊ကိုင်းဖျားတို့ ၊ကိုင်းနားတို့ ဗေဒင်နည်းနဲ့သိပ်ရွေးတက်တာပဲ။ ဒါနဲ့ကျွန်တော်လည်း
မေးကြည့်လိုက်ပါတယ် ဆရာ့နာမည်က ဘယ်ကိုင်းမှာရှိလည်းဆိုတော့ ဆရာကပြုံးပြီး ကျွန်တော်ကဗေဒင်နည်းနဲ့ မှည့်ထားတာမဟုတ်ပါဘူး
ကိုင်းအောက်ရောက်နေပါတယ်လို့ပြန်ပြောပါတယ်။
အထက်မှာကျွန်တော်ပြောသလို မဆလာစက်မှတ်တိုင် အကြောင်းလေးပြန်ဆက်ပါရစေ။ ကျွန်တော်တို့မြို့မှာအသုံးမကျတဲ့လူကို
မဆလာကြီးပါကွာ အလကားပါလို့ပြောတတ်ကြပါတယ်။ ကျွန်တော်မြို့ပြညတွေမှာကာစီးပြီးအိမ်အပြန် မဆလာစက်မှတ်တိုင်မှာဆင်းရပါတယ်
(မဆလာပါတယ်ဆရာရေ )ဆိုတဲ့ စပါယ်ယာအော်သံလေးက ကျွန်တော့်ကို လှောင်သလိုဖြစ်နေခဲ့ပါတယ်။
နာမည်ဟာအရေးကြီးပါတယ် သွက်လက်ချက်ချာတဲ့ ကလေးမလေးက ချာတူးလန်လို့ ပေးထားတာသူ့အရည်အချင်းနဲ့ဆန့်ကျင်ဘက်
ဖြစ်နေပါတယ်။ ဟုတ်ကဲ့ .. ကျွန်တော့်ကလောင်နာမည်က ထက်ဝေးပါ ထက်ပြီးမှ ဝေးရသူပါဗျာ။
အငြိမ်းချမ်းဆုံးကိုရှာဖွေရင်း
သောကတွေနဲ့ဝင်တိုးခဲ့ရ
နက်ဖြန်ရှိရင်လှမှာပါ…
ကျွန်တော်ရေးခဲ့တဲ့ စာသားလေးအတိုင်း ကျွန်တော့်ဘဝမှာ ကြုံတွေ့ခဲ့ရပြီး ထက်ပြီးမှ ဝေးရတဲ့အဖြစ်တွေအများကြီ်းရှိခဲ့ပါတယ်
ကျန်သူများကတော့ ကလောင်နာမည်နဲ့လိုက်ဖက်ကြပါပေတယ်။ အဲ့ဒီ့နေ့က ဂေဇက်ဝိုင်းတော်သားတစ်ချို့နဲ့ သိခွင့်ခင်မင်ခွင့်ရခဲ့ရတာ
မင်္ဂလာရှိ်သလိုပျော်ရွှင်မိပါတယ်။ အဘဖောကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်။

35 comments

  • htet way

    December 21, 2011 at 10:12 pm

    ခေါ်င်းစဉ်ကျန်ခဲ့ပါတယ်
    “နာမည်ဆိုတာ”လို့ ခေါင်းစဉ်ပေးလို်က်ပါတယ်
    သည်းခံတော်မူကြပါခင်ဗျား

  • ပေါက်ဖော်

    December 22, 2011 at 10:18 am

    ဟီး.. ဟီး….
    အနော်လဲတူတူပဲ….
    သူရေးတဲ့စာရယ်..နာမည်ရယ်..တင်တဲ့ရုပ်ရယ်..ပေါင်းစပ်ပြီး..ကိုယ့်စိတ်ကူးနဲ ့ကိုယ် ပုံဖော်ထားတာ..
    တစ်ကယ်တွေ ့တော့..တက်တက်စင်လွဲပါပဲ..ငွှ..ငွှ..ငွှ..
    ကောင်းလေစွ…ကောင်းလေစွ..
    😯

  • weiwei

    December 22, 2011 at 10:38 am

    စာရေးချင်တဲ့သူတွေက စိတ်ကူးယဉ်ချင်တဲ့သူတွေများတယ်လို့ ထင်ပါတယ် …
    လက်တွေ့ဘဝကတစ်ခု စိတ်ကူးယဉ်ဘဝက တစ်ခုပေါ့ ..
    အဲဒီတော့ ဘဝနှစ်ခုက ဆန့်ကျင်ဘက်ဖြစ်နေတာများပါတယ် …
    ရွာထဲကဘဝကတော့ ဖြစ်ချင်တာကို ပုံဖော်ထားတာမို့ အပြင်ကနဲ့ အများအားဖြင့်ကွဲလွဲနေပါလိမ့်မယ် …

    ဥပမာ .. ဆူး ဆိုပါစို့ … သူက ဆူးကလေးလို သေးသေးလေးဖြစ်ချင်လို့ အဲဒီလိုနံမည်ရွေးခဲ့တာနေမှာပေါ့နော် (အထင်ကိုပြောတာပါ) …. 😛

