ဘလက် အစဆွဲထုတ်သည့် ၂၀၁၁ ဆူး

black chawDecember 21, 20111min21439

ဘယ်သူက ဘယ်တုန်းက ကင်ပွန်းတတ်ပေးခဲ့သည်မသိပါ။ ကျွန်တော်တို့ ရွာထဲရောက်တော့ ရွာတော်ရှင်ဆိုသောဘွဲ့ကို ပိုင်ဆိုင်ထားပြီး ဖြစ်နေသည်မှာ
ဘွားဆူး ဟုလည်းရွာသူားတွေ ခေါ်ဝေါ်ကြသော ဆူး ဖြစ်ပါသည်။ ရွာရည်မလည်ခင်တုန်း ကတော့ ဘွားဆူးကို ဘာလို့ ဒီလောက်နာမည်ကြီးရတာလဲ ဆိုတာ
နားမလည်နိုင်ခဲ့ပါ။ တဖြည်းဖြည်း မှ ရွာတွင် ဆူး နေရာ အခိုင်အမာရထားရသော အကြောင်းကို နားလည်လာခဲ့ပါသည်။ ပွိုင့်တစ်သိန်းပြည့်၍ သူကြီးထံမှ ပထမဆုံး
စာမူခ လက်ခံ ရရှိသော စာရေးသူမှာလည်း ဆူး ပဲဖြစ်ပါသည်။ တစ်ခါတစ်ခါ ရွာထဲမှ ပျောက်ပျောက်သွားတတ် သည် ကလွဲလျှင် ရေးအားကောင်းသော
စာရေးသူတစ်ယောက်ဖြစ်ပါသည်။ အဆိုပါ ဆူး၏ ၂၀၁၁ ခုနှစ်အတွင်း ရေးခဲ့သော ပို့စ်များထဲမှ လက်လှမ်းမီသလောက် ရှာဖွေဖတ်ရှု ဖြစ်ခဲ့ပါသည်။ ထူးခြားသည်ထင်သည့်ပို့စ်လေးများအကြောင်းပြောပြချင်ပါသည်။

၁။ ထမင်းမစားခင် အရင်ဦးချပါ
https://myanmargazette.net/54510/creative-writing/my-dear-diary

ကျောင်းတွေမှာ ကျောင်းသူကျောင်းသားတွေ ထမင်းမစားခင် ဂျိုင့် အလွတ်ထုတ်ပေးပြီး မစားခင်ဦးချခိုင်းသော
ဆရာမတစ်ယောက်အကြောင်းကို ရေးထားခြင်းဖြစ်ပါသည်။ ဖတ်ကြည့်ပါ။

ဆရာမအား နှုတ်ဆက်ပြီး ကျောင်းသားများ ထမင်းစားရန် ထမင်းချိုင့်ကိုယ်စီ ဖွင့်၍ စားကြသည်။
ထမင်းမစားခင် ဆရာက ခဏနေအုန်း ကလေးတို့ရေ… မစားနဲ့အုန်း ကျောင်းသား ဆိုတာ ကြီးတဲ့လူကို အရင်ဦးချ ရတယ်။
ပြောရင်း ဆိုရင်နဲ့ ထမင်းချိုင့်ဖွင့်ပြီး ထမင်းချိုင့် အလွတ် တခွက် ကို ထုတ်ပြီးလျှင် ကလေးတို့ ဆရာမ ကို မစားခင် ဦးချ ကြ ဟု
ပြောပြော ဆိုဆိုနဲ့ ချိုင့်ခွက် အလွတ်ကို ကလေးတွေ စားပွဲရှေ့ကို ထိုးပေးလိုက်သည်။ တယောက်စီ လက်ဆင့်ကမ်းပြီး အတန်း
အနောက်ဆုံး ရောက်တဲ့ အခါ အတန်းခေါင်းဆောင်မှ ယူလာကာ ဆရာမ အား လှမ်းပေးသည်ကို ယူပြီး ထမင်းနဲ့ ဦးချ ဟင်းမျိုးစုံနဲ့ စားတော်ပွဲ တည်ပါတော့တယ်။
အကြံကောင်းလျှင် တချက် ဆိုသည့် အတိုင်း ဦးချ ဟင်းထည့်သလား မထည့်ပဲ နေသလား တယောက်ချင်းစီကို သေချာ ကြည့်ထားပါသည်။
တကယ်လို့ မထည့်တဲ့ ကလေးဆိုလျှင်လည်း ဟေ့…. မောင်မောင်… မင်း ထည့်တာ ငါမမြင်သေးဘူးနော် ဆိုပြီး ကြိမ်းမောင်း
တတ်သော ကြောင့် ကလေးများ မိဘ ကို နားပူနားဆာ တိုက်ပြီး ဟင်းများများ ထည့်ပေးဖို့ ဟင်းကောင်း ထည့်ပေးဖို့..
စသဖြင့် ကလေးများနဲ့ ကလေးမိဘများ စိတ်ညစ်နေရတဲ့ အပြင် နေ့စဉ် ကြုံနေရတော့ ဟင်းမကောင်းတဲ့ အခါ ကလေးက
ကျောင်းမသွားချင်ဘူး ငိုယိုနေတာလည်း မြင်နေရပြန်တယ်။
ကိုင်း…… ဒီလို အသေး အမွှား ဘယ်သူ သိကြမလဲ။
ဘယ်သူသိကြမလဲဆိုတော့ ကျွန်တော်မသိသေးတဲ့ အကြောင်းအရာ တစ်ခုဖြစ်နေပါတယ်။ ဒီခေတ်မှာတော့ ဒါမျိုးကြီးလည်း ဖြစ်တတ်ပါတယ် ပေါ့ ဗျာ။
ကွန်းမန့် ၃၂ ခုနဲ့ အပေါ်မှာ ပေးထားတဲ့ လင့်မှာ အစအဆုံးဖတ်နိုင်ပါတယ်ဗျာ။

၂။ Dae Jang Geum Park (နန်းတွင်းရတနာ ရိုက်ကွင်းနေရာ)

travel

မြဝတီက လွှင့်ခဲ့တဲ့ နန်းတွင်းရတနာ ရုပ်သံဇာတ်လမ်းတွဲ ရဲ့ ရိုက်ကွင်းနေရာဖြစ်တဲ့ MBC အသံလွှင့်ဌာန အပိုင် ပန်းခြံအကြောင်း
ကို ဓါတ်ပုံလေးများနဲ့ ရှင်းပြပေးထားတဲ့ ပို့စ်လေးပါ။ မူရင်း ရေးထားတာလေး နည်းနည်း ဖေါ်ပြပေး ပါရစေ။

ပန်းခြံကတော့ စတုရန်း မီတာ ၂၀၀ဝ ကျယ်ပါတယ်။ ကျယ်ဝန်းတဲ့ ပန်းခြံကို သေသပ်စွာ အဆောင် အခန်းတွေ စနစ်တကျ
ဆောက်လုပ်ပြီး ရိုက်ကွင်းပြုလုပ်ထားတာဖြစ်ပါတယ်။ အောင်မြင်မှု ကြောင့် လူစိတ်ဝင်စားမှု ထပ်မံ ရလာတဲ့ အခါမှာတော့
ရုပ်ရှင် ရိုက်ကွင်း ပြုလုပ်တဲ့ နေရာကို ယာယီ ဆောက်လုပ်ထားသော်လည်း မဖျက်တော့ပဲ ခရီးသွား ဆွဲဆောင်မှု နေရာ တခု
အနေနဲ့ ပြုလုပ်ပြီး ဝင်ကြေးနှင့် တကွ ဓါတ်ပုံရိုက်ကြေး စသဖြင့် ယူပြီး တဖက်တလမ်းမှ ဝင်ငွေယူလျက်ရှိပါသည်။
အလွန်ကောင်းတဲ့ စိတ်ကူးလည်း ဖြစ်ပါတယ်။
ဝင်ကြေး – အသက် ၁၃နှစ်နှင့် အထက် ဝမ် ၅၀၀ဝ ကျပါတယ်။
ကိုးရီးယားကားတွေ ကြိုက်တဲ့ရွာသူရွာသားတွေ အတွက်တော့ ရှယ်ပို့စ်တစ်ခုပါဗျာ။ ဖတ်ကြည့်ဘို့ လင့်လေးထည့်ပေးထား ပါတယ်။