    ကျွန်မနံမည် wei က မိန်းကလေးသိပ်ဆန်တဲ့ တရုတ်နံမည်လေးတစ်ခုဖြစ်ပါတယ် … တရုတ်ပြည်က နံမည်ကြီး သရုပ်ဆောင်တွေ အဆိုတော်တွေမှာ အဲဒီနံမည်များပါတယ် … သူတို့ကို အားကျလို့ အဲဒီနံမည်လေးကို သုံးဖြစ်သွားတယ် … တကယ်အပြင်မှာတော့ ဆန့်ကျင်ဘက်ပေါ့ .. 😛

    ရွာထဲကနံမည်တွေဟာ အများအားဖြင့် ဆန့်ကျင်ဘက်များဖြစ်နေကြပါလိမ့်မယ် …. အဲဒီတော့ ချာတူးလန်ဆိုတာလဲ အရမ်းတော်လွန်းတဲ့ကောင်မလေးက တော်ရတာကို ညီးငွေ့သွားလို့ ပြောင်းပြန်နံမည်ယူထားသည်ဟု ယူဆရပါကြောင်း …..

    • inz@ghi

      December 22, 2011 at 10:43 am

      မဟုတ်မှ လွဲရော
      vicky zhao ပိတ်သတ်ထင်၏

      😀

      ပုံ ….
      ရွာ့အော်ဂျောလန်
      ခေတ်သစ်ဇဂဒေါင်ဇား
      နှူးဘာဂိုဏ်းချုပ်
      ဂျာပွန်ဇိမ်ဖုံးဂျီးငယ် …
      နာမည်နှင့် ဝိသေသပေါင်းစုံပိုင်ရှင်
      နှာကိုယ်တော် မ.ထ.သ မာကူဇာ

  • TTNU

    December 22, 2011 at 11:42 am

    နာမည်တွေကို ရွေးကြတဲ့အခါ လှလှ လေးတွေရွေးကြတယ်၊ ဗေဒင်ကိန်ခန်းအရရွေးကြတယ်။
    အခုခေတ်နာမည်တွေကိုလေ့လာကြည့်ရင် ဗေဒင်ဆရာ တစ်ယောက်ထဲကရွေးသလားထင်ရတယ်။
    မိန်းကလေးတွေဆို “ယွန်း” ယောင်္ကျားလေးတွေဆို “မင်း” …ရွေးချယ်မှုတွေများလာကြတယ်။
    မောင်ဂီရေ ဟုတ်တယ်မဟုတ်လားဟင်။

    မောင်ရှုံးလိုမျိုး အမည်နဲ့ပြောင်းပြန်ယူတဲ့အခါကျတော့ ..ချာတူးလန်ကလည်း မခင်တော် ဖြစ်ရမှာပဲ။
    ကိုယ်ငယ်ငယ်တုန်းကဖတ်ဖူးတဲ့ ကာတွန်းတစ်ခုက…ဗေဒင်ဆရာကပြောတာ ..ခင်ဗျားသားလေး
    အညွှန့်တလူလူဖြစ်အောင် အမည်ပေးလိုက်မယ်…(ငတိ)တဲ့။ 🙂

    • inz@ghi

      December 22, 2011 at 12:13 pm

      တီချာကြီးရေ…
      အင်္ဂါသားမောင်ဂီ က မွန်ဗမာ ဟိုက်ဘရစ် လေးမို့
      ကြာသာပတေးနာမ် ထိပ်စီးတပ်တာပါခင်ညာ …

      နာမည်ဆိုလို့ သည်ပိုစ့် ဖတ်ပီး …မှ
      မောင်ဂီ ရွာထဲမှာ တောင်းပန်ရမှာကတော့
      ကို ကမ်းဝေး ခည ….. သူ့နာမည် comegyiကို ဂျာပွန်လို အသံထွက်ဖတ်ပီး …
      ကိုမဲကြီး ပဲ တောက်လျောက် ဆော်လာတာ …
      အဟီး …
      လွန်ဒလာရှိရင် ဝန်ဒါမိ ပါ broရေ …တမင်လုပ်တာဟုတ်ပါဝူးဂျာ…

      ဇိမ်ဖုံးဂျီးငယ်
      ဂီဂီ

  • ကြောင်ကြီး

    December 22, 2011 at 12:17 pm

    ထက်ဝေး ဆိုတော့ ကက်ကင်းရိုက်ရင် ဌေးဝက်ဗျာ… ဝက်ဆိုတာ တရုတ်အယူအရ သူဌေးဖြစ်လို့ ချမ်းသာကြွယ်ဝမယ်။ မချမ်းသာသေးရင် ချမ်းသာလိမ့်မယ်။ ဘယ်တော့လည်း မမေးနဲ့၊ ပိုက်ဆံတွေအားကြီး ရှိတဲ့တနေ့…….. (ဘဏ်မှာတော့ ငွေကိုင်မလုပ်နဲ့ပေါ့ဗျာ)