(၃) Nami Island

travel


ဒါလည်း ကိုးရီးယား ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကွင်းနေရာလေးကို အလည်အပတ်သွားထားတာလေးပါ။ ဓါတ်ပုံလှလှလေး တွေနဲ့ စိတ်ဝင်စားဘို့ ကောင်းပါတယ်။ သူကြီးရဲ့ကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်။

kai says:
Nami က ဂျပန်လို.. လှိုင်းပဲ..။
ကိုရီးယားနဲ့ ဂျပန်စာ တူတာတွေတော်တော်များတာမို ့..ဒါလည်း တူများနေသလားမသိ…။ ကိုရီးယားစကားတတ်သူတွေ ဝင်ပြောပြပါဦး..။
tsunami ဆုနမိကတော့ .. အားလုံးကြောက်ကြတဲ့.. ကမ်းခတ်ဒီလှိုင်းကြီးပေါ့..။
ရိုမန်းတစ်ရှုခင်းလေးနဲ့တော့ မဆိုင်ပါဘူး..။ ပြောချင်တာလေး ဖြတ်ကနဲ့ပေါ်လာလို့..။
မြန်မာပြည် နာဂစ်မုန်တိုင်းဝင်တော့ .. လူတွေတော်တော်သေတယ်ပေါ့..။
အဲဒါကိုလည်း.. လူအရောက်အပေါက်သိပ်မခက်တဲ့နေရာမှာ … အမှတ်တရ တခုခုလုပ်သင့်တယ်..။
အဲဒီမှာ.. ပြတိုက်လိုမျိုးတခုခုလည်း ထားသင့်တယ်..။
ဆိုတော့ .. တိုးရစ်တွေလည်းလာ..။ ဆွေမျိုးညာတိတွေလည်း ပန်းလာချကြနဲ့.. ဒေသခံတွေ .. အလုပ်အကိုင်သစ်တွေဖြစ်တာပေါ့..။
ကိုယ်တိုင်ဖတ်ကြည့်ကြဘို့ လင့်လေးထည့်ပေးထားပါတယ်ဗျာ။

(၄) Vanetian, Macau

travel

ဒါလည်း လောင်းကစားမြို့တော် မကာအို အကြောင်း ဓါတ်ပုံလေးတွေနဲ့ တင်ပြထားတာပါ။ စိတ်ဝင်စားစရာ ကောင်းပါတယ်ခင်ဗျာ။
စကား အတင်းစပ် … အန်တီဆူးရေ … အဲဒီမှာ ဘလက်သူငယ်ချင်းတစ်ယောက်က ဖဲဝေတဲ့အလုပ်ကိုလုပ်ပါတယ်ဗျာ။
ဘလက်ကိုတောင် မကာအို ခေါ်ဘို့ စီစဉ်ဘူးပါတယ်။ ဘလက်က မသွားဖြစ်ခဲ့ တာပါဗျာ။ သူငယ်ချင်းက အခုထိ လောင်းကစားရုံ မှာ
ဖဲဝေတဲ့ အလုပ်ကို လုပ်တုန်းပါဗျာ။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတဲ့ ပို့စ်လေးပါဗျာ။ ဖတ်ကြည့်ကြပါ။

(၅) ကွန်မန်းဖျက်ခြင်း

ဒီပို့စ်ကတော့ ဆူးရဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို အပြည့်အဝအသုံးချထားတဲ့ ပို့စ်လို့ ခေါင်းစဉ်တတ်ချင် ပါတယ်ဗျာ။
သူရေးတဲ့ ပို့စ်တစ်ခုမှာ ပေးတဲ့ ကွန်းမန့်တစ်ခုကို မကျေနပ်လို့ ဖျက်လိုက်ပြီး ဘာကြောင့် ဖျက်ရတယ် ဆိုတာ ရှင်းလင်းပြထားတဲ့ ပို့စ်ပါဗျာ။
ဒီပို့စ်ကို ဖတ်လိုက်တော့ မှ ရွာရဲ့ နောက်ကြောင်းတွေကို ဘလက်ဆိုတဲ့ ကျွန်ုပ် ဘာမှ မသိသေးတာ ပေါ်လွင်သွားပါတယ်ခင်ဗျာ။
အပြန်အလှန်ကွန်းမန့်တွေနဲ့ စိတ်ဝင်စား စရာ ပို့စ်ပါဗျာ။ ကွန်းမန့်တွေအားလုံးကို ဖတ်ပြီး သူကြီးရဲ့ အားလုံးကို ရာဇသံပေးတဲ့
ကွန်းမန့်လေးကို ဖေါ်ပြပေး ချင်ပါတယ်ဗျာ။

kai says:
ဒီအကြောင်းဆက်မပြောကြပါနဲ့တော့နော..။
ရှေ့ပဲဆက်သွားကြရအောင်။
ဒါနဲ့ပါတ်သက်ပြီး ထပ်တက်လာတဲ့ ပို့စ်တွေ၊ ကော်မန့်တွေ အကုန်ဖျက်ပါမယ်..။
ဒါမှမရရင်..သူကြီး၂လုံးပြူးနဲ့တွေ့ပြီမှတ်ပေတော့..။
( ဒီပို့စ်ကိုလည်း ကော်မန့်တွေ ဆက်မန်းလို့မရအောင်လုပ်လိုက်ပါမယ်..။)

ရွာထဲ ဝင်မယ့် လူသစ်တွေ ဖတ်ထားပြီး ဆင်ချင်စရာရှိ ဆင်ခြင်ရအောင် ဖတ်ထားရမယ့် ပို့စ် လေးပါဗျာ။

(၆) ပျော်စရာ ဂိမ်း ကမ္ဘာ

နောက်ဆုံးစကားလုံးလေးတွေနဲ့ ဝါကျဖွဲ့တဲ့ ဂိမ်းလေးတစ်ခုကို ဆူး က တင်ဆက်ခဲ့တာပါဗျာ။ စံချိန်တင် ကွန်းမန့် ၁၂၁ ခုနဲ့ ပျော်စရာ
ပို့စ်လေးတစ်ခု ဖြစ်ခဲ့တာ ဆူးရဲ့ အရည်အချင်းတစ်ခုပါဗျာ။ ခင်ဗျားတို့လည်း ဝင်ကစားချင်ကစားလို့ရအောင် လင့်လေးထည့်ပေးလိုက်ပါတယ်။

(၇) ဘာများဖြစ်တာလဲ အပိုင်း(၁)

ထူးထူးခြားခြား ကွန်းမန့် တစ်ခုပဲ ရခဲ့တဲ့ ဆူးရဲ့ပို့စ်လေးပါ။ ဖတ်ကြည့်လေ့လာကြည့်ရအောင် လင့်လေး ပေးလိုက်ပါတယ်ဗျာ။
ပေးတဲ့ ကွန်းမန့်တစ်ခုကိုတော့ ကြောင်ကြီးက ပေးခဲ့တာပါ။

(၈) ဆာဖာရီ ဥယာဉ်ထဲက တိရစာ္ဆန်လေးများ

နေပြည်တော် ဆာဖာရီဥယာဉ်ထဲက တိရစာ္ဆန်လေးတွေကို ဓါတ်ပုံရိုက်ပြီး တင်ပေးထားတာပါဗျာ။ ကွန်းမန့် ၂၅ ခု နဲ့ ဖတ်ရမယ့် ပို့စ်လေးပါ။ ဖတ်ကြည့်ကြပါဗျာ။

(၉) မိုးပြာ

ဒီပို့စ်ကတော့ ဆူးရဲ့ ၂၀၁၁ အတွင်း အထူး ထင်ရှားခဲ့သော ပို့စ်တစ်ခုပါဗျာ။ ဘာသာ သာသနာအတွက်
မားမား မတ်မတ် ကာကွယ်ပေးခဲ့တဲ့ ပို့စ်တစ်ခုလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ပထမဦးဆုံး အွန်လိုင်းမှ မြန်မာနိုင်ငံသာသနာကို
ဖျက်ဆီးနေသော ဆိုက်များ ကိုဖေါ်ပြရာမှာ မန္တလေးဂဇက်ပါ ပါဝင်နေတာကို အံ့ဩဖွယ်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။
ကျော်ဟိန်းကြီးတောင် ပါလိုက်သေး ဟေးဟေး။
ကွန်းမန့်ပေါင်း ၃၃ ခုနဲ့ ဒီနှစ်အတွင်း ဆူးတင်ခဲ့တဲ့ ပို့စ်တွေထဲမှာ စိတ်ဝင် စားစရာ အကောင်းဆုံးပို့စ်လို့ကို ညွှန်းချင်ပါတယ်ဗျာ။
ဘယ်ဟာအမှန် ဘယ်ဟာအမှားဆိုတာကိုတော့ ဖတ်ကြည့်ပြီး ကိုယ်တိုင် ဆုံးဖြတ်ကြဘို့ တိုက်တွန်းချင်ပါတယ်ဗျာ။

(၁၀) ဓမ္မစေတီမင်း ခေါင်းလောင်း

ဒီပို့စ်ကလည်း သူကြီးနဲ့ ဆူးတို့ ရဲ့ အပြန်အလှန်ကွန်းမန့်ပေါင်းများစွာနဲ့ စကားစစ်ပွဲအသွင်ဆောင်ခဲ့တဲ့ ပို့စ်တစ်ခုပါ ဗျာ။
ဒီနှစ်အတွင်း ဆူး ရဲ့ အထင်ကရ ပို့စ်တစ်ခုဖြစ်ခဲ့ပါတယ်ဗျာ။ ကွန်းမန့်တွေကလည်း စိတ်ဝင်စားစရာ အင်မတန်ကောင်းပါကြောင်းနဲ့
ဖတ်ကိုဖတ်ရမယ့် ပို့စ်လေးတစ်ခုအဖြစ် ညွှန်းချင်ပါတယ်ဗျာ။

(၁၁) သင်္ကြန်ဖီလင်

ဒီပို့စ်ကတော့ အိမ်မှာနေတဲ့လူတွေ သင်္ကြန်ဖီလင်ကိုရေးကြပါဆိုပြီး ရွာသူရွာသားတွေရဲ့ ဖီလင်တွေကို တောင်းထားတဲ့ ပို့စ်လေးပါဗျာ။
ကွန်းမန့် ၃ဝ ထဲက သူကြီးရဲ့ကွန်းမန့်ကို ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။
kai says:
ပြောရရင်..ဂျပန်ကဟင်းအကုန်လိုလို.. အရက်ထည့်တာချည်းပဲ..။
ဆာကေး၊ ရှိုးယု၊ မိရင် ဆိုပြီး အတွဲအတိုင်းထည့်ရတာ…။ ဥရောပအစားအစာတွေလည်း .. ဟင်းချက်ဝိုင်တော့ ထည့်ကြတာတော်တော်များပါတယ်..။
သတိရမိတာက.. ဂျပန်စားသောက်ဆိုင်မှာလုပ်တုံးက .. တိဘက်ဘုန်းကြီးတွေလာတော့ .. အသားမစားဘူး ဗက်ဂျီသမားတွေအတွက် သီးသန့်လုပ်ပေးပါ..စပယ်ရှယ်လာမှာဖူးတယ်..။
အဲဒါနဲ့ .. ရွှေဖရုံသီးပေါင်းကို ထုတ်ပေးလိုက်တာ.. တော်တော်ကြာမှသတိရတယ်..။
အဲဒီထည်းလည်း .. အရက်နဲ့သကာရည် ထည့်ထားမိတာပဲလို့..။
တကယ်တော့..။
ချောင်းဆိုးပျောက်ဆေး။ အဖျားကျဆေးတွေ မူးယစ်စေတာတွေပါတာချည်းပါပဲ..။
အရက်ကမူးမရမ်း..မရစ်ရင်.. လူတွေဆက်ဆံရေးမှာအင်မတန်ကောင်းစေတာပါ..။
သောက်ပြီး ဘေးလူတွေမထိခိုက်စေနဲ့ပေါ့.။
အဲဒီလိုထိန်းနိုင်ရင်… ချသာချ..။
ပြီးရင်.. မပြောရဲတဲ့..ရည်စားစကား..ပါးချလည်းခံရဲတယ်ကွဆိုပြီး သွားပြော..။
အဆင်ပြေသွားဖို့.. ရာခိုင်နှုန်းတော်တော်များပါတယ်..။
( အဆင်မပြေတော့လည်း အရက်ကြောင့်မှားမိပါတယ် လုပ်လိုက်ပေါ့..)

အခုနောက်ပိုင်း တက်လာတဲ့ ဆူးရဲ့ပို့စ်လေးတွေကိုလည်း လင့်လေးတွေ နဲ့ ဖေါ်ပြပေးချင်ပါတယ်ဗျာ။

၁။ ကျေးဇူးတင်လွှာ (ကွန်းမန့် ၃၉ ခု)
https://myanmargazette.net/87079/creative-writing/modern-critics-professionalsamateurs-judge

၂။ စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး မိုးပျံလမ်းပေါ်မှ ခုန်ချပြီး သေကြာင်းကြံပြန်ပြီ။ (ကွန်မန့် ၂ရ ခု)
https://myanmargazette.net/85554/economic-news-international-news-news-industry-people-in-the-news-us-news-news

၃။ စည်းချက်မမှန် နှလုံးသားထဲက အသံ (ကွန်းမန့် ၄၄ ခု)
https://myanmargazette.net/83647/creative-writing/short-story

၄။ ယနေ့ ဆူးခရီးစဉ် (ကွန်းမန့် ၅၅ ခု)
https://myanmargazette.net/82574/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle

၅။ သူဌေးသားမက် ဘဝင်လေဟပ် (ကွန်းမန့် ၄ဝ ခု)
https://myanmargazette.net/81821/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

၆။ သစ်မွှေးအကြောင်း စပ်မိစပ်ရာ (ကွန်းမန့် ၂၉ ခု)
https://myanmargazette.net/79173/creative-writing/my-thinking-different

၇။ ရွာအစည်းအဝေး အပိုင်း (၁-၂-၃-၄)
https://myanmargazette.net/71088/creative-writing/my-thinking-different (ကွန်းမန့် ၃ရ ခု)
https://myanmargazette.net/71285/creative-writing/my-thinking-different (ကွန်းမန့် ၃ရ ခု)
https://myanmargazette.net/71097/creative-writing/my-thinking-different (ကွန်းမန့် ၃ဝ ခု)
https://myanmargazette.net/71101/creative-writing/my-thinking-different (ကွန်းမန့် ၃ဝ ခု)

၈။ အလှူတစ်ခု ဖြစ်မြောက်သွားပါပြီ (ကွန်းမန့် ၄၆ ခု)
https://myanmargazette.net/63494/creative-writing/my-dear-diary

၉။ အသုံးမချသင့်ဘူး (ကွန်းမန့် ၃၈ ခု)
https://myanmargazette.net/57561/creative-writing/my-dear-diary

အခုနောက်ပိုင်း ဆူး ရဲ့ပို့စ်တွေကိုကြည့်လိုက်ရင် ကွန်းမန့်ပေးတဲ့သူများတာကို သတိပြုမိပါတယ်။
ကွန်းမန့် တစ်ခုမှ မရတဲ့ ပို့စ်တွေကိုလည်း တွေ့မိတဲ့အတွက် အံ့အားသင့်မိပါတယ်ဗျာ။
၂၀၁၁ ခုနှစ်အတွင်း ဆူးတင်ခဲ့တဲ့ ပို့စ်တွေထဲက လက်လှမ်းမီသလောက် ပို့စ်တွေကို ပြန်လည်ရှာဖွေ ရေးသားတင်ပြလိုက်ခြင်းဖြစ်ပါတယ်။
လိုအပ်ချက်များရှိပါက ကျွန်ုပ်ဘလက်၏ အားနည်းချက်သာ ဖြစ်ပါကြောင်း ခွင့်လွှတ်ပေးကြဘို့ပြောရင်း
ကျွန်ုပ်ဘလက်ကို နှုတ်ဆက်ခွင့်ပြုပါ ခင်ဗျာ။

39 comments

  • blackchaw

    December 21, 2011 at 10:24 pm

    ၂၀၁၁ ခုနှစ်အတွင်း ဆူး ရေးခဲ့တဲ့ ပို့စ်များထဲက
    ကောင်းနိုးရာရာ လက်လှမ်းမီရာကို
    ရှာဖွေဖေါ်ထုတ်ပြီး လင့်လေးတွေထည့်ပေးထားတာပါခင်ဗျာ။
    နောက်နေ့တွေမှာလည်း ကျွန်တော့် ဆရာသမားတွေရဲ့
    ပို့စ်တွေကို ဖေါ်ထုတ်သွားဦးမယ်ဆိုတဲ့အကြောင်း……..။

  • weiwei

    December 21, 2011 at 11:00 pm

    ရွာထဲမှာ ကွန်မန့်အများဆုံး ၆၀၀ဝ ကျော်အထိ စံချိန်တင်ထားတာကိုကြည့်ရင် အချိန်ဘယ်လောက်ပေးခဲ့ရတယ်ဆိုတာကို သိနိုင်ပါတယ် … စေတနာမပါရင် လုပ်လို့မရတဲ့ အလုပ်ကို အချိန်အများကြီးပေးပြီး လုပ်နိုင်ခဲ့လို့လဲ ရွာတော်ရှင်ဘွဲ့ရနေတာပေါ့ … အရင်တုန်းက သူတစ်ရက်မဝင်ရင် တစ်ရက် သိသိသာသာ ခြောက်ကပ်သွားလေ့ရှိပါတယ် … အခု ရွာကစည်ကားနေပြီဆိုတော့ သူလဲ အရမ်းအားမစိုက်တော့ပဲ တခြားအလုပ်တွေကို အာရုံစိုက်နေတာဖြစ်ပါတယ် …

    အန်ကောဝပ် အကြောင်းရေးထားတဲ့ ခရီးသွားပို့စ်တွေလဲ ကောင်းပါတယ် …
    ပို့စ်မှာအရေးနဲပေမယ့် ကွန်မန့်မှာ အများဆုံးရေးဖြစ်တဲ့ ဘာသာရေးဆိုင်ရာ ဗဟုသုတတွေကလဲ မှတ်သားစရာကောင်းပါတယ် ..
    ဖြတ်ထိုးဉာဏ်ကောင်းကောင်းနဲ့ ကွန်မန့်များများရအောင် ပို့စ်ရေးနိုင်တာကလဲ ဉာဏ်ကြီးတယ်လို့ သိသာပါတယ် …
    ဘယ်ဘက်ကပဲကြည့်ကြည့် ရွာအတွက် အကျိုးဆောင်ခဲ့တာကတော့ သက်သေတွေ အခိုင်အမာရှိပြီးသားမို့ အထူးအမွှန်းမတင်ချင်တော့ပါကြောင်း …. 🙂