  • ဆူး

    December 22, 2011 at 12:40 pm

    ဆူး အရင်ကသုံးနဲ့ နစ်နိမ်းပေါ့.. အဲဒါက winne ဝင်းနီ လို့ ခေါ်ပါတယ်။ အဲဒါကို တချို့က ဝိုင်းလို့ ခေါ်ကြတယ်။ ဝိုင်း ဆိုတဲ့ နာမည် အဓိပါ္ပယ်ကို သိပ်သဘောမကျလှဘူး။
    ဘာမှ လာမဝိုင်းစေချင်ဘူး အေးအေးဆေးဆေး နေချင်တယ်။ ဒါနဲ့ နာမည် တခု ပြောင်းလိုက်တယ် ဆူး ဆိုပြီးတော့.. အမှန်တော့ ဆူးဝင်းနီ ပါ။ ဝင်းနီ ဆိုတာကို ဖျောက်ပြီးတော့ ဆူး ဆိုတဲ့ တလုံးတည်းနဲ့ မှတ်မိလွယ်မယ်ထင်လို့ တလုံးတည်းနဲ့ နာမည် သမုဒ်ထားတာပါ။
    ထက်ထက်မြက်မြက် ရှိစေမယ် ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါသွားတာပေါ့။
    ဆူး ဆိုတဲ့ နာမည် ဖြစ်ပေါ်လာပုံကတော့ အလွန်ရိုးစင်းတယ် ထင်ပါတယ်။

    အပြင် လောက မှာ မိဘ ပေးတဲ့ နာမည်က သတ်သတ် ရှိပါတယ်။
    ကိုယ့် ဟာကို ပေးထားတဲ့ နာမည် ဆူး က နာမည် တခု အနေနဲ့ ရသလို ဖြစ်နေပြီ.. ရွာထဲက လူတွေနဲ့ စကားပြောရင် ဆူး ကလေ ဆူး ကလေ ဆိုပြီး ပြောဖြစ်အောင် သတိထားပြောပါတယ်။
    အပြင်လောကနဲ့ ရွာထဲက ဆူး နဲ့ သီးခြား သတ်သတ်စီပါပဲ.. အခုတော့ ရွာထဲက လူတွေ တော်တော် များများ တွေ့ဖူးတော့ အပြင်လောက မိတ်ဆွေတွေ များလာပြီပေါ့။

  • comegyi

    December 22, 2011 at 12:41 pm

    ထက်သခင်လေး …..
    သထေးဖြစ်တဲ့တစ်နေ့
    ခင်ဗျားတိုင်းရင်းဆေးပညာနဲ့
    ဖော်စပ်ထားတဲ့
    ဆေးအရက်ကလေးများ
    ထက်အိမ်တော်ကြီးမှာ
    လာသောက်ချင်ပါရဲ့အဆွေ
    ဝမ်စေ့ ဝမ်စွေ့ ဝမ့်ဝမ့်စွေ့…..

  • htet way

    December 22, 2011 at 12:41 pm

    ကက်ကင်းဆိုတာ တကယ်လေးနက်ပါလားကွယ်ရို့
    ကမ်းနီးကို အိမ်ထောင်ကျဖို့ ကက်ကင်းရိုက်မယ်ဗျာ
    ကမ်းက ၂ နီးကရ ၂၇။ ၇၂ဖြစ်ဖို့ ထိပ်ကို တင်းပုန်နဲ့
    ထုရမယ် ငယ်ထိပ်ကို ၂ရချက်ထုရင် ကဗျာ ဝါသနာမပါတဲ့ ကောင်မလေးနဲ့ ညားမယ်
    မနေဖြူကို ခရီးမထွက်ရအောင် ကက်ကင်းရိုက်ချင်ရင် ၅၇၅။
    ခြေကို ဘဲတကောင်ကိုချည်၊ တမာကိုင်းနဲ့ ၅ရချက်ရိုက်ရင် ရတာပေါ့ဗျာ။
    ရှေးကက်ကင်းပညာပေါ့။အပျိုကြီးတွေ အိမ်ထောင်ပြုချင်ရင်တော့…..
    ကက်ကင်းရှိပါတယ် ..စိတ်ဝင်စားသူတွေကိုရင် စည်သူထံမှာမေးမြန်းနိုင်ပါတယ်နိုင်ပါတယ်
    ကို ဖက်တီးလည်းတတ်တယ်ထင်တယ်

  • manawphyulay

    December 22, 2011 at 1:39 pm

    အင်း… မနောဖြူလေးလို့ ဘာလို့ပေးမိလဲဆိုတော့
    မနော ဆိုတာ စိတ်ကို ကိုယ်စားပြုထားပြီး
    ဖြူဆိုတာကတော့ ဖြူစင်အေးချမ်းတယ်ပေါ့လေ
    လေးဆိုတာကတော့ လူက ကြီးမှမကြီးတာ ဒီလိုလေးပေးထားရတဲ့အကြောင်းကတော့ ကိုယ့် လူဆိုတော့ လောဘ ဒေါသ မောဟတွေ ဖုံးလွှမ်းနေတဲ့နေရာမှာနေတော့ စိတ်ထားကလည်း အမြဲကောင်းချင်မှကောင်းနိုင်တာလေ။ ဒီတော့ ကိုယ့်ဘာသာ ကိုယ် သတိပေးခြင်းတစ်မျိုးလေးနဲ့ ပေးထားမိတာပါဖြစ်ပါတယ်။ နာမည်နဲ့ လူနဲ့ ဆန့်ကျင်ဘက်ဖြစ်နေမယ်ဆိုရင်တာ…. ကိုယ့်ဘာသာ အသိဆုံးပါပဲလေ… 🙁