  • pooch

    December 21, 2011 at 11:27 pm

    မဖတ်ဖူးသေးတာလေးတွေပါလို့ ပြန်ရှာဖတ်ကြည့်လိုက်ပါအုန်းမယ်…..
    ခုလို အစဆွဲထုတ်ပေးတာ ကျေးဇူးပဲ …..
    ဆူးရဲ့ အရေးအသားကတော့ ရွာထဲဝင်ကထဲက သတိထားမိခဲ့တာပါ…..ပြောပလောက်အောင် အရေးကောင်းပါတယ်…….
    ဒါပေမဲ့ရွာဝင်နောက်ကျတော့ အကုန်တော့ မသိလို့ ခုမှ ပြန်ရှာဖတ်ပါအုန်းမယ်

  • nigimi77

    December 21, 2011 at 11:28 pm

    အဲဒီ မိန်းမကြီးပေါ့

    အပူ နဲ ့ အအေး ဒွန်တွဲနေတာ

    MPF ထုတ် ဓါတ်ဆားလိုပဲ…. အော်ဂလီဆန် စေချင် သလို သူ ့အစွမ်းကလဲ အံ့မခမ်းပဲ ။

    မနုသီဟ ဖင်နှခွမကြီး ။ 😛

    တကယ်တမ်းပြောရရင် …ဆူး ဆိုတဲ့ နာမည် အစား 知識 လို ့ ပေးရမှာ ။

    ဒါနဲ ့ စကား မစပ် …သူရေးတဲ့ အဲဒီ 南怡─ ကျွန်း အကြောင်းကို ရေးရဦးမယ် ။

    知識 ကို မှီပြီး လုပ်စားချင်ထှာ…..ခွိခွိ….

    လဇာဂီတို ့ အရှေ ့ကျွန်းမှာ 冬のソナタ လို ့ ပြောကြတဲ့

    冬日戀歌 သို ့မဟုတ် Winter Sonata အကြောင်းကိုလည်း ဟိုနည်းနည်း သည်နည်းနည်း

    ိပိုစ့်တစ်ပုဒ်နဲ ့ရွှီးလိုက်ဦးမယ် ။

    • ပေါက်ဖော်

      December 22, 2011 at 10:27 am

      ဟယ်…
      မနုဿီဟဆိုတော့..ဘောင်းဘီဝတ်ရင်..အမွှာပူး ဘောင်းဘီ ဝတ်ရမှာပေါ့နော်.. 🙄

  • ဦးဦးပါလေရာ

    December 21, 2011 at 11:37 pm

    ရွာတော်ရှင် ဆူး ရဲ့ လုပ်ဆောင်ချက်တခုက သူ့စိတ်ရင်းအတိုင်းပဲ လိုအပ်သလို လိုက်ထိန်းညှိ (balanceလုပ်) ပေးတာကို သတိထားမိတယ်။ အရင်တုန်းကတော့ ရွာထဲလူသစ်ဝင်လာရင် အရင်ဆုံး အဖက်လုပ်ကွန်မင့်ပေးတာမျိုးလဲ လုပ်တတ်တယ်။ လူသစ်အတွက် အားတက်တာပေါ့။

    ဆူး ရဲ့ ပိုစ့်တခုတလေမှာ ကွန်မင့်မရဘူးဆိုတာက – အရင်က ပိုစ့်တခုတက်လာရင် အခုလို ဝိုင်းကွန်မင့်ပေးတဲ့ အလေ့မရှိလို့ပါ။ ဒီလိုပဲ ဖတ်သွားကြပြီး စိတ်လိုလက်ရရှိမှ ကွန်မင့်ပေးကြတယ်။

  • ဖွားဆူးလို့ နာမည်ပေးကင်ပွန်းတပ်ခဲ့တာတော့ ကျွန်တော် ရှူံးနိမ့်မှုများနဲ့.. လူ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ တစ်ခါတုန်းက လူသစ်တန်းလေးတစ်ယောက်က ဆူး ပြန်လာတာကို ဝမ်းသာတဲ့အကြောင်း၊ အရွယ်ကိုလဲ သေချာမသိတော့ ဘယ်လိုခေါ်ရမလဲ မသိဖြစ်နေချိန်မှာ တစ်ချိန်က မိဖုရားဖွားစောကိုလေးစားသမှုနဲ့ ခေါ်ခဲ့သလို သူ့ကိုလဲ လေးစားသမှုနဲ့ ဖွားဆူူးလို့ ခေါ်ရင် ပြည့်စုံမယ်ထင်ကြောင်း ဝင်ရောက်အကြံပေးရာကနေ သူများပေးထားတဲ့ ဘွဲ့ “ရွာတော်ရှင်” ရယ်၊ “ဖွားဆူး” ရယ်ပေါင်းပြီး ရွာတော်ရှင် ဖွားဆူး ဖြစ်လာရပါကြောင်း ဂေဇက်သမိုင်း သုတေသီကြီးမှ အသိပေးအပ်ပါသည်။

    ရွာတော်ရှင် ဖွားဆူးအကြောင်းကို တစ်သီးတစ်သန့် ဂုဏ်ပြုရမည်ဆိုလျင်တော့ ကျွန်တော်သည်ကား တစ်ချိန်က အရေးသွက်သွက်၊ အတွေးထက်ထက်ဖြင့် ကိုယ်ပိုင်ဟန်ဖြင့် ဖောက်ထွက်စဉ်ကာလက ဖြစ်ပါသည်…

    မန်းဂေဇက်ကြီးသည်ကား ထိုစဉ်က ခြောက်ကပ်ကပ်ကြီးသာဖြစ်တော့သည်။ ယနေ့တင်လိုက်သော Post သည် ပထမစာမျက်နှာမှ ၂ ရက်ကျော်တိုင်အောင် ပျောက်ကွယ်သွားခြင်းမရှိပေ။ သူကြီးကိုယ်တိုင်ပင် အထူးအရေးယူ မှတ်ချက်ပေးနိုင်သည်ထိ နည်းပါးခဲ့သည်။ ယနေ့ကာလလို ယနေ့တင်၊ ညနေ တစ်ခြားစာမျက်နှာသို့ ရောက်သွားသည့်အဖြစ်မဟုတ်သဖြင့် ရေးရသည်မှာ အားရလှပေစွ။ ဖွားဆူးသည်ကား ဆက်လက်စောင့်ဖတ်ပေးနေပါမည်ဆိုသည့် မန့်စာလေးဖြင့် ရေးသားသူ၊ လူသစ်တန်း ကျွန်တော့်လိုလူမျိုးအဖို့ မြှောက်ပေးသူရှိတုန်း ေ-ွးတက်အောင် ကမည့်သူများကို လက်တွဲခေါ်ခြင်းကဲ့သို့ ရှိလေတော့သည်။ တစ်ချိန်က ကျွန်တော်ရေးခဲ့သည်များတွင် တစ်ချိန်က မြို့မရုပ်ရှင်ရုံက ပြစက်မောင်းသမားဘဝ သည်ကား ရေးခဲ့ဖူးသမျှတွင် အားအရဆုံးဖြစ်တော့သည်။

    ဆူးဆိုသဖြင့် သေးသေးချွန်ချွန်လေးဖြစ်မည်အလား မှတ်ယူထားပါသော်ငြား အတွေးများသည်သာ ဆူး သက်သက်ဖြစ်သည့် မမအားသိကျွမ်းလာရပြီးသည့်နောက် အတွေးသက်သက်၊ အရေးသက်သက်သာ သူများရင်သို့ ထိုးဖောက်ဝင်ရောက်နိုင်သည့် ချွန်ထက်ထက် ဆူးဖြစ်ကြောင်းသိရပြီး ရွယ်တူတန်းသာဖြစ်ကြောင်း သိလာရသော်လည်း အစဉ်လေးစားသမှုရှိနေရပါကြောင်း ကျွန်ုပ် ရှူံးနိမ့်မှုများနဲ့.. လူ မှလည်း ဝင်ရောက် ဂုဏ်ပြုလိုက်ရပါကြောင်း…။

  • nigimi77

    December 22, 2011 at 1:02 am

    ဟေ့…လူ…ဟေ့…လူ….

    မဟုတ်သေးဘူးနော…

    အိုက် ဘွားတော်ဂျီးကို … စပြီး သမုတ်တာ ကျုပ်ဖြစ်လိမ့်မယ်….

    ကျုပ်သာလျင် တရားဝင် x ကြီး ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးး

    ဟိုက်ရှာလဘက်စ် ……….

    မွားတွားဒယ်

    ကျုပ်သာလျင် Blahhh Blahhh Blahhh ဖြစ်ပါကြောင်းးးးးးးးးးးးးးး

    မယုံရင် လှန်ကြည့်……ပိုစ့် အဟောင်းဒွေ

    ကော်ပီ ရိုက် ထားဒယ် ……။

    ဘူးထွားဝါးဟားဟားးးးးးးးးးးး

    • ကျုပ်သိပါ့ဗျာ.. ခင်ဗျားနဲ့ ဆူးကြားက တိုက်ပွဲတွေကို၊ အဲဒီတုန်းက အီးတုန်းကိုပါ ပယ်ပယ်နယ်နယ် ဝေဖန်ပေးခဲ့တာ ဘယ်သူလဲပြော? ပြီးတော့ ကျုပ်ကို ပထမဆုံး ဆော်ပလော်တီးခဲ့တာရော ဘူလဲပြော?