  • ကိုရင်စည်သူ

    December 22, 2011 at 1:52 pm

    ကိုထက်ဝေရဲ့ ပို့စ်မှာ ကိုရင့်ကို
    ဗီဒီယိုမင်းသား လုပ်စားလို့ရမယ့်
    တစ်ချက်တည်းနဲ့တင်
    ကျေနပ်သွားပါတော့တယ်… အဟီးး 😀 😀 😀
    ပြောမယ့်သာပြောတယ်.. ဗေဒင်ပညာရှင်ရုပ်က
    ကိုထက်ဝေက ပိုပေါက်တယ်နော်…
    ရုပ်ပေါက်တယ်… ဆရာရေ့ လိုင်းပြောင်းကြည့်ပါလား… 🙂

    • ဆူး

      December 22, 2011 at 2:29 pm

      ကိုရင် မုတ်ဆိတ်မရိတ်ပဲ ပွဲ တက်လာတာ မဟုတ်လား.. ဒါတောင် မင်းသား လုပ်လို့ ရတယ် ဆိုတော့.. ရွာထဲမှာ ကာရာအိုကေ ရိုက်မယ်ဆိုရင် ဦးဘလက် ရဲ့ သီချင်းကို ကိုယ်တိုင် ခံစား သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရဖို့ များနေပြီ။

      • ကိုရင်စည်သူ

        December 22, 2011 at 2:47 pm

        ကိုဘလက်ရိုက်မယ့် တေးသရုပ်ဖော်လုပ် အားခဲထားပေမယ့်
        အဗေတာမှာ ဆေးလိပ်ကြီးခဲပြီး စတင်းဂမ်းကြီးနဲ့
        ပစ်နေတဲ့ ဖွားဆူးကို ကိုရင်ကြောက်လို့.. ပြေးပီဗျို့..
        မင်းသားမလုပ်ရလဲနေပါစေဂျာ
        စတင်းဂန်းဆို စည်အသဲက သိပ်မခိုင်ဘူးရယ်… ခစ်ခစ်.. 😆 😆

        • ဆူး

          December 22, 2011 at 3:15 pm

          အဲဒီ စတင်းဂမ်းကြီး က ရိသဲ့သဲ့ လာလုပ်မဲ့ ကောင်တွေ ဇကာပေါက် ကျအောင် ပစ်မယ် ဆိုတဲ့ သဘောနဲ့ တင်ထားတာပါ။
          သိပ်မကြောက်ပါနဲ့ ကာလာအိုကေ စင်တင်မင်းသားကြီး လုပ်ရတယ် ဆိုတာ နည်းတဲ့ အခွင့်အရေးလားလို့.. ဟိဟိ..

  • မှော်ဆရာ

    December 22, 2011 at 4:24 pm

    နာမည်ဆိုတာ သူများတော့ မသိဘူး …
    ကျွန်တော်ကတော့ အပြင်မှာ မဖြစ်ခဲ့ရတဲ့ ဘဝလေးကို အွန်လိုင်းပေါ်မှာ ဖန်တီးယူတာပါ ။
    ကျွန်တော်က မှော်ဆရာ သိပ်ဖြစ်ချင်ခဲ့တာ ..ပုံပြင်ဟောင်းလေး အသက်သွင်းချင်လို့လေ ..
    အွန်လိုင်းရုပ်နဲ့ အပြင်ရုပ်နဲ့ အလွဲဆုံးကတော့ အဘဖောပါပဲ …
    စကားမစပ် ကလေးတစ်ယောက်အဖေဆိုတာ ဘယ်သူ့ကိုပြောတာတုန်းဗျ ..
    အော် သိပြီ ကစည်ကိုပြောတာကိုး ….

    • ဆူး

      December 22, 2011 at 4:31 pm

      မှော်ဆရာ တကယ် မှော်ပညာသင်ပေးနေတယ်တဲ့နော်.. သင်တန်းတက်မလား..
      ဟိဟိ.. http://myanmargazette.net/43235/
      ကိုယ်တိုင် သွားတက်ဖို့ သဂျီး ဆီက ထောက်ခံစာတော့ လိုတယ်။

    • ဆူး

      December 22, 2011 at 4:33 pm

      ကလေးတောင်မှ ၁ဝလ တဲ့ အဲလို ကြွားသွားတာပဲဟာ.. သူဟာသူ ကြွားပြီး ကျွှန်တော် မှော်ဆရာပါ.. မိန်းမရှိတဲ့ အပြင် ကလေး ၁ဝလ ရှိပါပြီတဲ့.. အထင်သေးမှာ စိုးလို့ ပါဝါတွေ ထုတ်ကြွားတာ ၇၅ဝ ဆိုလား သူပဲ ပြောပြီးတော့..

      • MaMa

        December 22, 2011 at 5:08 pm

        အသက်အငယ်ဆုံးရွေးကြတော့ တစ်နှစ်တဲ့။
        နောက်မှ အိမ်ထောင်သက် မဟုတ်ဘူး။ သား အသက်တဲ့ 😆

      • မှော်ဆရာ

        December 22, 2011 at 5:31 pm

        ကုန်ပါပြီ ကုန်ပါပြီ လျှို့ဝှက်ချက်လေးတွေ ကုန်ပါပြီ …

  • MaMa

    December 22, 2011 at 4:41 pm

    နာမည်ဆိုတာ လူတစ်ယောက်အတွက် အရေးပါတယ်ဆိုတာ သိပေမယ့်
    ဆိုဒ်ထဲမှာတော့ မျက်နှာဖုံးတစ်ခု စွပ်ထားခြင်းလို့ပဲ သဘောပေါက်ပြီး လွယ်လွယ်ပဲ ပေးခဲ့မိတယ်။
    နောက်မှ ရေးရင်းဖတ်ရင်းနဲ့ pen name ဖြစ်မှန်းမသိဖြစ်လာတော့ အဲဒါလေးကိုပဲ နှစ်သက်သွားမိတယ်။ 🙂

  • နွယ်ပင်

    December 22, 2011 at 4:53 pm

    ဒီဆိုဒ်လေးကို ဝင်ဝင်ချင်းမှာတော့ နာမည်တစ်မျိုးပေးသေးတယ်
    ဒါပေမယ့် အဲ့နာမယ်က ခေါ်ရတာ အဆင်မပြေတာနဲ့
    ငယ်ငယ်က သူငယ်ချင်းတွေ ပေးထားတဲ့ နာမယ်လေးကို ပြန်ပြီးပေးဖြစ်တယ်
    သူငယ်ချင်းတွေပေးတုန်းကတော့ ဒီနွယ်ပင်ဆိုတဲ့ နာမယ်ကို သိပ်မကြိုက်သလိုပဲ
    ဒါပေမယ့် အခုရွာထဲမှာ ဒီနာမယ်လေးက pen name လေးဖြစ်နေပြီဆိုတော့
    အခုတော့ ဘာနဲ့မှမလဲနိုင်အောင်ကို အရမ်းကိုကြိုက်သွားတယ် ………… 😀

  • inz@ghi

    December 22, 2011 at 5:48 pm

    မတူတဲ့ အမြင်နဲ့ မန့်မယ်နော ……
    တကယ်တော့ နာမည်ဆိုတာ ဖျက်ဖို့ ဗျ ဖျက်ဖို့ …
    နာမည်တွေ ဘယ်သူက အပြည့် အမှန် ခေါ်လို့တုန်းဗျာ…

    နစ်ခ် နိမ်း တော့ လုပ်ပစ်ကြတာပဲ …. ပန်နိမ်းတွေကိုရော …ဘယ်သူက အမှန်ခေါ်လို့တုန်း ….
    ရှည်လို့ လား ဆိုတော့ လည်း မဟုတ်ဘူးဗျ …တိုရင်တောင် ထပ်ပေါင်းပီး ခေါ်ကြသေးတယ်…
    မယုံဝူးလား …သက်သေပြမယ်. ..
    ဆူး ကို ဆူး လို့ ဘယ်သူမှ မခေါ်ဘူး ဆူးမမ တို့ ရွာတော်ရှင်တို့ …
    ကြောင်ကြီး ကို ဦးကြောင် တို့ ကိုကိုကြောင် တို့ လုပ်ကြသေးတာပဲမလား ….

    လူနာမည်အရင်း …. သာဆိုးသေး ….. ငယ်ဘဝမှာ ကတည်းက နာမည်တွေကို ဖျက်ခေါ် ပြောင်ခေါ်
    ကြတာကလား ….. အရှည်ကြီး တို့ … အသေးလေး ..တို့ အစ …ဘုတို တို့ ….ကွာ စိတို့အလည် ….
    ချိန်ပါရာမ တို့ သဂျီးအိမ်နှလုံးပြူး တို့ အဆုံး ….