      • hmee

        December 22, 2011 at 2:01 pm

        အဲ့တုန်းက ကိုရင်နိဂီမိတယောက် တရွာလုံးနဲ့ တယောက် ဖြစ်ခဲ့တာ မှတ်မိသေးတယ်။ တရွာလုံး ငြိမ်သွားလိုက် ပြီး ပြန်ဆူလိုက်နဲ့ ပျော်စရာတော့ ကောင်းသား။ နောက်ပိုင်းဆို အဲ့လို ဆူညံဆူညံလေးတွေ မရှိရင် ရွာက ပျင်းစရာ ကောင်းသလိုတောင် ဖြစ်လာသေးတယ်။ ဒေါ်ဆူးအကြောင်းကတော့ မပြောပါနဲ့တော့ တခါတခါ သူကြံကြံဖန်ဖန်တွေးပြီး ရေးတတ်တာကို အံ့ဩမဆုံးဘူး။ ရွာထဲမှာ အသက်ကြီးမှန်း ငယ်မှန်းမသိပဲ ရွာသူားအသစ်လေးတွေက မန်းတတ်လို့ အသက်စစ်တမ်းပို့ ကောက်တာလည်း သူ့ ရွှေဉာဏ်တော်စူးရောက်မှုပဲ။ အဲ့နောက်ပိုင်းမှ အသက်ကြီးသူ ငယ်သူ ပိုသိပြီး ပိုလေးလေးစားစား ဆက်ဆံလာကြတာ ဆူးကျေးဇူး။

  • amatmin

    December 22, 2011 at 3:00 am

    ကိုဘလက်ရေ..
    ၂၀၁၁ အတွင်းမှာ ကျွန်တော် အနှစ်သက်ဆုံး အွန်လိုင်း စာမျက်နှာကတော့ ဂေဇက်ပါဗျ.
    ကျွန်တော် ဘာကြောင့်ရယ် မသိ နှစ်သက်မိတဲ့ စာမျက်နှာ တွေကိုတခုစီ ပြန်အစ ဆွဲထုတ်ပေး
    တဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့…

  • inz@ghi

    December 22, 2011 at 4:23 am

    တူးတဲ့လူကလည်း ဂတ်တူဆို မှ သွားတူးတယ်…..
    မျက်စိကျတဲ့လူ ကြည့်တော့ လည်း ရွိုင်ကိန်းကြီးတဲ့ ….
    ဟုတ်တော့ ဟုတ်နေဘာဘီ …..
    ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြတာ ပေါ့ ခွိ ခွိ…

  • ဆူး

    December 22, 2011 at 9:11 am

    မနက် အလုပ်ရောက်ရောက်ချင်း ဂျီတော့ ဖွင့်လိုက်တော့ သူငယ်ချင်းများက သတင်းပို့ထားကြတယ်။
    ဘွားဆူး ကို တူးထားပြီတဲ့။ ဘာများလဲလို့ ဝင်ကြည့်တော့ ဦးဘလက်ရဲ့ တူးစွပြီး အဟောင်းတွေ လူသိအောင် လုပ်ပေးတာ ဖြစ်နေတယ်။ ကျေးဇူးတင်ပါတယ် လို့ ဦးစွာ ပထမ ပြောချင်ပါတယ်။
    ဆူး က အရင်ကတော့ ဖိုရမ်တခုမှာ အမြဲ ဝင်ရေးတယ်။ နောက်တော့ ဖိုရမ်က ခဏခဏ ဒေါင်းတာနဲ့ ဒီရွာကလေးကို ရှာတွေ့ခဲ့တယ်။ အဲဒီတုန်းကတော့ ကိုရှုံးပြောသလိုပါပဲ ပိုစ်တခု တင်ရင် ၂ရက်လောက် ပင်မ စာမျက်နာမှာ တက်နေလောက်တဲ့ အထိ တော်တော် တိတ်ဆိတ်နေတဲ့ ရွာလေးပေါ့။
    သဂျီးကလည်း လိုလိုလားလား စာရေးစေချင်လွန်းလို့ ဒီမှာ စာရေးရင် ပွိုင့် ၃၀ဝ ပေးမယ် ရေးကြပါ ရေးကြပါ မြန်မာပြည်က လူငယ်တွေ စာရေးတဲ့ အကျင့်ရအောင် လုပ်ပေးပြီး ပိုက်ဆံတကယ်ပေးမဲ့ ဆိုဒ်ကလေး ဖြစ်ပါတယ် ဆိုပြီး ရေးထားတာတွေ့တယ်။ တကယ်တမ်း ၃၀ဝ နဲ့ ရေးပါ ဆိုတော့ ဘာရေးရမှန်း မသိဘူး။ ပိုစ်တွေ လိုက်ဖတ်တော့လည်း တနေ့ တနေ့ အသစ်တက်မလာဘူး။ နောက်တော့ ဖိုရမ်မှာ ရေးနေကျ အကျင့်ပါနေတော့ ပိုစ်တွေကို လိုက်ဆွေးနွေးတယ်။ အဲဒီ တုန်းက ကွန်မန်း တခု ၅ဝ တဲ့နော်.. အခု ပိုစ်တင်ရင် ၃ဝ ပဲ ရတယ်။
    ပိုစ်တင်လိုက်ပြီး စိတ်ဝင်တစား ဖတ်ပြီး ကွန်မန်း တွေ ရတော့ တင်တဲ့လူတွေ စိတ်ဓါတ် တက်ကြွ လာပုံရတယ် ပိုက်ဆံ ရမှာထက် စိတ်ဓါတ်ရေးရာ အရ ပွားများလာတဲ့ ပီတိကြောင့် ပိုစ်တွေ အတင်စိပ်လာတယ်။ အဲဒီ အချိန်အထိလည်း ပိုစ်ကောင်းကောင်း မတင်နိုင်သေးဘူး။ နောက်တော့ ပိုစ်တခု ၁၀ဝ ပြောင်းလိုက်ပါပြီတဲ့.. တင်တဲ့ လူတွေ များလာလို့ပါဆိုပြီး ဥပဒေ ပြောင်းလဲလိုက်တယ်။ အဲဒီတော့မှ စိတ်ကူးရပြီး ခရီးတွေ သွားခဲ့တာ အဲဒီ အကြောင်းတွေ သိသလောက် ရေးမယ် ဆိုပြီး မှတ်မိသလောက် ရေးခဲ့တာပါပဲ။ ဒီမှာ ရေးတဲ့ ပိုစ်တွေက ကိုယ်တိုင် ခြေချဖူးတဲ့ နေရာတွေကို မှတ်မိသလောက် ရေးခဲ့တာပါ။ ခရီးသွားတုန်းကတော့ စာပြန်ရေးမယ် ရည်ရွယ်ချက် မရှိပဲ ပေါ့ပေါ့ပါးပါး သွားပြီး ခရီးသွားလမ်းညွန်ပြောတာ နားထဲ မကြားတချက် ကြားတချက်နဲ့ မှတ်မိနေတာ ရေးတာ ဆိုတော့ အကုန် ပြည့်စုံချင်မှ ပြည့်စုံမယ်။ ဒါပေမဲ့ ခင်ခင်မင်မင် ရှိတဲ့ ရွာထဲက မိတ်ဆွေများကို ပြန်ပြီး ပြောပြတဲ့ သဘောမျိုးပဲ သဘောထားပါတယ်။ ဆူး ကိုယ်တိုင်တော့ ကိုယ့်ဟာကို တခါမှ စာရေးဆရာမ လို့ သဘောမထားခဲ့ဘူးပါဘူး။ စာမူ တောင်းခံရတာ မှန်ပါတယ်။ ဆူး ထက် အရင်စာမူတွေ သတင်းစာမှာ ပါခဲ့ကတော့ ကိုပေါက်ပါ။ ကိုပေါက် မန်း ရဲ့ စာမူ တွေ သတင်းစာမှာ အကြိမ်ကြိမ် ပါဖူးပါတယ်။ အခုလို ဆူး ရဲ့ ဟောင်းနွမ်းနေတဲ့ ပိုစ်တွေကို အသစ်ဖြစ်အောင် ပြန်လည် ဖော်ထုတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
    ရွာထဲမှာတော့ တိုက်ပွဲတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဦးဘလက်က ဖြစ်ခဲ့ဖူးတဲ့ တိုက်ပွဲတွေကိုပါ တပါတည်း ခေါ်ဆောင်ခဲ့တဲ့ အတွက် တိုက်ပွဲတွေတော့ ဆက်ရအုန်းမယ်ထင်ပါတယ်။ တိုက်ပွဲတွေ ကြားထဲ မရောက်ချင်လို့ ဆူး လက်ရှောင်နေခဲ့ပေမဲ့ တဲ့တဲ့ တိုးလာရင်တော့ မရှောင်ပါဘူး။
    ဒီပိုစ်လေး ကွန်မန်းတွေ နဲ့ အလွန် အလွန် စည်ကားလာမှာ မြင်ယောင်ပါသေးတယ်။