    ကြီးလာတော့ပိုဆိုးသေး ….. အထှာလေးတွေနဲ့ ကို နာမည်ဖျက်တာနော. ….
    ရွာ သူားတွေ သိကြပါတယ်… တော်သေးဘီ …

    ခင်တဲ့
    နာမည်ပျက်များစွာနဲ့ ….ဂီဂီ

  • we R one

    December 22, 2011 at 6:15 pm

    လွန်ခဲ့တဲ့ ရ နှစ်လောက် က Westlife ရဲ့ We Are One သိချင်းကို စိတ်ထဲ မှာ အရမ်းစွဲနေတာ.. ရွာထဲ ကို မျက်စိလည်းလမ်းမှား ပြီးရောက်လာတော့.. ဘာနာမည် ပေးရမှန်းမသိဘူးဖြစ်နေတယ်… အဲးဒါနဲ အရမ်း အရမ်းကို အဓိပ္ပာယ် ရှိတယ် လို့ ထင်တဲ့ we R one= we are one ကို ပေးလိုက်တာ.။ ဘာမှ ခွဲခြားမှုမ မရှိဘူး ငါတို့ အားလုံးတူတူပဲဆိုတဲ အဓိပ္ပယ် လို့ သတ်မှတ်ထားတယ်..။ 😀
    Till two hearts beat together,
    underneath one sun,
    …………………….
    We were two, (we were two)
    now we are one,