  • etone

    December 22, 2011 at 9:28 am

    ဘွားတော်ဆူး စဝင်လာခါစက သတိထားမိတယ် …. အဲ့ဒီတုန်းကရေးတဲ့ နာမည်လေးက တမျိုး ။ သူကစာရေးကလည်းကောင်း ၊ စိတ်ဝင်စားစရာလည်းကောင်းတာကြောင့် သူ့ပို့စ်တွေရွေးဖတ်ဖြစ်သေးတယ် ။ ခရီးသွားရင်းရေးတဲ့ ပို့စ်တွေကလည်း ဗဟုသုတရတယ် ။ လေ့လာလိုက်စားမှုလည်းရှိတာကြောင့် ဘာသာရေးပို့စ်တွေမှာ ကော့မန့်တွေ အပြန်လှန်ရေးနိုင်တာလည်းတွေ့ရတယ် … ။ ဒီရက်ပိုင်းတော့ ရွာထဲ သိပ်မဝင်ဖြစ်တော့သလိုပဲ … ။

    ဒါနဲ့ .. သဂျီးဆီက ပထမဆုံး တစ်သိန်းရတဲ့ လူကတော့ … လေးပေါက်ကြီးလား ၊ ဘရုပ်လား ၊ လူတလုံးလား … သေချာတောင် မမှတ်မိတော့ဘူး ။ ကိုယ်တွေ စဝင်တဲ့အချိန် အဲ့ဒီလူတွေက တော့ပ်တန်းရဲ့ ထိပ်ဆုံးရောက်နေပြီးသားလေ … ဟီး 🙂

  • ဆူး

    December 22, 2011 at 9:46 am

    ဦးဘလက်ရေ nigimi77 တရွာလုံးက နာမည်ပေးတဲ့ တပ်မ၇ရ ဆိုတာ ဘယ်လို ရလဲ ဆိုတာ သိချင်မှ သိမယ်။ စဝင်လာတုန်းကတော့ ကြိုဆိုခဲ့ဖူးတဲ့ လူထဲမှာ သူလည်း ပါတယ်။ သူရေးချင်ရာ ရေးပြီး ပြောနေတာကို ဖတ်ပေးပြီး ကွန်မန်းပေးခဲ့ပေမဲ့ အရေးတယူ အဖက်လုပ်ရလောက်အောင် မတန်တဲ့ လူမို့ လုံးဝ အရေးကို မလုပ်ခဲ့ဘူး။ အခု သူနဲ့ ပြသနာ တက်တဲ့ ပိုစ်နဲ့ အတူ ကွန်မန်းတွေပါ တွေ့နေလို့.. နည်းနည်း ရေးပေးလိုက်တယ်။ ထိုလူ၏ မိုက်ရိုင်းလှစွာ ဆဲဆို ထားသော ပိုစ်တွေ ကွန်မန်းတွေကို ပင်လျှင် သဂျီးမှ ဖျက်သိမ်းရခဲ့ရသည် အထိ ဖြစ်ခဲ့ဖူးပါသည်။ ဆူး ကတော့ ဆူး ရဲ့ နယ်မြေထဲ ထိုလူ လာရေးရင်တော့ လုံးဝ အထိပါး မခံ ဖျက်ခဲ့ပါတယ်။ အမှိုက်ဆိုတာ တယောက် ဖွရင် ဆက်တိုက် ဖွ တတ်တဲ့ အလေ့ ရှိပါတယ်။ မင်းကွန်းခေါင်းလောင်းကြီး သက်သေပါပဲ.. တယောက် လက်ဆော့ ကြည့်နေ တယောက် လက်ဆော့ ကြည့်နေနဲ့ မြန်မာပြည်က အများပိုင် လက်ဆော့ ခံရမှုတွေ အများအပြား ရှိပါတယ်။ မီးဆိုတာ မလောင်ခင် ကြိုတား မလား လောင်မှ ဝိုင်းအုံပြီး ကြည့်နေမလား.. ဘာပဲ ဖြစ်ဖြစ် ပြသနာ ဖြစ်ရင်တော့ နှစ်ဘက်လုံး ဆုံးရှုံးခဲ့တာ ဂုဏ်သိက္ခာပဲ။ ကိုယ့်ဒေါသနဲ့ ကို ရေးကြ ပြောကြရင်းနဲ့ ဆုံးရှုန်းခဲ့တာကို ဘယ်သူဆီက အလျှော်ပြန်တောင်းကြမလဲ….

    ထိုလူ၏ အတွေးအခေါ်သည် မိုက်မိုက်ရိုင်းရိုင်း မပြောချင်ပါဘူးနော်.. သူရေးတာကို ဖတ်တာနဲ့တော့ သိပါလိမ့်မယ် ကွန်မန်းတိုင်းမှာ အောက်ပိုင်း မပါမပြီး အမြဲပါတယ်။ စိတ်ဓါတ်က ဘယ်တော့မှ အထက်ကို တက်မလာဘူး ရွာထဲမှာ ရေးနေတာ အလွှာပေါင်းစုံ လူပေါင်းစုံ ရှိကြပေမဲ့ အများနဲ့ တယောက် အလိုလို ညှိပြီး ပြောင်းလဲ သွားတတ်ပေမဲ့ ထိုလူကတော့ အောက်ပိုင်းက မတက်တဲ့ စိတ်ကူးနဲ့ လူတကာ သူ့လိုပဲ အောက်ပိုင်းနဲ့ ညှိပြီး ပြောဆိုနေတတ်တာ သိပါလိမ့်မယ်။ စဝင်လာခါစတုန်းကဆိုရင် တရွာလုံးက လူတွေကို တက်ဆဲ ခဲ့ပုံကတော့ အမြီးလေး တနှံနှံ သေးလေး တစက်စက်နဲ့ ကြောက်နေလား ဆိုတဲ့ ပုံစံမျိုးနဲ့ မန်းပြီး တရွာလုံး ဆဲပြီး ဝင်လာတာပါ။ အားလုံး က ဝိုင်းကျဉ်ပြီး အရေးမလုပ်လို့ ငြိမ်သွားပေမဲ့ အခု လူသစ်တွေ များလာတော့ ဘယ်လိုလူလဲ မသိတော့ သူကို ဝိုင်းအားပေးတော့ သွေးနထင် အဲလိုပြောရင် သူစိတ်ဓါတ် တက်သွားတယ် ထင်မယ်.. သွေးတွေ အောက်ပိုင်း ဆင်းဆောင့်လို့ မြောက်ကြွ မြောက်ကြွ ဖြစ်နေတာပါ။
    ရွာထဲမှာ စာရေးတာ ရုပ်မမြင်ရဘူး အသံမကြားရဘူး စာပဲ ဖတ်လို့ ရတယ်။ ဒီထဲမှာ ရုပ်ဆိုးသူတွေ ပါချင်ပါမယ် သိပ်ချောလွန်းတဲ့ လူတွေ ပါချင်ပါမယ်။ သိပ်ချမ်းသာလွန်းတဲ့ လူတွေ ပါချင်ပါမယ် ဆင်းရဲတဲ့ လူလည်း ပါချင်ပါမယ်။ လူတယောက်ရဲ့ အဆင့်အတန်း ဂုဏ်သိက္ခာဆိုတာ ဘယ်လိုဟာနဲ့ ဆုံးဖြတ်မလဲ။ ရှင်းရှင်းလေးပါပဲ.. လူတယောက်ရဲ့ ပြယုဒ်သည် ထိုလူရေးသော စာသားများပေါ်တွင်သာ မူတည်ပါတယ်။ လူတယောက်ရဲ့ စိတ်ဓါတ် အဆင့်အတန်းနဲ့ အတွေးအခေါ်သည် ရေးသားသော စာသားပေါ်တွင် မူတည်တဲ့ အတွက် ကိုယ့်ရဲ့ သိက္ခာ အတွက် ထိုလူသည် မည်သို့မျှပင် တွေး၍ အဖက်လုပ် အရေးတယူ လုပ်စရာ မလိုတဲ့ လူစားထဲမှာ ပါပါတယ်။
    အခု ဒီပိုစ်ထဲမှာ ရေးသော ကွန်မန်းကို ဖတ်ပြီးလျှင်ပင် ထိုလူ၏ စိတ်ဓါတ် အဆင့်အတန်း ဘယ်လောက် ရှိမလဲဆိုတာ ဖတ်တဲ့လူတွေ သိပါလိမ့်မယ်။

  • ပေါက်ဖော်

    December 22, 2011 at 9:52 am

    အနော် စဝင်ကာစက အဲဒီအဖွားကြီး ဖလန်းဖလန်း ထနေတဲ့ အချိန်ဗျ
    နောက်တော့….တဖြည်းဖြည်း စွာလန်ကျဲလာတယ်….
    နောက်တော့..တော့ပ်တန်း ထဲအောက် ဆုံးက စချိတ်လာတယ်..
    တော့ပ်တန်းထဲ စဝင်တယ်ဆိုကတဲက

    ဝေ့..ဆူးတဲ့.နော်..
    တော့ထဲမှာ တန်းနေပြီ..ကြောင်တောင်တောင်လာမလုပ်နဲ ့..
    တော့ပြီး တန်းထလိုက်လို ့..ကန်းသွားမယ်..ငွှဲ.ငွှဲ..ငွှဲ..

    အဲလို ဟုတ်ဘူးလို ့..ပေါမလို ့ပါ..
    မျက်စိအောက် တစ်ပုန်း ပေါက်သွားတာ..တူပေါ့.တူပေါ့..
    ဘာမှလဲ မစားရဘူး..ဟွင်း..