  • aye.kk

    December 22, 2011 at 6:27 pm

    ကျမကိုဦးဇင်းတစ်ပါးကပြောပြထားတာလေး ကိုဗဟုသုတအဖြစ်ပြောပြချင်ပါတယ်.. ဗေဒင်သဘောတော့မဟုတ်ပါဘူး ပညတ်ဆိုတဲ့သဘောလေးပါ အမြင်မတူတာလေးတွေနားလည်ပေးပါ..အတိုက်အခံသဘောမပါပါဘူး..စိတ်ရင်းစေတနာလေး နဲ့သိထားတာလေး မျှဝေချင်ပါတယ်..လူအမည်နာမကို မှည့်ဆိုရာမှာ ပညတ်သွားရာဓါတ်သက်ပါဆိုသလို လူအမည်နာမ ကိုအဟိတ်တိရိစ္ဆာန် အမည်နာမ မပေးရပါဘူး တိရိစ္ဆာန်ဆိုတာ အိပ်စားကာမ နှစ်ခုသာလျှင်သိလို ့အဲဒီနာမကို ပေးမိရင် အစားကြုူးမဲ့ သဘော အအိပ်ကျူးမဲ့သဘောတွေ သက်ဝင်တယ်လို ့ဆိုပါတယ် တောတောင်သဘာဝအလှနဲ ့ပန်းမန်လ် အမည်နာမ မပေးရပါဘူး ပန်းဆိုတဲ့သဘောက ရာသီဥတုဒဏ် ခံနိုင်စွမ်းမရှိတဲ့သဘော သက်ဝင်လို့ အဲဒီပန်းမန်လ် အမည်နာမပေးမိရင် စိတ်ကြံ့ခိုင်မာမှုအားနည်း ပါတယ်တဲ့ ကောင်းကင်ဂြိုလ်နက္ခတာရာဆိုတဲ့ အမည်နာမ မပေးရပါဘူးတဲ့ ရွေ ့လျှားတဲ့သဘော မတည်ငြိမ်တဲ့သဘော တိမ်ဆိုတာလည်း ကောင်းကင်ယံမှာ ရှပ်ပြီးသွားနေတဲ့ သဘောတွေ ပါဝင်တာမို ့မမှည့်ဆိုသင့်တဲ့ အကြောင်းစေတနာထားကာ ပြောပြခဲ့ဘူးပါတယ် နောက်ပြီး အသံမှာဌာန်ကရိုဏ်းရှိပြီး တက်သံ ကျသံ သဘောရှိတာမို့ အဲဒါကိုတွဲပြီး မှည်ခဲ့ရင် အမြင့်ကနေလိမ့်ကျတာမျိုး ခေါင်းခါးချေလက်တို ့ထိခိုက်မှု ဦးခေါင်းခဲဝေဒနာ အစရှိသည်တို့ ခံစားရကာ မမှည့်ဆိုသင့်သော အမည်နာမများ ဖြစ်ကာရှောင်ကြဉ်ဘို ့မိန့်ကြားခဲ့ဘူးပါတယ် ဥပမေယျအနေနှင့်လည်း လက်တွေ ့ကျကျပြောပြခဲ့ဘူးပါတယ်..။
    ဥပမာ စန္ဒာဆိုတဲ့အမည်လေးပေါ့ ဘဝမလှဘူး စိတ်ကြောင့်ကြေရမှာ စိတ်ခံစားမှုဦးစားပေးကာ အဆုံအဖြတ်မတည်ငြိမ်ဘူးတဲ့ ဝေယံဆိုတဲ့အမည်နာမ ပေးထားရင်လည်း တစ်ချိန်လုံးသာရှပ်ပလာတဲ့ မစေ့စပ်မသေချာနိုင်ပါဘူးတဲ့ ညဏ်အလွန်ကောင်းနေရင်တောင် ဟိုကျန်ဒီမေ့ ဖြစ်ကာ ဒီရမှတ်နဲ ့လွဲတတ်ပါတယ်တဲ့ (ကောင်းကင်)နာမည်ဖြစ်နေလို ့ပါတဲ့ ဥက္ကာလို ့ပေးမိရင်လည်း ဂြိုလ်တစ်လုံးဖြစ်ပေမယ့်အခဲအတုံး တစ်ခုဖြစ်လို ့အကျိုးမဲ့သက်သက်ဖြစ်လို့ ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်တတ်ခြင်း အားနည်းကာစိတ်အားငယ်တတ်ပါတဲ့ နိမ့်သံတက်သံပါဝင်နေလို ့တစ်ချိန်လုံးစိတ်ရှုတ်ထွေးကာစဉ်းစားအချိန်ကုန်နေတတ်သူလို ့ပြောပြဘူးပါတယ်သီဟဆိုတဲ့နာမည်ပေးမိရင် ခြင်္သေ့ဆိုတဲ့ အဟိတ်တိရိစ္ဆာန်အမည် နာမဖြစ်လို့ သေချာတာက တစ်ကိုယ်ကောင်းဆန်မယ် သူ့ဘို့ငါဘို ့မသိဘို့များပြီး အတ္တဆန်ကာဝါဒီများမှာသေချာသလောက်ပါဘဲတဲ့ အစားကလည်းခုံမင်ပါတယ်တဲ့..အအိပ်လည်းမက်တတ်ပါတယ်တဲ့ တစ်ချို ့ဆိုရင် အိမ်မှာအိမ်ဖော်ခေါ်တဲ့ခါ ပါလာတဲ့နာမည်ရင်းမသုံးဘဲ အမည်နာမချိုးနှိမ်တဲ့သဘောနဲ့ ”မ”ဆိုရင်တစ်ခါတည်းငယ်ငယ်ထဲကမွေးစား မယ်ဆိုရင်တော့ သူ့နာမည်ရင်းကိုပြောင်းပစ်ပြီးမခွေးမဆိုတဲ့အမည်နာမမှည့်ခေါ်ကာ သူ့အိမ်မှာတသက်လုံးသစ္စာရှိရှိနေထိုင်သွားစေဘို့ဆိုတဲ့ရည်ရွယ်ချက်နဲ ့ပေးပါတယ် ပညတ်သဘောအယူသီးတဲ့ သူတွေယုံကြည်တဲ့သူတွေဆိုပိုဆိုးပါတယ် ခွေးဆိုတာသခင်ချစ်လို ့ကိုယ့်အိမ်ရှင်ကို ခင်တွယ်ကာသိတတ်စေလိုမှုနဲ့ပေးထားတာလို ့ရှင်းပြတာကိုကြုံဘူးပါတယ် အပြောင်းခံလိုက်ရတဲ့ ကျမအသိအစ်မတစ်ယောက်ဆိုရင်အရမ်းကိုခံစားပြီးငိုတာကျမခပ်ငယ်ငယ်ကကြုံဘူးပါတယ် အဆိုး ဆုံးက တစ်ချို.တရုတ်သူဌေးအိမ်တွေမှာပါပုံစံအမျိုးမျိုးနဲ ့ကြိုက်နှစ်သက်သလို တိရိစ္ဆာန်အမည်နာမ သုံးစွဲပေးကြတာများပါတယ် မျက်မြင်ကိုယ်တွေ ့လည်းကြုံဘူးတွေ့ ဘူးခဲ့ပါတယ်။ စပါယ်ဆိုတဲ့အမည်လေးကတော့ပန်းမန်လ်အမည်နာမလေးဖြစ်လို ့အပင်ပန်းမခံနိုင်ရကာ စိတ်နွဲ ့တဲ့သူဆိုလည်း မမှားနိုင်ပါဘူး ပန်းဆိုတာချစ်တဲ့သူများလို ့ကြွေလွယ် နွမ်းလွယ်ရှိတတ်တယ်တဲ့ နောက်ပြီးတက်သံကျသံတွဲမှည့်ထားတဲ့အမည်နာမ ဝဏ္ဏလို့ပေးခဲ့ရင် အမြင့်တစ်နေရာရာသော်၎င်း ပြုတ်ကျဘူးတာတို့ မျက်နှာချေလက် အမာရွတ်ဒဏ်ရာ မမျှော်လင့်ဘဲ ရရှိတတ်တာသေချာသလောက်ပါဘဲတဲ့ နောက်တစ်ခုကပြောပြချင်ပါသေးတယ် ကျမနဲ့ဆွေမျိုးနီးစပ်တစ်ယောက်ပါ ငယ်ငယ်ကသူ ့ကိုအရမ်းရုပ်ဆိုးလို ့ အဒေါ်ကချောသွားအောင်ချောချောဆိုပြီးခေါ်ပါတယ် ငယ်ငယ်ကရုပ်ဆိုးပြီးကြီးလာတော့ တော်တော်လေးကြည့်ကောင်းကာချောလာပါတယ် ဦးဇင်းကတော့ပြောပါတယ် ပညတ်ကသက်ဝင်မှုရှိကာ ပညတ်သွားရာဓါတ်သက်ပါဆိုတဲ့အတိုင်း အသက်ထက်ဝက်ကျော်လာပါက ပြင်ဆိုခေါ်ပါက သက်ဝင်မှုမရှိတော့ကြောင်း အသက်လေးဆယ်ကျော်မှနာမည်ပြောင်းခေါ်လျှင် မရတော့ကြောင်းပြောပြခဲ့ပါသည်ကို ဗဟုသုတအဖြစ်ပြောပြလိုက်ပါရစေ..။