  • inz@ghi

    December 22, 2011 at 10:18 am

    (..ကြားဖြတ်သတင်း…)
    မန်ယူအသင်းမှ ကွင်းလယ်ကစားသမား ရွိုင်ကိန်း နှင့် အေစီမီလန် ကွင်းလယ်ကစားသမား ဂတ်တူဆို တို့ အခြေအနတင်းမာ …
    ဇာဘီဟာနန်ဒက်ဇ် မည်သို့ မှတ်ချက်ချမည် မသိသေး ..
    ဘောသမားများအဖွဲ့ချုပ်ဥက္ကဌ ဒေးဗစ်ဆီးမန်း ခရီးလွန်နေ …
    ဗီအဲရာ ယခုအခါ ဂတ်တူဆို ဘက်မှ ရပ်တည်နိုင်ဖွယ်ရှိ …
    တိုက်စစ်မှူး အင်ဇာဂီ အိပ်ချင်ယောင်ဆောင်…

  • nozomi

    December 22, 2011 at 10:31 am

    ရွာအတွက်တော့..

    “မရှိမဖြစ် ဆူး ” ပါ

  • char too lan

    December 22, 2011 at 10:33 am

    ဆြာဆူး ……….. ကျနော်သတိထားမိတာက ဦးဖက်ရဲ့ O/C post မှာလမ်းကြောင်းပေးထားတာ တင်ပီးတော်တော်ကြာတဲ့ အထိကောမန့်အဖြေမရဘူး ကျနော်လဲသိချင်တော့စောင့်နေတာပေါ့
    အဲ့ဒီဆြာဆူး အချက်အလက် အပြည့်အစုံနဲ့ဖြေပေးခဲ့တယ် …
    ဪ……. တော်တော် တော်တဲ့ ဆြာဆူးပါလို့…. အသိအမှတ်ပြုခဲ့တာ… အလားတူ အသိအမှတ်ပြုစရာတွေ ဆြာဆူးရဲ့ Post မဖတ်နိုင်ရင်တောင် Comments တွေမှာအများကြီးရှိနေသေးတယ်

  • blackchaw

    December 22, 2011 at 10:41 am

    နည်းနည်း လေး ကျန်သွားတယ်ဗျို့။
    ဂီဂီ ရဲ့ မြန်မာ့ ရိုးရာ စားစရာထဲက Branding လိုပါပဲ။
    ဆူးမှာ ကိုယ်ပိုင် Brand လေးတစ်ခုရှိပါတယ်။
    ဆူးစိတ်ကူး ဆိုတာလေးပါဗျာ။
    အဲဒါလေးရေးဘို့ မေ့သွားလို့ပါ။
    အဓိကကိုမှ မေ့သွားတာ ခွင့်လွှတ်ကြပါဗျို့။

  • နွယ်ပင်

    December 22, 2011 at 10:43 am

    ရွာထဲကို ပထမဆုံး ယောင်လည်လည်နဲ့ ရောက်လာတုန်းက
    ကိုယ်ကစာဖတ်သူသက်သက်ပဲ နောက်တော့ သူများရေးထားတဲ့ပိုစ့်လေးတွေ
    လျှောက်ဖတ်ရင်း ပထမဦးဆုံး သတိထားမိတာက ဆူးရဲ့ ပိုစ့်လေးတွေပါပဲ .

  • ကြောင်ကြီး

    December 22, 2011 at 10:53 am

    အန်တီဆူးနဲ့ ကျနော် မြန်မာပြည်မှာခထဲက သိခဲ့တာပါ။ သိဆို သူနဲ့ကျနော် တဦးနဲ့တဦး အရင်က မသိကြဘူးလေ၊ ဒီတော့ မသိ မသိခြင်းမို့ သိခြင်းသဘောဆောင်သွားပါတယ်။ (အနှုတ် အနှုတ်ခြင်းဆို အပေါင်းဖြစ်ခြင်းကို မြင်ကြည့်ပါ)။ မဆိုင်ဘူးထင်လား မိတ်ဆွေ… ကျုပ်က ဆိုင်တယ်ထင်လို့ ပြောတယ်။ ဒါဆိုရင် အနှုတ်နဲ့အပေါင်း သဟဇာတ မဖြစ်လို့ မဆိုင်ဘူးဖြစ်သွားပါပြီ။ အခုပြောတဲ့ ဆိုင်ခြင်းမဆိုင်ခြင်းသည် မောင်မောင်ဂီ့ စိုင်နဲ့ လုံးဝမတူကြောင်း သတိပြုပါလေ။။။ သို့သော် ဆိုင်နဲ့ စိုင် မတူကြဘူးဆိုလျင် တူနိုင်ခြေများစွာ ရှိသောကြောင့် မဆိုင်သေးသောစိုင်အား ဆိုင်နိုင်ရန် ကြိုးစားနေကြသည် မဟုတ်ပါလော…။ အန်တီဆူးသည်လည်း အပျိုဂျီး၊ ကြောင်ကြီးသည်လည်း လူပြိုကျီး…သဘာဝခြင်း တူမတူ မိတ်ဆွေတို့ဖာသာ ဆုံးဖြတ်ပါလေ….။ :mrgreen:

  • windtalker

    December 22, 2011 at 12:42 pm

    ကိုဘလက်ရေ
    ခင်ဗျား က ကြားကွင်း သဘော ဖွင့်ပေးလိုက်တာဘဲဗျ
    ဘာဘဲဖြစ်ဖြစ်
    သဘောကျတယ်ဗျာ
    xxxxx

  • comegyi

    December 22, 2011 at 12:53 pm

    လေးစားပါသည် မဆူးခင်ဗျား
    ကိုဘလက်ကြီးကိုလည်း
    ကျေးဇူးတင်ပါသည်….

  • နီကီတာ

    December 22, 2011 at 1:08 pm

    ကိုဘလက်ကြီး ဆွဲထုတ်ပေးနေသော အစများအား
    တစ်စစီလိုက်ဖတ်နေကြောင်း……

  • nigimi77

    December 22, 2011 at 1:26 pm

    အင်း…အင်း…..

    ဆင်ထားထဲ့ ဂွင်ထဲကို တန်းဝင်လာတာပဲ

    သိပ်တောင် မပစ်လိုက်ရဘူး ။

    ဗျို ့ .. သူတော်ဂေါင်းမဂျီး

    ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက် ဂိုဏ်းချုပ်ဂျီး

    မပြီးသေးဘူး ဆက်ပြောဦး

    ပြီးရင်တော့ ကိုကို နိဂိမိ အလှည့်ပဲ …..ခွိခွိ

    …………………………………………

    အသစ်ဝင်ရောက်လာတဲ့ ရွာသူ ရွာသားများ ခည ။

    အိုက် အပေါ်က ဘွားဒေါ်ဂျီး ပြောတာ အမှန်တွေပဲဗျို ့ ။

    ကျုပ် အကြောင်းကို ကျုပ်ထက်ကို သူက ပိုပြီး သိတယ် ။

    သဘောတူရင် ဝိုင်းပြီး လက်ခုပ် တီးပေးလိုက်ကြပါ ခည ။

    သူ ့ခမြာ ပွိုင့်ကလေး တစ်သိန်းပြည့်အောင် ခွေးဟောင်တာက အစ ပိုစ့်လုပ်ပြီး

    ကျိုးစားရှာနေခိုက် ကျုပ်က သွားသွားပြီး ခလုတ်တိုက်ခဲ့တော့ အတော့ကို

    မုန်းတီးနေရှာပါတယ် ။

    တနားထှာ…..ဟီး ဟီး

    …………………………………………..

    ဒဂျီး ခည ။

    ဒီတခါကလွဲလို ့ နောက်နောင် ဘယ်သော အခါမှ အပေါ်က မိန်းမဂျီးကဲ့သို ့

    ကိုယ့်ဂုဏ်ကိုယ်ဖော် ပြီး သူတပါးကို နိုမ့်ချတဲ့ အပြုအမူမျိုးကို မလုပ်တော့ပါဘူး ခည ။
    ………………..