  • nature

    December 22, 2011 at 9:10 pm

    မဆလာစက်အကြောင်းရေးတဲ့ အထာညက်တဲ့ ဆရာထက်ရေ-
    ကျွန်တော့်အမြင်ကတော့ တချို့လူတွေက မထင်ပေါ်ချင်လို့ ကိုယ့်အရည်အချင်းကို မသိအောင်ခပ်လျိုလျိုနေတတ်ကြသလို နာမည်တွေကိုလည်း အရည်အချင်းနဲ့ ပြောင်းပြန်ပေးတတ်ကြတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ရေးတဲ့ စာတွေကိုကြည့်ရင်တော့ အကြမ်းဖျင်းမှန်းလို့ရပါတယ်။

    • char too lan

      January 7, 2012 at 5:51 pm

      အနော်လိုဘော့ ဟီးဟီးးး :mrgreen:

  • lulinmg

    December 22, 2011 at 9:18 pm

    အားမှတ်ချက်ပေးတဲ့သူတွေများလိုက်တာ
    ကျွန်တော်ဘာပြောရမလဲ
    ကျွန်တော်လည်းနာမည်နဲ့လူပါပဲဗျာ
    ဒီလိုပဲလွဲတက်ကြပါတယ်
    ဒါပေမယ့်ကျွန်တော်နာမည်ကတော့
    သိပ်ပျင်းဖို့ကောင်းနေမလားပဲ
    ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်

  • htet way

    December 22, 2011 at 9:26 pm

    ဆရာ နေချားခင်ဗျား
    ဆရာလိုပေါ့ ကြည်တော့ ရိုးရိုးအေးအေး အညာသားကြီးလို
    အင်မတန်စွမ်းမယ်မှန်းကြည့်တာနဲ့ သိပါတယ်။
    ကျွှန်တော်ကတော့ ခင်ဗျားရဲ့ လေ့လာမူနဲ့ စိတ်ထားကို လေးစားပြီး အမြဲသတိရနေမှာပါ
    သဘာဝကျကျ သဘာဝဓမ္မ ဆေးကျမ်းကို နာမည်နဲ့ လိုက်အောင်လေ့လာပါဆရာ

  • ကြုံတုန်းဝင်ပွားလိုက်ပါအုံးမယ်။
    ငယ်ငယ်က ချစ်လှစွာသောအဖွားက သူမြေးချစ်အကောင်းစားလေးကို ထွန်းပေါက်ပါစေဆိုတဲ့
    သဘောနဲ့ ကိုပေါက် လို့ခေါ်ခဲ့ပါတယ်။
    ကျောင်းသားဘဝရောက်တော့ ပေါက်ကရတွေပြောလွန်းလို့ သူငယ်ချင်းတွေကြားထဲမှာ
    ငပေါက် လို့ အမည်တွင်ပြန်ရော။
    ဟော အခုတော့ ပေါက်ကရတွေ တွေး ပြီးပေါက်ကရေတွေရေး
    ပေါက်ကရနေရာကို လမ်းသလားပြီးလက်ဆော့ တဲ့သူကတော့
    ကိုပေါက်(မန္တလေး)ပေါ့။
    ဟုတ်တယ်ဟုတ်………………….

  • Shanma TUmdy

    December 22, 2011 at 11:58 pm

    ဟုတ်.. နာမည်ပဲကြားနေရတယ်ကွာ.
    လူတစ်ယောက်ချင်းရဲ့ပုံပါမြင်ရရင်ကောင်းမယ်.. ဟိ
    ဒါမှမဟုတ်.. ဂရုဒါ့ပုံဖြစ်ဖြစ် .. 😀

  • ရွှေဘိုသား

    January 7, 2012 at 7:00 pm

    မှော်ဆရာ ဆိုလည်းလုပ်ပါအုံး ဒီည ဘယ်ပွဲက ကစားသမားတွေ မှော်အတတ်နဲ့ခြေစွမ်းပြမလဲလို့ နိုင်ရင် တိုက်မယ် ဒူးနဲ့

  • padonmar

    January 7, 2012 at 9:21 pm

    ကျွန်မကတော့ ကိုယ်နှစ်သက်တဲ့ ပန်းနာမည် ယူလိုက်တာ၊
    အေးကေကေ ရေးသလိုဆို စိတ်ကြံ့ခိုင်မှုအားနည်းတယ်ဖြစ်မှာပေါ့နော်။
    ဟုတ်မှာပါဘဲ။
    ခုတလော ကျွန်မရဲ့ အကြီးဆုံးအားနည်းချက်က အားနာတတ်တာဘဲလို့ တွေးနေမိတယ်။

  • ရွှေဘိုသား

    January 8, 2012 at 9:05 am

    အားနာတတ်ရင် အတော်ပဲ ဘောပွဲကစ်ဖို့ ပိုက်ပိုက်ချေးချင်နေတာ အဲလိုလူမျိုးမှ တော်ကာကျမှ ပြန်တောင်းရမှာ အားနာနေမှာလေ

Leave a Reply