    ကို Blog Check ရေ ။

    ဆြာ့ ပိုစ့်လေး ပျက်သွားမှာ စိုးလို ့ ဒီလောက်နဲ ့ပဲ ရပ်လိုက်ပါတော့မယ် ။

    ဟေ့…..လဇာဂီ……နင့် မြင်း ငါ့ ခဏ ငှားဇမ်း……။

    ဒက်ဂလောက် ….ဒက်ဂလောက်……ဒက်ဂလောက်

    • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

      December 22, 2011 at 1:50 pm

      အသျှင်မင်းကြီး
      ယင်ကောင်မနားစေရန်အလို့ငှာ
      ထို
      ထုံးသုတ်၍ ထားသော
      ဗာရာဏသီ ငါးမုတ်ခြောက် ကို
      ရေစင်စင်ဆေး၍ သုံးဆောင်တော်မူပါလော
      ပုံ……………
      …………….. ဘဒ္ဒ န္တ

  • manawphyulay

    December 22, 2011 at 1:33 pm

    အင်း… ဒီလိုနာမည်ရဖို့ ဆူးရဲ့ ရေးသက်ကိုလည်း ကြည့်လိုက်ဦးလေ… ပင်တိုင်ဆူးဆိုပြီးလည်း နာမည်ရသေးတယ်။ ဆူးရဲ့ အန်ကောဝပ်အရေးလေးတွေနဲ့ ပုံလေးတွေကြည့်လိုက်ရင် ချက်ချင်းရောက်ရှိသွားသလို ခံစားမိခဲ့တယ်။ အကုန်အကျသက်သာစွာ ရောက်ရှိခဲ့တာပေါ့။ နောက်တစ်ချက် လူမုန်းခံပြီးလည်း ဒိုင်ခံ ပြောစရာရှိ ပြောဆိုတော့ နာမည်အများအပြား ပိုင်ဆိုင်သွားတာပါပဲ။ ရွာထဲမှာ ဆူးမရှိရင်ကို ရွာကြီးက ခြောက်သွေ့နေတော့တာ။ အရေးထဲ ကြောင်က ငါးကြော်ဝင်နှိုက်သေးတယ်။ တုတ်ကြီးကြီးနဲ့ ဆော်လိုက်… ဆူးရေ….

  • blackchaw

    December 22, 2011 at 1:56 pm

    ကျွန်တော် က ပြသနာကို အစ ဆွဲထုတ်လာသလို ဖြစ်သွားရင်
    မကောင်းဘူးပေါ့ဗျာ။
    ဒီပို့စ်ကို တင်တာ ကျွန်ုပ် ဘလက်ချောပါ။
    ဒီပို့စ်လေးတွေ ဖြစ်ဘို့ ကျွန်တော် အချိန်လည်းကုန်ပါတယ်။
    ငွေလည်းကုန်ပါတယ်။
    ခွန်အားလည်းကုန်ပါတယ်။
    စိတ်ဖိစီးမှုလည်း ခံရပါတယ်။
    အဲဒါ ရွာအတွက် အပင်ပန်းခံတာပါ။
    အဲဒီ စေတနာလေးကို လေးစားသောအားဖြင့် ဒီနေရာမှာ ရန်ဖြစ်ခြင်း သည်းခံကြပါလို့
    ပြောချင်တယ်ဗျာ။

  • MaMa

    December 22, 2011 at 2:25 pm

    ဆူးသည် ငယ်ပင်ငယ်သော်ငြား ရွာထဲမှာ ထက်မြက်တဲ့စိတ်ဓာတ်၊ ပေါင်းစည်းနိုင်တဲ့စွမ်းအားရှိသူမို့
    ရွာတော်ရှင်ဆိုတဲ့ ဘွဲ့ကို ကန့်ကွက်သူမရှိပဲ ရခဲ့/ပေးခဲ့ကြတာပါ။
    ရွာထဲကို စရောက်ကာစတုန်းက ပိုစ့်တင်သူလည်း များများစားစားမရှိဘူး။
    ဆူးနဲ့ ဝေဝေတို့ရဲ့ စာတွေကို ဖတ်ပြီး ရွာသူား ဖြစ်သွားရတယ်ဆိုပါတော့။
    ကွီး တုံ လန် ဆိုပြီး သဂျီးမှာ သမီးတော် ၃ ပါးရှိတယ် ဆိုတာတော့ သိခဲ့ရဖူးတယ်။

  • nature

    December 22, 2011 at 8:31 pm

    အပင်ပန်းခံပြီး လင့်တွေပါတင်ပေးတဲ့ blackchaw ရေ-
    ပိုစ့်တွေကို ပြန်ရှာဖတ်ရတာ လွယ်ကူတဲ့အတွက်ကျေးဇူးတင်ပါတယ်။

  • KING

    December 22, 2011 at 9:31 pm

    မဖတ်ဖြစ်တဲ့ ပို့စ်တွေကိုပါ ပြန်လည် ဖတ်ခွင့်ရအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးပါ
    မမဆူးက ကျွန်တော့်ရဲ့ နှစ်ခုမြောက်ပို့စ်မှာ (၅)ယောက်မြောက်အဖြစ် Comment ပေးခဲဖူးသလို
    တတိယ မြောက်ပို့စ်မှာ ပထမဆုံး Comment ပေးသူအဖြစ်လည်းကောင်း … စတုတ္တမြောက်ပို့စ်မှာ သူများတွေ ဝိုင်းခံစားပြီး ကောင်မလေးကို ဝိုင်းချစ်သွားရင် ဘယ်လို လုပ်မလဲဟု စနောက်ကာ Comment ပေးသွားခဲ့ပြီး ကျွန်တော့်ရဲ့ မိတ်ဆက်တဲ့ပို့စ်မှာ ဦးကြောင်ကြီးပြီးရင် ၂ ခုမြောက် Comment နဲ့ နွေးထွေးစွာ ကြိုဆိုခဲ့တဲ့ မမဆူးးးးးးးးးးး ……………………… 😀
    ဦးချောရဲ့ အပင်ပန်းခံ တူးဆွမှုမှာ မမဆူးဟာ ထိုက်တန်သူတစ်ယောက်ဖြစ်ခဲ့ပါကြောင်းးးးးးးးးးးးးးးး

  • ကျနော် စာစရေးစ 2010မှာ နေ့စဉ်လိုလိုကို ပိုစ်တစ်ပုဒ်အမြဲရေးပါတယ်။
    ရေးတိုင်းမန်းတာကတော့ ဆူးပါဘဲ။
    2011မှာအလုပ်ပင်ပန်းတာရော စိတ်ပင်ပန်းရော ရေးလာတဲ့ပိုစ့်အရေအတွက်များလာတဲ့အခါစိတ်ညောင်းလာတာရော
    ငါရေးတာတွေများထပ်ကုန်ပြီလား၊
    ငါရေးတဲ့ ရှည်ရှည်လျားလျားတွေကို ဖတ်တဲ့ဘော်ဒါတွေစိတ်မှ ဝင်စားပါတော့ မလား
    ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ စာရေးတဲ့ အရှိန်ကိုလျော့ချခဲ့ပါတယ်။
    တစ်ပါတ်နေလို့ တစ်ပုဒ်တောင်မရေးဖြစ်သလိုပါဘဲ။
    တစ်ရက်မှာတော့ ရွာတော်ရှင်မ ဆူးက
    “လေးပေါက် ဘာရေးမလဲဆိုတာကို စောင့်ဖတ်နေသူတွေရှိတယ်နော်”လို့သူ
    ကပြောလာတဲ့အတွက် ကျနော်မှာ မိတ်ဆွေတွေအများကြီးရှိနေတာကို သိလိုက်ရပါတယ်။
    ဒါကြောင့်လဲစာရေးတာကို
    မဖြစ်မနေလုပ်ကို လုပ်ရမယ့် အလုပ်တစ်ခုလိုသတ်မှတ်ပြီး အခုလိုစာတွေအများကြီးရေးဖြစ်ခဲ့တာပါ။
    အဲတော့ ကျနော်ဆူးကို ကျေးဇူးတင်ပါတယ်။
    ဆူးသာ မရေးဘူးဆိုရင်လဲ ကျနော်ကလည်းသူစာရေးအောင်တိုက်တွန်းမှာအသေအချာပါဘဲ။
    ကျေးဇူးပါဆူးရေ…………

  • kai

    December 23, 2011 at 1:10 am

    အန်ကောဝပ်အကြောင်းရေးထားတဲ့.. ဆူးမမရဲ့.. ခရီးသွားဆောင်းပါး.. ဒီလမန္တလေးဂေဇက်မှာ ပုံနှိပ်ဖေါ်ပြပါမယ်..။
    ပြန်တမ်းဝင်..စာရေးဆရာလို့.. ခေါ်ချင်ခေါ်ကြပေါ့..။ 😆

    • ဆူး

      December 23, 2011 at 12:28 pm

      သတင်းစာထဲပါပြီးသွားရင်တော့ ဆူး ရွာထဲက မိတ်ဆွေတွေကို ဆူး ရဲ့ လက်ရာလေး ချပြချင်ပါသေးတယ်။ အဲဒါလေးတော့ ခွင့်ပြုချက်ပေးပါအုန်းနော်။

  • Moe Z

    December 23, 2011 at 8:26 am

    မမဆူးရေ congratulation !! ပါနော် 🙂

  • blackchaw

    December 23, 2011 at 12:35 pm

    ပြရင်တော့ ကြည့်ဦးမှာ။
    သတင်းစာထဲ ပါတယ်ဆိုတော့ စာမူခက ဒေါ်လာနဲ့လားဟင်င်င်င် ?

  • တပုဒ်ကို25ဒေါ်လာပေးမှာလေ။
    အမှန်က တပုဒ်50လောက်ပေးသင့်တာ။
    ဒါပေမယ့် သူကြီးကိုလဲ သနားတယ် သူ့မှာလဲ ကျနော်တို့ပေးဘို့ရှာလို်က်ရတာ မောနေမှာ
    ……………………..

  • Crystalline

    April 15, 2014 at 1:11 pm

    ရှာဖွေတွေ့ရှိလေ :mrgreenn:
    တွေ့ပါပြီ.. ဒေါ်ဆူးပို့စ်တွေ… 😀

Leave a Reply